အာဏာသိမ်း ဒိုင်ယာရီ

မတ် ၁၉၊ ၂၀၂၄။ (အင်္ဂါ)

‌စစ်မှုမထမ်းချင်လို့ ကိုယ့်ကိုကိုယ်သတ်သေမှုတွေ ဒေသတချို့မှာ စတင်ဖြစ်ပေါ်လာပါပြီ။ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းကျေးရွာအုပ်စု၊ ရေတွင်းချောင်ရွာတွင် စစ်မှုထမ်းရန် မဲပေါက်သည့် အမျိုးသားတဦး အဆိပ်သောက်မှုဖြစ်ပွားခဲ့တယ်။ စစ်မှုထမ်းရင်လည်း သေမယ့်အတူတူ ငါ့အိမ်မှာပဲ အဆိပ်သောက်သေမယ်ဆိုပြီး သောက်သွားတာလို့ကြားတယ်။ သူ့မှာ လေးနှစ်အရွယ် ကလေးတယောက်ကျန်ခဲ့ပါတယ်။ အလားတူ...

Read moreDetails

မတ် ၁၈၊ ၂၀၂၄။ (တနင်္လာ)

ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့မှာလဲ မြို့ကိုသိမ်းနိုင်ဖို့ စစ်ကောင်စီရဲ့ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့တယ်။ မြို့ကိုစတိုက်ကတည်းက မြို့ပေါ်ကရဲစခန်းကလက်နက်ချသွားပြီး မြို့ကိုထိန်းချုပ်ထားနိုင်နေတယ်။ မြို့ပြင်ကဗျူဟာကုန်းကိုရရှိဖို့ ဆက်လက်ကြိုးစားနေတယ်။ ဗျူဟာကုန်းကိုရရင်တော့ ဆွမ်ပရာဘွမ်မြို့ကိုရပြီလို့ပြောနိုင်တယ်။ ဆွမ်ပရာဘွမ်မြို့ဟာ မြစ်ကြီးနားပူတာအိုလမ်းပေါ်မှာတည်ရှိပြီး ထိုမြို့ကိုရရင် ကချင်ပြည်နယ်မြောက်ဖျား ရေခဲတောင်တွေရှိရာ ပူတာအိုမြို့ကိုပါ အလိုလိုဖြတ်တောက်ပြီးသားဖြစ်သွားမယ်။ ကရင်ပြည်နယ်ထဲမှာလဲ...

Read moreDetails

မတ် ၁၇၊ ၂၀၂၄။ (တနင်္ဂနွေ)

စစ်မှုထမ်းဥပဒေကြောင့်စစ်ကောင်စီလက်အောက်နယ်မြေတွေကပြည်သူတွေအတွက်အကျိုးသက်ရောက်မှုတွေရှိလာနေသလိုပဲတော်လှန်ရေးလွတ်မြောက်နယ်မြေတွေမှာလဲသက်ရောက်မှုတွေရှိလာတယ်။ဒါကတော့တနိုင်ငံလုံးကတော်လှန်ရေးအဖွဲ့တွေထံလူငယ်တွေအလုံးအရင်းနဲ့ဝင်ရောက်လာတာပဲ။စစ်ကောင်စီလက်အောက်နယ်မြေတွေကထွက်ပြေးဝင်ရောက်လာတဲ့လူငယ်တွေများပြားလွန်းလို့အကုန်လုံးကိုလက်ခံနိုင်ဖို့‌တောင်အခက်အခဲရှိနေတယ်။တော်လှန်ရေးအဖွဲ့တွေဆိုတာနဂိုကတည်းကဘဏ္ဏာရေးအခက်အခဲတွေအနည်းနဲ့အများရှိနေကြတာကြီးပဲ။ဒီလိုအခြေအနေမှာဝင်ရောက်လာသူအားလုံးကိုလက်ခံပေးဖို့ခက်ပါတယ်။လက်နက်တပ်ဆင်ပေးဖို့ဆိုတာပိုလို့‌တောင်ဝေးပါသေးတယ်။NUGလိုသက်ဆိုင်ရာနိုင်ငံရေးဦးဆောင်မှုပေးတဲ့အဖွဲ့အစည်းတွေကလဲအခုချိန်ထိဒီကိစ္စအတွက်ဘာမှမစီစဉ်ပေးနိုင်သေးပါဘူး။ဒီအချိန်မှာမှထိရောက်တဲ့တုန့်ပြန်မှုတစ်ခုခုမလုပ်နိုင်ရင်ထိုဥပဒေဟာတဖြည်းဖြည်းနဲ့ကောင်းကောင်းလည်ပတ်သွားလိမ့်မယ်။ထိုကဲ့သို့ဖြစ်လာရင်အနာဂတ်မှာတော်လှန်ရေးအတွက်အတော်အန္တရာယ်ကြီးလာလိမ့်မယ်။

