စစ်ကောင်စီတပ်မှစစ်ထောက်ချုပ်လိုက်ပါလာတဲ့စစ်ယာဉ်တန်းကိုတော်လှန်ရေးအဖွဲ့တွေရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။ထိုယာဉ်တန်းမှာစစ်ထောက်ချုပ်လိုက်ပါလာမယ်လို့ကြိုတင်သတင်းရရှိခဲ့တာပါ။မိုင်းဆွဲတိုက်ခိုက်မှုကြောင်းယာဉ်နှစ်စီးလုံးဝပျက်စီးသွားပြီးစစ်ကောင်စီဘက်ကထိခိုက်မှုတော့မသိရသေးပါဘူး။
ဒီလတစ်ရက်နေ့ကအမြန်လမ်းပေါ်မှာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေစတင်တော့မယ်လို့ကြေငြာပြီးနောက်ပိုင်းအပြောမဟုတ်အလုပ်နဲ့သက်သေပြသွားတာပဲ။အမြန်လမ်းပေါ်မှာများများတိုက်ခိုက်နိုင်လေစစ်ကောင်စီတပ်တွေအတွက်နယ်မြေကျဉ်းလာလေလေဖြစ်လာတော့မယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...