မွန်ပြည်နယ်၊ကျိုက်ထိုမြို့ကရွာပေါင်း၂၅ရွာအသုံးပြုနေတဲ့ရွာချင်းဆက်အကြမ်းဖက်စစ်တပ်ကဖျက်စီးသွားတယ်။ဒီတခေါက်ဖျက်စီးတာငါးခေါက်မြောက်ဖြစ်ပြီးညပိုင်းမှာအင်အား၆၀ခန့်နဲ့လာရောက်ဖျက်စီးသွားတာဖြစ်တယ်။မြို့ကိုနှစ်ခြမ်းခွဲချင်တဲ့ရည်ရွယ်ချက်နဲ့ဖျက်စီးသွားတာလို့ဒေသခံတွေကပြောကြတယ်။ဟိုအရင်ရက်ကလဲကော့ကရိတ်မြို့အဝင်လမ်းတွေကိုဖျက်စီးသွားသေးတယ်။ ဒါကိုကြည့်မယ်ဆိုရင်စစ်တပ်ဟာသူတို့ဆီလာမယ့်လမ်းတွေကိုပါဖျက်စီးပြီးခံစစ်ပြင်နေရပြီ။ဒါမျိုးကိုအရင်ကအင်အားနည်းတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာစစ်တပ်လာတိုက်မှာကြောက်လို့လုပ်ခဲ့ကြပေမယ့်အခုစစ်တပ်ကိုယ်တိုင်ကဒီလိုပုံစံမျိုးပြန်လုပ်နေရပြီဆိုတော့သူတို့အင်အားနည်းတာပိုမိုပေါ်လွင်လာပြီဖြစ်တယ်။
Read moreDetailsမန္တလေးတိုင်း မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးကို မနေ့က ညနေပိုင်း ကစပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်တပ်က သီးခြားခေါ်ထုတ်ပြီးသွားပြီးနောက် အဲဒီလူတွေကို ပြန်လွှတ်ပေးဖို့ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက မေလ ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းကစလို့ အစာငတ်ခံ...
Read moreDetailsပြီးခဲ့တဲ့ မေ(၁၄)နဲ့(၁၅)ရက်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် (၁၀)မြို့နယ်ကျော်မှာ ထောင်သောင်းချီတဲ့ စိုက်ပျိုးသီးနှံတွေ ရေနစ်မြုပ် ပျက်စီးခဲ့ပြီး နေအိမ်တွေထဲ ရေဝင်လို့ ရိတ်သိမ်း သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံနဲ့ စားနပ်ရိက္ခာတွေပါ ပျက်စီးဆုံးရှုံးမှု ကြုံခဲ့ရတယ်။ မုန်တိုင်းတိုက်ခတ်ပြီး...
Read moreDetailsမန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေ ဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံနဲ့ ကံကော်ဆေးရုံတွေကို စစ်အုပ်စုက အာဏာပြပြီး လေးလကြာ ယာယီ ပိတ်သိမ်း ခိုင်းထားရာက လက်ရှိမှာ ဆေးရုံ လုပ်ငန်းလိုင်စင်ပါ ပယ်ဖျက်လိုက်ပါပြီ။စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ CDM...
Read moreDetailsကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိမြို့အဝင်အထွက်လမ်းတချို့ကိုစစ်ကောင်စီတပ်ကမြေတူးကားနဲ့ဖျက်ဆီးသွားပါတယ်။ထိုလမ်းတွေဟာကော့ကရိတ်မြို့ကနေကျေးရွာတွေဘက်ကိုကုန်စည်စီးဆင်းမှုအတွက်ဒေသခံတွေအသုံးပြုတဲ့လမ်းတွေပါ။စစ်ကောင်စီကပြည်သူတွေဒုက္ခရောက်အောင်ရိက္ခာပြတ်အောင်ဘက်ဟိုးနဲ့ထိုးပြီးပိတ်ချလိုက်တယ်။တိုင်းပြည်ကိုကျတော့အုပ်ချုပ်ချင်တယ်။လမ်းတွေခင်းပေးမယ့်အစားကောင်းနေတဲ့လမ်းတွေကိုတောင်ဖျက်စီးပစ်တယ်။ကော့ကရိတ်မြို့ကိုတော်လှန်ရေးအဖွဲ့တွေကကောင်းကောင်းခြိမ်းခြောက်နိုင်နေတဲ့အတွက်စစ်ကောင်စီဟာကြံမိကြံရာကြံပြီးပြည်သူတွေထိခိုက်အောင်အလွဲတွေချည်းလျောက်လုပ်နေတယ်။
Read moreDetailsမြန်မာနိုင်ငံရဲ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ပုဂံက နာမည်ကျော် ဘုရား၊စေတီ၊ ပုထိုးတွေ မုန်တိုင်းကြောင့်ရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်။ ပုဂံ -ညောင်ဦးဒေသမှာ မေ(၁၃)ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လေပြင်းတွေလည်း တိုက်ခတ်ခဲ့တာကြောင့် အာနန္ဒာဘုရား ရေဝင်နစ်မြုပ်တာ၊ ဓမ္မရာဇကဘုရား အောက်ခြေအုတ်ခုံ ပြိုကျပျက်စီးတာ၊ ထီးလိုမင်းလိုဘုရားနဲ့...
Read moreDetailsထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်ကသူတို့အစိုးရဖွဲ့ပြီးရင်မြန်မာ့အရေးကိုအထူးအာရုံစိုက်မယ်လို့ပြောသွားတယ်။လူသားချင်းစာနာမှုအကူအညီပေးရေးပလက်ဖောင်းတစ်ခုဖော်ဆောင်မှာဖြစ်ပြီးအမေရိကန်ရဲ့Burma Acts ကိုအကောင်အထည်ဖော်ဖို့USအစိုးရနဲ့ပူးပေါင်းလုပ်ဆောင်မယ်။မြန်မာ့အရေးမှာသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံမယ်စသဖြင့်ပြောသွားတယ်။ဒီအတိုင်းဆိုရင်အခုလက်ရှိစစ်ကောင်စီကိုပံ့ပိုးနေတဲ့ဗိုလ်ချုပ်ကြီးဟောင်းပရာရွတ်ဦးဆောင်တဲ့အစိုးရနဲ့အတော်ကွာခြားသွားလိမ့်မယ်။လက်ရှိအနေအထားမှာထိုင်းအစိုးရအဖွဲ့အသစ်ကိုဒီမိုကရေစီအင်အားစုတွေညွန့်ပေါင်းပုံစံနဲ့ဖွဲ့နိုင်ဖို့များတယ်။သူတို့တွေအစိုးရတကယ်ဖြစ်လာရင်တော့မြန်မာပြည်အရေးအတွက်ကြီးစွာသောအထောက်အပံဖြစ်မှာသေချာတယ်။တစ်ခုပဲစိုးရိမ်စရာရှိတာကိုထိုင်းစစ်တပ်အနေနဲ့မြန်မာပြည်လိုအာဏာပြန်မသိမ်းပါစေနဲ့လို့တော့ဆုတောင်းမိတယ်။
Read moreDetailsမိုခါမုန်တိုင်းဝင်ရောက်မှုကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာဒုက္ခသည်စခန်းတွေအားလုံးနီးပါးပျက်စီးသွားပြီးဒုက္ခသည်စခန်းကရိုဟင်ဂျာလူမျိုးတွေသေဆုံးမှုတွေရှိခဲ့တယ်လို့သိရတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတောင်ရိုဟင်ဂျာ၁၄၀ဦးသေဆုံးသွားပြီးNUGကတော့လေးရာကျော်သေဆုံးတယ်လို့ပြောထားတယ်။ဘယ်လောက်ပဲသေသေဒါဟာမုန်တိုင်းကိုအကြောင်းပြုပြီးစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိသတ်ဖြတ်လိုက်တာပဲ။ဘာလို့လဲဆိုတော့မုန်တိုင်းရှိနေပေမယ့်စစ်ကောင်စီကထိုသူတွေကိုလွတ်လပ်စွာရွေ့ပြောင်းခွင့်မပေးခဲ့ဘူး။ဒုက္ခသည်စခန်းတွေကလဲအနိမ့်ပိုင်းဒေသတွေဖြစ်တဲ့အတွက်မုန်တိုင်းဒီရေဝင်ရောက်ပြီးရိုဟင်ဂျာတွေသေဆုံးကုန်တာဖြစ်တယ်။ ဒါအပြင်စစ်ကောင်စီဟာမုန်တိုင်းကာလမှာတောင်စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်။ဒေသခံတွေခင်မျာမုန်တိုင်းကိုလဲကြောက်ရ၊စစ်သူပုန်တွေရန်ကိုလဲကြောက်ရနဲ့အတော်အတိဒုက္ခရောက်နေကြတယ်။
Read moreDetailsအိမ်နီးချင်းထိုင်းနိုင်ငံမှာရွေးကောက်ပွဲတွေပြုလုပ်နေပါတယ်။အခုပြုလုပ်တဲ့ရွေးကောက်ပွဲမှာထိုင်းဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့လူငယ်တွေဦးဆောင်တဲ့Move Forward ပါတီနဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးပါတီတို့မဲအများဆုံးနဲ့အနိုင်ရရှိခဲ့တယ်။လက်ရှိထိုင်းဝန်ကြီးချုပ်ပရာရွတ်ရဲ့စစ်တပ်ကျောထောက်နောက်ခံပါတီကတော့မဲအနည်းငယ်သာရရှိခဲ့တယ်။ဒါဟာထိုင်းပြည်သူတွေအနေနဲ့မြန်မာပြည်သူတွေလိုပဲဒီမိုကရေစီကိုဘယ်လောက်လိုလားတယ်ဆိုတာပြသလိုက်တာပဲ။ထိုင်းရွေးကောက်ပွဲမှာဒီမိုကရက်စီအင်အားစုတွေအနိုင်ရသွားတဲ့အတွက်ထိုအခင်းအကျင်းဟာမြန်မာပြည်ရဲ့တော်လှန်ရေးကိုသက်ရောက်မှုရှိလာနိုင်တယ်။မြန်မာတော်လှန်ရေးအင်အားစုတွေအနေနဲ့အကောင်းဖက်ကိုမျှော်လင့်လို့ရလာနိုင်တယ်။
Read moreDetailsမိုခါဆိုင်ကလုံးမုန်တိုင်းဝင်ရောက်မှုကြောင့်စစ်တွေမြို့ရဲ့ကိုးဆယ်ရာခိုင်နှုန်းပျက်စီးသွားတယ်။လူသေဆုံးမှုတစ်ချို့ရှိပေမယ့်အတိအကျတော့မသိရသေးဘူး။မြို့ပေါ်မှာတော့အိမ်ဆောက်ပစ္စည်းဈေးတွေတဟုန်ထိုးမြင့်တက်ကုန်တယ်။ပိုက်ဆံရှိရင်တောင်ဝယ်လို့မရတော့ဘူး။ မုန်တိုင်းဟာရခိုင်ပြည်နယ်ကိုဝင်ရောက်ပြီးနောက်စစ်ကိုင်းတိုင်းဘက်ဆက်လက်ဝင်ရောက်ခဲ့တယ်။ဒါကြောင့်စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမြောက်ပိုင်းကဒေသတချို့မှာရေကြီးရေလျှံမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်။တချို့ရွာတွေမှာဆိုရင်ချောင်းရေရုတ်တရက်မြင့်တက်လာတက်အတွက်ဘေးလွတ်ရာကိုချက်ချင်းရှောင်တိမ်းနေရတယ်။ထိုဒေသတွေဟာမိုးခေါင်ရေရှားအညာဒေသတွေဖြစ်တဲ့အတွက်မုန်တိုင်းအတွေ့အကြုံမရှိကြဘူး။မိုခါမုန်တိုင်းကြောင့်အညာဒေသတွေမှာပါလူသေဆုံးမှုတွေရှိခဲ့တယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.