အာဏာသိမ်း ဒိုင်ယာရီ

ထီးချိုင့်ရှိ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၈၀ ခန့် ပြာကျ

စစ်ကိုင်တိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဒီဇင်ဘာလ...

Read moreDetails

ဒီဇင်ဘာ ၀၂၊ ၂၀၂၂။ (သောကြာ)

ရိုက်တာသတင်းဌာနကကျင်းပတဲ့ Reuters Next Leadership Summit နဲ့ Global Broadcast ပွဲမှာ NUGယာယီသမ္မတဒူဝါးလရှီးလမိန့်ခွန်းပြောခွင့်ရတယ်။သူပြောတဲ့မိန့်ခွန်းထဲမှာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးအကြောင်းပါလာတယ်။NUGအနေနဲ့ဖက်စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရေးလမ်းဖွင့်ထားပါကြောင်း၊ဒါပေမယ့်ကြိုတင်သတ်မှတ်ချက်တွေတော့ရှိတယ်။ (1)ပြည်သူကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ရမယ်။ (2) စစ်တပ်ဟာ နိုင်ငံရေးမှထွက်ခွာရေးကို အာမခံချက်ပေးရမယ်။ (3)2008ခြေဥကို ဖျက်သိမ်းရမယ်။ (4)နိုင်ငံတကာရဲ့...

Read moreDetails

ဒီဇင်ဘာ ၀၁၊ ၂၀၂၂။ (ကြာသပတေး)

စစ်ကောင်စီကဖမ်းဆီးထားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသား၇ယောက်ကိုသေဒဏ်ချမှတ်လိုက်ပြီးကြိုးပေးကွပ်မျက်မယ်လို့သတင်းတွေထွက်ပေါ်နေတယ်။ထိုကျောင်းသား၇ဦးဟာဧပြီလကတောင်ဒဂုံမှာဖြစ်ပွားခဲ့တဲ့ကမ္ဘာရတနာဘဏ်ဓားပြတိုက်မှုမှာဘဏ်မန်နေဂျာဒုဗိုလ်မှုးဟောင်းကိုသေနတ်နဲ့ပစ်သတ်မှုနဲ့ဆွဲချက်တင်ခံထားရတာပါ။သူတို့ဟာတကယ်ပစ်မှုကျူးလွန်သူတွေဖြစ်ချင်မှဖြစ်လိမ့်မယ်။စစ်ကောင်စီကတွေ့တဲ့သူကိုဖမ်းဆီးအမှုဆင်နေကျပဲလေ။တက္ကသိုလ်ကျောင်းသားတော်လှန်ရေးပါမှာဝင်နေသူတွေဆိုတော့အမှုပိုကြီးသွားတာပေါ့။ စစ်ကောင်စီဟာတော်လှန်ရေးလှုပ်ရှားသူတွေကိုဖမ်းဆီးပြီးသေဒဏ်ချမှတ်မှုတွေကိုဆက်တိုက်လုပ်ဆောင်နေတယ်။ကိုဂျင်မီတို့နောက်ပိုင်းတကယ်ကြိုးမိန့်နဲ့သတ်ဖြတ်မှုတွေလုပ်နေတယ်လို့တော့မကြားမိသေးဘူး။ထောင်ထဲမှာတိုးတိုးတိတ်တိတ်လုပ်နေရင်တော့မပြောတတ်ဘူး။ဒါကြောင့်မတရားသေဒဏ်ချမှတ်ခြင်းခံထားရသူတွေအတွက်အသံများများထွက်ပေးဖို့လိုနေတယ်။

Read moreDetails

နိုဝင်ဘာ ၃၀၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ပွင့်လင်းရာသီရောက်နေပေမယ့်ဖက်ဆစ်စစ်တပ်နဲ့EAOအဖွဲ့တွေကြားထိတွေ့တိုက်ပွဲကြီးတွေသိပ်မတွေ့ရသေးဘူး။ဒီရက်ပိုင်းရှမ်းပြည်မြောက်ပိုင်းမှာစစ်တပ်ကစစ်ကြောင်းထိုးလာလို့ကိုးကန့်အဖွဲ့နဲ့ဖြစ်တဲ့တိုက်ပွဲတွေလောက်ပဲကြားရတယ်။ထိုတိုက်ပွဲတွေမှာလဲစစ်တပ်ဖက်ကငါးဆယ်ကျော်သေဆုံးတယ်လို့သိရတယ်။စစ်တပ်ကိုတိုက်ခိုက်နေတဲ့အခြားနာမည်ကြီးအဖွဲ့ကြီးတဖွဲ့ဖြစ်တဲ့ကချင်ကKIAကတော့အနန့်ပါရွာဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာငြိမ်ချက်သားကောင်းနေတယ်။စစ်ကောင်စီကအရပ်သားတွေကိုရည်ရွယ်ချက်ရှိရှိဦးစားပေးတိုက်ခိုက်နေတာကြောင့်EAOတွေအနေနဲ့လဲသူတို့ဒေသမထိခိုက်ဖို့ချိန်ဆနေသလားပဲ။ကရင်ပြည်နယ်မှာလဲမြဝတီဝေါလေလမ်းကိုစစ်တပ်ကထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တွေမှာထုတ်လွှင့်နေချိန်ထိုဒေသကအမာခံKNUတော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ကော်ဘရာစစ်ကြောင်းဖက်ကတော့အသံတိတ်နေတယ်။ဒီရက်ပိုင်းကြားရသိရတာတွေကတော့အားရစရာသိပ်မရှိလှဘူး။

Read moreDetails

နိုဝင်ဘာ ၂၉၊ ၂၀၂၂။ (အင်္ဂါ)

အေအေနဲ့စစ်ကောင်စီအပစ်ရပ်ပီးနောက်ပိုင်းကျန်တဲ့EAOတွေလဲခြောက်လအပစ်ရပ်မယ်လို့ကောလဟာလသတင်းတွေထွက်ပေါ်လာတယ်။ဖြစ်နိုင်ခြေနည်းပေမယ့်ဒါဟာလဲတော်လှန်ရေးအတွက်သတိထားရမယ့်အချက်တစ်ခုပဲ။အခုလောလောဆယ်မှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားKNUကလွဲလို့တိုက်ပွဲတွေငြိမ်သက်နေတယ်။အဲ့ဒီလိုသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်NUGအနေနဲ့ဘာတွေပြင်ဆင်ထားမလဲ။ကြည့်ရတာတော့ဘာမှပြင်ဆင်ထားပုံမပေါ်ဘူး။ အရှိကိုအရှိအတိုင်းသုံးသပ်ရမယ်ဆိုရင်ဖက်ဆစ်စစ်တပ်ဟာတနိုင်ငံလုံးစစ်မျက်နှာဖွင့်ထားရပေမယ့်အခုချိန်ထိအင်အားတောင့်တင်းနေတုန်းပဲ။တော်လှန်ရေးအဖွဲ့တွေကိုတိုက်စစ်မဖွင့်နိုင်တော့ပေမယ့်ခံစစ်ကိုကောင်းကောင်းတည်ဆောက်ထားနိုင်တယ်။စစ်တပ်ကိုလက်ရှိပုံစံနဲ့အပြုတ်တိုက်ဖို့ဆိုတာထင်သလောက်မလွယ်သေးဘူး။ရခိုင်ကအေအေကိစ္စမှာသိသာတယ်။ အေအေဟာစစ်တပ်အင်အားနည်းနေတယ်လို့ထင်ရတဲ့အချိန်ရခိုင်မှာစစ်မျက်နှာဖွင့်တိုက်စစ်ဆင်ခဲ့တယ်။ဒါပေမယ့်ထင်သလောက်ခရီးမပေါက်ခဲ့ဘူး။နယ်စပ်တွေမှာစစ်တပ်ရဲ့စခန်းငယ်လေးတွေကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်မောင်တောနဲ့ပလက်ဝလိုမြို့တွေကိုခြိမ်းခြောက်နိုင်တဲ့အနေအထားကိုမရောက်ခဲ့ဘူး။ရခိုင်မြောက်ပိုင်းကစစ်တပ်ရဲ့ဗျူဟာကုန်းစခန်းတွေကိုတောင်မသိမ်းပိုက်နိုင်ခဲ့ဘူး။နှစ်လခန့်မီးကုန်ယမ်းကုန်တိုက်ခိုက်ပြီးတဲ့နောက်မှာအေအေအနေနဲ့လက်နက်အင်အားအရင်းအမြစ်ကုန်ခန်းသွားတာကြောင့်အပစ်ရပ်လိုက်တာလို့ယူဆချင်စရာပဲ။စစ်တပ်ကမဆိုင်တဲ့အရပ်ဖက်ကိုပစ်မှတ်ထားတိုက်ခိုက်ပိတ်ဆို့တာတွေလဲပါမှာပေါ့။တကယ်ကရခိုင်ကအရပ်သားတွေရဲ့စစ်ဘေးဒုက္ခဟာစစ်ကိုင်းနဲ့ယှဉ်ရင်မပြောပလောက်သေးဘူး။ဒီတခေါက်တိုက်ပွဲတွေခြားထဲမှာရခိုင်ကရွာတွေမီးတိုက်မခံရသေးဘူး။ဒါကြောင့်အေအေအနေနဲ့အပစ်ရပ်လိုက်တာဟာစစ်တပ်ကိုရင်ဆိုင်ဖို့အချိန်ခါမသင့်သေးဘူးလို့ယူဆထားလို့ဖြစ်နိုင်တယ်။  

Read moreDetails

နိုဝင်ဘာ ၂၈၊ ၂၀၂၂။ (တနင်္လာ)

စစ်ကောင်စီနဲ့အပစ်ရပ်ကြောင်းအေအေဖက်ကလဲတရားဝင်ကြေငြာသွားပြီ။အရင်တခေါက်ကအတိုင်းဂျပန်နိပွန်ဖောင်ဒေးရှင်းကဆာဆာကာဝါကပဲကြားဝင်ပွဲစားလုပ်ပေးသွားတာပါ။အပစ်ရပ်တယ်ဆိုပေမယ့်လဲနှစ်ဖက်လုံးကတပ်တွေရောက်တဲ့နေရာမှာရပ်ထားပြီးစစ်ဆက်မတိုက်တော့တဲ့သဘောပဲ။နှစ်ဖက်ခိုင်မာတဲ့သဘောတူညီချက်ဘာတစ်ခုမှမရှိဘူး။အေ‌အေဖက်ကတော့ရခိုင်ပြည်သူတွေကိုငဲ့ပြီးအပစ်ရပ်လိုက်တာလို့ပြောသွားတယ်။စစ်ကောင်စီကအေအေနဲ့ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ရခိုင်တပြည်နယ်လုံးကိုပိတ်ဆို့ထားပြီးဖြတ်လေးဖြတ်လုပ်ထားတယ်။အကျိုးဆက်အနေနဲ့ရခိုင်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်လာပြီးဆေးဝါးတွေဆိုဝယ်လို့တောင်မရတော့တဲ့အခြေအနေဖြစ်လာတယ်။ဒါကြောင့်အေအေအနေနဲ့ရခိုင်ပြည်သူတွေသက်သာအောင်အခုလိုဆုံးဖြတ်လိုက်တာလို့သိရတယ်။အခုလောလောဆယ်တော့စစ်တပ်ကရေလမ်းကြောင်းတချို့ဖွင့်ပေးလိုက်ပြီးကုန်းလမ်းတွေကိုတော့ပိတ်ဆို့ထားဆဲပဲ။ အေအေကစစ်တပ်နဲ့အပစ်ရပ်တာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအမျိုးမျိုးထွက်ပေါ်နေတယ်။အချို့ကအေအေကိုဆဲကြတယ်။တော်လှန်ရေးကိုသစ္စာဖောက်သွားပြီလို့ပြောြကတယ်။တချို့ကတော့အေအေကသူ့လမ်းသူလျှောက်နေတဲ့အတွက်သူအဆင်ပြေသလိုမီးစင်ကြည့်ကမှာပဲလို့ပြောြကတယ်။တကယ်တော့အေအေဟာNUGနဲ့ဘာမှပူးပေါင်းထားတာမဟုတ်ဘူး။ဘာသဘောတူညီချက်မှလဲမယူထားဘူး။သူ့ကံကြမ္မာသူလွတ်လပ်စွာဖန်တီးနိုင်တဲ့အတွက်သူ့ကိုဘာမှသွားပြောလို့မရဘူး။ဘာပဲဖြစ်ဖြစ်အေအေအနေနဲ့ရခိုင်မှာအပစ်ရပ်လိုက်တော့တော်လှန်ရေးအတွက်အားလျော့သွားတာပေါ့။

Read moreDetails

နိုဝင်ဘာ ၂၇၊ ၂၀၂၂။ (တနင်္ဂနွေ)

လေးနှစ်တကြိမ်ကျင်းပတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။အရင်နှစ်တွေကဆိုကမ္ဘာဖလားလှိုင်းလုံးကြီးကမြန်မာပြည်ကိုဝင့်ဆောင့်နေကျပဲ။လူတိုင်းဒီအကြောင်းပဲပြောကြပြီးလက်ဖက်ရည်ဆိုင်တွေမှာဘောလုံးပွဲကြည့်တဲ့သူတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ဒီနှစ်တော့လူတွေဟာစားဝတ်နေရေးအတွက်ရုန်းကန်နေရလို့ပြိုင်ပွဲရှိမှန်းတောင်သတိမထားမိကြတော့ဘူး။ဘောလုံးပွဲရှိတဲ့အချိန်တွေကညမထွက်ရအမိန့်နဲ့အချိန်ကိုက်နေလို့အရင်လိုလက်ဖက်ရည်ဆိုင်တွေမှာလွတ်လွတ်လပ်လပ်ကြည့်လို့အဆင်မပြေတော့ဘူး။အိမ်မှာပဲကြည့်ဖို့ကလဲမီးတွေကပျက်နေသေးတယ်။ဒါကမြို့ပေါ်ကအခြေအနေတွေဖြစ်ပြီးရွာတွေဖက်ဆိုရင်စစ်ဘေးရှောင်နေရလို့ဘောလုံးပွဲဆိုတာဘာမှန်းတောင်မသိကြတော့ဘူး။လာမယ့်လဆိုရင်မြန်မာ့လက်ရွှေးစင်အသင်းကန်ရမယ့်အာဆီယံပြိုင်ပွဲတွေရှိသေးတယ်။ဒီအချိန်မှာတော့ပြည်သူတွေလဲစစ်ကောင်စီလက်အောက်ခံလက်ရွှေးစင်ဘောလုံးအသင်းကိုသပိတ်မှောက်ထားကြတယ်။အားပေးဖို့နေနေသာသာပွဲရှိမှန်းတောင်မသိကြတော့ဘူး။  

Read moreDetails

နိုဝင်ဘာ ၂၆၊ ၂၀၂၂။ (စနေ)

အေအေနဲ့အပစ်ရပ်လိုက်ကြောင်းစစ်ကောင်စီကဘီဘီစီကိုပြောသွားတယ်။အေအေဘက်တော့ဘာမှတုန့်ပြန်မှုမရှိသေးဘူး။ပလက်ဝနဲ့မောင်တောမြောက်ပိုင်းမှာတော့တိုက်ပွဲတွေဒီရက်ပိုင်းမရှိတော့ဘူးလို့ကြားတယ်။စစ်တပ်ဖက်ကရွာတွေကိုလဲလက်နက်ကြီးတွေနဲ့မပစ်တော့ဘူးတဲ့။တကယ်သာအေအေနဲ့စစ်ကောင်စီအပစ်ရပ်လိုက်ရင်တော်လှန်ရေးအတွက်ကြီးမားတဲ့နစ်နာမှုပဲ။အေအေဟာNUGနဲ့ပူးပေါင်းမှုမရှိပေမယ့်ရခိုင်မှာစစ်မျက်နှာတစ်ခုဖော်ဆောင်ပေးထားပြီးစစ်တပ်ကိုခေါင်းခဲစေတယ်။အခုရခိုင်မှာစစ်ပွဲတွေရပ်သွားရင်စစ်ကောင်စီဟာပြည်မနဲ့တခြားနယ်တွေကိုပိုဖိလာလိမ့်မယ်။ဘာလို့အပစ်ရပ်တာလဲ၊စစ်တပ်နဲ့အေအေအကြားဘာသဘောတူညီချက်တွေရသွားတာလဲဆိုတာကတော့နောက်ရက်တွေမှာသိရမှာပေါ့။  

Read moreDetails

နိုဝင်ဘာ ၂၅၊ ၂၀၂၂။ (သောကြာ)

ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီတပ်ရဲ့ ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊အင်း တိုင်အခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် ( တမခ ၁၁) လက်အောက်ခံတပ်ရင်းတချို့ ထပ်မံဝင် ရောက်လာတယ်။ ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ ၅...

Read moreDetails

နိုဝင်ဘာ ၂၄၊ ၂၀၂၂။ (ကြာသပတေး)

ရန်ကုန်သင်္ဃန်းကျွန်းမြို့နယ်မှာအငြိမ်းစားဗိုလ်မှုးကြီးတစ်ဦးပစ်သတ်ခံလိုက်ရပြန်ပြီ။ဒါမျိုးပြီးခဲ့တဲ့လတွေကတစ်ခုဖြစ်ဖူးသေးတယ်။အငြိမ်းစားစစ်တပ်အရာရှိတွေဟာငြိမ်ငြိမ်မနေပဲစစ်တပ်ကိုသတင်းပေးအားပေးကူညီနေတာကြောင့်တော်လှန်ရေးအဖွဲ့တွေကရှင်းလင်းရတာလို့ပြောထားတယ်။ မနေ့ကလဲရန်ကုန်မြို့ပြင်အမှတ်လမ်းမပေါ်ကစစ်တပ်စစ်ဆေးရေးဂိတ်ကိုအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်လို့စစ်သားလေးယောက်သေဆုံးခဲ့တယ်။ထိုဂိတ်တွေဟာလမ်းမကြီးပေါ်မှာသွားလာနေတဲ့ပြည်သူတွေကိုနည်းလမ်းပေါင်းစုံနဲ့ငွေညစ်နေတဲ့ဂိတ်တွေပဲ။ဘာပဲဖြစ်ဖြစ်ရန်ကုန်ကUG တွေအခက်အခဲတွေကြားက ရသလောက်လှုပ်ရှားနေတာသိရတော့ကျေနပ်မိတယ်။  

Read moreDetails
Page 100 of 167 1 99 100 101 167

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist