ဒီနေ့ဟာမြန်မာပြည်သူတရပ်လုံးရှော့ရသွားတဲ့နေ့တစ်နေ့ပဲ။စစ်ကောင်စီဟာသေဒဏ်ချမှတ်ခံထားရတဲ့ကိုဂျင်မီနဲ့ကိုဇေယျာသော်အပါအဝင်နိုင်ငံရေးအကျဉ်းသားလေးဦးကိုတကယ်သေဒဏ်စီရင်လိုက်ကြောင်းဒီမနက်စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေထဲမှာပါလာတယ်။သက်ဆိုင်သူတွေရဲ့မိသားစုဝင်တွေအင်းစိန်ထောင်ကိုချက်ချင်းသွားမေးမြန်းတော့နေ့လည်ပိုင်းလောက်မှာထောင်ပိုင်ကအတည်ပြုလိုက်တယ်။သတင်းကသေချာသွားပြီးပေါ့။
ပြည်သူတရပ်လုံးပေါက်ကွဲကုန်ကြတယ်။ပြည်တွင်းရောပြည်ပကပါအတန်တန်တားဆီးနေတဲ့ကြားကအခုလိုတကယ်လုပ်လိမ့်မယ်လို့ဘယ်သူမှထင်မထားဘူးလေ။စစ်ကောင်စီဟာဥပဒေကြောင်းအရသေဒဏ်ကိုစီရင်ပိုင်ခွင့်မရှိဘူး။ပြီးတော့အခုဖြစ်ရပ်မှာဘယ်နေ့ကစီရင်လိုက်တယ်ဆိုတာကိုလဲသေသေချာချာမပြောသလိုအလောင်းလဲမထုတ်ပေးဘူး။ကြိုးမိန့်နဲ့စီရင်တာတောင်ဖြစ်ချင်မှဖြစ်မယ်။ဘာမှမသိရဘူး။
ဒါဟာအားလုံးကိုအတိအလင်းစိန်ခေါ်လိုက်တာပဲ။ဘယ်သူမှဂရုမစိုက်ပဲသူတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘောပဲ။အကျိုးဆက်ကိုတော့သူတို့ပဲကောင်းကောင်းခံရလိမ့်မယ်။ပြည်သူကရန်ငါပြတ်သွားပြီ။ဒီဖြစ်ရပ်ကြောင့်တော်လှန်ရေးဟာအဆများစွာပိုမိုပြင်းထန်လာလိမ့်မယ်။