ကမ္ဘာ့ဘဏ်ကဒီနှစ်မှာမြန်မာ့စီးပွားရေးသုံးရာခိုင်နှုန်းတက်လာမယ်လို့ခန့်မှန်းထားတယ်။ဒါပေမယ့်တကယ့်မြေပြင်အခြေအနေမှာမနှစ်က၁၈ရာခိုင်နှုန်းကျုံဝင်သွားတဲ့စီးပွားရေးဟာဘယ်လိုမှပြန်လည်တိုးတက်လာခြင်းမရှိသေးဘူး။သင်္ချာနည်းနဲ့တွက်ရင်ဒီနှစ်မှာသုံးရာခိုင်နှုန်းတက်လာရင်တောင်မှအာဏာမသိမ်းမီကထပ်၁၅ရာခိုင်နှုန်းကျုံဝင်နေဆဲပဲ။ဒါကြောင့်စစ်ကောင်စီကဘယ်လိုပဲပြေလည်နေပါတယ်လို့ပြောနေပေမယ့်တပြည်လုံးကြပ်တည်းနေဆဲပဲဆိုတာအထင်အရှားမြင်နိုင်တယ်။စစ်ကောင်စီအတွက်ကံကောင်းသွားတာကပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာမြန်မာငွေတန်ဖိုးထိုးကျပြီးနောက်ပိုင်းဆိုးဆိုးရွားရွားထပ်မဖြစ်တော့တာပဲ။လက်ရှိအချိန်မှာစစ်ကောင်စီဟာကျပ်ငွေတန်ဖိုးနဲ့မြန်မာ့စီးပွားရေးတစ်ခုလုံးကိုထိန်းချုပ်လိုက်နိုင်တဲ့အခြေအနေမှာရှိတယ်။ဒါပေမယ့်လဲငွေကြေးဖောင်းပွမှုဆက်လက်မြင့်တက်နေသ၍အခြေခံလူတန်းစားတွေကတော့ဒီဒဏ်ကိုခါးစည်းပြီးခံနေရဦးမှာပဲ။
Read moreDetailsစစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်ရွှေပြည်အေးမြို့သစ်ဘက်ကတိုက်ပွဲတွေမှာစစ်တပ်ကရဟတ်ယာဉ်တစ်စီးကိုPDFတွေပစ်ချနိုင်ခဲ့တယ်။ထိုဒေသမှာဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကတိုက်ပွဲတွေပြင်းထန်နေပြီးရွှေပြည်မြို့သစ်ကိုPDFတွေထိန်းချုပ်ထားနိုင်ခဲ့တယ်။ဒီနေ့မှာတော့စစ်တပ်ဘက်ကသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့တယ်။၂၀၂၁နောက်ပိုင်းမှာPDFတွေဘက်ကပထမဆုံးပစ်ချနိုင်တဲ့ရဟတ်ယာဉ်ပဲ။ဘာလက်နက်နဲ့ပစ်ချခဲ့တယ်ဆိုတာကိုတော့ထုတ်မပြောသွားဘူး။ဒီတကြိမ်နဲ့ဆိုတော်လှန်ရေးကာလမှာစစ်တပ်ဘက်ကရဟတ်ယာဉ်တွေကိုဖျက်စီးနိုင်တာသုံးစီးရှိသွားပြီ။၂၀၂၁မှာပဲကချင်ပြည်နယ်မှာKIAကတစ်စီးပစ်ချခဲ့တယ်။၂၀၂၂မှာတော့ချင်းပြည်နယ်ဖက်မှာတစ်စီးပျက်ကျခဲ့တယ်။အခု၂၀၂၃နှစ်ဦးပိုင်းမှာပဲနောက်ထပ်တစ်စီးကိုပစ်ချနိုင်ခဲ့ပြီလေ။
Read moreDetailsမနေ့ကဒေသတချို့ကိုမာရှယ်လောထုတ်ပြန်လိုက်တဲ့အပေါ်တချို့ကစိုးရိမ်မှုတချို့ရှိကြတယ်။ထိုဒေသတွေအပေါ်မှာစစ်ကောင်စီကပိုမိုကြမ်းရမ်းလာမလားပေါ့။မြေပြင်အခြေအနေအရပြောရရင်အခုလဲတနိုင်ငံလုံးလိုလိုမှာကြမ်းရမ်းနေတာပဲလေ။မီးကုန်ယမ်းကုန်သတ်မယ် ဖြတ်မယ်။ သူတို့မရရအောင် အုပ်ချုပ်မယ်။ တကယ်တော့ သူတို့က ဒူးထောက်ပြီး မကြာခင် အညံ့ခံရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ မထူးဇာတ်ခင်းတာပဲ။ တိုင်းပြည်ကို သွေးချောင်းစီးအောင်လုပ်တာ၊ မီးဟုန်းဟုန်း တောက်အောင် ထပ်လုပ်တာပဲ။ ပြည်သူလူထုအနေနဲ့ကတော့ သူတို့စစ်အုပ်ချုပ်ရေးပဲပြောပြော ဘယ်လိုနည်းနဲ့ပဲ အုပ်ချုပ်...
