ကိုးကန့်တပ်မတော်(MNDAA)က လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး တိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း အသိပေးထားပြီးနောက် လောက်ကိုင်မြို့မှ တိမ်းရှောင်သူ နေ့စဉ်ထောင်ချီရှိနေပြီး မကနေ့တစ်ရက်တည်း ချင်းရွှေဟော်သို့ရောက်ရှိလာသူတစ်သောင်းခန့်ရှိလာတယ်။လောက်ကိုင်ကထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေဟာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်အရင်အသုံးပြုနေကျလမ်းမကြီးတွေအတိုင်းသွားလာလို့မရတော့ပဲMNDAAသိမ်းပိုက်ထားတဲ့ချင်းရွေဟော်ဘက်ကိုသာတိမ်းရှောင်လို့ရတော့တယ်။တိမ်းရှောင်လာတဲ့လူတွေက အရမ်းများတော့ လမ်းတွေပိတ်ပြီး အချိန်ကြာနေတယ်။ လောက်ကိုင်မှ တိမ်းရှောင်လာသူများသည် MNDAA ထိန်းချုပ်နယ်မြေများကို ဖြတ်သန်းပြီး ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)...
Read moreDetailsအမျိုးသားညီညွတ်ရေးအစိုးရNUGကဒီလထဲမှာပဲတော်လှန်ရေးရန်ပုံငွေအတွက်နွေဦးဘဏ်အစုရှယ်ယာတွေရောင်းချခဲ့ပါတယ်။ထိုရောင်းချမှုဟာသတ်မှတ်ရက် မတိုင်ခင်မှာပဲ အမေရိကန် ဒေါ်လာ ၁၀ သန်း ပြည့်မြောက်ခဲ့ပြီလို့ဂုဏ်ယူဝမ်းမြောက်စွာအသိပေးကြေညာကြောင်းဒီနေ့ထုတ်ပြန်ပါတယ်။ဒီအောင်မြင်မှုဟာနွေဦးတော်လှန်ရေးကိုယုံကြည်သက်ဝင်တဲ့ပြည်သူလူထုရဲ့စိတ်ပိုင်းဖြတ်မှုနဲ့တခဲနက်ယုံကြည်ထောက်ခံမှုကို နွေဦးဘဏ်ကတဆင့် သမိုင်းဝင် သက်သေပြလိုက်တာပဲ။နွေဦးဘဏ် ရှယ်ယာတွေဟာ တော်လှန်ရေးပြီးရင်မြတ်မှာသေချာတဲ့အတွက် တော်လှန်ရေးအတွက်လည်းပံ့ပိုးပြီးသားဖြစ်သလို ၊ရင်းနှီးမြှပ်နှံမှု ကောင်းလည်းဖြစ်တာကြောင့်ပြည်သူတွေကအလုအယက်ဝယ်ယူခဲ့ကြတယ်။ထိုငွေတွေကိုလက်ရှိတော်လှန်ရေးကာလစစ်ရေးဆိုင်ရာကိစ္စတွေမှာအရေးပေါ်လိုအပ်တဲ့အသုံးစားရိတ်မျိုးတွင်အသုံးပြုသွားမှာဖြစ်တယ်လို့NUGကပြောထားတယ်။ စစ်ဆင်ရေးတွေအကြောင်းကိုဆက်ရရင်ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက နံနက်ပိုင်းတွင်...
Read moreDetailsစစ်ကိုင်တိုင်းကောလင်းမြို့အထက်ဘက်ကထီးချိုင့်မြို့ကိုတော်လှန်ရေးအဖွဲ့တွေပီးခဲ့တဲ့ရက်သတ်တပတ်တွေကတည်းကတိုက်ခိုက်နေပေမယ့်အခုထိမရသေးပါဘူး။စစ်ကောင်စီတပ်တွေကထီးချိုင့်မြို့ပေါ်ကအမြင့်ဆုံးဘုရားကုန်းပေါ်ကနေအပြင်းအထန်ခုခံနေတယ်။ဒါ့အပြင်စစ်သူပုန်တွေဟာမြို့ပေါ်ရပ်ကွက်အတော်များများကအိမ်တွေကိုမီးရှို့ဖျက်စီးထားတာကြောင့်မြို့တဝက်လောက်ကပြာကျနေပါပြီ။ဟိုတရက်ကလဲမြို့ပေါ်ကပြည်သူလူထုအိမ်တွေကိုမီးလိုက်ရှို့နေတဲ့စစ်သူပုန်တချို့ကိုတော်လှန်ရေးအဖွဲ့တွေကဖမ်းဆီးရမိသေးတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေဟာကောလင်းနဲ့ခမ်းပတ်ကိုသိမ်းပိုက်ပီးနောက်ထီးချိုင့်မြို့မှာတစ်နေသလိုဖြစ်နေတယ်။ ဒီနေ့မှာလဲစစ်ကိုင်းတိုင်းအလယ်ပိုင်းကတန့်ဆည်မြို့ကိုတော်လှန်ရေးအဖွဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်။မြို့ပေါ်မှာစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာအားလုံးကိုသိမ်းပိုက်မိပေမယ့်မထိန်းနိုင်ပဲပြန်လည်ဆုတ်ခွာရတယ်။တန့်ဆည်မြို့ပတ်ဝန်းကျင်မှာတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေမရှိသေးပဲစစ်သူပုန်တွေသာရှိနေတယ်လေ။ဒါကြောင့်မြို့ကိုရေရှည်ထိန်းနိုင်ဖို့မလွယ်ကူပဲပြန်လည်ဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်။တကယ်ဆိုရင်တန့်ဆည်အတွက်သုံးမယ့်အရင်းအမြစ်တွေကိုထီးချိုင့်မှာပုံအောသုံးသင့်တယ်လို့ထင်မိတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းကိုကောင်းကောင်းထိန်းချုပ်နိုင်ရင်တန့်ဆည်ရှိတဲ့စစ်ကိုင်းတိုင်းအလယ်ပိုင်းကိုစစ်ဆင်ရေးကအချိန်တန်ရောက်လာမှာပဲလေ။အခုတော့အချိန်မတန်ခင်သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ဘာမှအဖတ်မတင်သလိုဖြစ်သွားတာပေါ့။
Read moreDetails၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တာဒီနေ့ဆိုတစ်လတိတိရှိလာပါပြီ။မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာအရှိန်အဟုန်ပြင်းပြင်းနဲ့ထိုးစစ်ဆင်လာတာဟာတစ်လပြည့်တဲ့အချိန်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်လာပါပြီ။စစ်ကောင်စီတပ်စခန်းပေါင်း၂၂၆ခုအထိသိမ်းပိုက်ထားနိုင်ပါပြီ။ဒါ့အပြင်စစ်ပွဲအတွင်းသိမ်းပိုက်သို့မဟုတ်ဖျက်စီးနိုင်တဲ့စစ်ကောင်စီရဲ့သံချပ်ကာကားနဲ့တင့်ကားတွေဟာ၁၂ရှိထိရှိနေတယ်။ကွန်းလုံမှာလဲအတွဲလိုက်ပစ်တဲ့ဒုံးယာဉ်နှစ်စီးသိမ်းပိုက်ရရှိထားတယ်။ရှမ်းမြောက်မှာမြို့၆မြို့အထိသိမ်းပိုက်ထားနိုင်ပီးအဓိကနယ်စပ်မြို့နှစ်ခုဖြစ်တဲ့လောက်ကိုင်နဲ့မူဆယ်ကိုသိမ်းပိုက်နိုင်ရေးဆက်လက်ကြိုးစားလျက်ရှိတယ်။အထက်ပါအချက်အလက်တွေဟာရှမ်းမြောက်ဒေသတစ်ခုထဲအတွက်သာဖြစ်ပြီးတနိုင်ငံလုံးမှာစစ်တပ်ဟာတော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်ကိုအသည်းအသန်ခုခံနေရတယ်။မြောက်ပိုင်းသုံးဖွဲ့သိမ်းပိုက်ထားတဲ့ရှမ်းမြောက်ဒေသကိုတော့စစ်ကောင်စီဟာပြန်လည်တိုက်ခိုက်နိုင်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။သူတို့ဟာအခုချိန်မှာတော်လှန်ရေးတပ်တွေမြန်မာပြည်အလယ်ပိုင်းကိုရောက်မလာရေးအတွက်ခံစစ်ပြင်နေရပြီ။တလအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေတနိုင်လုံးမှာသိမ်းပိုက်ရရှိထားတဲ့မြို့တွေဟာလဲ၁၅မြို့ခန့်အထိရှိလာနေပါပြီ။
Read moreDetailsအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအာဆီယံအထူးကိုယ်စားလှယ်ရုံးကမြန်မာ့အရေးသက်ဆိုင်သူအားလုံးနဲ့တရားဝင်တွေ့ဆုံနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်လိုက်တယ်။သ်က်ဆိုင်သူတွေလို့ဆိုရာမှာစစ်ကောင်စီ၊NUGနဲ့အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတချို့ပါပါဝင်တယ်လို့ပြောတယ်။အာဆီယံရုံးရဲ့ထုတ်ပြန်ပုံဟာထိုအဖွဲ့တွေအားလုံးစားပွဲဝိုင်းတစ်ခုထဲမှာတွေ့ဆုံနိုင်ခဲ့သလိုမျိုးထုတ်ပြန်ခဲ့ပေမယ့်တကယ်ကသက်ဆိုင်သူတစ်ဦးစီနဲ့သာသီးသန့်စီတွေ့ဆုံခဲ့တာဖြစ်တယ်။ဒါကိုမလိမ့်တပတ်နဲ့အားလုံးပါဝင်နိုင်ခဲ့တဲ့ပုံစံမျိုးသတင်းထုတ်ပြန်သွားတယ်။NUGကလဲစစ်ကောင်စီနဲ့မတွေ့ပါဘူးလို့ချက်ချင်းငြင်းချက်ထုတ်တယ်။ပြည်တွင်းမှာစစ်ရေးအရှိန်တက်နေချိန်မှာအာဆီယံကအလုပ်မဖြစ်တာတွေလာလုပ်နေပြန်ပြီ။အာဆီယံအနေနဲ့အခုချိန်ထိမြန်မာ့အရေးမှာဘာမှမစွမ်းဆောင်နိုင်သေးတာကြောင့်သိက္ခာဆယ်တဲ့အနေနဲ့အခုလိုမျိုးမလိမ့်တပတ်လုပ်နေတာပဲ။စစ်ကောင်စီကိုအပြုတ်ဖြုတ်နေချိန်မှာအားလုံးပါဝင်တဲ့ဆေွးနွေးပွဲဆိုတာမဖြစ်နိုင်တော့ပါဘူး။အာဆီယံကတော့အခုချိန်ထိကယောင်ကတန်းနဲ့စိတ်ကူးယဉ်နေဆဲပဲ။ဒီအချိန်မှာတတိယအဖွဲ့အစည်းတစ်ခုအနေနဲ့ဝင်ရောက်ညှိုနှိုင်းဖို့ကြိုးစားတာဟာစစ်ကောင်စီကိုအသက်ရှုပေါက်ပေးလိုက်တဲ့သဘောပဲ။အာဆီယံအနေနဲ့တော်လှန်ရေးကိုမကူညီချင်နေ၊မနှောက်ယှက်ဖို့လိုလိမ့်မယ်။
Read moreDetailsတော်လှန်ရေးအဖွဲ့တွေဟာစစ်ကိုင်းတိုင်းထဲကတတိယမြောက်မြို့အဖြစ်ရွှေပြည်အေးမြို့ကိုထပ်မံသိမ်းယူလိုက်နိုင်တယ်။ရွှေပြည်အေးမြို့ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့ကြီးတစ်ခုဖြစ်တဲ့ဟုမ္မလင်းမြို့အောက်ဘက်မှာတည်ရှိပြီးတော်လှန်ရေးအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်တုန်းကတစ်ခါသိမ်းပိုက်နိုင်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကအခုလိုတနိုင်ငံလုံးမှာတိုက်ပွဲတွေမပြင်းထန်သေးတဲ့အတွက်စစ်တပ်ကအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လို့ပြန်ပေးလိုက်ရတယ်။အခုတော့အပြီးသိမ်းနိုင်လိုက်ပါပြီ။ ချင်းပြည်နယ်မှာလဲဒုတိယမြောက်မြို့တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်နိုင်တယ်။ချင်းပြည်နယ်တောင်ပိုင်ကလိုင်လင်းပီမြို့လေးပါ။လတ်တလောမှာချင်းပြည်နယ်ထဲကဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံးကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်နေပြီလို့သိရတယ်။ဟားခါး၊မင်းတပ်မတူပီစတဲ့မြို့ကြီးတွေကိုဝင်ရောက်သိမ်းပိုက်ဖို့ပဲကျန်တော့တယ်။ထိုမြို့တွေကထိန်းချုပ်နိုင်ရင်အရင်ကပြောခဲ့သလိုပဲချင်းပြည်နယ်ဟာပထဝီအနေအထားအရပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်။
Read moreDetailsရှမ်းပြည်နယ်မြောက်ပိုင်း၊တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့မူဆယ်မြို့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေတစတစပိုမိုပြင်းထန်လာနေပါတယ်။၊ ဒီနေ့လဲ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ကကုန်ကားဝန်းအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကုန်တင်ယာဉ် အစီး ၁၀၀ နီး ပါး မီးလောင်းကျွမ်းပျက်စီးခဲ့တယ်။ကား၀င်းအတွင်းသို့ လက်နက်ကြီး ငါးလုံးခန့် ကျရောက်ပေါက် ကွဲပြီး ကုန်တင်ယာဉ် ငါး စီးခန့် စတင်မီးလောင်ကျွမ်းခဲ့ရာမှ ကုန်တင်ယာဉ် ရာဂဏန်းအထိ...
Read moreDetailsရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စတင်ခဲ့သည့် ကိုးကန့်တပ်မတော်(MNDAA) ၊ တအာင်း တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးကို အာဏာသိမ်းစစ်ကောင်စီက တရုတ်ကျူးကျော်စစ်ဟုလူသိရှင်ကြား သတ်မှတ်ပြောဆိုလိုက်တယ်။ နောက်ဆက်တွဲအဖြစ်စစ်ကောင်စီထောက်ခံသူများက တရုတ်ဆန့်ကျင်ဆန္ဒပြမှုများကို မြန်မာနိုင်ငံအနှံ့တွင် ပြုလုပ်လာနေပါတယ်။စစ်ကောင်စီ ထောက်ခံသူများဖြစ်သည့်...
Read moreDetailsရန်ကုန်ရှိ မြို့နယ်အချို့မှာယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လူငယ်များကို အကြောင်းမျိုးစုံပြဖမ်းဆီး မှုများပိုလုပ်လာနေတယ်။။ဖြစ်စဉ်တချို့မှာ စစ်ကောင်စီတပ်၊ရဲ နှင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူး အဖွဲ့များက ဖမ်းဆီးပြီးငွေညှစ်သလို ၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်းရှိနေတယ်။ပြီးခဲ့သည့် ရက်ပိုင်းကလဲ ရွှေပေါက်ကံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိ စားပွဲထိုးဝန်ထမ်း လူငယ်လေးများအား စစ်တပ်က ဖမ်းဆီးစစ်ဆေးမည်...
Read moreDetailsကချင်ပြည်နယ်မြစ်ကြီးနားမြို့မြောက်ဘက်ရှိ အင်ဂျန်းယန်မြို့နယ်က စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်း စုစုပေါင်းစခန်း၄ခုကိုစစ်ကောင်စီကပြန်လည်ရုတ်သိမ်းသွားတယ်။ထိုနေရာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲတပ်ရုတ်လိုက်တာကြောင့် စစ်အင်အားနည်းတဲ့ ဒေသတွေက တပ်တွေ ရုတ်သိမ်းလိုက်ပြီး အင်အားစုစည်းလိုက်တဲ့ သဘောပဲ။တဖက်ကတွေးရင်တော့ အင်ဂျန်းယန်မြို့နယ်ကို သွေးမစွန်းဘဲရလိုက်တာပေါ့။ ရခိုင်ပြည်နယ်ပေါက်တောမြို့မှာလဲစစ်တပ်ဖမ်းဆီးပြီးလူသားဒိုင်းလုပ်ထားတဲ့ဒေသခံ၁၀၀ကျော်ကိုအေအေတပ်မတော်ကကယ်ထုတ်လိုက်နိုင်တယ်။ပေါက်တောမြို့မှာပြီးခဲ့တဲ့အပတ်ထဲကတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။စစ်တပ်ကိုမြို့ကိုလက်မလွတ်ရရေးအတွက်ကြည်းရေလေတပ်တွေပူးပေါင်းကာအသည်းအသန်ခုခံနေပြီးမြို့နေလူထုတွေကိုပါလူသားဒိုင်းလုပ်ထားတာပါ။ဒါကိုအေအေကစွန့်စွန့်စားစားဝင်ရောက်တိုက်ခိုက်ကယ်ထုတ်နေရတယ်။လက်ရှိအချိန်ထိမြို့ထဲမှာဒေသခံတွေကျန်နေသေးတယ်လို့သိရတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.