ရခိုင်ပြည်နယ်မှာAAက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ ကို ထိုးစစ်စတင်နေပြီဖြစ်ပါတယ်။(AA) နှင့် စစ်ကောင်စီတို့ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှာ တိုက်ပွဲပြင်းထန်နေသလို ဧရာဝတီတိုင်းနှင့် နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း တိုက်ပွဲဖြစ်နေတယ်။
အမ်းမြို့တိုက်ပွဲကို စက်တင်ဘာလ ၂၆မှာ စတာလို့သိရတယ်။အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ငါးမိုင်ခန့်အကွာ မဲတောင်ဝန်းကျင်၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေတယ်။ AAတိုက်ခိုက်နေသော စခန်းများမှာ နပခ ၏ ကာကင်းများဖြစ်ပြီး ကာကင်းနှင့် စခန်းငယ်များသိမ်းပြီးပါက နပခ ဌာနချုပ်စခန်းကို ဝင်တိုက်လိမ့်မယ်ထင်တယ်။ ဧရာဝတီတိုင်းနှင့် နယ်စပ်မြို့ဖြစ်တဲ့ ဂွမြို့နယ်ကဒေသခံတွေကတော့ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတမြို့များသို့ တိမ်းရှောင်နေကြတယ်။
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေသည့်မောင်တောမြို့တွင်လည်း မြို့ပြင်၌ စစ်ကောင်စီ၏ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) စခန်း တစ်ခုသာကျန်ရှိတော့ပြီး အပြီးသတ်သိမ်းပိုက်ရယူရေး AAက ဆက်လက်ကြိုးစားနေတယ်။