ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထိုမြို့တွေကို တိုက်ပွဲ ၄ရက်တာအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်။ ထိုဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေသိပ်မရှိပဲ နယ်မြေခံကချင်ပြည်သူ့စစ်တပ်တွေသာအဓိက ရှိနေတာပါ။ KIA ကတော့ ထိုပြည်သူ့စစ်နယ်မြေထဲက အခြားမြို့တွေကိုပါ ဆက်လက်သိမ်းပိုက်မယ့် အနေအထားမှာရှိနေတယ်။ ထိုနှစ်မြို့ဟာ ၁၀၂၇စစ်ဆင်ရေး အပိုင်း၂ ထိုးစစ်တွေရပ်တန့်သွားပြီးနောက် တော်လှန်ရေးတပ်ဖွဲဲ့တွေဘက်ကထပ်မံသိမ်းပိုက်နိုင်တဲ့မြို့တွေဖြစ်လာတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ အရှိန်တန့်သွားပေမယ့် သီပေါမြို့နယ်နဲ့ တောင်ခမ်းဒေသမှာတော့ နယ်မြေသိမ်းနိုင်ဖို့အရေး TLNA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
အခုချိန်အထိ တနိုင်ငံလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားနိုင်တဲ့ မြို့ပေါင်း၈၁မြို့ အထိရှိလာပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီလထဲမှာရခိုင်ပြည်နယ်က မောင်တောမြို့နဲ့ ရှမ်းမြောက်က သီပေါမြို့တို့ကို သိမ်းပိုက်နိုင်ဖို့ အလားအလာကောင်းနေပါတယ်။