Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဒီဇင်ဘာ ၁၉၊ ၂၀၂၃။ (အင်္ဂါ)

January 3, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ပဲခူးတိုင်းအရှေ့ခြမ်းမုန်းမြို့ကိုဒီလဆန်းပိုင်းက စစ်ကောင်စီ၏ ခမရ(၅၉၀) ၊ ခမရ(၅၉၉) ၊ မုန်းရဲစခန်းအပါအဝင်စစ်ကောင်စီတပ်များကိုKNUပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့်အခုတော့စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပါပြီ။စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်များတိုက်ခိုက်သိမ်းပိုက်ခံရတာကြောင့်စစ်တပ်ကပြန်လည်ထိန်းချုပ်အပြီးမှာ မုန်းမြို့ရှိ စျေးဆိုင်တန်းများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေပါတယ်။ဒေသခံများကိုလည်း မောင်းထုတ်နေတယ်လို့သိရတယ်။အဆိုပါဈေးဆိုင်တန်း များအားမီးရှို့ဖျက်ဆီးခြင်းများမပြုလုပ်မီ(၅)ရက်ခန့်အလိုတွင်စစ်ကောင်စီတပ်သားများမှဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူပြီး ပစ္စည်းများကို စျေးပေါပေါဖြင့် ပြန်လည်ရောင်းချခဲ့တယ်။ထို့အပြင် တစ်ချို့ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်သာမက တံတားပေါ်တွင် ပစ္စည်းများကို ဖျက်ဆီးပြီးမုန်းချောင်းထဲပစ်ချခဲ့တယ်။အခုလောလောဆယ်တော့စစ်တပ်ရဲ့မီးရှို့ဖျက်စီးမှုကြောင့်မုန်းမြို့မစျေးမီးလောင်နေပါတယ်။
ကရင်ပြည်နယ်၊ပဲခူးတိုင်းအပါအဝင်နိုင်ငံတောင်ပိုင်းစစ်ဒေသရဲ့အခြေအနေဟာထင်သလောက်တိုးတက်လာခြင်းမရှိသေးပါဘူး။မြောက်ပိုင်းမှာတမြို့ပြီးတမြို့သိမ်းနေပေမယ့်တောင်ပိုင်းမှာတော့သိမ်းထားတဲ့တစ်ခုတည်းသောမုန်းမြို့ကိုရက်ပိုင်းအတွင်းပြန်လည်လက်လွတ်လိုက်ရတယ်။သတင်းတွေထုတ်ပြန်တော့ကိုယ့်ဘက်ကအင်အား၁၅၀၀နဲ့နယ်မြေရှင်းလင်းရေးလုပ်နေတယ်ဆိုပြီးတကယ်သာအင်အား၁၅၀၀လက်နက်ခဲယမ်းအပြည့်အစုံရှိနေပါကမုန်းမြို့ကိုပြန်လည်လက်လွတ်စရာဘာအကြောင်းမှမရှိဘူး။မုန်းမြို့ကိုမထိန်းနိုင်ရင်အစောကတည်းကသိမ်းဖို့မစီစဉ်သင့်ဘူး။အခုတော့မြို့နေဒေသခံတွေကိုစစ်တပ်ကကောင်းကောင်းဒုက္ခပေးတော့တာပေါ့။KNUဟာလဲကရင်ပြည်နယ်ထဲမှာအခုချိန်ထိကော့ကရိတ်မြို့မှာတင်လည်နေဆဲပဲ။အတွေ့အကြုံရင့်အင်အားကြီးEAOတစ်ခုဖြစ်တဲ့KNUရှိနေတဲ့တောင်ပိုင်းဟာမြောက်ပိုင်းနဲ့တန်းတူမလိုက်နိုင်ရင်တော့အခုလောက်ထိပြတ်ကျန်မနေသင့်ဘူးထင်တယ်။

Related Posts

ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)

June 28, 2025

ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုး​​ဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...

ဇွန် ၂၇၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၂၇၊ ၂၀၂၅။ (ကြာသပတေး)

June 27, 2025

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲ လနဲ့ချီကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်...

ဇွန် ၂၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၂၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

June 26, 2025

လက်ရှိစစ်ရေးအခြေအနေတွေအရ မဟာဗျူဟာမရှိတဲ့ တိုက်ပွဲတွေ မြို့နယ်တခုလုံး လွှမ်းခြုံနိုင်တဲ့တိုက်ပွဲမဟုတ်ရင်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English