ချင်းပြည်နယ်၊ မင်းတပ်မြို့မှာစစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီယာယီရုံး လေယာဉ်ဖြင့် ကြဲချသောဗုံးထိမှန်ခဲ့ပြီးရုံးအဖွဲ့သားအားလုံး ဒဏ်ရာရခဲ့တယ်။အဖွဲ့၀င်နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာရပြီးကျန်တဲ့သူတွေကတော့ မစိုးရိမ်ရ အခြေအနေပါ။ဗုံးကြဲခံရမှုကြောင့် ငွေသားသိန်းသုံးဆယ်၊ ရုံးသုံးကွန်ပျူတာ တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး၊ ဆိုင်ကယ်နှစ်စီး၊ ခြုံစောင်များနှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါး ပျက်စီးသွားခဲ့တယ်။အခု လက်ရှိအခြေနေတွင် အဖွဲ့ဝင်အားလုံး တိမ်းရှောင်နေရပြီး ဆေးကုသမှုခံနေရတယ်။ရုံးပျက်စီးသွားပေမယ့် စစ်ဘေးရှောင်များ အထောက်အပံ့ရရှိရေးအတွက် ရိက္ခာဖြန့်ချိခြင်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့အဆိုပါကော်မတီကပြောတယ်။
ထိုစခန်းဗုံးကြဲခံရမှုဟာမတော်တဆမဟုတ်ဘူး။စစ်ကောင်စီကတမင်တိုက်ခိုက်တာဖြစ်တယ်။ပြီးတော့ထိုနေရာဟာစစ်ရေးပစ်မှတ်မဟုတ်ပဲစစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီယာယီရုံးတစ်ခုသာဖြစ်တယ်။
ထိုအဖြစ်အပျက်မျိုးစစ်ကိုင်းတိုင်းမြောင်မြို့နယ်မှာလဲဖြစ်ခဲ့တယ်။မြောင်မြို့နယ်ထဲကစစ်ကောင်စီရဲ့Non CDMဝန်ထမ်းတွေစွန့်ခွာသွားတဲ့ဆေးရုံတစ်ခုကိုNUGကျန်းမာရေဌာနကစီမံခန့်ခွဲကာဒေသခံတွေကိုကျန်းမာရေးဝန်ဆောင်မှုဆက်လက်ပေးခဲ့တယ်။ဒါပေမယ့်ထိုသတင်းကိုစစ်ကောင်စီကသိရှိသွားတဲ့နောက်ထိုဆေးရုံကရဟတ်ယာဉ်တွေနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ကံကောင်းစွာပဲဆေးရုံထဲကလူနာတွေကိုအချိန်မှီရွေ့ပြောင်းလိုက်နိုင်တာကြောင့်အသေအဆုံးတော့မရှိခဲ့ဘူး။ထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့အတွက်စစ်ကောင်စီရဲ့လေတပ်ဟာအရပ်သားတွေအပေါ်စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်းတင်းတင်းကျူးလွန်လျက်ရှိတယ်။