Read moreDetailsစစ်ကောင်စီကတိုင်းဒေသကြီးလေးခုနဲ့ပြည်နယ်လေးခုကမြို့နယ်၃၇မြို့နယ်ကိုစစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေငြာလိုက်ပါတယ်။ စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်၊မကွေးတိုင်းက ၅ မြို့နယ်၊ ပဲခူးတိုင်းက ၅ မြို့နယ်၊ တနင်္သာရီတိုင်းက ၂ မြို့နယ်၊ ချင်းပြည်နယ်က ၇ မြို့နယ်၊ မွန်ပြည်နယ်က ၁ မြို့နယ်၊ ကရင်ပြည််နယ်က၂မြို့နယ်နှင့်ကယားပြည်နယ်က၄မြို့နယ်တို့ပါဝင်ပါတယ်။ဟိုတနေ့ကပြောခဲ့သလိုဒါဟာထိုဒေသတွေကိုစစ်ကောင်စီအနေနဲ့ထိန်းချုပ်လို့မရတော့ဘူးဆိုတာဝန်ခံလိုက်တာပဲ။ထို့အပြင်ကာလုံအစည်းအဝေးမှာလဲမင်းအောင်လှိုင်ကတနိုင်ငံလုံးမှာမြို့နယ်၁၅၇ခုကိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့လိုလိမ့်မယ်လို့ပြောသွားသေးတယ်။အဲဒီမြို့နယ်တွေဟာPDFတွေနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်မှုလက်အောက်ကို...
Read moreDetailsဒီနေ့စစ်အာဏာသိမ်းထားတာနှစ်နှစ်ပြည့်တဲ့အနေနဲ့သုံးကြိမ်မြောက်ပြည်လုံးကျွတ်အသံတိတ်သပိတ်ကိုတနိုင်ငံလုံးမှာပြုလုပ်ကြတယ်။ဒီတခေါက်မှာလဲအရင်အကြိမ်တွေအတိုင်းပဲအောင်မြင်ခဲ့တယ်။စစ်အုပ်စုဘက်ကတော့အရင်ကလောက်အကြောက်အကန်တားဆီးပိတ်ပင်အရေးယူတာတွေမျိုးသိပ်မတွေ့ရဘူး။ဒါပေမယ့်ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာတော့စစ်အုပ်စုဖက်ကအကြံအဖန်တပ်ထောက်ခံပွဲတွေတန်ပြန်ပြုလုပ်ကြတယ်။ဒါပေမယ့်သူတို့လုပ်တဲ့ထောက်ခံပွဲကအသုဘဇာပနပို့အခမ်းအနားတစ်ခုလောက်တောင်စည်ကားမှုမရှိပါဘူး။ပိုက်ဆံပေးပြီးနေ့စားတွေငှားကာပြုလုပ်ခဲ့ပေမယ့်လိုက်မယ့်သူတောင်မရှိဘူး။ဘယ်ပြည်သူမှသူတို့ဘက်မှာမရှိဘူး။ဒီနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကမြန်မာသံရုံးရှေ့မှာလဲထိုင်းရောက်မြန်မာနိုင်ငံသားအများအပြားစုရုံးပြီးဆန္ဒပြကြသေးတယ်။
Read moreDetailsစစ်ကောင်စီကဒီနေ့မှာကာလုံအစည်းအဝေးလုပ်တယ်။၂၀၀၈အခြေခံဥပဒေအရအရေးပေါ်ကာလကိုသက်တမ်းတိုးဖို့ဒီနေ့မှာဆုံးဖြတ်ရမယ်။ထင်ထားတဲ့အတိုင်းပဲဥပဒေထဲမှာမပါဘဲနောက်ထပ်ခြောက်လသက်တမ်းတိုးလိုက်တယ်။နိုင်ငံဟာတည်ငြိမ်မှုမရှိသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့။ဒါပေမယ့်သူတို့သတိမထားမိတာကထိုအကြောင်းပြချက်ဟာစစ်ခေါင်းဆောင်တွေအနေနဲ့နိုင်ငံကိုထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးဆိုတာတရားဝင်ဝန်ခံလိုက်သလိုဖြစ်သွားပြီ။မီဒီယာတွေပေါ်မှာ၊ဝါဒဖြန့်ချီရေးပိုင်းမှာဘယ်လိုပဲတည်ငြိမ်နေပြီလို့ပြောနေပေမယ့်သူတို့အာဏာတည်မြဲဖို့အတွက်အမှန်တရားတစ်ခုကိုလက်ခံလိုက်ရတာပဲ။ တရားဝင်မှုမရှိတဲ့ရွှေးကောက်ပွဲကိုလုပ်နိုင်ဖို့အတွက်ခြောက်လသက်တမ်းတိုးလိုက်ရတယ်ဆိုပေမယ့်လာမယ့်ခြောက်လဟာစစ်ကောင်စီနဲ့NUGအတွက်အဆုံးအဖြတ်ကာလပဲ။ရွှေးကောက်ပွဲသာဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အောင်မြင်သွားရင်စစ်အုပ်စုအတွက်ထွက်ပေါက်တစ်ခုရသွားလိမ့်မယ်။ဒါကိုတားဆီးနိုင်ဖို့စစ်ရေးအရှိန်တနိုင်ငံလုံးမှာမြှင့်တင်ဖို့ကလွဲပြီးအခြားနည်းလမ်းမရှိဘူး။တဖြည်းဖြည်းနဲ့တော့စိတ်ဝင်စားစရာကောင်းလာပြီ။
Read moreDetails၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင် စစ်တပ်အာဏာသိမ်းမှု ၂ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်၏။ ဤ ၂ နှစ်အတွင်း မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ဖက်ပေါင်းစုံ အခြေအနေများအား...
Read moreDetailsလာမည့်ဖေဖော်ဝါရီလတစ်ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းထားတာတစ်နှစ်ပြည့်မယ်။အဲ့ဒီနေ့တနိုင်ငံလုံးမှာအသံတိတ်သပိတ်လုပ်ဖို့တော်လှန်ရေးအင်အားစုတွေကဆော်သြထားတယ်။စစ်အာဏာသိမ်းပြီးနောက်အသံတိတ်သပိတ်လုပ်တာဒီတကြိမ်နဲ့ဆိုရင်သုံးခေါက်ရှိပြီ။ပြည်သူတရပ်လုံးပါဝင်တဲ့ငြိမ်းချမ်းစွာအန္တရာယ်ကင်းကင်းဆန္ဒထုတ်ဖော်လို့ရတာအသံတိတ်သပိတ်တမျိုးပဲရှိမယ်။တခြားနည်းလမ်းတွေနဲ့ကြိုးစားကြည့်ပြီးသွားပြီ။အောင်မြင်မှုမရခဲ့ဘူး။အသံတိတ်သပိတ်ကတော့ဒီတခေါက်လဲအောင်မြင်လိမ့်ဦးမယ်ထင်တယ်။
Read moreDetailsစစ်ကောင်စီကရွှေးကောက်ပွဲအတွက်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုထုတ်ပြန်လိုက်တယ်။ထိုပဒေရဲ့အနှစ်ချုပ်ကတော့စစ်တပ်လက်ပါးစေကြံခိုင်ရေးပါတီကလွဲပြီးကျန်ပါတီတွေဝင်ရောက်ယှဉ်ပြိုင်လို့မရအောင်ကန့်သတ်လိုက်တာပဲ။တနိုင်ငံလုံးယှဉ်ပြိုင်မယ့်ပါတီတွေအတွက်ရက်ပေါင်းကိုးဆယ်အတွင်းပါတီဝင်တစ်သိန်းရှာခိုင်းပြီးပါတီရန်ပုံငွေသိန်းတစ်ထောင်တင်ခိုင်းတယ်။ပါတီရုံးခန်းတွေကိုလဲမြို့နယ်အားလုံးရဲ့ထက်ဝက်ခန့်မှာဖွင့်ခိုင်းသေးတယ်။ထိုသတ်မှတ်ချက်ကိုပြည့်မှီဖို့ဆိုတာလက်ရှိအချိန်မှာစစ်တပ်ရဲ့လက်ပါးစေကြံခိုင်ရေးပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့NLDပါတီတို့သာရှိမယ်။NLDပါတီကစစ်ကောင်စီကပြုလုပ်မယ့်ရွှေးကောက်ပွဲကိုသပိတ်မှောက်ထားတော့ကြံခိုင်ရေးပါတီသာပြိုင်ဖက်ကင်းဖြစ်တော့မှာပေါ့။ပြီးတော့အချိန်မှီမှတ်ပုံတင်ဖို့မပြုလုပ်ရင်ပါတီအဖြစ်ကအလိုလိုပယ်ဖျက်မယ်တဲ့။အချိန်တန်ရင်တနိုင်ငံလုံးမှာကြံခိုင်ရေးပါတီတစ်ခုသာကျန်ခဲ့အောင်ဥပဒေထုတ်လိုက်တဲ့သဘောပါပဲ။စစ်ကောင်စီဟာအခုကတည်းကရွှေးကောက်ပွဲအစွမ်းကုန်ညစ်ပတ်ဖို့ပြင်ဆင်နေတာထင်ရှားနေတယ်။
Read moreDetailsချင်းပြည်နယ်၊ မင်းတပ်မြို့မှာစစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီယာယီရုံး လေယာဉ်ဖြင့် ကြဲချသောဗုံးထိမှန်ခဲ့ပြီးရုံးအဖွဲ့သားအားလုံး ဒဏ်ရာရခဲ့တယ်။အဖွဲ့၀င်နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာရပြီးကျန်တဲ့သူတွေကတော့ မစိုးရိမ်ရ အခြေအနေပါ။ဗုံးကြဲခံရမှုကြောင့် ငွေသားသိန်းသုံးဆယ်၊ ရုံးသုံးကွန်ပျူတာ တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery...
Read moreDetailsYou can copy without credits to our site. We Need Freedom.