အောင်လံလွှင့်ချီနွေဦးထီဆိုပြီး အန်ယူဂျီကရောင်းတဲ့ထီကို ဝယ်ယူအားပေးကြတာ ကျိတ်ကျိတ်တိုး လို့ဆိုရမယ်။ နှစ်ရက်အတွင်း ထီလက်မှတ်ပေါင်း ၁၂၀,၀၀၀ ကျော် အမှာစာလက်ခံရရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါတောင်သူတို့လက်ခံမှုကိုပိတ်ထားလိုက်လို့။ မဟုတ်ရင်တောက်လျှောက်အား ပေးကြမှာ။ ပြည်သူ့ဖက်ကတော့ တတ်နိုင်သမျှရုန်းကန်ပြီး စစ်အာဏာရှင်နဲ့အပေါင်းပါလူတစ်စုကို နည်းမျိုးစုံနဲ့ တွန်းလှန်နေကြတာပဲ။ သူတို့ကလည်း...
Read moreDetailsအောင်လံလွှင်ချီနွေဦးထီကိုအန်ယူဂျီ အစိုးရက ဒီနေ့စရောင်းတယ်။ ညနေလေးနာရီမှာ စရောင်းတာ စရောင်းပြီးတစ်နာရီအတွင်း ထီလက်မှတ်ငါးသောင်းပြိုက်ခနဲကုန်သွားတယ်။ အားပေးကြမ်းကြ တယ်။ အဲဒီလိုပဲတစ်ဖက်မှာလည်း ရဖယ်လက်မှတ်ဝယ်ဖို့စိတ်ဝင်စားကြတယ်။ မြို့အသီးသီးမှာလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့သပိတ်တွေဒုနဲ့ဒေး နေ့စဉ်နဲ့အမျှပေါ်ပေါက်နေတယ်။ ဘက်စုံတောင့်စုံ ကနေတိုက်ခိုက်တွန်းလှန်နေကြတယ်။ စစ်ကောင်စီဘက်ကလည်းအလျှော့မပေးဘူး။ သူတို့ကပဲ ပြည်သူကိုအနိုင်ရထားတဲ့ပုံစံနဲ့ဆက်ဆံပြောဆိုပြုမှုနေတုန်းပါပဲ။
Read moreDetailsဒီနေ့တွေ့ရတဲ့သတင်းကတော့ စိတ်မကောင်းစရာပေမယ့် လူတွေကဝမ်းမနည်းကြဘူး။ ရန်ကုန်မြို့ ပတ်ရထားပေါ်မှာ လိုက်ပါလာတဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးတဲ့သတင်းပါ။ သေဆုံးသွားတဲ့ ရဲတွေရဲ့ပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်တွေမှာ ပြန့်နှံ့လာတယ်။ အဲဒါကိုဖတ်ပြီး ဝမ်းနည်းတဲ့လူထက် ဝမ်းသာတဲ့သူကများတယ်။ ကျွန်တော်ရော။ ကျွန်တော်လည်းဝမ်းသာတဲ့လူထဲပါတယ်။ သူများသေလို့ လူသေလို့ဝမ်းသာတာမဟုတ်ဘူး။...
Read moreDetailsငွေစက္ကူအသစ်တွေရိုက်နှိပ်ထုတ်ဝေနေတဲ့သတင်းထွက်လာတယ်။ စစ်ကောင်စီအနေနဲ့ ဘယ်ဖက်က မှမအောင်မြင်ဘူး။ ဒီတော့ သူတို့ပိုက်ဆံရနိုင်တဲ့လမ်းကြောင်းတွေကို တတ်နိုင်သမျှရှာ တယ်။ ဘယ်နေရာကလာဘ်ရမလဲ၊ ဘယ်နေရာက အချိုအချောင်ရမလဲဆိုတာတွေကို အမြဲတမ်းစဉ်းစားနေ တယ်။ အခုအခြေအနေကပိုဆိုးတယ်။ တောမှာဆိုရင်လည်း တောကိုရောက်နေတဲ့စစ်ခွေးတွေ က ရွာထဲဝင် တွေ့ရာခိုးယူသွားတယ်။ ရွာသားတွေကို...
Read moreDetails၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အချင်းချင်းမျှဝေပြောဆိုကြတယ်။ ဖရိန်တွေပြောင်းကြတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီကိုဆန့်ကျင်ကြောင်းသပိတ်မှောက်ပွဲတွေဆက်တိုက်ကျင်းပကြတယ်။ ရက်တွေကြာလာတာနဲ့အမျှ စိတ်ထဲမှာက တစ်စက်ကလေးမှ ပေါ့ပါးမသွားဘူး။ စစ်ခွေးတွေနဲ့ပတ်သက်ရင် နာကျင်နေတုန်းပဲ။ ကရင်အာဇာနည်နေ့ပြောင်းသလို အန်ယူဂျီကိုထောက်ခံ ကြောင်း ကာဗာပုံတွေလည်း ဖေ့စ်ဘုတ်မှာပြောင်းနေကြတုန်းပဲ။ သူတို့က...
Read moreDetailsရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တိုက်ခန်းတစ်ခုကိုစီးနင်းခဲ့တယ်။ ခေါင်မိုးပေါ်ထွက်ပြေးတဲ့ လူငယ်ထဲကနေ သုံးယောက်သေပြီး နှစ်ယောက် အပြင်းအထန်ဒဏ်ရာရသွားတယ်။ အဲဒီသူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲ ကြောင်းတွေကို ဆိုရှယ်မီဒီယာပေါ်မှာ အသီးသီးတင်ခဲ့ကြတယ်။ မနေ့ကရယ် ဒီနေ့ရယ်ဟာ အဲဒီသူရဲကောင်းငါးယောက်အတွက် ပြည်သူထုတစ်ရပ်လုံးကဂုဏ်ပြုဝမ်းနည်းဦးညွှတ်တဲ့နေပဲ။...
Read moreDetailsကိုဗစ်ကြောင့်သေဆုံးမှုနှုန်းတွေ နည်းလာတယ်လို့ထင်ရတယ်။ အောက်ဆီဂျင်ရှာတဲ့သူတွေ၊ ဆေးရှာတဲ့ သူတွေ နည်းသွားတယ်။ ဆေးတွေအဆမတန်ဈေးနှုန်းမြင့်တက်လာတာမျိုးတွေလည်း ဈေးပြန်ကျသွား တယ်။ ဒါပေမဲ့ လောဘသားတွေရှိတုန်းပဲ။ ဆေးရုံဆေးခန်းတွေမှာတော့ စစ်ကောင်စီနဲ့ပတ်သက်တဲ့အ သိုင်းအဝိုင်းတွေကနေရာယူထားတုန်းပဲ။ မယုံရင် အခုချိန်ဝိတိုရိယလိုဆေးရုံမျိုးမှာ တက်ခွင့်ရအောင်သာ ကြိုးစားကြည့်။ လုံးဝမလွယ်ဘူး။ စစ်ကောင်စီအသိုင်းအဝိုင်းက...
Read moreDetailsအမေရိကန်နိုင်ငံမှာရှိတဲ့ မြန်မာသံတမန်ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံတဲ့သတင်းက ကမ္ဘာ ကျော်သွားတယ်။ ဒီအဖြစ်အပျက်က ဘယ်သူ့လက်ချက်လဲဆိုတာ လူတိုင်းသိတယ်။ စစ်ကောင်စီဟာ အယုတ်တကာ့အယုတ်ညံ့ဆုံးသောပုံစံတွေကို သုံးပြီးရင်းသုံးလာတယ်။ ပြည်သူတွေလည်း စစ်ခွေးတွေရဲ့ ဒဏ်ကို ခံနိုင်ရည်အားမရှိတော့လောက်အောင်ပါပဲ။ ရောဂါဘယဒဏ်ကိုလည်းအလူးအလဲခံနေရတယ်။ ဒီ ရက်သတ္တပတ်က ကိုဗစ်ဖြစ်ပွားမှုနှုန်းအားလျော့သွားမယ်လို့...
Read moreDetailsရုံးပိတ်ရက်လည်းဖြစ်တယ်။ ၈၈၈၈ နှစ်ပတ်လည်နေ့လည်းဖြစ်တယ်။ ဒါကြောင့် ကိုယ်စီကိုယ်ငှ လှုပ်ရှား မှုလေးတွေပြုလုပ်ကြတာတွေ့ရတယ်။ စစ်ကောင်စီကို တတ်နိုင်သမျှဆန့်ကျင်နေကြတယ်။ တစ်ချို့က တော့ စစ်ခွေးတွေရဲ့ နိုင်ထက်စီးနင်းပြုလုပ်နေတဲ့ခံစားချက်ကို ဆိုရှယ်မီဒီယာပေါ်မှာဝေမျှတယ်။ တစ်ချို့ ကတော့ ပြောက်ကျားသပိတ်မှာပါဝင်ဆင်နွဲတယ်။ ပြည်ပကလူတွေကတော့ အထိမ်းအမှတ်ပွဲလေးတွေ လုပ်ကြတာတွေ့တယ်။...
Read moreDetailsနေရာတစ်ချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့သေနတ်နဲ့ပစ်ခံရတယ်။ ဒါ ဟာ တော်လှန်ရေးအရှိန်မသေဘူးဆိုတဲ့သက်သေပဲ။ ရောဂါတွေကင်းစင်သွားရင် ပိုပြီးတော့ တော်လှန် ရေးအရှိန်မြှင့်လာကြမယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ မနက်ဖြန်ကျရင် ၈၈၈၈ နှစ်ပတ်လည် နေ့။ ၈၈၈၈ ရဲ့ ၃၃ နှစ်မြောက်နှစ်ပတ်လည်နေ့။ အထိမ်းအမှတ်တစ်ခုခုတော့လုပ်ကြလိမ့်မယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.