အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၆၊ ၂၀၂၂။ (အင်္ဂါ)

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ဖက်မှာစစ်ကောင်စီတပ်တွေနဲ့KIA၊PDFတွေအကြားတိုက်ပွဲတွေဖြစ်ပွားလာတယ်။စစ်ကောင်စီတပ်သားသုံးယောက်ကိုKIAကဖမ်းဆီးလိုက်တာကြောင့်စစ်တပ်ကအင်အား၂၀၀ခန့်နဲ့စစ်ကြောင်းထိုးလာတာဖြစ်တယ်။ကချင်ပြည်နယ်မှာတော့ဖားကန့်ဒေသဟာတိုက်ပွဲတွေနဲ့အတော်နေသားကျနေပြီ။လောလောဆယ်မှာဖားကန့်မြို့တဝိုက်ကိုKIA၊PDFတွေကထိန်းချုပ်ထားပြီးစစ်တပ်ကတော့မြေပြင်မှာစိုးမိုးမှုသိပ်မရှိတော့ပဲလေကြောင်းကဗုံးကြဲတာနဲ့လက်နက်ကြီးနဲ့ရမ်းပစ်တာသာလုပ်တော့တယ်။စစ်ကြောင်းထိုးရင်းလဲရမ်းသမ်းပြီးထိုးနေရတယ်။ ထို့အတူကရင်ပြည်နယ်မှာလဲKNUတပ်မဟာ၁နဲ့တပ်မဟာ၃နယ်မြေတွေမှာစစ်တပ်ကထိုးစစ်တွေပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရတယ်။နာမည်ကြီးတပ်မဟာ၅ကတော့မနေ့ကပဲစစ်ကောင်စီတပ်စခန်းသုံးခုကိုတပြိုင်နက်တိုက်ခိုက်နေတယ်။ထိုအထဲမှစခန်းတစ်ခုကိုသိမ်းပိုက်ရရှိပြီးကျန်စခန်းတွေကိုသိမ်းနိုင်ဖို့ဆက်လက်ကြိုးစားနေတယ်။နေ့စဥ်နဲ့အမျှတိုက်ပွဲဖြစ်ပွားနေတဲ့ကရင်ပြည်နယ်မှာတော့KNUကတဖြည်းဖြည်းစစ်ရှိန်မြှင့်လာပြီလို့ယူဆရတယ်။

Read moreDetails

ဒီဇင်ဘာ ၀၅၊ ၂၀၂၂။ (တနင်္လာ)

စစ်ကိုင်းတိုင်းတမူးမြို့နယ်မှာအမျိုးသမီးတစ်ဦးလမ်းပေါ်မှာနှိပ်စက်ခံရပြီးပစ်သတ်လိုက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်။ဗီဒီယိုဖိုင်တွေလဲပျံ့နှံလာတယ်။ထူးခြားတာကစစ်တပ်ကလုပ်တာမဟုတ်ပဲတော်လှန်ရေးအဖွဲ့တစ်ခုကကျူးလွန်လိုက်တာပါ။ထိုအမျိုးသမီးဟာNon CDMဆရာမတစ်ဦးဖြစ်ပြီးစစ်တပ်သတင်းပေးလို့သတ်မှတ်ကာသတ်ဖြတ်လိုက်တာတဲ့။တကယ်ကထိုအမှုလောက်နဲ့လူတစ်ယောက်ကိုသတ်စရာအကြောင်းမရှိပါဘူး။ဒီလိုဖြစ်ရပ်မျိုးအရင်ကလဲနယ်တွေမှာဖြစ်ပွားဖူးတယ်။ဒါပေမယ့်ဒီလောက်အသံထွက်မလာခဲ့ဘူး။စစ်ကောင်စီအတွက်ကတော့တော်လှန်ရေးအဖွဲ့တွေကိုထိုးချစရာအကွက်တွေ့သွားတာပေါ့။ NUGကတော့ထိုဖြစ်စဉ်ကိုသူတို့လက်အောက်ခံအဖွဲ့တစ်ခုကလုပ်တယ်ဆိုတာဝန်ခံသွားတယ်။စုံစမ်းစစ်ဆေးအပစ်ပေးမှုတွေပြုလုပ်သွားမယ်လို့ဆိုတယ်။တစ်ခုအမှတ်ယူစရာကောင်းတာကNUGဟာလူသိများလာတဲ့ဒီလိုကိစ္စမျိုးအပေါ်မှာစစ်ကောင်စီလိုခေါင်းမရှောင်ဘူး။လွှဲမချဘူး။တာဝန်ယူမှု၊တာဝန်ခံမှုတွေနဲ့အလုပ်လုပ်သွားတယ်။ဒါပေမယ့်မြေပြင်မှာကိုယ့်အဖွဲ့တွေဒီလိုမျိုးထပ်ပြီးမကျူးလွန်အောင်တင်းတင်းကျပ်ကျပ်ကိုင်တွယ်သင့်တယ်။

Read moreDetails

ဒီဇင်ဘာ ၀၄၊ ၂၀၂၂။ (တနင်္ဂနွေ)

ကယားပြည်နယ်ဒီမော့ဆိုမြို့နယ်ထဲကစစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ရွာလေးရွာကိုKNDFပူးပေါင်းအဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတယ်။တော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုကြောင့်စစ်ကောင်စီတပ်တွေထိုနေရာတွေကဆုတ်ခွာပေးလိုက်ရတယ်။တော်လှန်ရေးအဖွဲ့တွေကတော့စစ်ကောင်စီထောင်ထားခဲ့တဲမြေမြုပ်မိုင်းတွေကြောင့်ရွာသားတွေကိုရွာထဲပြန်မဝင်ကြသေးဖို့ပြောထားတယ်။ဒါပေမယ့်လဲစစ်တပ်ကသူတို့ဆုတ်ပေးလိုက်ရတဲ့နေရာတွေကိုပြန်ရဖို့စစ်ကြောင်းသုံးခုနဲ့အင်အားအလုံးအရင်းသုံးပြီးစစ်ကြောင်းပြန်ထိုးလာတယ်။အခုရက်တွေမှာဆိုလေကြောင်းကရောအတွဲလိုက်ဒုံးတွေပါသုံးပြီးတိုက်ခိုက်နေတယ်။အခြေအနေတွေငြိမ်သက်နေတာကြာပြီဖြစ်တဲ့လွိုင်ကော်မြို့ဘက်မှာလဲKNDFကစစ်သူပုန်တပ်တွေကိုတိုက်ခိုက်နေတယ်။ ကယားပြည်နယ်မှာတော်လှန်အဖွဲ့တွေဘက်ကထိုးစစ်မဆင်နိုင်တာကြာနေပြီ။စစ်ကောင်စီရဲ့ထိုးစစ်တွေကိုပဲခုခံနေရတဲ့အနေအထားကနေအခုတစိတ်တပိုင်းတော့ပြန်လည်တိုက်ခိုက်လာနိုင်ပြီ။ဒါပေမယ့်လဲလက်နက်အင်အားသာလွန်နေတဲ့စစ်သူပုန်တွေကိုတော့ရေရှည်ယှဉ်နိုင်ဖို့ကြိုးစားရဦးမယ်။

Read moreDetails

ဒီဇင်ဘာ ၀၃၊ ၂၀၂၂။ (စနေ)

မနေ့ကNUGသမ္မတကြီးပြောသွားတဲ့စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအပေါ်ဝေဖန်သံတွေမျိုးစုံထွက်ပေါ်လာတယ်။တချို့တွေကတော့တွေ့ဆုံဆွေးနွေးရေးအလိုမရှိလို့ပြောကြတယ်။တချို့တွေကတော့NUGလေသံပြောင်းသွားတာလားပေါ့။ တကယ်တော့ယာယီသမ္မတရဲ့တောင်းဆိုချက်တွေဟာ ဖက်စစ်တပ်အနေနဲ့လိုက်လျောဖို့ မဖြစ်နိုင်တဲ့အချက်တွေပါပဲ။ မဖြစ်နိုင်တာတွေကို တောင်းဆိုလိုက်တာမို့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိဘူးဆိုတာ သွယ်ဝိုက်အသိပေးလိုက်ခြင်းဖြစ်တယ်လို့ ယူဆနိုင်တယ်။တကယ်လို့ အခုသတင်းစကားကို ဖက်စစ်တပ်ဖက်ကသာ တစ်စုံတစ်ခုတုန့်ပြန်လာခဲ့ရင် တွေ့ဆုံဆွေးနွေးရေးဟာ တကယ်အထမြောက်လာနိုင်မလားဆိုတာကလည်း စဉ်းစားရမယ့် တစ်ချက်ပဲ။ ယာယီသမ္မတရဲ့တောင်းဆိုချက်တွေထဲမှာ လိုအပ်နေတဲ့အချက်တွေကတော့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု...

Read moreDetails

ထီးချိုင့်ရှိ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၈၀ ခန့် ပြာကျ

စစ်ကိုင်တိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဒီဇင်ဘာလ...

Read moreDetails

ဒီဇင်ဘာ ၀၂၊ ၂၀၂၂။ (သောကြာ)

ရိုက်တာသတင်းဌာနကကျင်းပတဲ့ Reuters Next Leadership Summit နဲ့ Global Broadcast ပွဲမှာ NUGယာယီသမ္မတဒူဝါးလရှီးလမိန့်ခွန်းပြောခွင့်ရတယ်။သူပြောတဲ့မိန့်ခွန်းထဲမှာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးအကြောင်းပါလာတယ်။NUGအနေနဲ့ဖက်စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရေးလမ်းဖွင့်ထားပါကြောင်း၊ဒါပေမယ့်ကြိုတင်သတ်မှတ်ချက်တွေတော့ရှိတယ်။ (1)ပြည်သူကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ရမယ်။ (2) စစ်တပ်ဟာ နိုင်ငံရေးမှထွက်ခွာရေးကို အာမခံချက်ပေးရမယ်။ (3)2008ခြေဥကို ဖျက်သိမ်းရမယ်။ (4)နိုင်ငံတကာရဲ့...

Read moreDetails

ဒီဇင်ဘာ ၀၁၊ ၂၀၂၂။ (ကြာသပတေး)

စစ်ကောင်စီကဖမ်းဆီးထားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသား၇ယောက်ကိုသေဒဏ်ချမှတ်လိုက်ပြီးကြိုးပေးကွပ်မျက်မယ်လို့သတင်းတွေထွက်ပေါ်နေတယ်။ထိုကျောင်းသား၇ဦးဟာဧပြီလကတောင်ဒဂုံမှာဖြစ်ပွားခဲ့တဲ့ကမ္ဘာရတနာဘဏ်ဓားပြတိုက်မှုမှာဘဏ်မန်နေဂျာဒုဗိုလ်မှုးဟောင်းကိုသေနတ်နဲ့ပစ်သတ်မှုနဲ့ဆွဲချက်တင်ခံထားရတာပါ။သူတို့ဟာတကယ်ပစ်မှုကျူးလွန်သူတွေဖြစ်ချင်မှဖြစ်လိမ့်မယ်။စစ်ကောင်စီကတွေ့တဲ့သူကိုဖမ်းဆီးအမှုဆင်နေကျပဲလေ။တက္ကသိုလ်ကျောင်းသားတော်လှန်ရေးပါမှာဝင်နေသူတွေဆိုတော့အမှုပိုကြီးသွားတာပေါ့။ စစ်ကောင်စီဟာတော်လှန်ရေးလှုပ်ရှားသူတွေကိုဖမ်းဆီးပြီးသေဒဏ်ချမှတ်မှုတွေကိုဆက်တိုက်လုပ်ဆောင်နေတယ်။ကိုဂျင်မီတို့နောက်ပိုင်းတကယ်ကြိုးမိန့်နဲ့သတ်ဖြတ်မှုတွေလုပ်နေတယ်လို့တော့မကြားမိသေးဘူး။ထောင်ထဲမှာတိုးတိုးတိတ်တိတ်လုပ်နေရင်တော့မပြောတတ်ဘူး။ဒါကြောင့်မတရားသေဒဏ်ချမှတ်ခြင်းခံထားရသူတွေအတွက်အသံများများထွက်ပေးဖို့လိုနေတယ်။

Read moreDetails

နိုဝင်ဘာ ၃၀၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ပွင့်လင်းရာသီရောက်နေပေမယ့်ဖက်ဆစ်စစ်တပ်နဲ့EAOအဖွဲ့တွေကြားထိတွေ့တိုက်ပွဲကြီးတွေသိပ်မတွေ့ရသေးဘူး။ဒီရက်ပိုင်းရှမ်းပြည်မြောက်ပိုင်းမှာစစ်တပ်ကစစ်ကြောင်းထိုးလာလို့ကိုးကန့်အဖွဲ့နဲ့ဖြစ်တဲ့တိုက်ပွဲတွေလောက်ပဲကြားရတယ်။ထိုတိုက်ပွဲတွေမှာလဲစစ်တပ်ဖက်ကငါးဆယ်ကျော်သေဆုံးတယ်လို့သိရတယ်။စစ်တပ်ကိုတိုက်ခိုက်နေတဲ့အခြားနာမည်ကြီးအဖွဲ့ကြီးတဖွဲ့ဖြစ်တဲ့ကချင်ကKIAကတော့အနန့်ပါရွာဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာငြိမ်ချက်သားကောင်းနေတယ်။စစ်ကောင်စီကအရပ်သားတွေကိုရည်ရွယ်ချက်ရှိရှိဦးစားပေးတိုက်ခိုက်နေတာကြောင့်EAOတွေအနေနဲ့လဲသူတို့ဒေသမထိခိုက်ဖို့ချိန်ဆနေသလားပဲ။ကရင်ပြည်နယ်မှာလဲမြဝတီဝေါလေလမ်းကိုစစ်တပ်ကထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တွေမှာထုတ်လွှင့်နေချိန်ထိုဒေသကအမာခံKNUတော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ကော်ဘရာစစ်ကြောင်းဖက်ကတော့အသံတိတ်နေတယ်။ဒီရက်ပိုင်းကြားရသိရတာတွေကတော့အားရစရာသိပ်မရှိလှဘူး။

Read moreDetails

နိုဝင်ဘာ ၂၉၊ ၂၀၂၂။ (အင်္ဂါ)

အေအေနဲ့စစ်ကောင်စီအပစ်ရပ်ပီးနောက်ပိုင်းကျန်တဲ့EAOတွေလဲခြောက်လအပစ်ရပ်မယ်လို့ကောလဟာလသတင်းတွေထွက်ပေါ်လာတယ်။ဖြစ်နိုင်ခြေနည်းပေမယ့်ဒါဟာလဲတော်လှန်ရေးအတွက်သတိထားရမယ့်အချက်တစ်ခုပဲ။အခုလောလောဆယ်မှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားKNUကလွဲလို့တိုက်ပွဲတွေငြိမ်သက်နေတယ်။အဲ့ဒီလိုသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်NUGအနေနဲ့ဘာတွေပြင်ဆင်ထားမလဲ။ကြည့်ရတာတော့ဘာမှပြင်ဆင်ထားပုံမပေါ်ဘူး။ အရှိကိုအရှိအတိုင်းသုံးသပ်ရမယ်ဆိုရင်ဖက်ဆစ်စစ်တပ်ဟာတနိုင်ငံလုံးစစ်မျက်နှာဖွင့်ထားရပေမယ့်အခုချိန်ထိအင်အားတောင့်တင်းနေတုန်းပဲ။တော်လှန်ရေးအဖွဲ့တွေကိုတိုက်စစ်မဖွင့်နိုင်တော့ပေမယ့်ခံစစ်ကိုကောင်းကောင်းတည်ဆောက်ထားနိုင်တယ်။စစ်တပ်ကိုလက်ရှိပုံစံနဲ့အပြုတ်တိုက်ဖို့ဆိုတာထင်သလောက်မလွယ်သေးဘူး။ရခိုင်ကအေအေကိစ္စမှာသိသာတယ်။ အေအေဟာစစ်တပ်အင်အားနည်းနေတယ်လို့ထင်ရတဲ့အချိန်ရခိုင်မှာစစ်မျက်နှာဖွင့်တိုက်စစ်ဆင်ခဲ့တယ်။ဒါပေမယ့်ထင်သလောက်ခရီးမပေါက်ခဲ့ဘူး။နယ်စပ်တွေမှာစစ်တပ်ရဲ့စခန်းငယ်လေးတွေကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်မောင်တောနဲ့ပလက်ဝလိုမြို့တွေကိုခြိမ်းခြောက်နိုင်တဲ့အနေအထားကိုမရောက်ခဲ့ဘူး။ရခိုင်မြောက်ပိုင်းကစစ်တပ်ရဲ့ဗျူဟာကုန်းစခန်းတွေကိုတောင်မသိမ်းပိုက်နိုင်ခဲ့ဘူး။နှစ်လခန့်မီးကုန်ယမ်းကုန်တိုက်ခိုက်ပြီးတဲ့နောက်မှာအေအေအနေနဲ့လက်နက်အင်အားအရင်းအမြစ်ကုန်ခန်းသွားတာကြောင့်အပစ်ရပ်လိုက်တာလို့ယူဆချင်စရာပဲ။စစ်တပ်ကမဆိုင်တဲ့အရပ်ဖက်ကိုပစ်မှတ်ထားတိုက်ခိုက်ပိတ်ဆို့တာတွေလဲပါမှာပေါ့။တကယ်ကရခိုင်ကအရပ်သားတွေရဲ့စစ်ဘေးဒုက္ခဟာစစ်ကိုင်းနဲ့ယှဉ်ရင်မပြောပလောက်သေးဘူး။ဒီတခေါက်တိုက်ပွဲတွေခြားထဲမှာရခိုင်ကရွာတွေမီးတိုက်မခံရသေးဘူး။ဒါကြောင့်အေအေအနေနဲ့အပစ်ရပ်လိုက်တာဟာစစ်တပ်ကိုရင်ဆိုင်ဖို့အချိန်ခါမသင့်သေးဘူးလို့ယူဆထားလို့ဖြစ်နိုင်တယ်။  

Read moreDetails

နိုဝင်ဘာ ၂၈၊ ၂၀၂၂။ (တနင်္လာ)

စစ်ကောင်စီနဲ့အပစ်ရပ်ကြောင်းအေအေဖက်ကလဲတရားဝင်ကြေငြာသွားပြီ။အရင်တခေါက်ကအတိုင်းဂျပန်နိပွန်ဖောင်ဒေးရှင်းကဆာဆာကာဝါကပဲကြားဝင်ပွဲစားလုပ်ပေးသွားတာပါ။အပစ်ရပ်တယ်ဆိုပေမယ့်လဲနှစ်ဖက်လုံးကတပ်တွေရောက်တဲ့နေရာမှာရပ်ထားပြီးစစ်ဆက်မတိုက်တော့တဲ့သဘောပဲ။နှစ်ဖက်ခိုင်မာတဲ့သဘောတူညီချက်ဘာတစ်ခုမှမရှိဘူး။အေ‌အေဖက်ကတော့ရခိုင်ပြည်သူတွေကိုငဲ့ပြီးအပစ်ရပ်လိုက်တာလို့ပြောသွားတယ်။စစ်ကောင်စီကအေအေနဲ့ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ရခိုင်တပြည်နယ်လုံးကိုပိတ်ဆို့ထားပြီးဖြတ်လေးဖြတ်လုပ်ထားတယ်။အကျိုးဆက်အနေနဲ့ရခိုင်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်လာပြီးဆေးဝါးတွေဆိုဝယ်လို့တောင်မရတော့တဲ့အခြေအနေဖြစ်လာတယ်။ဒါကြောင့်အေအေအနေနဲ့ရခိုင်ပြည်သူတွေသက်သာအောင်အခုလိုဆုံးဖြတ်လိုက်တာလို့သိရတယ်။အခုလောလောဆယ်တော့စစ်တပ်ကရေလမ်းကြောင်းတချို့ဖွင့်ပေးလိုက်ပြီးကုန်းလမ်းတွေကိုတော့ပိတ်ဆို့ထားဆဲပဲ။ အေအေကစစ်တပ်နဲ့အပစ်ရပ်တာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအမျိုးမျိုးထွက်ပေါ်နေတယ်။အချို့ကအေအေကိုဆဲကြတယ်။တော်လှန်ရေးကိုသစ္စာဖောက်သွားပြီလို့ပြောြကတယ်။တချို့ကတော့အေအေကသူ့လမ်းသူလျှောက်နေတဲ့အတွက်သူအဆင်ပြေသလိုမီးစင်ကြည့်ကမှာပဲလို့ပြောြကတယ်။တကယ်တော့အေအေဟာNUGနဲ့ဘာမှပူးပေါင်းထားတာမဟုတ်ဘူး။ဘာသဘောတူညီချက်မှလဲမယူထားဘူး။သူ့ကံကြမ္မာသူလွတ်လပ်စွာဖန်တီးနိုင်တဲ့အတွက်သူ့ကိုဘာမှသွားပြောလို့မရဘူး။ဘာပဲဖြစ်ဖြစ်အေအေအနေနဲ့ရခိုင်မှာအပစ်ရပ်လိုက်တော့တော်လှန်ရေးအတွက်အားလျော့သွားတာပေါ့။

Read moreDetails
Page 105 of 173 1 104 105 106 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist