အာဏာသိမ်း ဒိုင်ယာရီ

ဩဂုတ် ၀၁၊ ၂၀၂၂။ (တနင်္လာ)

ဥကရစ်ကတိုက်ပွဲအပြီးတစ်လကျော်အကြာထိုဒေသမှာမငြိမ်သပ်သေးပဲတိုက်ပွဲတွေနေ့စဉ်ဆိုသလိုဖြစ်ပွားနေတယ်။စခန်းကိုမရလိုက်ပေမယ့်ဥကရစ်ထစစ်ကောင်စီစခန်းတည်ရှိရာမြဝတီဝေါလေလမ်းကိုKNUကထိန်းချုပ်ထားလို့စစ်ကောင်စီကထိုလမ်းကြောင်းကိုပြန်ရဖို့ကြိုးစားနေတာပါ။စစ်တပ်ကနေ့စဉ်နီးပါးစစ်အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးတယ်။KNUဘက်ကထိုလမ်းပေါ်ကသုံးထပ်ကွေ့မှာအထိုင်ချပြီးအပြင်းအထန်ခုခံနေလို့ထိုးသမျှစစ်ကြောင်းတိုင်းလိုရာမရောက်ပဲစစ်တပ်ဘက်ကအကျအဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာနေရတယ်။ဇူလိုင်လအတွင်းထိုဒေသကတိုက်ပွဲတွေမှာစစ်သူပုန်နှစ်ရာကျော်သေဆုံးသွားတယ်လို့သိရတယ်။ဒါကြောင့်အခုရက်ပိုင်းစစ်တပ်ဖက်ကဗျူဟာပြောင်းပြီးနှစ်ဖက်ညှပ်တိုက်ဖို့ပြင်ဆင်နေတယ်။ စစ်တပ်ဖက်ကအောက်ခြေစစ်သားတွေသေချင်သလိုသေဂရုမစိုက်ပဲလူအင်အားလက်နက်အင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်နိုင်ပေမယ့်တိုက်ပွဲကာလတစ်လကျော်ကြာလာချိန်မှာတော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာတော့လူအင်အားလက်နက်အင်အားအကန့်အသတ်တွေရှိလာတယ်။စစ်တပ်ဖက်ကထိုဒေသကိုထိန်းချုပ်နိုင်ဖို့မရမကကြိုးစားမှာမို့အချိန်ကြာလာတာနဲ့အမျှKNUဘက်ထိန်းထားနိုင်ဖို့မလွယ်လောက်ဘူးထင်တယ်။

Read moreDetails

ဇူလိုင် ၃၁၊ ၂၀၂၂။ (တနင်္ဂနွေ)

NUGရဲ့ဆော်ဩမှုဖြင့်တနိုင်ငံလုံးမှာပြည်သူ့သစ္စာအဓိဌာန်ပြုပွဲတွေဒီနေ့ပြုလုပ်ကြတယ်။ရန်ကုန်မှာဆိုသတ်မှတ်ထားတဲ့အချိန်၁၀နာရီ၃၇မိနစ်မှာသံပုံးတွေကားဟွန်းတွေတီးကြတယ်။စစ်ကောင်စီဖက်ကလဲတန်ပြန်သောအားဖြင့်မတရားဖမ်းဆီးမှုတွေအနိုင်ကျင့်မှုတွေဆက်တိုက်ပြုလုပ်နေတယ်။လှည်းတန်းဈေးမှာသံပုံးတီးလို့ဆိုပြီဈေးသည်တွေကိုရိုက်နှက်ဖျက်စီးသွားတယ်။ ဆူးလေဘုရားအနီးတစ်ဝိုက်မှာလဲ လမ်းပေါ်က လူငယ်တွေရဲ့ လက်ကိုင်ဖုန်းတွေမှာ ကြိုးပေးကွပ်မျက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အနီရောင်နဲ့ အနက်ရောင် ပရိုဖိုင်းတွေတင်ထားတာ ရှိ၊ မရှိ စစ်ဆေးခဲ့ပြီးရှိရင်တခါထဲဖမ်းခေါ်သွားတယ်။ ညဘက်တွေမှာလဲညမထွက်ရအမိန့်ကို ည ၈ နာရီကနေ မနက် ၄...

