ဒီရက်ပိုင်းဒေါ်လာစျေးနဲ့ ရွှေစျေးတွေဆက်တိုက်ဆိုသလို အဆမတန်မြင့်တက်နေပါတယ်။ ဒီနေ့မှာ အခေါက်ရွှေစျေးဟာ တစ်ကျပ်သားကို ၅၉ သိန်းအထိလည်းကောင်း၊ ဒေါ်လာစျေးမှာ တစ်ဒေါ်လာလျှင် ၅၀၀၀ ကျပ်အထိလည်းကောင်း စံချိန်တင်မြင့်တက်နေတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကအထိ ဒေါ်လာစျေး ဟာ ၃၈၀၀ ကျပ်ဝန်းကျင်မှာ တည်ငြိမ်နေခဲ့ပေမယ့် အခုချိန်မှာတော့ တစ်ထောင်ကျော် တက်လာခဲ့တာပါ။ ဒီလိုဒေါ်လာစျေး ထိုးတက်ပုံ ကျပ်ငွေတန်ဖိုး အဆမတန်ပြိုဆင်းပုံအရဆို တိုင်းပြည်ဟာဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေကို မြင်နေမိတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ဖြစ်နေကျကတော့ ထိုစျေးတွေဟာ မိုးထိုးအောင်တက်သွားပြီး အချိန်တစ်ခုကြာရင် အရင်စျေးနီးပါးကို ပြန်ဆင်းလာတတ်တယ်။ ကျပ်ငွေတန်ဖိုးအခုလို အချိန်တိုအတွင်းမှာ တောက်လျောက်ပြိုမဆင်းနေဘူး ဆိုရင်တော့ ဘာမှထူးခြားမှုဖြစ်လာမှာမဟုတ်သေးပါဘူး။ စစ်ကောင်စီဘက်ကအဖမ်းအဆီးတွေလုပ်လာဦးမှာပါ။ ဘယ်လောက်ထိတက်ပီး ဘယ်အချိန်မှာပြန်ငြိမ်သွားမလဲဆိုတာတော့ စောင့်ကြည့်ရမယ်။