ရခိုင်ပြည်နယ်စစ်တွေမြို့ ဗျိုင်းဖြူရွာဟာ ဒီနေ့ကြမ္မာဆိုးဝင်ခဲ့ပါတယ်။ စစ်တွေမြို့နဲ့ မိုင်အနည်းငယ်သာ ဝေးကွာပြီး အိမ်ခြေနှစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာထဲကို အင်အားရာကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း တစ်ခု ဒီနေ့မှာဝင်ရောက်လာတယ်။ ပြီးတော့ရွာသားအားလုံးကို ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့ပါတယ်။ ရွာလယ်က နေပူပြင်ထဲမှာ အမျိုးသားတစ်စု၊ အမျိုးသမီးတစ်စု ခွဲထိုင်ခိုင်းတယ် ၊ ယောကျာ်းလေးတွေကို အင်္ကျီချွတ်ခိုင်းတယ်၊ ရခိုင်နဲ့ပက်သက်တဲ့ မှင် (tattoo)ပါရင် ပစ်သတ်တယ်၊ သူတို့မေးတာတွေ သေချာမဖြေရင်လည်းသတ်တယ်၊ နာမည်တွေစာရင်းနဲ့ယူလာပြီး လည်း မေးတယ်။ အိမ်ပေါ်မှာ ဖမ်းပြီး ပစ်သတ်ထားသူတွေဆို အိမ်ကို မီးရှို့ပစ်တယ်၊ အလောင်းတွေ စုပြီးလည်း မီးရှို့တယ်၊ မသေသေးတဲ့သူတွေကိုပါ မီးထဲရှို့ပစ်တယ်လို့ ဗျိုင်းဖြူရွာထဲ ဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး ဒေသခံတဦးက ပြောပြပါတယ်။ သတ်ဖြတ် ခံရသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဟာ စစ်တွေမြို့ ဝန်းကျင်ကို အေအေတပ်ဖွဲ့တွေ ရောက်လာမှာကြောက်တာကြောင့် မဆိုင်တဲ့အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေပါတယ်။
အောက်တိုဘာ ၁၄၊ ၂၀၂၄။ (တနင်္လာ)
လာအိုနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြန်ပါပြီ။ဒီတစ်ခေါက်မှာတော့စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တစ်ယောက် စေလွတ်ခဲ့ပါတယ်။အာဆီယံဟာ...