စစ်ကောင်စီကိုရှမ်းမြောက်မှာ ဦးတည်တိုက်ခိုက်နေတဲ့နေတဲ့ မြောက်ပိုင်းသုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့MNDAAက ကြေညာချက်တစ်စောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။MNDAAက NUGနဲ့စစ်ရေး၊နိုင်ငံရေးပူးပေါင်းမှာမဟုတ်သလို စစ်ရေးချဲ့ထွင်တဲ့အနေနဲ့ မန္တလေးနဲ့တောင်ကြီးကို သိမ်းပိုက်မှာမဟုတ်ဘူးလို့ ကြေညာချက်ထဲပါရှိလာတယ်။ဒါ့အပြင်တရုတ်နိုင်ငံကို ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတက်ကြွစွာပါဝင်မှာဖြစ်ပေမယ့် ကိုယ့်ကိုကိုယ်ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ ကိုင်စွဲထားတယ်လို့ဆိုတယ်။ကြေညာချက်အနှစ်ချုပ်ကတော့ ဒီလောက်ပါပဲ။
စစ်ကောင်စီနဲ့တိုက်ပွဲတွေရပ်ဖို့ ညီနောင်သုံးဖွဲ့ကို တရုတ်ကဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်MNDAAရဲ့ ဒီကြေညာချက်ထွက်ပေါ်လာတာပါ။ပြီးခဲ့တဲ့လကုန်ပိုင်းကလဲ တရုတ်ဟာမြောက်ပိုင်းအဖွဲ့တစ်ခုဖြစ်တဲ့ TLNAကိုချက်ချင်းအပစ်ရပ်ဖို့ ပစ်စာဆန်ဆန်ခြိမ်းခြောက်စာတစ်စောင် ပေးပို့ခဲ့သေးတယ်။MNDAAရဲ့ဒီကြေညာချက်ကတော့ လက်ရှိမှာဖော်ဆောင်နေတဲ့ တော်လှန်စစ်ဆင်ရေးတွေကို သက်ရောက်မှုတွေအများကြီး ရှိလာနိုင်ပါတယ်။ထိုကြေညာချက်အပေါ် တုန့်ပြန်မှုကတော့ မနက်ဖြန်လောက်မှာ ထွက်ပေါ်လာပါလိမ့်မယ်။