ပြည်တွင်းမှာ ရွှေစျေးတွေ၊ဒေါ်လာစျေးတွေတရိပ်ရိပ်ထိုးတက်နေပါတယ်။ ကုန်စျေးနှုန်းတွေလဲထိုးတက်နေတယ်။ စစ်အာဏာသိမ်းမှုကြောင့်တိုင်းပြည်ရဲ့စီးပွားရေးဟာထိုးဆင်းနေပါပြီ။ဘဏ်တွေ၊ATMတွေမှာငွေသားအလွယ်တကူထုတ်မရတော့လူတွေလက်ထဲမှာလဲငွေမရှိတော့ဘူး။Online Payment Systemကြီးတခုလုံးပျက်စီးသွားသောကြောင့်ဘာစီးပွားရေးလုပ်ငန်းမှမလည်ပတ်နိုင်တော့။ ဒီရက်ပိုင်းမျှော်လင့်စရာဘာသတင်းမှလဲမထူး။ ကြာရင်လူတိုင်းငတ်ကုန်ကြတော့မယ်။
Read moreDetailsမြန်မာပြည်ရဲ့ဒေသအချို့ကပြည်သူတွေဟာစစ်ကောင်စီကိုရရာလက်နက်စွဲကိုင်ကာတော်လှန်နေကြပါပြီ။ အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်တွေမှာပါ။ ဧပြီလဆန်းလောက်ကတည်းကစစ်ကိုင်းတိုင်းကလေးမြို့ခံတပ်သပိတ်တိုက်ပွဲဟာဒီသဘောတရားကိုစခဲ့တာပါ။ခုဆိုရင်တော်လှန်ရေးတိုက်ပွဲတွေဟာယင်းမာပင်၊ကနီ၊မင်းတပ်၊ဟားခါးစတဲ့နေရာအနှံမှာပြန့်နှံနေပါပြီ။ထိုဒေသတွေကပြည်သူတွေဟာ၁၉ရာစုခေတ်ကအမဲလိုက်တူမီးသေနတ်များကိုသာအသုံးပြုတိုက်ပွဲဝင်နေရရှာတယ်။ စစ်သူပုန်တွေကတော့လက်နက်ကြီးတွေပါအသုံးပြုပြီးရက်စက်စွာအင်အားသုံးနှိပ်ကွပ်နေပါတယ်။တချို့ရွာတွေဆိုရင်ရွာလုံးကျွတ်တောတောင်တွေထဲပြေးပုန်းနေရပါတယ်။ ဒါပေမယ့်ပြည်သူတွေဘက်ကတော့စစ်အာဏာရှင် ပြုတ်ကျဖို့အတွက်လုံးဝအရှုံးမပေးပဲတိုက်ပွဲဝင်သွားတော့မှာပါ။
Read moreDetailsဘဏ်တွေပြိုတော့မယ်လို့အသံတွေထွက်နေတယ်။ ATMစက်တွေရှေ့မှာလဲငွေထုတ်ဖို့တန်းစီနေကြတဲ့သူတွေကကားမှတ်တိုင်နှစ်တိုင်စာလောက်ရှိနေကြတယ်။ စစ်ကောင်စီဟာCDMလုပ်နေတဲ့ဘဏ်တွေကိုအတင်းအကြပ်ဖွင့်ခိုင်းတယ်။ဒါပေမယ့်ငွေလာထုတ်တဲ့သူတွေကိုထုတ်ပေးစရာငွေသားအလုံအလောက်မရှိဘူး။ကန့်သတ်ချက်တွေလုပ်လာတယ်။အဲ့ဒီမှာပဲဘဏ်တွေအပေါ်ပြည်သူရဲ့ယုံကြည်မှုပျောက်ဆုံးသွားပြီးဘဏ်မှာငွေအပ်ထားတဲ့သူတိုင်းကိုယ့်ငွေကိုယ်ပြန်ထုတ်ဖို့ကြိုးစားလာကြတယ်။ ATM တွေမှာလဲငွေအလုံအလောက်မထည့်ပေးနိုင်တော့လူတွေအချိန်ကုန်ခံတန်းစီးပြီးဒုက္ခရောက်နေကြတယ်။ ဘဏ်စနစ်ကြီးတစ်ခုလုံးပြိုလဲမယ့်အရိပ်အယောင်တွေမြင်နေရပြီ။
Read moreDetailsEAO နယ်မြေတွေမှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ အထူးသဖြင့် KIA/KNU နယ်မြေတွေမှာပေါ့။ မတ်လလယ်လောက်ကတည်းကတိုက်ပွဲတွေစတင်ဖြစ်ပွားလာရာကနေခုဆိုတော်တော်အရှိန်ကောင်းနေပြီ။ စစ်ကောင်စီရဲ့တချို့ရှေ့တန်းစခန်းတွေလဲကျကုန်ကြပြီ။ စစ်ခွေးတွေလဲရှေ့တန်းမှာအကျအဆုံးအတော်များနေပြီ။ လက်ရှိအချိန်မှာစစ်သူပုန်တွေဟာပြည်သူအတွက်အသက်ပေးပြီးတိုက်ပွဲဝင်နေတယ်ဆိုတာဝါဒမှိုင်းတိုက်ထားမှန်းတနိုင်ငံလုံးကပြည်သူတွေကွက်ကွက်ကွင်းကွင်းသိရှိသွားကြပါပြီ။ သူတို့တွေရှေ့တန်းမှာအသေဆိုးနဲ့သေနေကြလဲဘယ်သူမှမသနားကြတော့ဘူး။ အားလုံးက EAO တွေဘက်မှာအားပေးနေကြပြီ။ ပြည်သူတရပ်လုံးကသူတို့ကိုကျိန်စာတိုက်လိုက်ကြပြီ။
Read moreDetailsဒီနေ့ နေ့လည် ၂ နာရီကျော်ကျော်လောက်မှာ ရန်ကုန်မြို့တစ်ဝိုက်မှာ လေပြင်းတွေတိုက်ခိုက်ပြီး တစ်ချို့ နေရာတွေမှာ မီးပျက်သွားခဲ့တယ်။ လေနဲ့အတူ မအလတို့အုပ်စုပါသွားဖို့ကိုလည်း အလျှိုလျှိုဆုတောင်း နေကြတယ်။ ဂျီ ၇ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေထွက်လာတယ်။ ထုံးစံအတိုင်းစိုးရိမ် ပူပန်ပါတယ်ဆိုတာမျိုး...
Read moreDetailsအန်ယူဂျီက ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ကြေညာလိုက်တယ်။ ဒီ သတင်းကို အားလုံးကဝမ်းသာကြိုဆိုကြတယ်။ တစ်ဖက်မှာလည်း စစ်သူပုန်တွေဟာ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်ဖို့ကြိုးစားနေတယ်။ ကျောင်းလခတွေကောက်ခံဖို့ပြင်ဆင်နေကြ တယ်။ သူတို့ရဲ့ လာဘ်စားလိုတဲ့စိတ်နဲ့အတူ ရသမျှသဲ့ယူဖို့ ငွေဝင်ပေါက်တွေအားလုံးကိုလိုက်လံရှာဖွေနေကြ တယ်။ ဂြိုလ်တုစလောင်းတွေကလွှင့်တဲ့ရုပ်သံလိုင်းကိုကြည့်ရင်ထောင်ဒဏ်၊ ငွေဒဏ်ချခံရမယ်လို့လည်း သတင်းထုတ်ပြန်တယ်။...
Read moreDetailsစစ်အုပ်စုက သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ည ၈ နာရီမှ မနက် ၄ နာရီအစားည ၁၀ နာရီမှ နံနက် ၄ နာရီအဖြစ်ပြင်ဆင်သတ်မှတ်လိုက်တယ်။ သူတို့တွေက သဘောထားကြီးစွာနဲ့ဖြေလျှော့ တယ် လို့သံကောင်းဟစ်ပေမယ့် ပြည်သူတွေကတော့ မကျေနပ်နိုင်ဘူး။...
Read moreDetailsအချိန်သုံးလကျော်ကြာပြီးတဲ့နောက်မှာ သွေးအေးလာတယ်လို့အများကထင်ကောင်းထင်နိုင်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ တစ်ရက်မှာသွေးမအေးခဲ့ဘူး။ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့မကျေနပ်မှုတွေ နဲ့အတူ စစ်သူပုန်အုပ်စုကို ရတဲ့နည်းနဲ့တိုက်ခိုက်ချင်စိတ်တွေဖြစ်ပေါ်နေခဲ့တယ်။ အာဆီယံနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်နေတယ်။ ကိုဗစ်အတွက် အရေးထားပြီးဆောင်ရွက်နေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ စစ်သူပုန်တွေနဲ့နေ့စဉ်ခက်ခဲတဲ့ရက် တွေကိုဖြတ်သန်းနေရတယ်။ စစ်သူပုန်တွေရဲ့ပစ်ခတ်မှုကြောင့် ၂၄ နာရီအတွင်း လူ...
Read moreDetailsမြန်မာတစ်နိုင်ငံလုံးဆန္ဒပြမယ်လို့ သတင်းလွှင့်ထားတဲ့နေ့။ တကယ်တမ်းတော့ ကျွန်တော်တို့ဟာ စိတ်ထဲ ကဆန္ဒအတိုင်းအပြင်ကိုရဲရဲဝံ့ဝံ့ထွက်ပြီး ဆန္ဒထုတ်ဖော်လို့မရပါဘူး။ မြန်မာနိုင်ငံအနှံ့မှာ ပြောက်ကျားစနစ် နဲ့ဆန္ဒထုတ်ဖော်နေကြရပါတယ်။ စစ်အုပ်စုကလည်း ပစ်ခတ်ဖြိုခွင်းဖို့အဆင်သင့်စောင့်နေခဲ့တယ်။ အင်း စိန်၊ လှိုင်သာယာ၊ တာမွေ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ၊ လှိုင်နဲ့...
Read moreDetailsမေလ ၁ ရက်၊ ရုံးပိတ်ရက်။ ဒါပေမဲ့ ပြည်သူတွေကအနားမနေကြဘူး။ နေရာအနှံ့မှာ ဆန္ဒထုတ်ဖော်ပွဲတွေ ကို ပြောက်ကျားစနစ်နဲ့ဆင်နွဲနေတယ်။ ဘတ်စ်ကားစီးရင်း သွေးသစ္စာသီချင်းကိုသီဆိုပြီး အတူတူဆန္ဒပြ ခဲ့ကြသူတွေ၊ မိုးရေထဲမှာ ရန်ကုန်သားတွေပြန်လာပြီဆိုတဲ့ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒထုတ်ဖော်ကြသူတွေ၊ ညဖက်သံဗုံးတီးရင်သေနတ်နဲ့လိုက်ပစ်နေတာကို အံတုပြီး အမှောင်ထုထဲကနေ...
Read moreDetailsYou can copy without credits to our site. We Need Freedom.