မကွေးတိုင်းထဲကင်းမရွာမှာစစ်တပ်သတင်းပေးဒလန်အသတ်ခံရလို့ဆိုပြီးစစ်သူပုန်တွေရွာကိုဝင်စီးကာတစ်ရွာလုံးမီးရှို့ပစ်လိုက်တယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေနဲ့တိရိစ္ဆာန်အချို့ပါမီးလောင်သေဆုံးကုန်တယ်တဲ့။ပြောစရာစကားလုံးတောင်မရှိတော့ပါဘူး။
စစ်ကိုင်းတိုင်းအနောက်ခြမ်းကရွာတွေကိုစစ်တပ်ကမထင်ရင်မထင်သလိုဝင်စီးပြီးလုယက်သတ်ဖြတ်နေဆဲပဲ။
စစ်တပ်ဟာစစ်ရာဇဝတ်မှုမျိုးစုံကိုပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေဆဲပါ။ဒါကိုဒီတိုင်းပဲဝိုင်းကြည့်နေကြတော့မှာလား။
ဧပြီ ၁၃၊ ၂၀၂၄။ (စနေ)
မြဝတီမြို့ဆီ ချီတက်လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေ...