ကရင်ပြည်နယ်မြောက်ဘက်ရှိဖာပွန်မြို့ကိုKNUကထိန်းချုပ်နိုင်လိုက်ပါပြီ။ဖာပွန်မြို့ဟာKNUတပ်မဟာ၅လှုပ်ရှားဒေသထဲကမြို့နယ်တစ်ခုဖြစ်တယ်။တပ်မဟာ၅ဟာလဲစစ်ကောင်စီကိုစစ်အာဏာသိမ်းကတည်းအစဉ်တစိုက်တိုက်ခိုက်နေတဲ့တပ်မဟာတစ်ခုပါ။ဖာပွန်မြို့ကိုလဲတနိုင်ငံလုံးမှာစစ်ရေးအရှိန်တွေမမြင့်တက်စဉ်ကာလကတည်းကပိတ်ဆို့ထားခဲ့တာပါ၊ဖာပွန်မြို့မှာစစ်ကောင်စီရဲ့ယန္တရားမလည်ပတ်တော့တာကြာပါပြီ။ဒီကာလမှာတော့မြို့ပတ်ဝန်းကျင်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်ပြီးမြို့ကိုထိန်းချုပ်နိုင်လိုက်တယ်။ဒါပေမယ့်တိုက်ပွဲမပြီးသေးပဲဆက်ရှိနေတုန်းပဲ။ဖာပွန်မြို့ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့ပေါ်ကုဆုတ်ခွာသွားပြီးမြို့တောင်ဘက်ရှိစစ်ဗျုဟာကုန်းမှာသွားရောက်ပူးပေါင်းနေတယ်။ကချင်ပြည်နယ်ကဆွမ်ပရာဘွမ်မြို့လိုပဲဖာပွန်မြို့အနီးရှိစစ်ဗျုဟာကုန်းကိုသိမ်းပိုက်နိုင်မှမြို့ကိုအလုံးစုံထိန်းချုပ်နိုင်လိမ့်မယ်။တောင်ပိုင်းကKNUရဲ့ဗျုဟာဟာမြောက်ပိုင်းEAOတွေလိုအင်အားအလုံးအရင်းနဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်လေ့မရှိပဲအချိန်တစ်ခုယူပြီးပိတ်ဆို့ဖြတ်တောက်တဲ့ဗျူဟာကိုကျင့်သုံးလျက်ရှိပါတယ်။
Read moreDetailsပြီးခဲ့တဲ့ရက်တွေက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ Burma Acts ဥပဒေကို လက်မှတ်ထိုးခဲ့တယ်။ ထိုဥပဒေကို အမေရိကန်ဟာ မြန်မာပြည်အတွက်ဆိုပြီး ထုတ်ပြန်ခဲ့တာ၂၀၂၂ ခုနှစ်ထဲကပါ။ ဒါကို အခုမှ သမ္မတကလက်မှတ်ရေးထိုးပြီးအတည်ဖြစ်လာတယ်။ ထိုဥပဒေထဲမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ မြန်မာပြည်စစ်အာဏာရှင်တော်လှန်ရေးအတွက်ပေးမယ့် ဒေါ်လာ ၁၃၇ သန်းပါပဲ။...
Read moreDetailsဒီနေ့ဟာ စစ်တပ်က သူတို့ဘာသာသူတို့သတ်မှတ်ထားတဲ့ တပ်မတော်နေ့ပါ။ အရင်နှစ်တွေအတိုင်း အစဉ်အလာမပြတ် စစ်ရေးပြချီတက်ပွဲကို ဒီနေ့နေပြည်တော်မှာပြုလုပ်ကြတယ်။ ဒါပေမယ့် ဒီနှစ်မှာထူးခြားတာက အရင်နှစ်တွေလို နေ့ဘက်မလုပ်ပဲ ညနေပိုင်းမှာပြုလုပ်သွားတယ်။ စစ်ကောင်စီကတော့ ရာသီဥတုအခြေအနေနဲ့ အရင်နှစ်တွေနဲ့မတူအောင် အပြောင်းအလဲလုပ်တာလို့ အကြောင်းပြတယ်။ တကယ့်အကြောင်းအရင်းအမှန်ကတော ့စစ်ရေးပြပွဲမှာသုံးဖို့တောင်မရှိတော့တဲ့...
Read moreDetailsကချင်ပြည်နယ်မှာတော့ KIAက သူ့ရဲ့စစ်ကောင်စီအပေါ်ထိုးစစ်ကို ပုံမှန်ဆင်နွဲလျက်ရှိတယ်။ ဌာနချုပ်လိုင်ဇာအနားမှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားသလို အခုဆိုရင်ဗန်းမော် မြစ်ကြီးနားကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေအားလုံး သိမ်းပိုက်ပြီးသွားပြီ။ ဆက်လက်ပြီး ဗန်းမော်မြို့နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကားလမ်းပေါ်က စခန်းတွေကို ရှင်းလင်းနေတယ်။ ဒီနေ့တရက်ထဲမှာတင် ထိုလမ်းပေါ်ကစခန်း၃ခုကို သိမ်းပိုက်ရရှိလိုက်တယ်။...
