တစ်ညလုံးကောင်းကောင်းမအိပ်ရတဲ့ညထဲမှာ ဒီညလည်းပါတယ်။ စစ်သူပုန်တွေဟာ ရပ်ကွက်ထဲကိုဝင်ပြီး သေနတ်နဲ့ပစ်ဖောက်တယ်။ ကင်းစောင့်နေတဲ့သူတွေကိုလိုက်လံ ခြိမ်းခြောက်တယ်။ တစ်ချို့ကိုဖမ်းခေါ်သွားကြပြန်တယ်။ ည ၉ နာရီ အချိန်ကတည်းက တိုက်ခန်းမီးတွေကိုပိတ်ထားဖို့အော်ပြောတယ်။ မပိတ်တဲ့တိုက်ခန်းတွေကို သေနတ်နဲ့လှမ်းပစ်တယ်။ ချောင်းကြည့်တဲ့သူတွေကို အော်ဆဲတယ်။ သေနတ်သံတွေနဲ့ လူတွေကိုခြိမ်း ခြောက်နေတာဖြစ်တယ်။...
Read moreမနေ့ကပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး UNSC တံခါးပိတ်အစည်းအဝေးဟာဘာမှတိကျသေချာတဲ့ရလဒ်တစ်ခုထွက်မလာခဲ့ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုချဖို့နေနေသာသာ ကြေငြာချက်လေးတစ်စောင်တောင်မထုတ်ပြန်နိုင်ခဲ့ဘူး။ တကယ်တော့လည်း UN ဆိုတာ မြန်မာပြည်အတွက် သိပ်မျှော်လင့်လို့ရတဲ့အဖွဲ့အစည်းတစ်ခုတော့အရင်ကတည်းကမဟုတ်ခဲ့ပါဘူး။ တရုတ်နဲ့ရုရှားကအမြဲတမ်းကန့်လန့်တိုက်ပေးနေကျပဲလေ။ လက်ရှိပြည်တွင်းကအခြေအနေကလူထုဘက်ကအောင်မြင်ဖို့ရာခိုင်နှုန်းတွေတိုးလာခဲ့တယ်။ လူထုလှုပ်ရှားမှုအရှိန်လုံးဝကျမသွားဘူး။ CDM အောင်မြင်နေတယ်။ CRPH ကလဲနိုင်ငံတကာမျက်နှာစာခြေလှမ်းစိပ်စိပ်ဆက်သွားနေပြီးစစ်ကောင်စီကိုသွေးပျက်စေတယ်။ ဒါပေမယ့်ကိုယ်တွေအဓိကလိုချင်တဲ့အချက်ဖြစ်တဲ့ စစ်ကောင်စီပြုတ်ကျသွားခြင်း...
Read moreသေနတ်သံတွေနဲ့ ဖြတ်သန်းရတဲ့နေ့ပါပဲ။ ကျွန်တော်အိမ်ဘေးမှာသေနတ်သံတွေဆူညံနေခဲ့တယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို သပိတ်လာရောက်ဖြိုခွင်းခဲ့တယ်။ ကျည်အစစ်တွေလား၊ အသံဗုံးတွေလား သေသေချာချာမသိပေမယ့် သေနတ်သံတွေဆူညံနေခဲ့တယ်။ စစ်သူပုန်တွေဟာ သပိတ် ဖြိုခွင်းရုံတစ်ခုတည်းမဟုတ်ဘူး။ ရပ်ကွက်ထဲကိုဝင်ပြီး အော်ဟစ်ဆဲဆိုသွားကြသေးတယ်။ သတ္တိရှိတဲ့ကောင်ထွက်ခဲ့၊ လီးကိုဆန္ဒပြ စတဲ့ အမနာပစကားတွေနဲ့ ဆဲဆိုသွားကြသေးတယ်။ ဘယ်လိုပုံစံမျိုးနဲ့...
Read moreမနေ့ကတနိုင်ငံလုံးမှာအနည်းဆုံးလူ၅၀ ကျော်သေဆုံးခဲ့တဲ့ Bloody Day အပြီးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်တံခါးပိတ်အစည်းအဝေးလုပ်မယ်လို့သတင်းတွေတက်လာတယ်။ ဒီနေ့မှာတော့ဒေါက်တာဆာဆာရဲ့ R2P ကိုထောက်ခံတဲ့အစီရင်ခံစာထုတ်လိုက်တယ်။ တကယ်တော့စစ်သူပုန်အုပ်စုဟာလက်ရှိအနေအထားကနေနောက်ဆုတ်ဖို့လုံးဝမရှိဘူးဆိုတာမနေ့ကပြသပြီးသွားပါပြီ။ အဲ့ဒါကြောင့်ကျွန်တော်တို့လုပ်စရာရှိတာကိုဆက်လုပ်ရပါမယ်။ ပြည်တွင်းကလူထုလှုပ်ရှားမှုနဲ့ CDM တို့ဟာလက်ရှိအမြင့်ဆုံးအနေအထားမှာတောင်စစ်ကောင်စီကိုဖြုတ်ချဖို့အလှမ်းဝေးနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့ဟာနိုင်ငံတကာအကူအညီကိုယူရပါလိမ့်မယ်။
Read moreဒီနေ့ကျွန်တော့်ဇာတိမြေမှာအကြီးအကျယ်သွေးစွန်းခဲ့တယ်။ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာစစ်သူပုန်အဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ၅၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်။ စစ်သူပုန်အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ရန်ကုန်မြို့ကငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူငယ်တွေကို အပြင်းအထန်အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ လူငယ်တွေဟာလည်းရန်ကုန်မြို့လယ် မြေနီကုန်း၊ လှည်းတန်း လိုနေရာမျိုးမှာခံစစ်ထိုင်ပြီးကြံကြံခံဆန္ဒပြကြတယ်။ အသေအပျောက်တွေလည်းရှိလာခဲ့တယ်။ ရက်နည်း...
Read moreပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ခြေလှမ်းတွေက ဒီရက်ပိုင်းသွက်လာတာတွေ့ရတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့လူ ၂၃ ယောက်ကြွေလွင့်အပြီးမှာ စစ်ကောင်စီကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေငြာလိုက်သလို ဒီနေ့မှာလဲပြည်ထောင်စုဝန်ကြီးတွေခန့်အပ်နေပြီဆိုတော့ အစိုးရဖွဲ့နေပြီဆိုတဲ့သဘောပေါ့။ တစ်နိုင်ငံလုံးမှာတော့လူထုဆန္ဒပြပွဲတွေဆက်လက်အရှိန်တက်နေဆဲပါပဲ။
Read moreမနေ့က စစ်တပ်ရဲ့ကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွဲမှုတွေကြောင့်တစ်နိုင်ငံလုံးမှာ၂၃ ဦးသေဆုံးခဲ့ပေမယ့် ဒီနေ့ လမ်းပေါ်မှာလူတွေမလျော့သွားခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့လမ်းပေါ်ထပ်ထွက်ဖြစ်တယ်။ အင်တာနက်လိုင်းတွေကမနက်ကိုးနာရီမှပွင့်တာမို့လိုင်းပေါ်အရင်တက်၊အခြေအနေကြည့်ပြီးအေးဆေးဖြစ်တဲ့မြန်မာပလာဇာဘက်သွားဖြစ်တယ်။ မနေ့ကတော့ခွေးပြေး၊ဝက်ပြေးပြေးပြီးပြီလေ။ ဒီနေ့လည်းရန်ကုန်မြို့ထဲကလမ်းတွေအကုန်နီးပါးကိုပြည်သူကပိတ်ဆို့ထားကြတယ်။ ဆန္ဒပြသူတွေကိုစစ်ခွေးတွေအလွယ်တကူဝင်ဆွဲလို့မရအောင်ပေါ့။ ကျွန်တော်တို့တောင်လုပ်အားဝင်ပေးခဲ့သေးတယ်။ ရန်ကုန်တစ်မြို့လုံးမနက်ကတည်းက ပစ်ခတ်ဖြိုခွဲ နေချိန်မှာမြန်မာပလာဇာမှာတော့နေ့ခင်းပိုင်းထိအေးဆေးပါပဲ။ ပစ်ခတ်မှုတွေကြောင့်တစ် နိုင်ငံလုံးမှာဒဏ်ရာရတဲ့သူတွေအများကြီးရှိပေမယ့်ဒီနေ့တော့လူအသေအပျောက်မရှိခဲ့ပါဘူး။ မနေ့ကသူတို့လက်လွန်သွားတော့ဒီနေ့ထိန်းထိန်းသိမ်းသိမ်းလုပ်နေတယ်ထင်တယ်။ ဒါပေမဲ့..။
Read moreTitle မှာ တပ်ရန်- Fourth Week Facts under Military Coup ဖေဖော်ဝါရီ ၂၂ နံနက် ၉း၀၀ ၂၂၂၂၂ အထွေထွေသပိတ်ကြီးစတင် လူပေါင်းများစွာ ချီတက်ဆန္ဒပြ ဈေးဆိုင်နှင့် အလုပ်ရုံအားလုံးပိတ် နေ့လယ်...
Read moreဖေဖော်ဝါရီ ၁၅ နံနက် ၁း၀၀ အင်တာနက် ဝန်ဆောင်မှုများ ပြတ်တောက် နံနက် ၉း၀၀ အင်တာနက် ဝန်ဆောင်မှုများ ပြန်လည်ရရှိ ညနေ ၄း၅၈ မန္တလေးတွင် ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်း >>>>> ဖေဖော်ဝါရီ ၁၆...
Read moreဖေဖော်ဝါရီ ၈ မနက် ၈း၁၆ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြကြရန် မအိသဉ္ဇာမောင် လှုံ့ဆော် မနက် ၉း၁၃ ဆန္ဒပြပွဲများတွင် သံဃာတော်များ ပူးပေါင်းပါဝင်လာ မနက် ၁၁း၂၆ နေပြည်တော်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ရေပိုက်များဖြင့်ထိုး၍ လူစုခွဲ...
Read moreYou can copy without credits to our site. We Need Freedom.