ကယားပြည်နယ်ဘက်မှာတော့စစ်ကောင်စီတပ်တွေဟာအင်အားဖြည့်တင်းမှုကိုအလုံးအရင်းနဲ့ပြုလုပ်နေတယ်။ မယ်စဲ့ကိုသိမ်းလိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီက တခြားကယားဒေသတွင်းက နေရာတွေမှာ ရဟတ်ယာဉ်နဲ့ရောလေယာဉ်နဲ့ပါအင်အားဖြည့်တာတွေဆက်တိုက်လုပ်နေတယ်။တော်လှန်ရေးကာလအတွင်း မြို့တစ်မြို့လုံးကို ပထမဆုံးထိန်းချုပ်နိုင်ခဲ့သည့် ဖြစ်စဥ်ကြောင့် ကယားဒေသတွင်း ကျန်ရှိသော နေရာများကို ထိန်းချုပ်နိုင်ရန် သို့မဟုတ် မယ်စဲ့မြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းနေတာလို့ယူဆရတယ်။အရင်ကကယားပြည်နယ်မှာတပ်မ၅၅နဲ့၆၆သာရှိခဲ့ရာမှအခုဆိုရင်တပ်မ၄၄၊တပ်မ၉၉စတဲ့တပ်မကြီးတွေထပ်မံဝင်ရောက်လာတယ်။ဒီပုံအတိုင်းဆိုရင်နောက်အကျဆုံးဒီမိုးရာသီအကုန်မှာစစ်တပ်ဘက်ကထိုးစစ်ကြီးတွေပြန်လည်စတင်ဖို့ရှိလိမ့်မယ်။စစ်ကောင်စီကမတ်လဆန်းကတည်းကထိုးစစ်ဆင်နေပေမယ့်လဲအခုချိန်ထိအထိအခိုက်အဆုံးအရှံးတွေသာများလျက်ရှိတယ်။
ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...