ချင်းပြည်နယ်၊ထန်တလန်မြို့ရဲစခန်းကိုတော်လှန်ရေးအဖွဲ့တွေကစီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်သားနဲ့ရဲအင်အားလေးဆယ်ခန့်တပ်စွဲထားတဲ့ထိုရဲစခန်းကိုမနေ့ညကစီးနင်းတိုက်ခိုက်ခဲ့ရာမှာရဲလေးယောက်သေဆုံးပြီးလက်နက်လေးဆယ်ကျော်ရရှိလိုက်တယ်။ကျန်တဲ့စစ်သူပုန်တွေကတော့မြို့ထဲမှာကျန်နေတဲ့တစ်ခုထဲသောစစ်တပ်ကုန်းကိုထွက်ပြေးသွားတယ်။ရဲစခန်းကိုစီးနင်းနေချိန်မှာထိုစစ်တပ်ကုန်းဘက်မှပစ်ကူစစ်ကူပေးမှုမရှိဘူးလို့သိရတယ်။စစ်တပ်ရဲ့အခြေအနေကတမြို့ထဲမှာတောင်စစ်ကူမပေးနိုင်တော့ဘူး။ထန်တလန်မှာလဲတမြို့လုံးကိုတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားပြီးအဆိုပါစစ်တပ်ကုန်းတစ်ခုသာသိမ်းယူနိုင်ဖို့ကျန်တော့တယ်။ ထန်တလန်မြို့ဆိုတာ၂၀၂၁နဲ့၂၀၂၂ခုနှစ်တွေအတွင်းမှာဖက်ဆစ်စစ်တပ်ရဲ့အကြိမ်ကြိမ်မီးရှို့ခြင်းကိုခံရတဲ့မြို့လေးပါ။အခုဆိုရင်တမြို့လုံးလူမနေတော့သလိုရစရာလဲဘာမှမရှိတော့ဘူး။အဆုံးစွန်ခိုးယူလုယက်ဖျက်စီးပြီးတာတောင်စစ်တပ်ဟာမြို့ကိုမဆုတ်ခွာသေးပဲနေရာယူထားဆဲပါပဲ။
Read moreDetailsရှမ်းကယားနယ်စပ်မိုးဗြဲမြို့နယ်မှာဒီနေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်။မိုးဗြဲကိုလောလောဆယ်မှာစစ်ကောင်စီတပ်တွေထိန်းချုပ်ထားတယ်။အခုလဲစစ်ကောင်စီတပ်တွေလွိုင်ကော်ဖက်ကနေအင်အားထပ်ဖြည့်ထားသေးတယ်။ကယားပြည်နယ်တစ်ခုလုံးနီးပါးကိုစစ်ကောင်စီကမကြာသေးမှီကစစ်အုပ်ချုပ်ရေးကြေငြာခဲ့ပေမယ့်မိုးဗြဲမြို့နယ်တော့မပါသေးပါဘူး။ ထို့အတူကရင်ပြည်နယ်ဝေါလေလမ်းပိုင်းမှာလဲစစ်ရေးတင်းမာမှုတွေပြန်လည်ရှိလာတယ်။နှစ်ဖက်စလုံးကနယ်မြေစိုးမိုးနိုင်ဖို့အရင်ကတည်းကကြိုးစားနေပြီးအခုဆိုရင်ဝေါလေလမ်းမကိုပိတ်ထားလိုက်ပြီ။ထိုဒေသမှာလဲတိုက်ပွဲတွေပြန်ဖြစ်လာမယ့်ပုံပဲ။
Read moreDetailsမြန်မာနိုင်ငံတဝန်းစစ်တပ်သိမ်းပြီး၂နှစ်ကျော်ကာလအတွင်းကျမ်းမာရေးဝန်ထမ်းအယောက်၇၀၀လောက်သတ်ဖြတ်ခံထားရတယ်လို့NUGကထုတ်ပြန်လိုက်တယ်။အယောက်၉၀၀လောက်ဖမ်းဆီးခံထားရတယ်။စစ်အုပ်စုဟာကျမ်းမာရေးနဲ့ပတ်သက်တဲ့အဆောက်အုံများစွာကိုလဲဖျက်စီးထားသေးတယ်။ ကျမ်းမာရေးဝန်ထမ်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီကိုအရေအတွက်အများဆုံးနဲ့CDMလုပ်ထားခဲ့တာပါ။အခုဆိုရင်စစ်ကောင်စီရဲ့ကျမ်းမာရေးစနစ်မှာလူအင်အားလုံလောက်မှုရှိမနေဘူး။ဒါကြောင့်စစ်အုပ်စုဟာကျမ်းမာရေးဝန်ထမ်းတွေအပေါ်အငြိုးတကြီးနဲ့တုန့်ပြန်ခဲ့တယ်။CDMလုပ်ထားတဲ့ဆရာဝန်တွေကိုပြည်တွင်းမှာဆေးကုလို့မရအောင်ပိတ်ပင်ခဲ့တယ်။ပြည်ပထွက်ဖို့ကိုလဲပတ်စပို့စ်ပြုလုပ်ခွင့်မပေးဘူး။CDMဆရာဝန်တွေကိုအလုပ်ခန့်ထားပြီးထောက်ပံပေးတဲ့မန္တလေးကပုဂ္ဂလိကဆေးရုံကြီးတွေဆိုဟိုတလောကယာယီပိတ်သိမ်းခံလိုက်ရသေးတယ်။ နယ်တွေမှာလဲစစ်အုပ်စုဟာသူတို့အုပ်ချုပ်မှုအောက်မှာမရှိတဲ့ဆေးရုံဆေးခန်းတွေကိုစစ်ကြောင်းထိုးရင်းဒါမှမဟုတ်လေကြောင်းကဗုံးကြဲပြီးဖျက်စီးနေကြတယ်။မြို့ကြီးတွေမှာလဲစစ်ကောင်စီရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာဟိုးအောက်ဆုံးရောက်နေပြီ။၂၀၂၁ကိုဗစ်တတိယလှိုင်းမှာပြည်သူအများအပြားသေဆုံးခဲ့ကြရတယ်။
Read moreDetailsစစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာထဲ မတ်(၁)ရက်မှာ စီးနင်းဝင်မွှေ သောင်းကျန်းတဲ့ စစ်အုပ်စုဟာ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီးနောက် လမ်းတဝက်မှာ သတ်ဖြတ်ထားခဲ့တဲ့ပါတယ်။ လက်ရှိအချိန်ထိ စုစုပေါင်း အလောင်း (၁၇)လောင်း တွေ့ထားတယ်။ စစ်အုပ်စုဟာ...
Read moreDetailsအိမ်နီးချင်းအိန္ဒိယနိုင်ငံဟာမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းတွေဆက်လက်ရောင်းချနေတယ်။မြန်မာ့အရေးမှာစစ်ကောင်စီကိုထောက်ခံနေတဲ့နိုင်ငံတွေထဲမှာတရုတ်ကိုသာလူသိများကြပေမယ့်အိန္ဒိယကတော့နောက်ကွယ်ကနေလူမသိသူမသိစစ်ကောင်စီကိုထောက်ပံလျက်ရှိတယ်။အိန္ဒိယကထောက်ပံထားတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့မြန်မာစစ်တပ်ဟာပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်လျက်ရှိတယ်။ဒါအချက်ကိုအတော်များများသတိမထားမိကြဘူး။နယ်စပ်ကစစ်ဘေးရှောင်မြန်မာဒက္ခသည်တွေကိုလဲတရားဝင်ခုံလှုံခွင့်ပေးမထားဘူး။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေးစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အိန္ဒိယရဲ့လုပ်ရပ်တွေဟာမြန်မာပြည်သူတွေအပေါ်နောက်ကျောကနေဓားနဲ့ထိုးနေတာပဲ။
Read moreDetailsသုံးလနီးပါးပိတ်ထားခဲ့တဲ့နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကပြန်ဖွင့်ပေးလိုက်တယ်။အွန်လိုင်းမှတဆင့်လျှောက်ထားမှုကိုရန်ကုန်မြို့မှာပဲဆက်လက်ကျင့်သုံးနေပြီးနယ်ရုံးခွဲတွေမှာတော့ပုံမှန်အတိုင်းပဲတဲ့။နယ်မြို့တွေမှာသိပ်မသိသာပေမယ့်ရန်ကုန်ပတ်စပို့ရုံးမှာတောQRလျှောက်ဖို့Websiteထဲတောင်ဝင်မရဘူး။QRလျှောက်ထားမှုကိုလဲတစ်ရက်သာဖွင့်ပေးပြီးအခုအချိန်ထိဆက်လက်ပိတ်ထားတယ်။ပထမဆုံးတစ်ရက်နဲ့တင်QRရရှိသူငါးသောင်းတယ်လို့Websiteမှာကြေငြာထားတယ်။ဒီနှုန်းကိုအချိုးချကြည့်လိုက်ရင်တနိုင်ငံလုံးလူအကုန်ပတ်စပို့လုပ်ပြီးပြည်ပကိုထွက်ကြမလားပဲ။မန္တလေးရုံးမှာဆိုရင်လည်းဘိုကင်တွေဟာဒီနှစ်ကုန်ထိပြည့်နေပြီး၂၀၂၄ထဲတောင်ရောက်နေပြီ။တိုင်းပြည်ဟာစစ်အာဏာရှင်လက်အောက်ရောက်နေတော့လူတွေလဲပြည်ပထွက်ဖို့ပဲအသည်းအသန်ကြိုးစားနေကြတယ်။
Read moreDetailsရခိုင်မှာလိုပဲချင်းပြည်နယ်မှာလဲကုန်စည်တင်ပို့မှုကိုစစ်ကောင်စီကပိတ်ပင်ထားတာကြောင့်အခြေခံစားကုန်တွေစျေးနှုန်းမြင့်တက်နေတယ်။မတူပီမြို့မှာဆိုဆန်ပြတ်လတ်တဲ့အခြေအနေအထိဖြစ်နေပြီ။ပြည်မကတင်သွင်းလာတဲ့ဆန်နဲ့စားသောက်ကုန်တွေကိုစစ်ကောင်စီတပ်တွေကဓားမြဆန်ဆန်အတင်းအဓ္ဓမသိမ်းယူနေတယ်။ကယားပြည်နယ်မှာလဲအလားတူပါပဲ။စစ်ရှောင်တွေရိက္ခာပြတ်လတ်နေကြပြီ။ ရခိုင်ပြည်နယ်ကိုမှာအေအေရှိနေတယ်။ချင်းနဲ့ကယားမှာလဲသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေကနယ်မြေထိန်းချုပ်ထားတယ်။ဒါပေမယ့်ထိုဒေသတွေအားလုံးဟာနယ်စပ်ထွက်ပေါက်ပြောပလောက်အောက်မရှိပဲကုန်စည်စီးဆင်းမှုအတွက်ပြည်မကိုမှီခိုနေရတယ်။ဒါကြောင့်စစ်ကောင်စွဟာထိုဒေသတွေကပြည်သူတွေဒုက္ခရောက်အောင်တည်းအမျိုးမျိုးနဲ့ယုတ်မာနေတယ်။
Read moreDetailsမနှစ်ကနှစ်ကုန်ပိုင်းလောက်မှာရခိုင်မှာအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းအခုချိန်ထိဆေးဝါးသယ်ယူခွင့်ပိတ်ပင်ခံထားရတယ်။အခုအချိန်မှာအေအေနဲ့အပစ်ရပ်ပြီးတိုက်ပွဲတွေငြိမ်သက်နေလို့ကုန်စည်အတော်များများကိုသယ်ယူရောင်းဝယ်ခွင့်ပေးလိုက်ပေမယ့်အရေးကြီးတဲ့ဆေးဝါးတွေကိုတော့သယ်ယူခွင့်မရဖြစ်နေတယ်။ဆေးဝါးသယ်ချင်ရင်စစ်ကောင်စီဝန်ကြီးထံစာတင်ပြီးခွင့်ပြုချက်ယူနေရတယ်။ ဒီရက်ပိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုရောက်လာပြီးတပ်ထဲမှာတွေ့ဆုံပွဲတွေလုပ်နေတယ်။ဒါကိုအေအေကသတိထားစောင့်ကြည့်နေတယ်။မင်းအောင်လှိုင်ရခိုင်ကိုရောက်လာတာဟာပိတ်ဆို့မှုတွေခံနေရတဲ့ရခိုင်ပြည်သူတွေအတွက်အကျိုးတစ်စုံတစ်ရာမဖြစ်ထွန်းလာရင်တော့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနိုင်တယ်လို့အေအေကပြောထားတယ်။
Read moreDetailsစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတနိုင်ငံလုံးမှာဒီနှစ်ထဲပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမယ်လို့မနေ့ကပြောသွားတယ်။ဒါဟာသူတို့ပြုလုပ်မယ့်ရွှေးကောက်ပွဲမလုပ်ချင်တော့လို့ဒါမှမဟုတ်လုပ်လို့မရတဲ့အခြေအနေမျိုးဖြစ်နေလို့ရွှေးကောက်ပွဲကိုရွှေ့ဆိုင်းဖို့အကြောင်းပြချက်ရှာစကားဟလိုက်တာပဲ။ပြီးခဲ့တဲ့လကရွှေးကောက်ပွဲအတွက်လူဦးရေစာရင်းကောက်ယူမယ့်လုပ်ငန်းစဉ်တွေကိုစတင်ခဲ့ပေမယ့်ပြင်းထန်တဲ့ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ရွှေးကောက်ပွဲလုပ်ဖို့အခြေအနေမကောင်းတာကြောင့်အကြောင်းပြချက်တစ်ခုရှာဖို့လိုနေပြီလေ။သူတို့ကောက်မယ့်သန်းခေါင်းစာရင်းဆိုတာလဲရွှေးကောက်ပွဲလိုပဲဖြစ်နိုင်မှာမဟုတ်ဘူး။နိုင်ငံတဝက်လောက်ကိုမထိန်းချုပ်နိုင်ပဲနဲ့သန်းခေါင်စာရင်းလဲကောက်လို့မရနိုင်ဘူး။ဒါဟာနိုင်ငံတကာကိုလိမ်ညာဖို့ကြိုးစားနေတာပဲ။
Read moreDetailsUSရဲ့မြန်မာနိုင်ငံဆိုင်ရာBurmaActဥပဒေဟာမကြာမီမှာအသက်ဝင်လာမယ့်သဘောရှိတယ်။ဒီအချက်ကြောင့်ပဲတရုတ်ဟာသူ့နယ်စပ်တလျောက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်တိုက်တွေ့ဆုံနေတယ်။ဘာလို့လဲဆိုတော့BurmaActထဲမှာEAOတွေကိုအကူအညီပေးဖို့ပါနေတယ်။ထိုအကူအညီတွေဟာတရုတ်ဩဇာခံEAOတွေလက်ထဲရောက်လာမှာကိုတရုတ်ကမလိုလားဘူး။ဒါကိုသတိကြီးကြီးနဲ့စောင့်ကြည့်နေတယ်။ဖြစ်နိုင်တာကတော့တရုတ်ဟာသူ့ဩဇာခံEAOတွေကိုမက်လုံးတချို့ပေးလာနိုင်တယ်။သဘောတူညီချက်တွေယူလာနိုင်တယ်။ထိုသဘောတူညီချက်တွေမှာတော်လှန်ရေးအတွက်ထိခိုက်ပါမပါတော့မသိသေးဘူး။ဥပမာစစ်ကောင်စီနဲ့တိုက်ပွဲတွေမဖော်ဆောင်ဖို့ပေါ့။ဒါကြောင့်တရုတ်ရဲ့ခြေလှမ်းတွေကိုသတိထားစောင့်ကြည့်ဖို့လိုနေပြီ။
Read moreDetailsYou can copy without credits to our site. We Need Freedom.