အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၁၀၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာနိင်ငံအတွင်းအကြမ်းဖက်မှုတွေပိုဆိုးလာတယ်ဆိုပြီးမြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပြန်တယ်။ပြီးတော့အလွန်အမင်းစိုးရိမ်စောင့်ကြည့်နေပါတယ်ဆိုပြီးထူးမခြားနားကြေငြာချက်တစ်စောင်ထွက်လာတယ်။အဲ့ဒါများအလကားအချိန်ကုန်ခံပြီးကြီးကြီးကျယ်ကျယ်တံခါးပိတ်အစည်းအဝေးလုပ်နေသေးတယ်။သူလဲအာဆီယံလိုဘာမှသုံးစားမရတဲ့အဖွဲ့အစည်းပဲ။ နိုင်ငံတွင်းမှာစစ်ကောင်စီကြောင့်နေ့စဉ်နဲ့အမျှပြည်သူတွေသတ်ဖြတ်ခံနေရတယ်။မြို့တွေရွာတွေမီးရှို့ခံနေရတယ်။စစ်ဘေးရှောင်တွေတနေ့တခြားပိုမိုတိုးပွားလာနေပြီ။ဒါလဲနိုင်ငံတကာကဘာမှအရေးယူမှုမရှိဘူး။အစိုးရိမ်ကောင်းနေတုန်းပဲ။နိုင်ငံတကာကဘာမှမလုပ်ပေးနိုင်မှန်းသိနေတော့စစ်ကောင်စီဟာပိုမိုရမ်းကားလာတာမျက်မြင်ကိုယ့်တွေပဲ။နောက်ဆုံးတော့ကိုယ့်အားကိုယ်ကိုးပြီးတိုက်ပွဲဝင်နေရကြတယ်။ကမ္ဘာကြီးမှာတရားမျှတမှုဆိုတာပျောက်ဆုံးနေပြီ။

Read moreDetails

နိုဝင်ဘာ ၀၉၊ ၂၀၂၁။ (အင်္ဂါ)

နိုင်ငံတဝန်းမြို့ကြီးတွေမှာပျောက်ကျားတိုက်ခိုက်ခံမှုတွေပိုအရှိန်မြင့်လာသလိုအကြိမ်ရေလဲပိုစိပ်လာပြီ။အရင်ကဆိုစစ်တပ်ရဲ့မြို့ပေါ်တွေကယာယီကင်းစခန်းတွေလောက်ကိုသာတိုက်ခိုက်ခံရပေမယ့်အခုဆိုရင်တပ်ရင်းဌာနချုပ်တွေအထိပျောက်ကျားတိုက်ခိုက်ခံနေရပြီ။ ရန်ကုန်မှာဆိုမင်္ဂလာဒုံလေတပ်စခန်းအဝင်ပေါက်နဲ့အုပ်ချုပ်ရေးမှုးရုံးစသဖြင့်ပါဝင်လာသလိုမုံရွာမှာလဲစစ်တပ်ကတပ်ဆွဲထားတဲ့ဆည်မြောင်းရုံးကိုမြို့ပြပျောက်ကျားအဖွဲ့တွေအလစ်ဝင်တိုက်လို့စစ်သူပုန်ခြောက်ဦးခန့်သေဆုံးသွားတယ်။မုံရွာမြို့ပေါ်ကအမှတ်၁နဲ့၂ရဲစခန်းတွေကတော့အရင်ကတည်းကမကြာကြာလက်တည့်စမ်းခံနေရတယ်။စစ်ကောင်စီတပ်သားတွေအနေနဲ့တပ်ထဲနေတာတောင်မလုံခြုံတော့တဲ့ဘဝရောက်လာတော့မယ်။

Read moreDetails

နိုဝင်ဘာ ၀၈၊ ၂၀၂၁။ (တနင်္လာ)

ဒီနေ့ဟာပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲကြီးတနှစ်တိတိပြည့်တဲ့နေ့ဖြစ်တယ်။မနှစ်ကဒီလိုနေ့မျိုးမှာတနိုင်ငံလုံးကပြည်သူတွေဟာကိုဗစ်ရောဂါတွေကြားမဲရုံတွေကိုအရောက်သွားပြီးဒီမိုကရေစီစနစ်ဆက်လက်ရှင်သန်ရေးအတွက်ကိုယ်ကြိုက်တဲ့အစိုးရကိုမဲပေးရွှေးချယ်ခဲ့ကြတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွှေးကောက်ပွဲတစ်ခုဖြစ်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ဦး‌ဆောင်တဲ့NLDအစိုးရကိုပဲဆက်လက်ရွှေးချယ်ခဲ့ကြတယ်။ အခုတော့ဒါတွေအားလုံးသဲထဲရေသွန်ဖြစ်သွားခဲ့ပြီ။အာဏာရူးနေတဲ့မင်းအောင်လှိုင်ဟာပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီးအာဏာသိမ်းခဲ့တယ်။နိုင်ငံရဲ့အခြေအနေဟာလဲမနှစ်ကဒီလိုအချိန်နဲ့နှိုင်းယှဉ်ရင်အရာအားလုံးထိုးစိုက်ဆင်းသွားပြီ။အာဏာရူးတယောက်ကြောင့်သန်းငါးဆယ်ကျော်သောပြည်သူတွေဒုက္ခပေါင်းစုံခံစားနေရတယ်။ပြန်လည်လွတ်မြောက်ရေးအတွက်အရင်းအနှီးများစွာပေးဆပ်ပြီးတိုက်ပွဲဝင်နေရပြီ။ အရင်လိုအချိန်တွေအမြန်ပြန်လိုချင်နေပြီ။

Read moreDetails

နိုဝင်ဘာ ၀၇၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်တပ်ဟာချင်းပြည်နယ်မှာထိုးစစ်ဆင်ရင်းတပြိုင်နက်စစ်ကိုင်းတိုင်းအထက်ပိုင်းမှာစစ်ကြောင်းတွေထိုးနေတယ်။အလောင်းမင်းတရားစစ်ဆင်ရေးလို့အမည်တပ်ပြီးကောလင်း၊ထီးချိုင့်၊ကသာစတဲ့နယ်မြေတွေကိုရဟတ်ယာဉ်တွေသုံးပြီးအင်အားဖြည့်နေတယ်။ဒီရက်ပိုင်းမှာပဲဒေသခံကာကွယ်ရေးတပ်တွေနဲ့အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားလာတယ်။စစ်တပ်ဟာအကျအဆုံးများတဲ့အတွက်မနေ့ကဆိုရဟတ်ယာဉ်တွေသုံးပြီးလေကြောင်းပစ်ကူပါပေးနေရတယ်။ ထိုနယ်မြေတွေကPDFတွေဟာအရင်ကတည်းကလက်သံပြောင်ကြတယ်။KIAနယ်မြေနဲ့နီးတော့အကူအညီတွေရတာလဲပါမှာပေါ့။တိုက်ပွဲတစ်ခါဖြစ်ရင်စစ်သူပုန်တွေအနည်းဆုံးသုံးဆယ်၊လေးဆယ်အကျအဆုံးရှိတယ်။ခုရက်ပိုင်းတိုက်ပွဲတွေမှာတင်တရားဝင်စာရင်းတွေအရတစ်ရာကျော်သေဆုံးကုန်ပြီ။တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေဦးမယ့်အခြေအနေမှာရှိတယ်။ဒေသခံပြည်သူတွေကတော့ထုံးစံအတိုင်းနေရပ်စွန့်ခွာပြေးနေရပြီ။ရွာတွေလဲစစ်သူပုန်တွေလက်ချက်နဲ့မီးရှို့ခံနေရပြီပေါ့။

Read moreDetails

နိုဝင်ဘာ ၀၆၊ ၂၀၂၁။ (စနေ)

စစ်ကောင်စီရဲ့ဗဟိုဘဏ်ကသိန်း၂၀၀ ကျော်တဲ့ငွေပေးချေမှုတိုင်းကို Digital money နဲ့ပေးချေရမယ်လို့သတ်မှတ်လိုက်တယ်။သိန်းနှစ်ရာဆိုတဲ့ပမာဏကတကယ်လုပ်နေတဲ့စီးပွားရေးသမားတွေအတွက်ဘာမှရှိတာမဟုတ်ဘူး။ထိုသတ်မှတ်ချက်ကြောင့်အရောင်းအဝယ်တွေအတွက်ငွေပေးငွေယူခြင်းတွေမှာပြသာနာတွေတက်ကုန်တယ်။ ဗဟိုဘဏ်မှာငွေသားမရှိတော့တာပိုသိသာလာတယ်။လူတိုင်းဟာဘဏ်တွေကိုအယုံအကြည်မရှိတော့တဲ့အတွက်အွန်လိုင်းဘဏ်စနစ်ကိုလဲမသုံးတော့ပဲငွေသားကိုင်သုံးဖို့ပဲကြိုးစားလာကြတယ်။ဗဟိုဘဏ်ကလဲဆက်တိုက်တလွဲတွေပဲလုပ်နေတဲ့အတွက်စီးပွားရေးသမားတွေတောင်လုပ်ရကိုင်ရခက်ခဲလာပြီ။

Read moreDetails

နိုဝင်ဘာ ၀၅၊ ၂၀၂၁။ (သောကြာ)

စစ်တပ်ပိုင်ဆက်သွယ်ရေးအော်ပရေတာမိုင်တယ်ကCFOအရာရှိဟာသူ့အိမ်နားမှာလမ်းလျှောက်ထွက်နေတုန်းပစ်သတ်ခံလိုက်ရတယ်။တော်လှန်ရေးမှာပစ်မှတ်ထားခံရသူတွေဟာနောက်တဆင့်ပြောင်းလဲသွားပြီ။မိုင်တယ်အရာရှိဆိုရင်စစ်တပ်ရဲ့ထောက်တိုင်လုပ်ငန်းတွေထဲကအကြီးအကဲတစ်ယောက်ပဲ။ဦးပိုင်လိုတခြားလုပ်ငန်းကြီးတွေအများကြီးကျန်သေးတယ်။ထိုလုပ်ငန်းတွေကခေါင်းဆောင်ပိုင်းတွေကိုခြိမ်းခြောက်နိုင်ရင်စစ်တပ်အတွက်အခြေအနေမကောင်းဘူး။ မြောက်ဥက္ကလာမှာလဲဒလန်ဆရာမတစ်ယောက်လမ်းပေါ်မှာပဲအသတ်ခံရတယ်။ဆရာမဆိုပြီးတပည့်တွေကိုသတင်းပေးဖမ်းခိုင်းနေတာလို့ကြားတယ်။သူသေသွားခဲ့ရင်ဖမ်းရမယ့်လူစာရင်းကိုတောင်ပြုစုသွားသေးတယ်။အသက်နဲ့ရင်းပြီးတောင်စစ်တပ်ကိုအလုပ်အကျွေးပြုသွားကြတာ။ပညာတတ်ပြီးဦးနှောက်မရှိတဲ့လူစားမျိုးတွေပေါ့။    

Read moreDetails

နိုဝင်ဘာ ၀၄၊ ၂၀၂၁။ (ကြာသပတေး)

လက်နက်ကိုင်တော်လှန်ရေးကိုအစောဆုံးစတင်ခဲ့တဲ့ကလေးမြို့မှာမြို့ပြင်ကစစ်တပ်စခန်းတစ်ခုကို KALAY PDFကဝိုင်းဝန်းတိုက်ခိုက်လို့စစ်သူပုန်ငါးဆယ်ခန့်သေဆုံးသွားတယ်။ တိုက်ပွဲဟာသုံးနာရီကျော်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။ အရင်တုန်းကPDFတွေဆိုတာလက်နက်အင်အားချို့တဲ့လို့မိုင်းခွဲထွက်ပြေးတာလောက်ပဲလုပ်နိုင်ခဲ့တာပါ။အခုဆိုရင်ရင်ဆိုင်တိုက်ပွဲအဆင့်ထိတက်လှမ်းနိုင်နေပြီ။ချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာလဲအလားတူပါပဲ။ဒါပေမယ့်သုံးနာရီကျော်တဲ့တိုက်ပွဲတစ်ခုအတွက်ကျည်ဆံကသိန်းတစ်ရာဖိုးလောက်သုံးလိုက်ရတယ်လို့ပြန်ကြားရတယ်။ စစ်စားရိတ်ဟာအရမ်းကြီးမားပါတယ်။ဒါကြောင့်တော်လှန်ရေးသမားတွေကိုလှူပါလို့တစာစာအောင်နေကြရတာ။NUGဟာလဲအခုဆိုရင်အခွန်တွေစကောက်နေပါပြီ။ငွေတိုက်စာချုပ်တွေကိုလဲဒီလထဲစရောင်းမယ်ပြောတယ်။ရေရှည်စစ်ပွဲတစ်ခုဆင်နွဲဖို့ဆိုတာငွေကြေးအင်အားတောင့်တင်းဖို့လိုပါတယ််။ အခုအချိန်ထိနိုင်ငံတကာကရှုံ့ချတောင်းဆိုယုံကလွှဲပြီးဘာမှမကူညီပေးတဲ့အတွက်ပြည်သူအားလုံးကဝိုင်းဝန်းကူညီမှတော်လှန်ရေးကမြန်မြန်ပြီးမှာပါ။

Read moreDetails

နိုဝင်ဘာ ၀၃၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ပြီးခဲ့တဲ့အောက်တိုဘာလတစ်လလုံးမှာပြည်သူတွေရဲ့ခုခံစစ်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်သား၁၈၀၀ကျော်သေဆုံးခဲ့တယ်။ဒါဟာအာဏာသိမ်းပြီးနောက်ပိုင်းတစ်လအတွင်းမှာအကျအဆုံးအများဆုံးအရေအတွက်ပဲ။NUGကခုခံစစ်ကြေငြာတဲ့စက်တင်ဘာလမှာစစ်ကောင်စီဘက်တော်သား၁၀၀၀ကျော်သေဆုံးခဲ့ပြီးဒီလမှာတော့နှစ်ဆနီးပါးတက်လာတဲ့သဘောပဲ။ တနိုင်ငံလုံးမှာတိုက်ပွဲတွေဟာအရှိန်အဟုန်ပိုကောင်းလာနေပြီ။တူမီးတွေနဲ့စခဲ့တဲ့ချင်းပြည်နယ်နဲ့ကယားပြည်နယ်တွေမှာဆိုရင်ရိုင်ဖယ်တွေကိုင်နိုင်နေကြပြီ။တခြားLocalPDFတွေရဲ့လှုပ်ရှားမှုတွေဟာလဲတောရောမြို့မှာပါခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတယ်။ဒါပေမယ့်လဲနောက်ဆုံးပန်းတိုင်ကိုရောက်ဖို့ကတော့အတော်အလှမ်းဝေးနေပါသေးတယ်။ဘာပဲဖြစ်ဖြစ်နောက်လတွေမှာစစ်သူပုန်တွေမြေသြဇာဖြစ်နှုန်းဟာဒီထက်ပိုများလာဖို့ပဲရှိမယ်။

Read moreDetails

နိုဝင်ဘာ ၀၂၊ ၂၀၂၁။ (အင်္ဂါ)

စစ်ကောင်စီဟာဒီလကစပြီးကျောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေတယ်။မနေ့ကအခြေခံပညာကျောင်းတော်တော်များများဖွင့်ခိုင်းထားပြီးအဆင့်မြင့်ပညာပိုင်းမှာတော့အဝေးသင်တက္ကသိုလ်တွေကျောင်းအပ်လက်ခံတယ်။ဒါပေမယ့်လဲမနေ့ကစာရင်းတွေအရတပြည်လုံးမှာရှိတဲ့ကျောင်းသားဦးရေရဲ့တစ်ဆယ်ရာခိုင်နှုန်းခန့်သာစာသင်ခန်းထဲရောက်လာကြတယ်။ ဒီကာလကြီးမှာဘယ်မိဘမှကိုယ့်ကလေးကိုကျောင်းတက်ခိုင်းမှာမဟုတ်ဘူး။ပိုဆိုးတာကကျောင်းတွေရှေ့မှာအခုဆိုရင်စစ်ကောင်စီတပ်သားတွေလုံခြုံရေးယူနေကြတာတွေ့ရတယ်။သူတို့လုံခြုံရေးယူတဲ့နေရာတိုင်းမှာမလုံခြုံသလိုခံစားနေရတာအားလုံးအသိပဲလေ။သူတို့ကြောင့်ကျောင်းတွေရှေ့မှာပေါက်ကွဲမှုတွေဖြစ်လာရင်PDFတွေလုပ်တာပါဆိုပြီးလွှဲချဦးမှာပဲ။ကြားထဲကကလေးတွေကဓားစာခံဖြစ်သွားနိုင်တယ်။ဒီပုံအတိုင်းဆိုကလေးတွေလဲကျောင်းတစ်နှစ်ထပ်အောက်ဦးမယ့်အခြေအနေပဲ။

Read moreDetails

နိုဝင်ဘာ ၀၁၊ ၂၀၂၁။ (တနင်္လာ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာစစ်အာဏာသိမ်းကိုးလပြည့်မိန့်ခွန်းဆိုပြီးဒီနေ့အသံလွှင့်တယ်။ပြည်သူတွေကိုအစားလျော့စားဖို့ပြောသွားသေးတယ်။ဘယ်လိုဦးနှောက်တွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်မလဲမသိဘူး။ကိုးလပြည့်တဲ့အချိန်ထိသက်ဆိုးရှည်နေတာကိုလဲအံသြမဆုံးဘူး။တကယ်တမ်းပြည်သူတွေကအလျော့မပေးပေမယ့်နောက်ဆုတ်စရာလမ်းမရှိတော့တဲ့စစ်ခေါင်းဆောင်အတွက်ကတော့နောက်ဆုံးအချိန်ထိပေကပ်ပြီးနေသွားဦးမှာပဲ။အဲ့ဒီနောက်ဆုံးအချိန်ဆိုတာဘယ်တော့ရောက်လာမှာလဲဆိုတာကိုလဲဘယ်သူမှမပြောနိုင်ကြဘူး။ဒီလိုနဲ့ပဲတဝဲလည်လည်နဲ့ပြည်သူတွေလဲလုံးပါးပါးတော့မယ်။

Read moreDetails
Page 154 of 182 1 153 154 155 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist