တိုက်ပွဲတွေပြင်းထန်လာတဲ့ မြဝတီမြို့က စစ်ကောင်စီဝန်ထမ်းတွေကို ပြန်ခေါ်နိုင်ဖို့စစ်ကောင်စီက ထိုင်းအစိုးရကအပူကပ်ခဲ့ပါတယ်။ မြဝတီမြို့တဖက်ခြမ်း ထိုင်းနိုင်မဲဆောက်မြို့လေယာဉ်ကွင်းမှာ သုံးရက်ဆက်တိုက် အထူးလေယာဉ်တွေ ဆင်းသက်ခွင်ပေးဖို့တောင်းဆိုခဲ့တယ်။ ထိုင်းအစိုးရဘက်က လူသားချင်းစာနာမှုအရ လေယာဉ်ဆင်းသက်ခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။ ဒါ့ကြောင့်ဒီနေ့ညမှာ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီး မဲဆောက်လေဆိပ်ကို ဆင်းသက်လာခဲ့ပြီး လေဆိပ်ကိုထိုင်းဘက်က လုံခြုံရေးအထူးတင်းကျပ်ထားတယ်။...
Read moreDetailsကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ကော့ကရိတ်မြို့ဘက်မှာ စစ်ကောင်စီနဲ့ KNUတို့ ဒီရက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ နောက်ဆုံးသိရတဲ့သတင်းအရ ကော့ကရိတ်မြို့နဲ့မြဝတီမြို့ကြား သင်္ကန်းညီနောင်က စစ်တပ်ရဲ့အခြစိုက်ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုဗျူဟာစခန်းက တပ်မိသားစုဝင်တွေအပါအဝင် တပ်ဖွဲ့ဝင်၆၀၀ကျော် လက်နက်ချခဲ့ပါတယ်။ နှစ်ပေါင်း၅၆နှစ်ကြာစစ်တပ်ကတပ်စွဲထားတဲ့ထိုစခန်းကြီးကို မနေ့က မနက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး...
Read moreDetailsမနေ့ကဖြစ်ပွားခဲ့တဲ့နေပြည်တော်ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်တော့ဒရုန်း၇စီးကိုပစ်ချထားနိုင်ပြီးထိခိုက်မှုမရှိဘူးလို့ငြင်းဆိုထားတယ်။ဒါ့အပြင်ထိုဒရုန်းတွေဟာအပျော်တမ်းဒရုန်းသာသာတွေပါလို့လဲပြောသေးတယ်။သူတို့စကားကိုပြန်ကောက်ရမယ်ဆိုရင်တော့ထိုအပျော်တမ်းဒရုန်းတွေကိုတောင်စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကမကာကွယ်နိုင်ဘူးလို့ဝန်ခံလိုက်တာပဲ။NUGဘက်တော့ဒါဟာအစပဲရှိသေးပြီးနောက်ထပ်အခုလိုတိုက်ခိုက်မှုတွေအများကြီးလုပ်ဆောင်သွားမယ်လို့ပြောထားသေးတယ်။ ဒါ့အပြင်မနေ့ကတစ်နေ့ထဲမှာပဲမကွေးတိုင်းပေါက်မြို့နယ်ကစစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတစ်ခုကိုရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။တိုက်ခိုက်မှုကြောင့်စက်ရုံလည်ပတ်မှုရပ် ဆိုင်းသွားတယ်လို့သိရတယ်။ အခုလိုဒရုန်းတိုက်ခိုက်မှု၊ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုတွေဟာတိကျမှုအားနည်းတာကြောင့်မြေပြင်မှာသိသာတဲ့အကျိုးရလဒ်တစ်ခုထွက်ပေါ်လာဖို့ခဲယဉ်းပါတယ်။ဒါပေမယ့်ထိုတိုက်ခိုက်မှုတွေကိုလုပ်ဆောင်နိုင်တာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စိတ်ဓာတ်အင်အားမြင့်တက်စေပြီးစစ်ခေါင်းဆောင်အတွက်တော့မလုံခြုံသလိုခံစားရစေပါတယ်။နေပြည်တော်လိုနေရာမျိုးမှာဒရုန်းတိုက်ခိုက်မှုတွေကြုံခဲ့ရတာကြောင့်စစ်ကောင်စီအတွက်သူတို့ကွန်ယက်ကိုပြင်ဆင်ဖို့လူအား၊ငွေအား၊နည်းပညာအားတွေဖြည့်တင်းရင်းသူတို့ကိုအလုပ်ရှုပ်စေမှာပါ။
Read moreDetailsအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေ အဓိကနေထိုင်ရုံးစိုက်ရာ နေပြည်တော်ရှိ စစ်ရုံးချုပ်နဲ့ ဧလာလေတပ်ဟာ ဒရုန်းအစီး၃၀ကျော်ဖြင့် ဒီနေ့မှာ တိုက်ခိုက်ခြင်းခံလိုက်ရတယ်။ ထိုတိုက်ခိုက်မှုကို NUG(MOD)က ပြုလုပ်ခဲ့တာဖြစ်ကြောင်း ကြေညာခဲ့ပြီး အသေခံစစ်ဆင်ရေးဒရုန်းများကို အသုံးပြုခဲ့ကြောင်းသိရတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း နေပြည်တော်စစ်ရုံးချုပ်ကို ဒရုန်း၁၆စင်း၊ ဧလာလေတပ်ကို၁၃စင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကာ စစ်ကောင်စီစစ်ရုံးချုပ်...
Read moreDetailsတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူများထဲတွင် ဘုန်းတော်ကြီးတစ်ပါး ပါဝင်တယ်။ ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းသည် ဖာပွန်မြို့တွင်းတစ်နေရာမှ ဘုန်းကြီးကျောင်းဖြစ်ပြီး အဆိုပါ ဘုန်းကြီးကျောင်းထဲ၌ အရပ်သား...
Read moreDetailsကချင်ပြည်နယ်၊မိုးမောက်လွယ်ဂျယ်လမ်းပေါ်ကစစ်ကောင်စီတပ်တွေနှစ်ပေါင်း၇၀နီးပါးအထိုင်ချထားတဲ့စိန်လုံတောင်ဗျုဟာစခန်းကိုKIAကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။သိမ်းပိုက်ရရှိတဲ့လက်နက်ခဲယမ်းတွေကိုတော့တညလုံးကားကြီး၊ကားငယ်အသွယ်သွယ်နဲ့သယ်ယူနေရတယ်လို့ကြားတယ်။ထိုစခန်းကိုသိမ်းပိုက်နိုင်လိုက်တာကြောင့်ဗန်းမော်-မိုးမောက်-လွယ်ဂျယ်လမ်းပေါ်မှာစစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပါပြီ။ဒီပုံအတိုင်းဆိုနယ်စပ်ကုန်သွယ်ရေးမြို့လွယ်ဂျယ်ကိုသိမ်းပြီးနောက်KIAရဲ့နောက်ထပ်ပစ်မှတ်ဟာဗန်းမော်မြို့ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင်ကချင်ပြည်နယ်ထဲကတိုက်ပွဲတွေမှာစစ်ကောင်စီရဲ့တပ်မမှုးတစ်ဦးထပ်မံကျဆုံးတယ်လို့သိရတယ်။ကျဆုံးသွားတဲ့သူဟာတပ်မ၈၈တပ်မမှုးဖြစ်ပြီးရှေ့တန်းစစ်စခန်းတစ်ခုမှဆုတ်ခွာနေချိန်လမ်းမှာကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်ကျဆုံးသွားတာဖြစ်တယ်။ဒါဟာကချင်စစ်မျက်နှာမှာစစ်တပ်ဘက်ကပထမဆုံးတပ်မမှုးအဆင့်ကျဆုံးမှုဖြစ်လာတယ်။ကချင်ပြည်နယ်မှာKIAရဲ့ထိုးစစ်စတင်ပြီးတစ်လနီးပါးအကြာမှတော့စစ်ကောင်စီတပ်စခန်း၆၀ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးပြည်နယ်ရဲ့နေရာအနှံအပြားမှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
Read moreDetailsဒီနေ့ဟာApril FoolDayပါ။ ပြည်တွင်းစီးပွားရေးစျေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာကို ၃၉၀၀ကျပ်ဝန်းကျင်နဲ့ ရွှေတစ်ကျပ်သားကို ၄၅သိန်းကျော်ထိထိုးတက်နေပါတယ်။ ဒီသတင်းကတော့ April Fool မဟုတ်ပါဘူး။ တကယ့်စျေးကွက်မှာ ဖြစ်ပျက်နေတာပါ။ ကမ္ဘာ့ရွှေစျေး အတက်ဘက်ပြနေခြင်း၊ ပြည်တွင်းနိုင်ငံရေးစစ်ရေးအခြေအနေမတည်ငြိမ်ခြင်း စတာတွေကြောင့် စျေးတွေကထပ်တက်ဖို့ပဲတာဆူနေပါတယ်။ ရွှေစျေး၊ဒေါ်လာစျေးတွေ တက်လာတာကိုယ်နဲ့မဆိုင်သလို...
Read moreDetailsအမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်တွင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်က KNU ၊ကချင်က KIA ၊ချင်းက CNF နဲ့ကရင်နီက KNPP အဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်လို့အမေရိကန်ဘက်က သတင်းထုတ်ပြန်လာတယ်။ သတိထားမိသလောက် တော်လှန်ရေးကာလမှာအမေရိကန်ဘက်က NUG လို အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှုတွေရှိခဲ့ပေမယ့် အခုလို EAO တွေနဲ့တရားဝင်တွေ့ဆုံတာတော့...
Read moreDetailsကချင်ပြည်နယ်ကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့လွယ်ဂျယ်မြို့ကိုKIAကထိန်းချုပ်လိုက်ပါပြီ။ပီးခဲ့တဲ့ရက်တွေမှာဗန်းမော်လွယ်ဂျယ်ကားလမ်းတလျောက်ကစစ်ကောင်စီတပ်စခန်းတွေကိုKIAတစ်ခုပြီးတစ်ခုသိမ်းပိုက်ပြီးနောက်မှာKIAတပ်တွေဟာလွယ်ဂျယ်မြို့နားရောက်လာခဲ့တယ်။ထိုလမ်းပေါ်ကစစ်ကောင်စီစခန်းတွေလဲကုန်သလောက်နီးပါးဖြစ်နေပြီးစိန်လုံတောင်ဗျူဟာစခန်းကြီးတစ်ခုသာကျန်တော့တယ်။KIAဟာလွယ်ဂျယ်မြို့ပေါ်ကစစ်ကောင်စီတပ်တွေကိုအလွယ်တကူသိမ်းပိုက်နိုင်ပေမယ့်နယ်စပ်တဖက်ခြမ်းမှာရှိတဲ့တရုတ်ကခွင့်မပြုဘူးလို့ကြားတယ်။တရုတ်ဟာထိုနယ်စပ်ကုန်သွယ်ရေးမြို့ကိုစစ်ကောင်စီလက်ထဲမှာပဲရှိနေစေချင်ပုံရတယ်။ဒါကြောင့်KIAတပ်ဖွဲ့တွေဟာသေနတ်မဖောက်ပဲမြို့ထဲဝင်လာပြီးမြို့ကိုထိန်းချုပ်လိုက်တယ်။မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့တချက်မှမလှုပ်ရဲကြဘူး။သူတို့ဟာတရုတ်နိုင်ငံထဲခိုလှုံခွင့်တောင်းဖို့ကြိုးစားပေမယ့်တရုတ်ဘက်ကခွင့်မပြုဘူးလို့လဲကြားတယ်။ဒီလိုအခြေအနေတွေမှာမြို့ပေါ်ကစစ်ကောင်စီဘက်တော်သားတွေဟာKIAလက်ခုတ်ထဲကရေဖြစ်နေတာကြောင့်မြို့ကိုအလွယ်တကူထိန်းချုပ်နိုင်လိုက်တာပေါ့။
Read moreDetailsကရင်ပြည်နယ်မြောက်ဘက်ရှိဖာပွန်မြို့ကိုKNUကထိန်းချုပ်နိုင်လိုက်ပါပြီ။ဖာပွန်မြို့ဟာKNUတပ်မဟာ၅လှုပ်ရှားဒေသထဲကမြို့နယ်တစ်ခုဖြစ်တယ်။တပ်မဟာ၅ဟာလဲစစ်ကောင်စီကိုစစ်အာဏာသိမ်းကတည်းအစဉ်တစိုက်တိုက်ခိုက်နေတဲ့တပ်မဟာတစ်ခုပါ။ဖာပွန်မြို့ကိုလဲတနိုင်ငံလုံးမှာစစ်ရေးအရှိန်တွေမမြင့်တက်စဉ်ကာလကတည်းကပိတ်ဆို့ထားခဲ့တာပါ၊ဖာပွန်မြို့မှာစစ်ကောင်စီရဲ့ယန္တရားမလည်ပတ်တော့တာကြာပါပြီ။ဒီကာလမှာတော့မြို့ပတ်ဝန်းကျင်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်ပြီးမြို့ကိုထိန်းချုပ်နိုင်လိုက်တယ်။ဒါပေမယ့်တိုက်ပွဲမပြီးသေးပဲဆက်ရှိနေတုန်းပဲ။ဖာပွန်မြို့ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့ပေါ်ကုဆုတ်ခွာသွားပြီးမြို့တောင်ဘက်ရှိစစ်ဗျုဟာကုန်းမှာသွားရောက်ပူးပေါင်းနေတယ်။ကချင်ပြည်နယ်ကဆွမ်ပရာဘွမ်မြို့လိုပဲဖာပွန်မြို့အနီးရှိစစ်ဗျုဟာကုန်းကိုသိမ်းပိုက်နိုင်မှမြို့ကိုအလုံးစုံထိန်းချုပ်နိုင်လိမ့်မယ်။တောင်ပိုင်းကKNUရဲ့ဗျုဟာဟာမြောက်ပိုင်းEAOတွေလိုအင်အားအလုံးအရင်းနဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်လေ့မရှိပဲအချိန်တစ်ခုယူပြီးပိတ်ဆို့ဖြတ်တောက်တဲ့ဗျူဟာကိုကျင့်သုံးလျက်ရှိပါတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.