Read moreDetailsပီးခဲ့တဲ့လက ထိုင်းနိုင်ငံလွှတ်တော်မှာ ထိုင်းအတိုက်အခံအမတ်တွေ ဦးဆောင်ပီး မြန်မာ့အရေး ဆွေးနွေးကြားနာပွဲတွေပြုလုပ်ခဲ့တယ်။ ထိုပွဲမှာ NUGက ထိပ်ပိုင်းခေါင်းဆောင်တချို့လဲ တက်ရောက်ခွင့်ရခဲ့ကြတယ်။ ယေဘူယျအားဖြင့် မြန်မာပြည်သူတွေကို ကူညီဖို့ဆွေးနွေးခဲ့ကြတယ်။ ထိုပွဲရဲ့နောက်ဆက်တွဲအဖြစ် ဒီရက်ပိုင်းမှာ ထိုင်းနိုင်ငံဟာ နယ်စပ်ကနေတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီတွေ စတင်ပေးအပ်လာပါတယ်။...
Read moreDetailsအကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် အလုပ်သမားများ နယ်ပြန်ကြခြင်း၊ အလုပ်မှ ထွက်ခွာကြခြင်းများ အကြီးအကျယ် ကြုံတွေ့နေရပြီး အလုပ်သမားပြတ်လပ်မှုကြောင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ကြီးမားစွာ သက်ရောက်နေပါပြီ။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီက...
Read moreDetailsရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဘဏ်စနစ်လည်ပတ်မှု မရှိတော့တာကြောင့် ငွေသားပြတ်လပ်မှုနဲ့ ကြုံနေရတယ်။ရခိုင်ပြည်နယ်မှာ AA က သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ကိုးမြို့အထိရှိပြီး အဲဒီမြို့တွေနဲ့ စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ဘဏ်တွေနဲ့ ပုဂ္ဂလိက...
Read moreDetailsကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းပြည်နယ်ထဲရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသော မြို့ ၇ မြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီစခန်း ၆၅ ခု သိမ်းပိုက်ထားကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ကြေညာလိုက်တယ်။ဒါ့အပြင် သံလွင်မြစ် အရှေ့ခြမ်း ၊မယ်စဲ့မြို့နယ်...
Read moreDetailsစစ်မှုထမ်းဥပဒေနှင့်ပတ်သတ်ပြီး စစ်ကောင်စီအလိုကျလုပ်ဆောင်ခြင်းမပြုရန် တော်လှန်ရေးအဖွဲ့တွေရဲ့ သတိပေးချက်တွေထုတ်ပြန်လာပြီးနောက် မန္တလေးနဲ့မကွေးမှာ စစ်မှုထမ်းရန်နှိုးဆော်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ ပစ်သတ်ခံလိုက်ရတယ်။ မကွေးတိုင်း စလင်းမြို့နယ်မှာစစ်မှုထမ်းရန် အသံချဲ့စက်နဲ့ လိုက်အော်နေတဲ့ အုပ်ချုပ်ရေးမှုးတစ်ဦးပစ်သတ်ခံလိုက်ရပြီး မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာလဲ အလားတူအုပ်ချုပ်ရေးမှုးတစ်ဦး ပစ်သတ်ခံလိုက်ရတယ်။ ထိုဒေသတွေကတော်လှန်ရေးအဖွဲ့တွေက အခြားကျေးရွာတွေက...
Read moreDetailsရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့ကို အေအေကအပြီးသတ်သိမ်းပိုက်နိုင်လိုက်ပြီလို့ အေအေက ထုတ်ပြန်လိုက်ပါတယ်။ ရသေ့တောင်မှာ စစ်ကောင်စီတပ်ရင်း၃ခုရှိပြီး ထို၃ခုလုံးကို အေအေက သိမ်းပိုက်နိုင်လိုက်တဲ့အတွက် မြို့ကိုရရှိလိုက်ပါပြီ။ ထိုတပ်ရင်းစခန်းတွေက စစ်ကောင်စီတပ်သား ၂၀၀ခန့်ကတော့ စစ်သင်္ဘောတွေနဲ့ထွက်ပြေးသွားတယ်။ ရသေ့တောင်မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အတင်းအဓ္ဓမစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာအများအပြားသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဟာ...
Read moreDetailsYou can copy without credits to our site. We Need Freedom.