ပြည်တွင်းရွှေစျေးဟာ ဒီလဆန်းပိုင်းမှာ ဆက်လက်မြင့်တက်နေတယ်။ လတ်တလောမှာ တစ်ကျပ်သား ၅၅ သိန်းခန့်အထိ စျေးပေါက်နေတယ်။ ကမ္ဘာ့ရွှေစျေးပြန်ကျပေမယ့် မြန်မာ့ရွှေစျေးကတော့ ဘယ်တော့မှ မကျပါဘူး။ စျေးအဆမတန်မြင့်တက်မှုကြောင့် နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်တဲ့။ ပြည်တွင်းမှာ အကြီးဆုံးရွှေဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ အောင်သမာဓိ၊ ဇွဲထက် စတဲ့ရွှေဆိုင်ပိုင်ရှင်တွေလဲ ဖမ်းဝရမ်းထုတ်ခံထားရတယ်။ ထိုဆိုင်တွေဟာ မြို့ကြီးတွေမှာ ဆိုင်ခွဲတွေ အများကြီးဖွင့်လှစ်ထားတဲ့ဆိုင်တွေပါ။ တချို့တွေလဲ ဖမ်းဆီးခံထားရတယ်။ ရွှေဆိုင်ပိုင်ရှင်တွေဟာ စစ်ကောင်စီအတွက် ငွေသိုက်ကြီးပဲ။ အခုလိုမတရားဖမ်းဆီးပြီး ငွေရသလောက်ညစ်မှာ ကျိန်းသေတယ်။ စစ်ကောင်စီပေးတဲ့ ဒုက္ခတွေဟာ ဘယ်လူတန်းစားအလွှာမှ မလွတ်ဘူးဆိုတာဒါသက်သေပဲ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


