မနေ့ကMNDAAရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေ အမျိုးမျိုးထွက်ပေါ်လာပါပြီ။MNDAAက တော်လှန်ရေးကို ကျောခိုင်းသွားပြီဆိုတာကတဖွဲ့၊ဒီလောက်ကူတိုက်ပေးနေတာတောင် တော်လှပြီဆိုတာကတဖွဲ့၊စောင့်ကြည့်ပါဦးဆိုတာက တဖွဲ့စသဖြင့် တုန့်ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာတယ်။MNDAAဟာ လားရှိုးမြို့ကိုတောင်သိမ်းပိုက်ထားနိုင်တဲ့အဖွဲ့ဖြစ်ပြီး တရုတ်ရဲ့ကြီးမားတဲ့ဖိအားကြောင့်သာ အခုလိုထုတ်ပြန်လာရတာဖြစ်တယ်။ဒီကြေညာချက်ပတ်သက်ပြီး NUGကတော့ဘာမှမှတ်ချက်မပေးလိုဘူးလို့တော့ ပြောထားတယ်။တော်လှန်ရေးရဲ့ အရှိန်အဟုန်ကတော့ လျော့ကျသွားမှာသေချာတယ်။
သြဂုတ် ၁၅၊ ၂၀၂၅။ (သောကြာ)
စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရှိမ္မကား-ကျောက်မြောင်း ဗျူဟာ လမ်းမကြီးပေါ်မှာ ရှိနေတဲ့...