အင်းစိန်ထောင်မှာအသံတိတ်သပိတ်ပါဝင်တဲ့အကျဥ်းသားတွေနှိပ်စက်ခံနေရတယ်။အရေအတွက်ကိုတော့အတိအကျမသိရသေးဘူး။အပြင်ကပြည်သူတွေကိုတောင်စိတ်ထင်သလိုစစ်သူပုန်တွေရမ်းကားနေချိန်မှာမီဒီယာမရှိ၊လူ့အခွင့်အရေးမရှိတဲ့ထောင်ထဲကနိုင်ငံရေးအကျဥ်းသားတွေရဲ့အခြေအနေဟာမတွေးဝံစရာပဲ။ဒါတွေကိုသိလျက်နဲ့ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြတာလေးစားဖို့ကောင်းတယ်။ စစ်ကိုင်းတိုင်းအရာတော်မြို့နယ်မှာလဲကျေးရွာတစ်ရွာမီးရှို့ခံရလို့ရွာလုံးကျွတ်နီးပါးအိမ်ခြေတစ်ရာကျော်ပါသွားတယ်။အဲ့ဒီဒေသမှာPDFတွေနဲ့တိုက်ပွဲဖြစ်တော့စစ်သူပုန်တွေကမီးရှို့မယ်လို့ကြွေးကြော်ပြီးရွာကိုဝင်စီးတာတဲ့။ဘယ်လောက်တောင်မိုက်ရိုင်းတဲ့ခွေးတွေလဲ။နိုင်ငံတနှံတလျားမှာကျေးရွာပေါင်းများစွာဟာထိုကဲ့သို့မီးရှို့ဖျက်ဆီးခံနေကြရတယ်။
Read moreDetailsနိုင်ငံတဝန်းတောရောမြို့မှာပါစစ်ကောင်စီဟာလမ်းသွားလမ်းလာပြည်သူတွေကိုအကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်နေတယ်။စစ်သူပုန်တွေဟာသူတို့တပ်စွဲထားတဲ့ပြည်သူပိုင်နေရာတွေရှေ့မှာကားတွေဆိုင်ကယ်တွေလမ်းလျှောက်သွားလာသူတွေပါမကျန်မထင်ရင်မထင်သလိုစစ်ဆေးတယ်။ပြီးရင်အပစ်မရှိမပစ်ရှာပြီးငွေညစ်တယ်။အဲ့ဒီတော့ပြည်သူတွေဟာထိုနေရာတွေကိုရှောင်ကွင်းသွားလာနေကြရတယ်။လုံးဝမဖြစ်လို့သူတို့ရှေ့ကဖြတ်သန်းသွားလာမိတဲ့အချိန်သူတို့အမိန့်ကိုမနာခံရင်အမေးမြန်းမရှိပစ်သတ်နေတယ်။အထူးသဖြင့်ညပိုင်းတွေမှာပိုဆိုးတယ်။ဆိုင်ကယ်မရပ်ပေးလို့်၊ကားမောင်းပြေးလို့ဆိုပြီးပစ်ခတ်ခံရတဲ့သူတွေမနည်းတော့ဘူး။ဥပဒေမှာလူသတ်မိတာတောင်တော်ရုံနဲ့သေဒဏ်မပေးကြဘူး။အခုကဘာမဟုတ်တဲ့အကြောင်းပြချက်လေးနဲ့တန်ဖိုးမဖြတ်နိုင်တဲ့လူ့အသက်တွေကိုသတ်ချင်တိုင်းသတ်နေကြတယ်။ဘာအရေးယူမှုမှလဲမရှိဘူး။ဒီလိုဖက်ဆစ်ထပ်ဆိုးတဲ့စစ်တပ်ကိုမြန်မြန်အမြစ်ဖြတ်မှရမယ်။
Read moreDetailsမနေ့ကပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာအတော်ကိုအောင်မြင်ခဲ့တယ်။နိုင်ငံတကာကမီဒီယာပေါင်းများစွာမှာအပြိုင်အဆိုင်ဖော်ပြကြတယ်။မြန်မာပြည်သူတွေဘယ်လောက်ထိညီညွတ်ကြလဲဆိုတာတကမ္ဘာလုံးသိရှိသွားကြတယ်။ မနေ့ကသပိတ်ကိုဘယ်လိုမှနှောက်ယှက်လို့မရတဲ့စစ်ကောင်စီဟာဒီနေ့မှာရှက်ရမ်းရမ်းလာတယ်။မြို့နယ်တချို့မှာဒီနေ့ပြန်ဖွင့်တဲ့စျေးဆိုင်တွေကိုအတင်းပြန်ပိတ်ခိုင်းတယ်။လမ်းဘေးစျေးသည်တွေရဲ့ခုံတွေ၊ထီးတွေကိုစည်ပင်နဲ့ပေါင်းပြီးအကြောင်းမဲ့ဖျက်စီးတယ်။ရန်ကုန်ကမြစ်ကူးတံတားအဆင်းတွေမှာလမ်းပိတ်ပြီးစစ်နေလို့ခရီးသွားတွေဒုက္ခရောက်ကုန်တယ်။စစ်ကောင်စီပိုင်မီဒီယာတွေမှာလဲ PDF တွေကိုကြောက်လို့လူတွေအပြင်မထွက်တာပါဆိုပြီးဝါဒဖြန့်ကြတယ်။တကယ့်ကိုသွေးရူးသွေးတန်းတွေဖြစ်နေကြလေရဲ့။
Read moreDetailsဒီနေ့ကြိုတင်စီစဉ်ထားတဲ့အတိုင်းအသံတိတ်သပိတ်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်ကြတယ်။မြို့ကြီး၊မြို့ငယ်၊တောရွာတွေပါမကျန်ပြည်သူလူထုအားလုံးပါဝင်ဆန္ဒထုတ်ဖော်ကြတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပြည်သူတွေသာမက များလှတဲ့မြို့တွေရွာတွေအစွန်အဖျားနေရာတွေက ပြည်သူတွေအထိပါဝင်ကြပါတယ်။ လူမျိုးနွယ်စုံ၊ အသက်အရွယ်စုံ၊ အသက်မွေးဝမ်းကြောင်းစုံ၊ အလွှာစုံက ပြည်သူတွေဟာစစ်အုပ်ချုပ်မှုကို ဘယ်တော့မှလက်မခံငြင်းပယ်ကြတယ် ဆိုတာကိုပြသကြပါတယ်။ စျေးတွေ၊ဆိုင်တွေ၊ အလုပ်ရုံတွေ၊ လမ်းတွေ၊ မြေပြန့်ဒေသတွေ၊ တောင်ကုန်းတွေမှာ မနက် ၁၀...
Read moreDetailsစစ်ကိုင်းတိုင်းမှာPDFတွေကဖြတ်သန်းသွားလာမယ့်လုပ်ငန်းရှင်ကြီးတွေရဲ့ကားတွေကိုစစ်ဆေးပြီးNUGကိုအခွန်ဆောင်ထားတဲ့ပြေစာမပါရင်ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ကြေငြာလိုက်တယ်။ဒါဟာPDF တွေအနေနဲ့နယ်မြေစိုးမိုးမှုကိုပိုမိုတိုးချဲ့လာတဲ့သဘောပဲ။NUG ကလဲ Local PDF တွေရဲ့ကိုးဆယ်ရာခိုင်နှုန်းခန့်နဲ့ချိတ်ဆက်ထားနိုင်ပြီလို့ပြောထားတယ်။မကြာခင်မှာလက်နက်ရိက္ခထောက်ပံပေးနိုင်မယ့်အနေအထားတွေရှိလာပြီ။ ကိုဇေယျာသော်တို့အဖမ်းခံရပြီးတဲ့နောက်ရန်ကုန်မှာUGတွေရဲ့လှုပ်ရှားမှုတွေငြိမ်သွားပေမယ့်မန္တလေးမှာတော့အရင်လိုမဟုတ်ပဲPDFတွေလက်စွမ်းပြနေတာကိုတွေ့ရတယ်။မြို့ထဲကစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေဆက်တိုက်ဆိုသလိုတိုက်ခိုက်ခံနေရတယ်။မြို့ကြီးတွေမှာလှုပ်ရှားမှုတွေရှိမှပဲနယ်ဘက်တွေကိုတဖက်တလမ်းကကူညီရာကျလိမ့်မယ်။
Read moreDetailsဖေ့ဘုတ်ကစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့စာမျက်နှာတွေကိုဖြုတ်ချလိုက်တယ်။လုပ်ငန်းကြီးတွေဖြစ်တဲ့မိုင်တယ်၊မြန်မာဘီယာတို့ကအစတော်တော်များများဖြုတ်ချခံလိုက်ရတယ်။ထိုလုပ်ငန်းတွေဟာအစောကတည်းက boycott နဲ့ PDF တွေကြောင့်ဆုံးရှုံးမှုတွေကြီးမားနေတာအခုဆိုရင်ပိုဆိုးပြီပေါ့။ တနိုင်ငံလုံးမှာတော့သဘက်ခါအသံတိတ်သပိတ်ပြုလုပ်ဖို့အတွက်ဆော်သြနေကြတယ်။ဒီဇင်ဘာ၁၀ရက်နေ့ဟာကမ္ဘာ့လူ့အခွင့်အရေးနေ့မို့အဲ့ဒီနေ့နဲ့တိုက်ဆိုင်ပြီးပြည်တွင်းမှာအသံတိတ်သပိတ်ကြီးတစ်ခုလုပ်ဖို့စီစဥ်နေကြတယ်။ဒါမျိုးကိုမတ်လတုန်းကတစ်ခေါက်လုပ်ဖူးသေးတယ်။အဲ့ဒီတုန်းကတော့သပိတ်တွေလုပ်လို့ကောင်းဆဲကာလမို့အောင်မြင်ခဲ့တယ်။အခုတစ်ခေါက်လဲသွေးမအေးသွားဘူးဆိုတာပြဖို့အောင်မြင်စေချင်တယ်။
Read moreDetailsစစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲကဒုံဝန်းရွာမှာစစ်သူပုန်တွေကရွာသား၁၁ယောက်ကိုPDF တွေလို့စွပ်စွဲဖမ်းဆီးပြီးအရှင်လတ်လတ်မီးရှို့သတ်ဖြစ်သွားတယ်။မီးလောင်ထားတဲ့အလောင်းပုံတွေဟာမြင်ရက်စရာတောင်မရှိဘူး။သူတို့ဘယ်လောက်တောင်မှခံစားခဲ့ရမလဲ။PDFတွေဆိုရင်တောင်ဒီလိုမျိုးနည်းလမ်းတွေနဲ့သတ်ဖြတ်စရာအကြောင်းမရှိဘူး။ကမ္ဘာပေါ်မှာတောင်မရှိတော့တဲ့အရိုင်းအစိုင်းဆုံးအပြုအမူတွေကိုလက်တွေ့ခံစားနေရတယ်။ရန်ကုန်ကကားနဲ့တိုက်သတ်မှုအပြီးအခုဆက်လက်၍ရွံရှာဖွယ်ကောင်းသောစစ်ရာဇဝတ်မှုတွေကိုစစ်သူပုန်တွေဟာလက်ရဲဇတ်ရဲနဲ့ဆက်လက်ကျူးလွန်နေကြတယ်။ဒါဟာအခုအချိန်ထိထိရောက်တဲ့အရေးယူမှုတစ်စုံတရာဘာမှမရှိသေးလို့ပဲ။ကမ္ဘာကြီးကလဲလက်ပိုက်ကြည့်နေတုန်းပဲလေ။ဒီလိုမကောင်းဆိုးရွားကောင်တွေအားလုံးကိုဒီတိုက်ပွဲမှာကျိန်းသေပေါက်အမြစ်ဖြတ်ပစ်ရမယ်။
Read moreDetailsမတရားဖမ်းဆီးစွပ်စွဲပြီးရုံးထုတ်ခံနေရတဲ့သမ္မတကြီးနဲ့အမေစုတို့ရဲ့အမှုပေါင်းမြောက်မြားစွာထဲကတစ်ခုကိုဒီနေ့စစ်ကောင်စီရဲ့မတရားရုံးကအမိန့်ချမှတ်လိုက်တယ်။နှစ်ယောက်စလုံးကိုထောင်ဒဏ်လေးနှစ်စီချတယ်။မတရားမှန်းလူတိုင်းသိနေလို့လေးနှစ်ဖြစ်စေ၊နှစ်လေးဆယ်ဖြစ်စေထူးပြီးတော့ရင်ခုန်စရာမရှိပါဘူး။နောက်မှာလဲနှစ်ရှည်ထောင်ဒဏ်တွေချလို့ရတဲ့အမှုတွေအများကြီးဆင်ထားသေးတယ်။သူတို့နှစ်ယောက်အတွက်ကတော့တော်လှန်ရေးမြန်မြန်အောင်ဖို့ပဲလိုတယ်။ဒီနေ့အောင်ရင်ဒီနေ့လွတ်မယ်။အချိန်ကြာနေသ၍မတရားဖမ်းဆီးခံထားနေရမှာပဲ။ သမ္မတကြီးတို့ကိုအမိန့်ချတဲ့သတင်းနဲ့မနေ့ကကားနဲ့တိုက်ပြီးလူစုခွဲတဲ့သတင်းတွေကိုနိုင်ငံတကာမီဒီယာကြီးတွေကလဲအလုအယက်ဖော်ပြနေကြတယ်။စစ်ကောင်စီဟာအရှက်ကင်းမဲ့စွာနဲ့ပဲနိုင်ငံကိုထိန်းချုပ်ဖို့ဆက်လက်ကြိုးစားနေတယ်။
Read moreDetailsရန်ကုန်ကြည့်မြင်တိုင်မှာလူငယ်တွေရှောင်တခင်ဆန္ဒပြနေတုန်းစစ်ကားတစ်စီးရောက်လာပြီးဆန္ဒပြလူအုပ်ထဲကိုရည်ရွယ်ချက်ရှိရှိအရှိန်နဲ့ဝင်တိုက်ခဲ့တယ်။ကားနဲ့တိုက်ခံရမှုကြောင့်လူငယ်သုံးဦးပွဲချင်းပြီးသေဆုံးသွားပြီးစုစုပေါင်းငါးဦးသေဆုံးကာ၁၅ဦးခန့်အဖမ်းခံရတယ်။ သာမန်လူတစ်ယောက်ရဲ့စိတ်ဆိုရင်လမ်းပေါ်မှာရှိနေတဲ့ခွေးတကောင်ကိုတောင်တမင်ဝင်တိုက်ဖို့ခဲယဉ်းလိမ့်မယ်။စစ်ကောင်စီတပ်သားတွေအားလုံးဟာလူမဟုတ်တော့ဘူး။တရိစ္ဆာန်ထပ်တောင်နိမ့်ပါးတဲ့အသိဉာဏ်နဲ့ရှင်သန်နေကြတယ်။ရန်ကုန်မြို့ကြီးမှာတောင်ဒီလိုအပြုအမူမျိုးအတားအဆီးမရှိလုပ်ရဲကြတယ်ဆိုရင်စစ်သူပုန်တွေအားလုံးဟာတယောက်မကျန်မကောင်းဆိုးဝါးတွေဖြစ်နေကြပြီ။ ထိုအဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေဟာအချိန်နဲ့တပြေးညီအင်တာနက်ပေါ်ရောက်လာကြတယ်။ကြည့်မိတဲ့သူတိုင်းဟာအော်နှလုံးနာလို့ပေါ့။နာကျည်းချက်တွေကိုခွန်အားအဖြစ်ပြောင်းလဲပီးဆက်လက်တိုက်ပွဲဝင်ကြရမယ်။
Read moreDetailsစစ်ကိုင်းတိုင်း၊မြောင်မြို့နယ်PDFတွေကစစ်ကောင်စီပိုင်သဘောနှစ်စီးကိုဖမ်းဆီးလိုက်ပြီးမြို့အဝင်အထွက်တွေမှာစစ်ဆေးရေးဂိတ်တွေထားရှိမယ်လို့ကြေငြာလိုက်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတချို့တွေကမြောင်မြို့နယ်ဟာလွတ်မြောက်တယ်မြေဖြစ်သွားပြီလို့ထင်ကြေးပေးကြတယ်။တကယ်တမ်းတော့အပြည့်အဝလွတ်မြောက်နယ်မြေဆိုတာအခုအချိန်ထိမရှိသေးပါဘူး။ဒါပေမယ့်စစ်ကိုင်းတိုင်းကဒေသတော်တော်များများမှာတော့စစ်ကောင်စီရဲ့အာဏာဟာမြို့ကြီးတွေပေါ်မှာလောက်ပဲသက်ရောက်မှုရှိတော့တယ်။နေရာအတော်များများနဲ့လမ်းမကြီးတွေကိုPDFတွေထိန်းချုပ်ထားနိုင်တဲ့အခြေအနေတွေဖြစ်လာတယ်။လမ်းတွေမှာရှောင်တခင်စစ်ဆေးရေးဂိတ်တွေဖွင့်ပြီးစစ်ကောင်စီပိုင်ပစ္စည်းတွေနဲ့သစ်မှောင်ခိုတွေကိုပါဖမ်းဆီးနေပြီ။ လွတ်မြောက်နယ်မြေတွေဖြစ်ဖို့ကတော့လိုပါသေးတယ်။PDFတွေလက်နက်အင်အားတောင့်တင်းလာရင်တော့မျှော်လင့်လို့ရတယ်။ဒါကြောင့်ပဲပြည်သူတွေကလှူ၊NUGကအသည်းအသန်ပိုက်ဆံရှာနေတာပေါ့။
Read moreDetailsYou can copy without credits to our site. We Need Freedom.