မြန်မာနိုင်ငံမှာ VPN တွေသုံးမရအောင် စစ်ကောင်စီက လုပ်နေတာလို့သိရတယ်။ မေလ ၃၀ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို ပိတ်ပင်နိုင်ရေးအတွက် VPN များအားလုံးကို စတင်ပိတ်ပင်လိုက်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် လူသုံးများသော VPN များ အသုံးပြုမရတော့ခြင်းဖြစ်ကြောင်း သတင်းဌာနတွေကဖော်ပြကြတယ်။ ဒါဟာ စစ်ကောင်စီက ပထမဆုံးအကြိမ်အဖြစ် ထိထိရောက်ရောက် စတင်ပိတ်ပင်နိုင်ခြင်းလို့ ပြောလို့ရတယ်။ အာဏာစပြီး သိမ်းကတည်းက VPN ကို ပိတ်ပင်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်။ ပြည်တွင်းက စစ်ကောင်စီရဲ့ပညာရှင်တွေက မပိတ်နိုင်လို့ တရုတ်ဘက်က ပညာရှင်တွေနဲ့ စက်တွေ၊ ဆော့ဝဲလ်တွေ၊ စနစ်တွေကို အကောင်အထည်ဖော်နေတာ လို့သိရတယ်။ လတ်တလောတွင် VPN များပိတ်ပင်မှု အခြေအနေမှာ စမ်းသပ်လုပ်ကိုင်နေဆဲဖြစ်၍ လုံး၀ အပြည့်အ၀ မပိတ်ပင်နိုင်သေးသော်လည်း တဖြည်းဖြည်း ကျွမ်းကျင်လာသည်နှင့်အမျှ ပြည်သူများ အနေဖြင့် VPN များ အသုံးပြုရန် ခက်ခဲလာနိုင်မယ်။ ဒါပေမယ့် သူတို့အားကိုးတဲ့ တရုတ်နိုင်ငံမှာတောင် VPN တွေကို အပြည့်အဝ မပိတ်ပင်နိုင်သေးပါဘူး။ ပြည်သူတွေအနေနဲ့လဲ ရတဲ့နည်းနဲ့ ကျော်ခွသုံးကြမှာပဲ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...