Read moreDetails

မတ် ၁၆၊ ၂၀၂၄။ (စနေ)

ရန်ကုန်၊မန္တလေး၊နေပြည်တော်အပါအဝင်မြို့ကြီးတွေမှာအရပ်သားတွေစစ်ထဲဝင်ဖို့ဆင့်ခေါ်စာတွေလက်ခံရရှိနေကြပြီဖြစ်ပါတယ်။ဆင့်‌ခေါ်ခံရသူကိုကာလတိုစစ်သင်တန်းပေးမှာဖြစ်ပြီးအလှည့်ကျစနစ်နဲ့ရှေ့တန်းထွက်ရမယ်လို့ဆိုတယ်။အရင်က၆လသင်တန်းတက်ရမယ်လို့ဆိုပေမယ့်အခုတော့၃လလောက်ပဲသင်တန်းပေးမယ့်ပုံပဲ။တချို့‌ဒေသတွေမှာတော့မြို့ပေါ်မှာပဲလုံခြုံရေးယူရမယ်လို့‌ပြောနေပေမယ့်အာမခံချက်မရှိပါဘူး။ဆင့်‌ခေါ်စာရရှိပြီးနောက်စစ်တပ်ကသတ်မှတ်တဲ့နေရာကိုမလာရောက်ပဲရှောင်နေမယ်ဆိုရင်ဖမ်းဆီးမယ်လို့ခြိမ်းခြောက်ထားတယ်။ထွက်ပြေးရင်ကျန်တဲ့မိသားစုဝင်ထဲကထပ်ခေါ်မယ်တဲ့။ရပ်ကွက်တွေထဲမှာမဲနှိုက်တဲ့အဆင့်အထိရောက်နေပြီ။တချို့‌နေရာတွေဆိုဆေးစစ်တဲ့အဆင့်အထိရောက်နေပြီ။ဆေးစစ်တယ်ဆိုပေမယ့်ဟန်ပြပါပဲ။အခုတစ်ခေါက်ဆေးမအောင်လဲနောက်တစ်ခေါက်အောင်နိုင်တယ်လေ။စစ်မှုထမ်းဖို့မဲနှိုက်ရတဲ့ရပ်ကွက်တွေမှာတော့အထိတ်တလန့်ဖြစ်နေကြတယ်။ ထိုအခြေအနေတွေကြောင့်ရန်ကုန်တိုင်းအတွင်းရပ်ကွက်တချို့မှာစစ်မှုထမ်းဖို့မဲနှိုက်ရာမှာမဲပေါက်လို့စစ်မှုမထမ်းလိုသူတွေအနေနဲ့သက်ဆိုင်ရာရပ်ကွက်ရုံးကိုသိန်းဆယ်ချီပေးပြီးလွတ်အောင်လုပ်နေကြတာတွေရှိလာတယ်။စစ်မှုမထမ်းလိုရင်ကျပ်သိန်း၅၀လောက်အထိပေးဖို့ဈေးခေါ်တာတွေရှိလာတယ်။ရပ်ကွက်တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့။ဒါ့‌ကြောင့်ဒီဥပဒေဟာစစ်ကောင်စီဘက်တော်သားအောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေအတွက်ငွေရှာ‌ပေါက်တစ်ခုဖြစ်လာတာကြောင့်သူတို့တွေကလဲပျော်ပျော်ကြီးလူသစ်စုဆောင်းနေကြတာပေါ့။

Read moreDetails

မတ် ၁၅၊ ၂၀၂၄။ (သောကြာ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ကို မတ်(၂)ရက်ကနေ (၁၂)ရက်အထိ ယင်းမာပင်ခရိုင် တပ်ပေါင်းစုက မြို့သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်အုပ်စု (၄၇)ယောက် သေပြီး တော်လှန်ရေး ရဲဘော် (၁၁)ဦး ကျဆုံးခဲ့ပါတယ်။ ကနီမြို့ ရဲစခန်း၊ ထွေအုပ်ရုံး၊...

Read moreDetails

မတ် ၁၄၊ ၂၀၂၄။ (ကြာသပတေး)

ကချင်ပြည်နယ်KIAဌာနချုပ်လိုင်ဇာမြို့အနီးရှိတောင်ကုန်းတွေမှစစ်ကောင်စီတပ်စခန်းအားလုံးကိုKIAကတိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပါပြီ။မတ်လ၇ရက်နေ့ကစခဲ့စစ်ဆင်ရေးတပတ်ကြာတဲ့အချိန်မှာလိုင်ဇာမြို့အနီးတောင်ကုန်းတွေပေါ်ကနေမြို့ကိုအချိန်မရွေးလက်နက်ကြီးတွေနဲ့ပစ်ပြီးခြိမ်းခြောက်နေတဲ့စစ်ကောင်စီတပ်စခန်းအားလုံးကိုဒီနေ့မှာအပီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်။ထိုစခန်းတွေဟာလွန်ခဲ့တဲ့၁၀နှစ်ကျော်ခန့်ကစစ်တပ်ဘက်ကKIAကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်ပြီးသိမ်းပိုက်ထားခဲ့တာပါ။ထိုအချိန်ကစစ်တပ်စစ်ကြောင်းတွေဟာလိုင်ဇာမြို့အနီးအထိရောက်ရှိခဲ့တယ်။အခုတော့ထိုစခန်းတွေအားလုံးကိုပြန်လည်သိမ်းပိုက်နိုင်တဲ့အတွက်လိုင်ဇာမြို့ဟာစစ်တပ်ရဲ့ခြိမ်းခြောက်မှုအောက်ကလွတ်မြောက်သွားခဲ့ပြီပေါ့။ မိုးမောက်မြို့ဘက်မှာလဲKIAရဲ့ထိုးစစ်ဆင်မှုကြောင့်စစ်ကောင်စီရဲ့ခလရ၂၃၇တပ်ရင်းတစ်ခုလုံးလက်နက်ချခဲ့တယ်။လက်နက်ချတပ်ရင်းထဲမှာလူအင်အား၂၀၀ခန့်ရှိပြီးတဝက်လောက်ကတပ်မိသားစုတွေပါဝင်နေတယ်။KIAရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်ဘယ်လိုမှဖောက်ထွက်ပြေးလို့မရနိုင်တော့ပဲလက်နက်ချခဲ့တာကြောင့်ကချင်ပြည်နယ်မှာလဲပထမဆုံးလက်နက်ချတဲ့စစ်ကောင်စီတပ်ရင်းတစ်ရင်းစတင်ထွက်ပေါ်လာခဲ့ပြီပေါ့။

Read moreDetails

မတ် ၁၃၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး တလကြာလာတဲ့အချိန် မြို့ကြီးတွေမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်တဲ့ အသက်အရွယ်ရှိသူတွေကို စတင် စာရင်း ကောက်ယူနေပါပြီ။ အသက်၁၈နှစ်မှ ၃၅နှစ်အတွင်း အမျိုးသားများကို ဦးစားပေး စာရင်း ကောက်နေခြင်းဖြစ်တယ်။ ရန်ကုန်မှာတော့...

Read moreDetails

မတ် ၁၂၊ ၂၀၂၄။ (အင်္ဂါ)

မြို့တော်စစ်တွေမှာလဲ ပုဏ္ဏာကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ တဖြည်းဖြည်းနီးကပ်လာလို့ ဒေသခံတွေမြို့ကို စွန့်ခွာထွက်ပြေးနေကြတယ်။ AAက ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် အခုရက်ပိုင်းတွေမှာ မြို့ကိုစွန့်ခွာသူတွေများလာတာပါ။ ဒေသခံအများစုဟာ ရက္ခိုင့်တပ်တော်...

Read moreDetails

မတ် ၁၁၊ ၂၀၂၄။ (တနင်္လာ)

ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့ကို အေအေကသိမ်းပိုက်နိုင်လိုက်ပါပြီ။ ရမ်းဗြဲမြို့ သိမ်တောင်ဘုရားတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရမ်းဗြဲမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်လိုက်တာလို့သိရတယ်။ ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ...

Read moreDetails

မတ် ၁၀၊ ၂၀၂၄။ (တနင်္ဂနွေ)

KIAဟာကချင်ပြည်နယ်အတွင်းမှာဖော်ဆောင်နေတဲ့ထိုးစစ်၃ရက်မြောက်နေ့မှာပဲစစ်ကောင်စီတပ်စခန်း၂၀ခန့်ကိုသိမ်းယူထားပါတယ်။ကချင်ပြည်နယ်ထဲကဖားကန့်၊ဝိုင်းမော်၊ဗန်းမော်စတဲ့မြို့တွေနားကတပ်စခန်းတွေကိုအဓိကထားသိမ်းယူနေတာပါ။မနေ့က KIA သိမ်းပိုက်ခဲ့သည့် စခန်းငယ်များအနက် ဝိုင်းမော်မြို့နယ် အောင်မြေသစ်ရွာအနီး တပ်စွဲထားသည့် လီဆူပြည်သူ့စစ်တပ်စခန်းလည်း ပါဝင်တယ်။ ထိုတိုက်ပွဲတွင် ဒေသတွင်းလီဆူလူမျိုးစုများအကြား အာဏာစက်ကြီးသည့် စစ်ကောင်စီသစ္စာခံ လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်း သေဆုံးခဲ့ပါတယ်။ ဦးရွှေမင်းဟာ နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ၏ လူယုံပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး အခုတော်လှန်ရေးကာလအတွင်း...

Read moreDetails
Page 40 of 159 1 39 40 41 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist