အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၂၅၊ ၂၀၂၁။ (တနင်္ဂနွေ)

ပဲခူးနဲ့ ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေတယ်။ ကိုဗစ်ကြောင့် သေဆုံးသူပေါင်းများစွာ ရှိလာပြီ။ အလောင်းတွေပုံနေပြီ။ ကျွန်တော့်အဒေါ်တစ်ယောက်ရော ဦးလေးတစ်ယောက်ရောဆုံးပါး သွားကြတယ်။ ကိုဗစ်ကြောင့် ဆိုတာထက် စစ်သူပုန်တွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုတာ အားလုံးက လက်ခံထားကြတယ်။ ဒီရက်ပိုင်း လူတွေသေဆုံးသွားကြရတာဟာ ကိုဗစ်ကြောင့်မဟုတ်ဘူး။ ကိုဗစ်...

Read moreDetails

ဇူလိုင် ၂၄၊ ၂၀၂၁။ (စနေ)

စစ်ခွေးတွေဟာ အောက်ဆီဂျင်ပေးမယ်။ မြို့နယ်အလိုက် အောက်ဆီဂျင်ပေးမယ်လို့ဆိုတယ်။ ဒါပေမဲ့ ရပ်ကွက်ထောက်ခံစာပါလာရမယ်တဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အသက်သွင်းနေကြတာြဖစ်တယ်။ စစ်သူပုန်တွေရဲ့ ဒီအစီအစဉ်ဟာ အောင်မြင်ပါ့မလားစောင့်ကြည့်ရမှာပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဒီစစ် ခွေးတွေကို တော်တော်လေးနာကျဉ်းလေပြီ။

Read moreDetails

ဇူလိုင် ၂၃၊ ၂၀၂၁။ (သောကြာ)

သံပုံးတီးသံတွေပြန်လည်ကြားရတဲ့နေ့။ ထောင်ထဲရောက်နေကြရတဲ့ သူတွေကနေစတင်ပြီး သံပုံးတီးတာ ဖြစ်တယ်။ ဒါကြောင့် အပြင်ကလူတွေကပါ သံပုံးပြန်တီးကြတယ်။ စစ်သူပုန်တွေကို သံပုံးတီးမောင်းထုတ် ကြတာပြန်လည်အသက်ဝင်လာတယ်။ ဒီစစ်ခွေးတွေ မြန်မြန်ဆင်းသွားကြဖို့ အပြိုင်အဆိုင်သာဆုတောင်း နေမိကြတယ်။ ရောဂါကြောင့် သေဆုံးသူများနေတုန်းပဲ။

Read moreDetails

ဇူလိုင် ၂၂၊ ၂၀၂၁။ (ကြာသပတေး)

ကိုဗစ်ကိုအံတုပြီး စစ်ကောင်စီကအတင်းဖွင့်ခဲ့တဲ့ စာသင်ကျောင်းတွေကို နှစ်ပတ် ထပ်မံပိတ်မယ်လို့ ဒီနေ့ ကြေညာခဲ့တယ်။ ဩဂုတ် ၈ ရက်အထိ ကျောင်းတွေထပ်ပိတ်မှာပေါ့။ အစကတည်းကကိုမဖွင့်ခဲ့သင့်တာ။ သူတို့တွေဘယ်လောက်အထိ ကမောက်ကမနိုင်နေဦးမှာလဲ။ ကျွန်တော်တို့ကရော ဘယ်လောက်အထိ နှိပ်စက်ခံနေရဦးမှာလဲ။

Read moreDetails

ဇူလိုင် ၂၁၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဆေးဝါးအကူအညီလိုအပ်တဲ့အိမ်တွေဆိုရင် အဖြူရောင်အလံကိုထောင်ထားကြတယ်။ စားစရာအကူအ ညီလိုအပ်တဲ့အိမ်ဆိုရင်တော့ အဝါရောင်အလံကိုထောင်ထားကြတယ်။ ဒီလိုအလံထောင်ထားတာလေး တွေတွေ့လာရင်တော့ စိတ်ထဲတစ်မျိုးခံစားကြရတယ်။ အဲဒီအလံအရောင်တွေကိုမြင်ပြီး လူငယ်တွေက သွားရောက်ကူညီကြမယ်။ ပြည်သူအချင်းချင်းဖေးမကြမယ်။ ဒီစစ်ခွေးတွေရဲ့ရန်ကို မြန်မြန်ကျော်လွှားနိုင် ဖို့အားလုံးက မျှော်လင့်နေကြတယ်။ လူမလေးခွေးမခန့်တဲ့ကောင်တွေက တိုင်းပြည်ကိုတက်ပြီးအုပ်ချုပ် ချင်တော့အခုလိုကမောက်ကမဖြစ်ရတော့တာပဲ။ သူတို့တွေဆင်းတာနဲ့...

Read moreDetails

ဇူလိုင် ၂၀၊ ၂၀၂၁။ (အင်္ဂါ)

ရန်ကုန်မြို့မှာ လူသေဆုံးနှုန်း အရင်ကထက် ၁၀ ဆမြင့်တက်လာတယ်လို့ သတင်းတွေကဖော်ပြကြ တယ်။ ဟို အကုသိုလ်တွေက မသိချင်ယောင်ဆောင်ထားတယ်။ သတင်းအမှောင်ချထားတယ်။ လူငယ် ပရဟိတသမားတွေလည်း တတ်နိုင်သမျှဝင်ကူကြရတော့တယ်။ လူမှုစီးပွားရေးပြသနာ၊ နိုင်ငံရေးပြသနာ နဲ့ ရောဂါဆိုးပြသနာတွေကြားထဲမှာ လူတွေဟာ အလူးအလှိမ့်ခံစားနေကြရတဲ့အချိန်ပဲ။...

Read moreDetails

ဇူလိုင် ၁၉၊ ၂၀၂၁။ (စနေ)

အာဇာနည်နေ့။ ဒါပေမဲ့ မြို့က ကြေကွဲသံတွေနဲ့တိတ်ဆိတ်လို့။ ကိုဗစ်ကပ်‌ရောဂါကို အလူးအလဲခံစားနေ ကြရတဲ့အချိန်ပေါ့။ UNHCR ယာဉ်တန်းဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဒီနေ့ (၁၉.၀၇.၂၀၂၁) မှာ ရောက်ရှိခဲ့တယ်။ မနက်ဖြန်ကနေစပြီး ရက်သတ္တပတ်လုံး UNHCR အနေနဲ့ COVID-19...

Read moreDetails

ဇူလိုင် ၁၈၊ ၂၀၂၁။ (သောကြာ)

အနုပညာရှင်တော်တော်များများက လွတ်မြောက်နယ်မြေကိုရောက်နေကြတယ်။ ဒါပေမဲ့ သူတို့လည်း ကိုဗစ်ဝေဒနာကိုခံစားကြရတယ်။ အဆိုတော်အောင်ထက်ကလည်း ကိုဗစ်ဖြစ်ပြီး ပြန်လည်သက်သာလာ တဲ့အကြောင်းကို သူရောက်ရှိနေတဲ့ နေရာကနေ ပြောတဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်တက်လာတယ်။ မြန်မာနိုင်ငံ မှာ လူတော်တွေ၊ ပညာတတ်တွေက ပြေးကြ၊ ပုန်းကြ၊ ထောင်ထဲရောက်ကြတဲ့အခြေအနေဖြစ်နေတယ်။...

Read moreDetails

ဇူလိုင် ၁၇၊ ၂၀၂၁။ (ကြာသပတေး)

ပြည်သူ့မှာ ပြည်သူပဲရှိပါတယ်။ လက်ရှိမှာ ပြည်သူ့အစိုးရလည်းမရှိဘူး။ ပြည်သူ့ကိုယ်စားပြုကာကွယ် ပေးမယ့်သူလည်းမရှိဘူး။ ပြည်သူကို နည်းလမ်းအမျိုးမျိုးနဲ့နှိပ်စက်နေတဲ့ စစ်သူပုန်တွေပဲရှိတယ်။ ဒီတော့ အစစအရာရာကို အချင်းချင်းအားကိုးအားထားပြုကြရတယ်။ စားစရာမရှိတဲ့သူတစ်ချို့ဟာ ဆိုရှယ်မီဒီ ယာပေါ်တင်ပြီး အကူအညီတောင်းကြတယ်။ တစ်ချို့တွေကိုကျတော့ အိမ်နီးချင်းတွေကကူညီကြတယ်။ တော်တော်များများကလည်း အဆင်မပြေတဲ့ကာလမို့လို့...

Read moreDetails

ဇူလိုင် ၁၆၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ကပ်ရောဂါ Covid ကဆိုးရွားလာတယ်။ ဒါပေမဲ့ တော်လှန်ရေးအရှိန်က ရပ်မသွားဘူး။ သင်္ဃန်းကျွန်းမြို့ နယ်မှာရှိတဲ့ တိုက်ခန်းတစ်ချို့ကို စစ်သူပုန်တွေက ၂ နာရီကြာလောက်ဝင်ရောက်ရှာဖွေ ခဲ့ကြတယ်။ ကပ်ရောဂါနဲ့ဆင်းရဲမွဲတေမှုနဲ့ အဆင်မပြေတဲ့ကာလမှာ စစ်သူပုန်နဲ့ ပြည်သူတွေရဲ့တိုက်ပွဲက လည်း ပြင်းထန်လျက်ပါပဲ။ ကျွန်တော်တို့မှာ...

Read moreDetails
Page 165 of 182 1 164 165 166 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist