အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၁၀၊ ၂၀၂၁။ (သောကြာ)

ဒီနေ့ကြိုတင်စီစဉ်ထားတဲ့အတိုင်းအသံတိတ်သပိတ်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်ကြတယ်။မြို့ကြီး၊မြို့ငယ်၊တောရွာတွေပါမကျန်ပြည်သူလူထုအားလုံးပါဝင်ဆန္ဒထုတ်ဖော်ကြတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပြည်သူတွေသာမက များလှတဲ့မြို့တွေရွာတွေအစွန်အဖျားနေရာတွေက ပြည်သူတွေအထိပါဝင်ကြပါတယ်။ လူမျိုးနွယ်စုံ၊ အသက်အရွယ်စုံ၊ အသက်မွေးဝမ်းကြောင်းစုံ၊ အလွှာစုံက ပြည်သူတွေဟာစစ်အုပ်ချုပ်မှုကို ဘယ်တော့မှလက်မခံငြင်းပယ်ကြတယ် ဆိုတာကိုပြသကြပါတယ်။ စျေးတွေ၊ဆိုင်တွေ၊ အလုပ်ရုံတွေ၊ လမ်းတွေ၊ မြေပြန့်ဒေသတွေ၊ တောင်ကုန်းတွေမှာ မနက် ၁၀...

Read moreDetails

ဒီဇင်ဘာ ၀၉၊ ၂၀၂၁။ (ကြာသပတေး)

စစ်ကိုင်းတိုင်းမှာPDFတွေကဖြတ်သန်းသွားလာမယ့်လုပ်ငန်းရှင်ကြီးတွေရဲ့ကားတွေကိုစစ်ဆေးပြီးNUGကိုအခွန်ဆောင်ထားတဲ့ပြေစာမပါရင်ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ကြေငြာလိုက်တယ်။ဒါဟာPDF တွေအနေနဲ့နယ်မြေစိုးမိုးမှုကိုပိုမိုတိုးချဲ့လာတဲ့သဘောပဲ။NUG ကလဲ Local PDF တွေရဲ့ကိုးဆယ်ရာခိုင်နှုန်းခန့်နဲ့ချိတ်ဆက်ထားနိုင်ပြီလို့ပြောထားတယ်။မကြာခင်မှာလက်နက်ရိက္ခထောက်ပံပေးနိုင်မယ့်အနေအထားတွေရှိလာပြီ။ ကိုဇေယျာသော်တို့အဖမ်းခံရပြီးတဲ့နောက်ရန်ကုန်မှာUGတွေရဲ့လှုပ်ရှားမှုတွေငြိမ်သွားပေမယ့်မန္တလေးမှာတော့အရင်လိုမဟုတ်ပဲPDFတွေလက်စွမ်းပြနေတာကိုတွေ့ရတယ်။မြို့ထဲကစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေဆက်တိုက်ဆိုသလိုတိုက်ခိုက်ခံနေရတယ်။မြို့ကြီးတွေမှာလှုပ်ရှားမှုတွေရှိမှပဲနယ်ဘက်တွေကိုတဖက်တလမ်းကကူညီရာကျလိမ့်မယ်။

Read moreDetails

ဒီဇင်ဘာ ၀၈၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဖေ့ဘုတ်ကစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့စာမျက်နှာတွေကိုဖြုတ်ချလိုက်တယ်။လုပ်ငန်းကြီးတွေဖြစ်တဲ့မိုင်တယ်၊မြန်မာဘီယာတို့ကအစတော်တော်များများဖြုတ်ချခံလိုက်ရတယ်။ထိုလုပ်ငန်းတွေဟာအစောကတည်းက boycott နဲ့ PDF တွေကြောင့်ဆုံးရှုံးမှုတွေကြီးမားနေတာအခုဆိုရင်ပိုဆိုးပြီပေါ့။ တနိုင်ငံလုံးမှာတော့သဘက်ခါအသံတိတ်သပိတ်ပြုလုပ်ဖို့အတွက်ဆော်သြနေကြတယ်။ဒီဇင်ဘာ၁၀ရက်နေ့ဟာကမ္ဘာ့လူ့အခွင့်အရေးနေ့မို့အဲ့ဒီနေ့နဲ့တိုက်ဆိုင်ပြီးပြည်တွင်းမှာအသံတိတ်သပိတ်ကြီးတစ်ခုလုပ်ဖို့စီစဥ်နေကြတယ်။ဒါမျိုးကိုမတ်လတုန်းကတစ်ခေါက်လုပ်ဖူးသေးတယ်။အဲ့ဒီတုန်းကတော့သပိတ်တွေလုပ်လို့ကောင်းဆဲကာလမို့အောင်မြင်ခဲ့တယ်။အခုတစ်ခေါက်လဲသွေးမအေးသွားဘူးဆိုတာပြဖို့အောင်မြင်စေချင်တယ်။

Read moreDetails

ဒီဇင်ဘာ ၀၇၊ ၂၀၂၁။ (အင်္ဂါ)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲကဒုံဝန်းရွာမှာစစ်သူပုန်တွေကရွာသား၁၁ယောက်ကိုPDF တွေလို့စွပ်စွဲဖမ်းဆီးပြီးအရှင်လတ်လတ်မီးရှို့သတ်ဖြစ်သွားတယ်။မီးလောင်ထားတဲ့အလောင်းပုံတွေဟာမြင်ရက်စရာတောင်မရှိဘူး။သူတို့ဘယ်လောက်တောင်မှခံစားခဲ့ရမလဲ။PDFတွေဆိုရင်တောင်ဒီလိုမျိုးနည်းလမ်းတွေနဲ့သတ်ဖြတ်စရာအကြောင်းမရှိဘူး။ကမ္ဘာပေါ်မှာတောင်မရှိတော့တဲ့အရိုင်းအစိုင်းဆုံးအပြုအမူတွေကိုလက်တွေ့ခံစားနေရတယ်။ရန်ကုန်ကကားနဲ့တိုက်သတ်မှုအပြီးအခုဆက်လက်၍ရွံရှာဖွယ်ကောင်းသောစစ်ရာဇဝတ်မှုတွေကိုစစ်သူပုန်တွေဟာလက်ရဲဇတ်ရဲနဲ့ဆက်လက်ကျူးလွန်နေကြတယ်။ဒါဟာအခုအချိန်ထိထိရောက်တဲ့အရေးယူမှုတစ်စုံတရာဘာမှမရှိသေးလို့ပဲ။ကမ္ဘာကြီးကလဲလက်ပိုက်ကြည့်နေတုန်းပဲလေ။ဒီလိုမကောင်းဆိုးရွားကောင်တွေအားလုံးကိုဒီတိုက်ပွဲမှာကျိန်းသေပေါက်အမြစ်ဖြတ်ပစ်ရမယ်။

Read moreDetails

ဒီဇင်ဘာ ၀၆၊ ၂၀၂၁။ (တနင်္လာ)

မတရားဖမ်းဆီးစွပ်စွဲပြီးရုံးထုတ်ခံနေရတဲ့သမ္မတကြီးနဲ့အမေစုတို့ရဲ့အမှုပေါင်းမြောက်မြားစွာထဲကတစ်ခုကိုဒီနေ့စစ်ကောင်စီရဲ့မတရားရုံးကအမိန့်ချမှတ်လိုက်တယ်။နှစ်ယောက်စလုံးကိုထောင်ဒဏ်လေးနှစ်စီချတယ်။မတရားမှန်းလူတိုင်းသိနေလို့လေးနှစ်ဖြစ်စေ၊နှစ်လေးဆယ်ဖြစ်စေထူးပြီးတော့ရင်ခုန်စရာမရှိပါဘူး။နောက်မှာလဲနှစ်ရှည်ထောင်ဒဏ်တွေချလို့ရတဲ့အမှုတွေအများကြီးဆင်ထားသေးတယ်။သူတို့နှစ်ယောက်အတွက်ကတော့တော်လှန်ရေးမြန်မြန်အောင်ဖို့ပဲလိုတယ်။ဒီနေ့အောင်ရင်ဒီနေ့လွတ်မယ်။အချိန်ကြာနေသ၍မတရားဖမ်းဆီးခံထားနေရမှာပဲ။ သမ္မတကြီးတို့ကိုအမိန့်ချတဲ့သတင်းနဲ့မနေ့ကကားနဲ့တိုက်ပြီးလူစုခွဲတဲ့သတင်းတွေကိုနိုင်ငံတကာမီဒီယာကြီးတွေကလဲအလုအယက်ဖော်ပြနေကြတယ်။စစ်ကောင်စီဟာအရှက်ကင်းမဲ့စွာနဲ့ပဲနိုင်ငံကိုထိန်းချုပ်ဖို့ဆက်လက်ကြိုးစားနေတယ်။

Read moreDetails

ဒီဇင်ဘာ ၀၅၊ ၂၀၂၁။ (တနင်္ဂနွေ)

ရန်ကုန်ကြည့်မြင်တိုင်မှာလူငယ်တွေရှောင်တခင်ဆန္ဒပြနေတုန်းစစ်ကားတစ်စီးရောက်လာပြီးဆန္ဒပြလူအုပ်ထဲကိုရည်ရွယ်ချက်ရှိရှိအရှိန်နဲ့ဝင်တိုက်ခဲ့တယ်။ကားနဲ့တိုက်ခံရမှုကြောင့်လူငယ်သုံးဦးပွဲချင်းပြီးသေဆုံးသွားပြီးစုစုပေါင်းငါးဦးသေဆုံးကာ၁၅ဦးခန့်အဖမ်းခံရတယ်။ သာမန်လူတစ်ယောက်ရဲ့စိတ်ဆိုရင်လမ်းပေါ်မှာရှိနေတဲ့ခွေးတကောင်ကိုတောင်တမင်ဝင်တိုက်ဖို့ခဲယဉ်းလိမ့်မယ်။စစ်ကောင်စီတပ်သားတွေအားလုံးဟာလူမဟုတ်တော့ဘူး။တရိစ္ဆာန်ထပ်တောင်နိမ့်ပါးတဲ့အသိဉာဏ်နဲ့ရှင်သန်နေကြတယ်။ရန်ကုန်မြို့ကြီးမှာတောင်ဒီလိုအပြုအမူမျိုးအတားအဆီးမရှိလုပ်ရဲကြတယ်ဆိုရင်စစ်သူပုန်တွေအားလုံးဟာတယောက်မကျန်မကောင်းဆိုးဝါးတွေဖြစ်နေကြပြီ။ ထိုအဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေဟာအချိန်နဲ့တပြေးညီအင်တာနက်ပေါ်ရောက်လာကြတယ်။ကြည့်မိတဲ့သူတိုင်းဟာအော်နှလုံးနာလို့ပေါ့။နာကျည်းချက်တွေကိုခွန်အားအဖြစ်ပြောင်းလဲပီးဆက်လက်တိုက်ပွဲဝင်ကြရမယ်။

Read moreDetails

ဒီဇင်ဘာ ၀၄၊ ၂၀၂၁။ (စနေ)

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်PDFတွေကစစ်ကောင်စီပိုင်သဘောနှစ်စီးကိုဖမ်းဆီးလိုက်ပြီးမြို့အဝင်အထွက်တွေမှာစစ်ဆေးရေးဂိတ်တွေထားရှိမယ်လို့ကြေငြာလိုက်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတချို့တွေကမြောင်မြို့နယ်ဟာလွတ်မြောက်တယ်မြေဖြစ်သွားပြီလို့ထင်ကြေးပေးကြတယ်။တကယ်တမ်းတော့အပြည့်အဝလွတ်မြောက်နယ်မြေဆိုတာအခုအချိန်ထိမရှိသေးပါဘူး။ဒါပေမယ့်စစ်ကိုင်းတိုင်းကဒေသတော်တော်များများမှာတော့စစ်ကောင်စီရဲ့အာဏာဟာမြို့ကြီးတွေပေါ်မှာလောက်ပဲသက်ရောက်မှုရှိတော့တယ်။နေရာအတော်များများနဲ့လမ်းမကြီးတွေကိုPDFတွေထိန်းချုပ်ထားနိုင်တဲ့အခြေအနေတွေဖြစ်လာတယ်။လမ်းတွေမှာရှောင်တခင်စစ်ဆေးရေးဂိတ်တွေဖွင့်ပြီးစစ်ကောင်စီပိုင်ပစ္စည်းတွေနဲ့သစ်မှောင်ခိုတွေကိုပါဖမ်းဆီးနေပြီ။ လွတ်မြောက်နယ်မြေတွေဖြစ်ဖို့ကတော့လိုပါသေးတယ်။PDFတွေလက်နက်အင်အားတောင့်တင်းလာရင်တော့မျှော်လင့်လို့ရတယ်။ဒါကြောင့်ပဲပြည်သူတွေကလှူ၊NUGကအသည်းအသန်ပိုက်ဆံရှာနေတာပေါ့။

Read moreDetails

ဒီဇင်ဘာ ၀၃၊ ၂၀၂၁။ (သောကြာ)

ဆက်သွယ်ရေးကုမ္မဏီတွေရဲ့အင်တာနက်မိုဘိုင်းဒေတာစျေးနှုန်းတွေကိုလက်ရှိစျေးနှုန်းထပ်နှစ်ဆတက်ဖို့စစ်ကောင်စီကအကြောင်းကြားလာတယ်လို့သိရတယ်။ဥပမာအခုကျပ်တစ်ထောင်ဖိုးကို1Gရတယ်ဆိုရင်နှုန်းထားအသစ်အရတစ်ထောင်ကို500MBပဲရတော့မှာပေါ့။အင်တာနက်စျေးနှုန်းတွေတက်လာတာအာဏာသိမ်းပြီးနောက်ပိုင်းဒါဒုတိယအကြိမ်ပဲ။NLDအစိုးရလက်ထက်ကဆိုရင်တစ်ထောင်ဖိုးကို5Gအထိသုံးလို့ရတယ်။ဆယ်ဆတိတိစျေးတက်သွားတဲ့သဘောပေါ့။ဒီတကြိမ်မှာဖုန်းပြောဆိုခနှုန်းထားတွေပါစျေးတက်မယ်လို့သိရတယ်။ စစ်ကောင်စီဟာအင်တာနက်ကိုလုံးဝဖြတ်တောက်လို့မရတဲ့အတွက်သတင်းစီးဆင်းမှုကိုနှေးကွေးစေချင်တာရယ်၊C2DလိုDigital Strikeတွေကိုနှိပ်ကွပ်လိုတာကြောင့်အခုလိုကန့်သတ်လိုက်တာလို့ယူဆကြတယ်။ဒါပေမယ့်ရည်ရွယ်ချက်အတိုင်းအောင်မြင်မှာမဟုတ်ပဲအခြေခံလူတန်းစားတွေကိုပဲအဓိကထိခိုက်စေလိမ့်မယ်။စားဖို့တောင်အနိုင်နိုင်ရှာနေရတဲ့သူတွေအတွက်ဒီစျေးနှုန်းအတိုင်းဆိုရင်အင်တာနက်သုံးနိုင်ဖို့အလှမ်းဝေးသွားလိမ့်မယ်။စစ်ကောင်စီဟာတိုင်းပြည်ကိုတဖြည်းဖြည်းနဲ့မြောက်ကိုရီးယားပုံစံဆွဲသွင်းနေပြီ။

Read moreDetails

ဒီဇင်ဘာ ၀၂၊ ၂၀၂၁။ (ကြာသပတေး)

ကုလသမဂ္ဂကိုယ်စားလှယ်ရွှေးချယ်ရေးကော်မတီဟာစစ်ကောင်စီကတင်သွင်းတဲ့ကိုယ်စားလှယ်ကိုမရွှေးပဲသံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာဆက်လက်ရွှေးချယ်လိုက်တယ်။ဒါဟာNUGကိုအသိအမှတ်ပြုတဲ့သဘောလားဆိုတာကိုတော့တိတိကျကျပြောမသွားဘူး။သံတမန်တွေကတော့အစိုးရကိုယ်စားမှုပြုကိုနောက်နှစ်ညီလာခံအထိရွှေ့ဆိုင်းလိုက်တဲ့သဘောပဲလို့မှတ်ချက်ပြုတယ်။ကိုယ်စားလှယ်နေရာကိုလက်ရှိလူကိုပဲဆက်ထားပီးစစ်ကောင်စီနဲ့NUGဘယ်သူ့ကိုအသိအမှတ်ပြုမလဲဆိုကတော့UNကကြားနေလိုက်တဲ့သဘောပေါ့။ဓမ္မနဲအဓ္ဓမကိုရှင်းရှင်းလင်းလင်းသိမြင်နေရက်နဲ့ကြားနေတယ်ဆိုကတည်းကကမ္ဘာကြီးရဲ့လက်ရှိအနေအထားကိုပြသလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ်ဒီရလဒ်ကြောင့်သံတမန်ရေးမျက်နှာစာမှာNUGအတွက်ပိုမိုအသာစီးရသွားခဲ့ပြီးစစ်ကောင်စီကတော့လုံးဝကျဆုံးသွားခဲ့ပါပြီ။အထွေထွေညီလာခံမှာဆက်လက်ဆွေးနွေးဖို့ရှိပေမယ့်တရုတ်နဲ့ရုရှားတို့ကပါသဘောတူထားတဲ့ဒီရလဒ်ကိုပြောင်းလဲပစ်ဖို့မဖြစ်နိုင်တော့ပါဘူး။မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ရှေ့ဆက်သွားမယ်လို့ပြောထားခဲ့တဲ့စစ်ကောင်စီဟာပိုမိုအထီးကျန်ဆန်လာပါပြီ။

Read moreDetails

ဒီဇင်ဘာ ၀၁၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

SweetDecemberလို့ခေါ်ကြတဲ့ချိုသောဒီဇင်ဘာလကိုရောက်ရှိလို့လာပါပြီ။မနှစ်ကဒီလိုအချိန်မှာငါးထောင်တန်FoodBoxတွေခေတ်စားခဲ့တယ်။ကျပ်ငါးထောင်ဆိုတဲ့ပမာဏဟာလူတိုင်းအတွက်ဘာမှမဟုတ်ခဲ့ဘူး။ဒီနှစ်တော့ဒီအချိန်မှာငါးရာတန်ထမင်းပွဲတွေခေတ်စားလာတယ်။ လူတွေကတော်တော်များများအလုပ်လက်မဲ့ဖြစ်သွားကြပြီ။ဝင်ငွေမရှိတော့ဘူး။ကမ္ဘာဘဏ်ကတော့၂၀၂၂မှာမြန်မာပြည်သူတဝက်လောက်ဟာဆင်းရဲမွဲတေမှုမျဉ်းအောက်မှာအသက်ရှင်ရလိမ့်မယ်လို့ခန့်မှန်းထားတယ်။လက်တွေ့မြေပြင်မှာလဲအဲ့ဒီအတိုင်းဖြစ်နေပြီ။စားစရာမရှိတော့တာနဲ့အမျှခိုးဆိုးလုယက်မှုတွေပေါလာလိမ့်မယ်။ခုတောင်တချို့နေရာတွေမှာတွေ့နေရပြီ။တရားဥပဒေစိုးမိုးမှုလဲမရှိတော့ဘူးလေ။စစ်ကောင်စီဟာအခုအချိန်မှာရာဇဝတ်မှုတွေကိုစိတ်မဝင်စားတော့ဘူး။သူတို့အာဏာတည်မြဲဖို့ကိုပဲအာရုံစိုက်နေရတယ်။ပြည်သူတွေရဲ့ဘဝဟာစားဖို့လဲပူရ၊ရာဇဝတ်မှုတွေကိုလဲကြောက်ရနဲ့အပူလုံးကြွနေပြီ။

Read moreDetails
Page 151 of 182 1 150 151 152 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist