Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဇွန် ၂၉၊ ၂၀၂၃။ (ကြာသပတေး)

July 11, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားကို KNLA ပူးပေါင်းအဖွဲ့ကပြီးခဲ့တဲ့ရက်ကမိုင်းခွဲဖျက်စီးခဲ့တယ်။ထိုကျုံအိတ်တံတားမှာ ရန်ကုန်-မော်လမြိုင်-မြဝတီ၊ ရန်ကုန်-မော်လမြိုင်-ထားဝယ် စသည့် ကုန်သွယ်ရေးအရအရေးပါတဲ့လမ်းပေါ်တွင်ရှိနေပြီး စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ဖျက်ဆီး ခဲ့ခြင်းဖြစ်တယ်။

ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက် လာရောက် စစ်ဆေးသည့် စစ်ကောင်စီလက်အောက်ခံ သထုံခရိုင်မှူး၊သထုံမြို့နယ်အုပ်ချုပ်ရေးမှူး၊သထုံခရိုင်ရဲမှူး၊သထုံခရိုင်လမ်းဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များအပါဝင် စစ်ကောင်စီတပ်ဖွဲ့များကိုKNLAပူးပေါင်းအဖွဲ့ကဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ ခြောက် ဦးသေဆုံးပြီး ၂၆ ဦးဝန်းကျင်ဒဏ်ရာရရှိသွားတယ်။တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူ ခြောက် ဦးမှာ ခရိုင်လမ်းဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှဝန်ထမ်း နှစ်ဦး၊ တံတားဦးရပ်ကျေးအုပ်ချုပ် ရေးမှူးတစ်ဦး၊ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးနှင့်ရဲတပ်သားတစ်ဦးတို့ဖြစ်ကြောင်းသိရတယ်။ထိုနေရာတွေဟာအရင်တုန်းကအေးအေးချမ်းချမ်းသွားလာလို့ရတဲ့နေရာတွေပါ။စစ်ကောင်စီအဖွဲ့တွေကလက်ရှိနယ်မြေအခြေအနေကိုသတိမမူမိပဲလုံခြုံရေးပေါ့လျော့ခဲ့လို့အခုလိုခံလိုက်ရတာပဲ။အခုလောလောဆယ်တော့တံတားတခြမ်းကျိုးကျသွားတခြမ်းသာသွားလာလို့ရတော့တယ်။

စစ်ဟာမြန်မာပြည်အောက်ပိုင်းကအဓိကအဝေးပြေးလမ်းမကြီးပေါ်ကိုရောက်ရှိလို့လာပါပြီ။

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၀၂၊ ၂၀၂၅။ (တနင်္ဂနွေ)

November 2, 2025

ရွေးကောက်ပွဲဝါဒဖြန့်ဗီဒီယိုနဲ့ပါဝင်သရုပ်ဆောင်သူတွေကိုပြည်သူတွေBoycottလုပ်တာအောင်မြင်နေတဲ့အတွက်စစ်​အုပ်စုကအကြီးအကျယ်ဒေါသထွက်နေပါတယ်။ရုပ်ရှင်အစည်းအရုံးကသရုပ်ဆောင်တွေကိုအစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲကန်ပိန်းတွေမှာမဖြစ်မနေပါဝင်ရမယ်လို့ဖိအားပေးလာတယ်။ဒါ့အပြင်နာမည်ကြီးသရုပ်ဆောင်တွေအားလုံးကိုအကြောင်းပြချက်ခိုင်လုံမှုမရှိပဲပြည်ပထွက်ခွင့်မပေးတော့ပါဘူး။ပြည်သူတွေရဲ့တုန့်ပြန်မှုပြင်းထန်နေတဲ့အတွက်စစ်ကော်မရှင်ဟာရုပ်ရှင်လောကတစ်ခုလုံးကိုအရှက်မရှိပတ်ရမ်းနေပါပြီ။

အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၀၁၊ ၂၀၂၅။ (စနေ)

November 1, 2025

အာဏာသိမ်းစစ်အုပ်စုတက်ခွင့်မရတဲ့အာဆီယံထိပ်သီးအစည်းအဝေးကတော့ပြီးဆုံးသွားပါပြီ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်ရောက်ခဲ့ပေမယ့်အစည်းအဝေးမှာမြန်မာနိုင်ငံအကြောင်းတစ်လုံးမှထည့်မပြောသွားပါဘူး။စစ်အုပ်စုကန့်ကွက်ခဲ့တဲ့အရှေ့တီမောနိုင်ငံလဲအာဆီယံအဖွဲ့ဝင်ဖြစ်သွားပါပြီ။အဖွဲ့ဝင်နိုင်ငံတွေသဘောထားကွဲလွဲနေတာကြောင့်စစ်အုပ်စု​ကျင်းပမယ့်အတုအယောင်ရွေးကောက်ပွဲကိုအာဆီယံကိုယ်စားပြုစောင့်ကြည့်ရေးကိုယ်စားလှယ်စေလွတ်တော့မှာမဟုတ်ပါဘူး။ကိုယ်စားလှယ်စေလွတ်ဖို့တနိုင်ငံချင်းစီသာကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ကြမှာဖြစ်တယ်။နောက်နှစ်အတွက်အာဆီယံဥက္ကဌနေရာအလှည့်ကျသူကတော့ဖိလစ်ပိုင်နိုင်ငံပါ။

အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၃၁၊ ၂၀၂၅။ (ကြာသပတေး)

October 31, 2025

ရခိုင်ပြည်နယ်ကAAသိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကော်မရှင်ကဆက်တိုက်ဗုံးကြဲနေပါတယ်။ဗုံးကြဲမှုကြောင့်ထုံးစံအတိုင်းအရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်။ဒါဟာရှမ်းမြောက်ကအင်အားကြီးEAOနှစ်ဖွဲ့စစ်ကော်မရှင်နဲ့အပစ်ရပ်လိုက်တဲ့ရလဒ်တွေပါ။ရှမ်းမြောက်မှာအပစ်ရပ်လိုက်တဲ့အတွက်စစ်ကော်မရှင်ဟာထိုဒေသတွေကိုဗုံးကြဲလို့မရတော့ပါဘူး။ဒါ့ကြောင့်တခြားတော်လှန်ရေးအင်အားစုတွေရဲ့ထိန်းချုပ်ဒေသတွေကိုပိုမိုဗုံးကြဲလာတော့မှာပါ။ ရှမ်းမြောက်ကMNDAAနဲ့TLNAတို့စစ်ကော်မရှင်နဲ့အပစ်ရပ်လိုက်တာဟာတော်လှန်ရေးမှာသက်ရောက်အားကြီးပါတယ်။စစ်ကော်မရှင်ဟာထိုဒေသတွေမှာတပ်အင်အားအများအပြားသုံးစရာမလိုတော့ပါဘူး။ဒါ့ကြောင့်ထိုအင်အားတွေကိုတိုက်ပွဲတွေပြင်းထန်နေတဲ့အခြားဒေသတွေကိုရွေ့ပြောင်းအသုံးပြုလာတော့မှာပါ။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English