တနိုင်ငံလုံးရေဘေးကြုံနေရတာတောင် စစ်ကောင်စီဟာဗုံံးကြဲမပျက်ပါဘူး။တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့မင်းတပ်မြို့ကို မနေ့ညကဗုံးကြဲခဲ့ပါသေးတယ်။ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလဲ ရုပ်ပြကောင်းအောင်သာ လုပ်ဆောင်နေတယ်။ဒီထက်ဆိုးတာက တစ်ချို့ဒေသတွေမှာ လူမှုရေးအသင်းအဖွဲ့တွေ၊ပြည်သူတွေက တနိုင်တပိုင်ကူညီကယ်ဆယ်ရေးလုပ်နေတာတွေကို တားဆီးပိတ်ပင်လာတယ်။တောင်ငူမြို့မှာ ရေဘေးကူတဲ့အဖွဲ့တွေကိုလုံခြုံရေးအကြောင်းပြပြီး လွတ်လပ်စွာကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်နိုင်အောင် နှောက်ယှက်နေတယ်။ကရင်နီပြည်နယ်မှာဆို ရေဘေးသင့်နေတဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေထဲကို လူတွေရော၊ရိက္ခါပစ္စည်းတွေပါ လုံးဝပေးမဝင်ပါဘူး။ဒါဟာရေဘေးသင့်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာပါ။အခုကြုံနေရတဲ့ရေဘေးကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသူရာနဲ့ချီရှိနိုင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေကခန့်မှန်းထားတယ်။