တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့စစ်ကိုင်းတိုင်းခမ်းပတ်မြို့ကိုပြန်လည်သိမ်းယူဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာအရေးမလှဖြစ်ပြီးပြန်လည်ဆုတ်ခွာသွားရတယ်။စစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့အပတ်ထဲကအင်အား၂၀၀ခန့်နဲ့ခမ်းပတ်မြို့ကိုပြန်လည်ရယူဖို့ကြိုးစားခဲ့တယ်။ဒီရက်တွေအတွင်းမှာခမ်းပတ်မြို့တဝိုက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်သူပုန်တွေဟာမြို့အနားရှိမိဘမဲ့ကလေးကျောင်းကကလေးတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးထားလို့တော်လှန်ရေးတပ်ဖွဲ့တွေကကယ်ထုတ်ပေးခဲ့ရသေးတယ်။နောက်ဆုံးမှာတော့တော်လှန်ရေးအဖွဲ့တွေကအောင်မြင်စွာခုခံနိုင်ခဲ့ပြီးစစ်သူပုန်တွေအကျအဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာသွားရတယ်။စစ်ကောင်စီဟာနိုင်ငံတဝန်းမှာသူတို့ဆုံးရှုံးသွားတဲ့မြို့တွေကိုပြန်လည်သိမ်းယူဖို့ခုချိန်ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ရှမ်းမြောက်ကမြို့တွေကိုအသာထားလို့စစ်ကိုင်းတိုင်းထဲကခမ်းပတ်လို့မြို့သေးသေးလေးကိုတောင်မှပြန်လည်သိမ်းယူနိုင်စွမ်းမရှိသေးပါဘူး။တော်လှန်ရေးအဖွဲ့တွေကိုထိုးစစ်ပြန်ဆင်နိုင်ဖို့ထပ်နောက်ထပ်မြို့တွေမပါသွားအောင်ခုခံနေရတဲ့အနေအထားပါ။
ရှမ်းမြောက်မှာလဲမူဆယ်၁၀၅မိုင်စခန်းနားကစစ်တပ်ရဲ့အခိုင်အမာဗျူဟာကုန်းစခန်းကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေသိမ်းပိုက်နိုင်လိုက်တယ်။ဒါကြောင့်တရုတ်နယ်စပ်အကြီးမှာဆုံးကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထိန်းချုပ်နိုင်လိုက်ပါပြီ။စစ်ကောင်စီတပ်တွေကတော့မူဆယ်မြို့ထဲဆုတ်ခွာသွားပြီးမြို့ထဲကနေခုခံဖို့ပြင်ဆင်နေတယ်လို့သိရတယ်။မနေ့ကပြောခဲ့သလိုပဲထိုဗျုဟာကုန်းစခန်းကိုရရှိလိုက်တဲ့အတွက်မူဆယ်မြို့ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ပိုမိုလွယ်ကူသွားပါပြီ။