Read moreDetails

ဇူလိုင် ၃၀၊ ၂၀၂၂။ (စနေ)

ရှမ်းပြည်နယ်မှာရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်SSPPနဲ့စစ်တပ်တို့စစ်ရေးတင်းမာလျက်ရှိတယ်။ရှမ်းပြည်နယ်အလည်ပိုင်းကSSPPတပ်စခန်းသုံးခုကိုစစ်တပ်ကရွှေ့ခိုင်းပေမယ့်SSPPကမရွှေ့ပေးနိုင်ကြောင်းအကြောင်းပြန်လိုက်တာကြောင့်စစ်တပ်ကထိုဒေသမှာစစ်အင်အားတိုးချဲ့နေတယ်။SSPPဘက်ကလဲသူတို့မဟာမိတ် ဝ တပ်ဖွဲ့ဝင်တွေအပါအဝင်စစ်ရေးအရပြင်ဆင်လျက်ရှိတယ်။ ရှမ်းပြည်နယ်ဟာနယ်မြေကျယ်ပေမယ့်အခုကာလမှာပြည်နယ်မြောက်ပိုင်းကလွဲရင်တိုက်ပွဲတွေမရှိသလောက်ပဲ။အခုစစ်ရေးတင်းမာမှုကပေါက်ကွဲထွက်လာရင်စစ်ကောင်စီကိုပိုမိုအကျပ်ရိုက်စေလိမ့်မယ်။ရခိုင်ပြည်နယ်မှာလဲထိုနည်းတူစစ်တပ်နဲ့အေအေတို့စစ်ရေးတင်းမာလျက်ရှိတယ်။အခုလောလောဆယ်ငြိမ်သက်နေတဲ့ထိုပြည်နယ်နှစ်ခုမှာစစ်မျက်နှာသစ်တွေဖွင့်နိုင်ရင်တော်လှန်ရေးအတွက်ကြီးမားတဲ့အထောက်အပံဖြစ်စေလိမ့်မယ်။

Read moreDetails

ဇူလိုင် ၂၉၊ ၂၀၂၂။ (သောကြာ)

ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတွေ ပိုမို တင်းကျပ်လာပြီး စစ်တပ်နဲ့ ရဲတွေဟာ စစ်ကားတွေနဲ့ နေ့ရောညပါ အချိန်ပြည့်နီးပါး ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင်လေးဦးကို စစ်ကောင်စီက...

Read moreDetails

ဇူလိုင် ၂၈၊ ၂၀၂၂။ (ကြာသပတေး)

ရန်ကုန်ကကိုဂျင်မီနဲ့ကိုဇေယျာသော်တို့မိသားစုတွေနေထိုင်တဲ့နေအိမ်တွေရှေ့ကိုမနေ့ကလူတစုရောက်လာပြီးအော်ဟစ်ဆဲဆိုကာခဲတွေနဲ့ပစ်ပေါက်ကြတယ်။နာရေးဖြစ်နေတဲ့အိမ်ကိုအခုလိုလုပ်တာဟာအတော်ရိုင်းစိုင်းပြီးလူမဆန်တဲ့အပြုအမူပဲ။ဒီလုပ်ရပ်ကိုစစ်ကောင်စီကလူမိုက်တွေငှားပြီးပြုလုပ်ခိုင်းတာအသေအချာပဲ။အရင်ကလဲဒီလိုလုပ်ရပ်မျိုးကိုသူတို့ပဲကျူးလွန်နေကြလေ။ ဒီနေ့မှာလဲရန်ကုန်မြို့တော်ခန်းမရှေ့မှာစစ်တပ်ထောက်ခံတယ်လို့အမည်ခံတဲ့လူအုပ်ကြီးကသေဒဏ်ပေးတာကိုထောက်ခံပွဲပြုလုပ်ကြတယ်။ထိုထောက်ခံပွဲကိုစစ်တပ်ကလုံခြုံရေးယူပေးတယ်။သေဒဏ်ပေးတာထောက်ခံတယ်ဆိုတာမျိုးအရင်ကတစ်ခါမှမကြာဖူးဘူး။စစ်ကောင်စီဟာဟိုးအရင်သုံးနေကျနည်းလမ်းဟောင်းတွေကိုပဲပြန်သုံးနေတယ်။ဒါပေမယ့်လျော့တွက်လို့မရဘူး။ထိုအမည်ခံထောက်ခံပွဲတွေပြုလုပ်ပြီးထောင်ထဲမှာကျန်နေသေးတဲ့သေမိန့်ကျနိုင်ငံရေးအကျဉ်းသားလေးဆယ်ခန့်ကိုဆက်လက်စီရင်ဖို့ပြင်ဆင်နေတယ်။ထိရောက်တဲ့တုန့်ပြန်မှုတစ်စုံတရာကိုအချိန်မီမလုပ်ရင်တော့ကျန်တဲ့သူတွေလဲဆက်လက်စီရင်ခံရမှာအသေအချာပဲ။

Read moreDetails

ဇူလိုင် ၂၇၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

NUG CRPH NLD KNU KNPP CNF ABSDF စတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေရောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါပေါင်းပြီးစစ်ကောင်စီကိုအမြစ်ဖြတ်တိုက်ခိုက်သွားမယ်လို့စုပေါင်းကြေငြာလိုက်ပြီ။ဒါဟာဒီတော်လှန်ရေးအတွက်တိုက်ပွဲခရာတွပ်သံလို့ကြေငြာချက်ထဲမှာထည့်သွင်းသွားတယ်။ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့ကိုစစ်ကောင်စီကသေဒဏ်စီရင်ပြီးနောက်ပိုင်းပြည်တွင်းအဖွဲ့အစည်းတွေရဲ့အပြင်းထန်ဆုံးတိုက်ပွဲခေါ်သံပဲ။ဒီနေရာမှာNLDပါတီပါဝင်လာတာဟာထူးခြားမှုတစ်ခုပဲ။NLDဟာပုံမှန်အားဖြင့်အကြမ်းမဖက်ရေးလမ်းစဉ်ကိုသာတောက်လျောက်ကိုင်စွဲလာခဲ့တယ်။အခုလက်နက်ကိုင်တော်လှန်ရေးပြင်းထန်လာချိန်မှာလဲပါတီခေါင်းဆောင်တွေထောင်ထဲရောက်နေတာကိုအကြောင်းပြပြီးသူတို့ရဲ့လက်ရှိတော်လှန်ရေးမူဝါဒကိုတိတိကျကျမထုတ်ပြန်ခဲ့ဘူး။NUCCထဲကတောင်မှထွက်သွားသေးတယ်။အခုဒီကြေငြာချက်ထဲမှာပါလာတယ်ဆိုတော့လက်နက်ကိုင်တော်လှန်ရေးကိုလက်ခံလိုက်ပြီးဆိုတဲ့သဘောပေါ့။ နိုင်ငံတကာဖက်ကတုံပြန်မှုတွေကတော့ထူးမခြားနားပါပဲ။မလေးရှားကတော့အာဆီယံဘုံသဘောတူညီမှုငါးချက်အတွက်အချိန်သတ်မှတ်ဖို့ပြောတယ်။ဒါပေမယ့်ဒါဟာဖြစ်မလာသေးဘူး။ဖြစ်လာခဲ့ရင်လဲတိုးတက်မှုလို့မပြောနိုင်ဘူး။သူတို့ကိုအားကိုးလို့မရတဲ့အတွက်ကိုယ်ဘာသာကိုယ်လုပ်စရာရှိတာလုပ်မှရမယ်။

Read moreDetails

ဇူလိုင် ၂၆၊ ၂၀၂၂။ (အင်္ဂါ)

မနေ့ကသေဒဏ်စီရင်မှုအတွက်ဒီနေ့ဘန်ကောက်၊ဂျပန်၊လန်ဒန်ကမြန်မာတွေစုရုံးဆန္ဒပြကြတယ်။ပြည်တွင်းမှာတော့လက်ရှိအခြေအနေအရဆန္ဒပြလို့မရဘူး။လမ်းပေါ်ထွက်တာနဲ့စစ်တပ်ကအကုန်ပစ်သတ်မှာလေ။တော်လှန်ရေးအဖွဲ့တွေရဲ့တုန့်ပြန်မှုတွေကတော့ချက်ချင်းလက်ငင်းမတွေ့ရသေးဘူး။ဒါပေမယ့်အားလုံးဟာဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်ဖို့အသီးသီးပြင်ဆင်နေကြတယ်။ ယူအန်၊အာဆီယံအပါအဝင်ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ကန့်ကွက်ရှုတ်ချစာတွေကတော့ထုံးစံအတိုင်းပလူပျံနေတာပါပဲ။လေပဲလာပြီးလက်မပါလို့ကတော့စစ်တပ်ကဒီထက်ပိုပြီးဆိုးသွမ်းနေဦးမှာပဲ။နောက်တဆင့်တက်ပြီးလောလောဆယ်အမှုတွေရင်ဆိုင်နေရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတောင်သေဒဏ်မချမှတ်ဘူးလို့မပြောနိုင်ဘူး။

Read moreDetails

ဇူလိုင် ၂၅၊ ၂၀၂၂။ (တနင်္လာ)

ဒီနေ့ဟာမြန်မာပြည်သူတရပ်လုံးရှော့ရသွားတဲ့နေ့တစ်နေ့ပဲ။စစ်ကောင်စီဟာသေဒဏ်ချမှတ်ခံထားရတဲ့ကိုဂျင်မီနဲ့ကိုဇေယျာသော်အပါအဝင်နိုင်ငံရေးအကျဉ်းသားလေးဦးကိုတကယ်သေဒဏ်စီရင်လိုက်ကြောင်းဒီမနက်စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေထဲမှာပါလာတယ်။သက်ဆိုင်သူတွေရဲ့မိသားစုဝင်တွေအင်းစိန်ထောင်ကိုချက်ချင်းသွားမေးမြန်းတော့နေ့လည်ပိုင်းလောက်မှာထောင်ပိုင်ကအတည်ပြုလိုက်တယ်။သတင်းကသေချာသွားပြီးပေါ့။  ပြည်သူတရပ်လုံးပေါက်ကွဲကုန်ကြတယ်။ပြည်တွင်းရောပြည်ပကပါအတန်တန်တားဆီးနေတဲ့ကြားကအခုလိုတကယ်လုပ်လိမ့်မယ်လို့ဘယ်သူမှထင်မထားဘူးလေ။စစ်ကောင်စီဟာဥပဒေကြောင်းအရသေဒဏ်ကိုစီရင်ပိုင်ခွင့်မရှိဘူး။ပြီးတော့အခုဖြစ်ရပ်မှာဘယ်နေ့ကစီရင်လိုက်တယ်ဆိုတာကိုလဲသေသေချာချာမပြောသလိုအလောင်းလဲမထုတ်ပေးဘူး။ကြိုးမိန့်နဲ့စီရင်တာတောင်ဖြစ်ချင်မှဖြစ်မယ်။ဘာမှမသိရဘူး။ ဒါဟာအားလုံးကိုအတိအလင်းစိန်ခေါ်လိုက်တာပဲ။ဘယ်သူမှဂရုမစိုက်ပဲသူတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘောပဲ။အကျိုးဆက်ကိုတော့သူတို့ပဲကောင်းကောင်းခံရလိမ့်မယ်။ပြည်သူကရန်ငါပြတ်သွားပြီ။ဒီဖြစ်ရပ်ကြောင့်တော်လှန်ရေးဟာအဆများစွာပိုမိုပြင်းထန်လာလိမ့်မယ်။

Read moreDetails

ဇူလိုင် ၂၄၊ ၂၀၂၂။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်းထဲကတချို့စိုးမိုးနယ်မြေတွေမှာပြည်သူ့အုပ်ချုပ်ရေးနဲ့ကာကွယ်ရေးအဖွဲ့တွေပေါင်းပြီးအခွန်တွေကောက်နေပြီ။အခွန်ဖြတ်ပိုင်းပုံစံတွေကိုလဲNUGကထုတ်ပြန်ပေးထားတယ်။အရင်ထဲကထိုဒေသတွေမှာကာကွယ်ရေးအဖွဲ့တွေကလမ်းပိုင်းတွေကိုပုံမှန်စစ်ဆေးလေ့ရှိတယ်။အခုတော့နောက်တဆင့်တက်လာပြီပေါ့။တကယ်သာဖိဖိစီးစီးကောက်နိုင်မယ်ဆိုရင်တော်လှန်ရေးအတွက်အများကြီးအထောက်အပံ့ဖြစ်နိုင်တယ်။ ကယားပြည်နယ်မှာလဲစစ်ကောင်စီကနေပြည်တော်နဲ့နီးတဲ့မိုးဗြဲမြို့ကိုအပြည့်အဝထိန်းချုပ်ဖို့စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်။မြို့ပေါ်ရပ်ကွက်တွေထိပါလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေလို့မြို့ခံတွေထွက်ပြေးနေရတယ်။KNDFဖက်ကပြန်တိုက်ထုတ်လိုက်လို့ပထမအကြိမ်မှာပြန်လည်ဆုတ်ခွာသွားပေမယ့်အခုဒုတိယအကြိမ်အင်အားလေးရာခန့်သံချပ်ကာကားတွေအပါအဝင်နဲ့ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာတယ်။ မိုးဗြဲမြို့ဟာကယားပြည်နယ်အဝင်ဝမှာရှိပြီးသူ့ကိုစစ်တပ်ကထိန်းချုပ်နိုင်ရင်တစ်ပြည်နယ်လုံးကိုလက်နက်ရိက္ခာတွေကပို့ဖို့လွယ်ကူသွားမှာမို့တိုက်ခိုက်နေတာဖြစ်တယ်။တဖက်ကတွေးကြည့်ရင်တော့မိုးဗြဲမြို့ကိုတောင်စစ်ကောင်စီကအခုထိအပြည့်အဝမထိန်းချုပ်နိုင်သေးဘူးဆိုရင်ပြည်နယ်ထဲကကျန်တဲ့ဒေသတွေဟာတော်လှန်ရေးအဖွဲ့တွေလက်အောက်မှာရှိနေတာအသေအချာပဲ။

Read moreDetails

ဇူလိုင် ၂၃၊ ၂၀၂၂။ (စနေ)

ICJကမြန်မာနိုင်ငံကိုတရားစွဲခွင့်ရှိတယ်လို့ဒီနေ့မှာအမိန့်ချမှတ်လိုက်တယ်။စစ်ကောင်စီကခုခံချေပခဲ့ပေမယ့်လဲအရာမထင်ခဲ့ဘူး။ ဒါပေမယ့်လဲဒီအမှုကကြာဦးမှာပါ။တရားစွဲဆိုခွင့် ရှိတယ်လို့ ICJ ကအမိန့်ချမှတ်ခဲ့မယ်ဆို ဂမ်ဘီယာကတရားစွဲထားတဲ့လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဆက်ပြီးတရားဆိုင်ရမယ်။NLDအစိုးရလက်ထက်နဲ့စစ်ကောင်စီလက်ထက် ၂ ဆက်လုံးဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲခွင့်မရှိလို့ ICJ ကို ကန့်ကွက်ခဲ့ကြတယ်။ဂမ်ဘီယာကစွဲဆိုထားတဲ့စစ်တပ်ကနေလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့အမူတခုလုံးပြီးဖို့ကလအတော်ကြာအုံးမှာပါ။အခန့်မသင့်ရင် နှစ်ပေါက်အုံးမယ်ထင်မိတယ်။အခုတောင် နှစ်နဲ့ချီကြာနေပြီမဟုတ်လား။နှစ်လတွေကြာပြီးလို့ အမူတခုလုံးကိုICJ က အဆုံးသတ်အမိန့် ချမှတ်ပြီးလို့စစ်ကောင်စီက ရှိနေသေးရင်လက်မခံဘူးလို့...

Read moreDetails
Page 123 of 178 1 122 123 124 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist