စစ်ကိုင်းနဲ့ကချင်အစပ်ကကသာမြို့နယ်မိုးတားလေးကျေးရွာဝန်းကျင်ကိုစစ်ကောင်စီကတိုက်လေယာဥ်များနဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဒေသ၈ဦးသေဆုံးပြီးသုံးဆယ်လောက်ဒဏ်ရာရရှိသွားတယ်။မနေ့ကဗုံးကြဲမှုမှာဆိုရင်အလှူလုပ်နေတဲ့အိမ်ကိုဗုံးတိုက်ရိုက်ထိမှန်ခြင်းကြောင့်အစုလိုက်သေဆုံးပြီးဒဏ်ရာရသူတွေများပြားသွားတာပါ။
ထိုနယ်မြေအတွင်းစစ်ကြောင်းထိုးလာတဲ့စစ်သူပုန်တပ်ကိုတော်လှန်ရေးအင်အားစုတွေကမနေ့ကတည်းကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်။စစ်သူပုန်တွေအထိနာတော့သူတို့လုပ်နေကြအတိုင်းပြည်သူတွေရှိတဲ့ရွာတွေဘက်ကိုပေါင်၅၀၀ဗုံးတွေပါသုံးပြီးဗုံးကြဲတိုက်ခိုက်ခဲ့တယ်။အခုဆိုရင်ထိုကျေးရွာအုပ်စုကရွာတွေကိုမီးရှို့ဖျက်စီးနေကြပြီ။လက်ရှိအချိန်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးဒဏ်ရာရထားတဲ့ပြည်သူတွေကိုတော်လှန်ရေးအင်အားစုတွေကဆေးကုပေးနေရတယ်။