စစ်ကောင်စီကချင်းပြည်နယ်တစ်ခုလုံးကို(မြို့တော်ဟားခါးမှအပ)အင်တာနက်ဖြတ်တောက်လိုက်ပြန်ပြီ။မကွေးတိုင်းထဲကဂန့်ဂေါ်၊ထီးလင်းနဲ့မြိုင်မြို့နယ်လေးတွေပါပါတယ်။စစ်ကိုင်းတိုင်းအနောက်ပိုင်းတခြမ်းလုံးနဲ့ချင်းပြည်နယ်ကိုစစ်ကောင်စီဟာမထိန်းနိုင်တော့တဲ့အခြေအနေကိုရောက်နေပြီ။ ဒီနေ့ဆိုစစ်ကိုင်းတိုင်းရဲ့မြို့တော်မုံရွာနားမှာပဲစစ်ကားတွေမိုင်းခွဲတိုက်ခိုက်ခံလိုက်ရတယ်။အရင်နေ့တွေကတည်းကမုံရွာမှာစစ်တပ်ရဲ့စီးပွားရေးတွေဖြစ်တဲ့Mytelတာဝါတိုင်တွေနဲ့မြန်မာဘီယာဂိုထောင်တွေတိုက်ခိုက်ဖျက်စီးခံလိုက်ရသေးတယ်။တော်လှန်ရေးမီးပွားဟာမုံရွာထိစင်လာတဲ့သဘောပဲ။ဒါတောင်အဲ့ဒီနယ်ကချောင်ဦးမြို့နယ်PDFဆိုမကြာမကြာစခန်းကိုဝင်စီးပြီးလက်နက်တွေအသိမ်းခံနေရလို့။မဟုတ်ရင်ဒီထက်ပိုပြီးစောစောစီးစီးလက်သံပြောင်နိုင်မှာ။
Read moreDetailsတိုက်ပွဲတွေကြောင့်အထူးသဖြင့်စစ်ကောင်စီရဲ့လက်နက်ကြီးရန်ကိုကြောက်လို့ ထန်တလန် တစ်မြို့လုံးဒီနေ့က စစစ်ဘေးရှောင်နေကြပြီ။ အများစုကတော့အိန္ဒိယဘက်ပြေးကြတယ်။ ဟိုဘက်က အိန္ဒိယပြည်နယ်အစိုးရကကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးလို့တော်သေးတယ်။ NUG ကတော့ အခွန်ဥပဒေကိုပြဌာန်းပြီး သူ့ရဲ့ဘက်ဂျက်လိုအပ်ချက်ကို အလုံးအရင်း ဖြည့်ဆည်းဖို့ စတင်ခြေလှမ်းလိုက်ပြီ။ ဥပဒေရဲ့လိုရင်းကတော့ ပြည်တွင်းကလုပ်ငန်းရှင်ကြီးတွေဆီက အခွန်ရအောင် ကြိုးစားတာပဲ။ NUG ကပြီးခဲ့တဲ့ရက်ပိုင်းကပြောထားတဲ့ရံပုံငွေ...
Read moreDetailsချင်းပြည်နယ်မှာ မြို့တွင်းပြောက်ကျားတိုက်ပွဲတွေ အတော်ပြင်းထန်နေတယ်။ အထူးသဖြင့်ဟားခါးနဲ့ ထန်တလန်မြို့တွေမှာပေါ့။ ထန်တလန်မှာဆို စစ်သူပုန်တွေဘက်က ၃၀ ခန့်အထိ ထိခိုက်သေ ဆုံးမှုရှိတယ်။ စစ်သူပုန်တွေဟာ သူတို့အထိနာနေလို့မြို့ထဲကို လက်နက်ကြီးတွေရမ်းသန်းပစ်ကြတယ်။ ထိုပစ်ခတ်မှုကြောင့်အိမ်ခြေ ၁၀ လုံးကျော်မီးလောင်ဆုံးရှုံးသွားတယ်။ မီးငြိမ်းသတ်မယ့်သူတွေနဲ့ မီးသတ် ကားတွေကိုလဲပစ်ခတ်လို့ထိခိုက်တဲ့အိမ်တွေများသွားတာ။...
Read moreDetailsစစ်ခါင်းဆောင်မင်းအောင်လှိုင်ဟာသူ့ရဲ့စည်းရုံးရေးခရီးစဥ်အဖြစ် မြစ်ကြီးနားကနေ ပူတာအိုကို ဆက်သွားဖို့စီစဥ်ထားပေမယ့်လည်း KIA ကပိတ်ဆို့ထားမှုကြောင့် မသွားရဲတော့ဘဲ ခရီးစဥ်ဖျက်သိမ်း လိုက်တယ်။ သူ့အတွက်အတော်ရှက်ဖို့ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ လဲရှက်ရကောင်းမှန်းသိမှာ မဟုတ်ပါ ဘူး။ မြစ်ကြီးနားမှာရှိနေစဥ်အတောအတွင်းမှာတောင် ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေ ဖျက်ထား သေးတယ်တဲ့။ တကယ့်ကြောင်ချီးပဲ။ ချင်းပြည်နယ်မှာလည်း...
Read moreDetailsစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီရက်ပိုင်းမှာ ပြင်ဦးလွင်နဲ့မြစ်ကြီးနားကိုသွားပြီး တပ်တွင်း စည်းရုံးရေးဆင်းနေရတယ်။ ပြောတဲ့စကားတွေကလည်း ကလေးကလားစကားတွေချည်းပဲ။ သူ့တပ်က သူ့ကိုပြန်ပုန်ကန်တော့မှာစိုးရိမ်နေပြီ။ တပ်CDM တွေလည်း တဖြည်းဖြည်းများလာပြီလေ။ အာဏာ သိမ်းပြီးကတည်းက တစ်နိုင်ငံလုံးမှာတပ်ဖြန့်ထားရတော့ သူ့တပ်တွေလဲတချက်မှမနားရသေးဘူး။ ဒီချိန်မှ ပိုတောင့်ခံနိုင်တဲ့သူဘက်ကအရေးသာလာမှာပဲ။
Read moreDetailsရန်ကုန်ကမြို့နယ်တော်တော်များများမှာလည်း လူဖမ်းပွဲတွေဆက်တိုက်လုပ်နေတယ်။ ဒီတပတ် အတွင်းမှာပဲ လူငယ်အယောက်ငါးဆယ်လောက် ခွေးဆွဲခံရတယ်လို့ကြားတယ်။ NUG က D DAY ခေါ်ပြီး နောက်ပိုင်းစစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာမဲမဲမြင်ရာလျောက်ရမ်းနေတယ်။ LOCAL PDF တွေ အဖိခံရတယ်။ မြို့ပေါ်မှာလည်း ပိတ်ဆို့စစ်ဆေးနေတာကြောင့် သပိတ်စစ်ကြောင်းတွေ...
Read moreDetailsမနက်စောစောပဲ UN ညီလာခံမှာဦးကျော်မိုးထွန်းပုံတွေ့ရတာ မဂ်လာရှိတယ်ပြောရမယ်။ မိန့်ခွန်း ပြောခွင့်ရမရတော့မသိသေးဘူး။ ဘာပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ကျရှုံးမှုတစ်ခုပေါ့။ မနေ့ကစစ်ကိုင်းတိုင်းအနောက်ပိုင်းမှာ စစ်ကောင်စီကိုတော်လှန်နေတဲ့ PDF နယ်မြေတွေဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ကနီစတဲ့ဒေသတွေမှာ အင်တာနက်လိုင်းတွေဖြတ်တောက်လိုက်တယ်။ အဲ့ဒီဒေသ တွေမှာ စစ်သူပုန်တွေကုန်းကြောင်းကရော ရေကြောင်းကပါအင်အားဖြည့်တင်းနေတာကြာပြီ။ လာမယ့်...
Read moreDetailsမနက်ဖြန်ကျင်းပတော့မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီနဲ့ NUG ဘယ်ကိုယ်စားလှယ် ကိုလက်ခံမလဲ ဆိုတာခုလောလောဆယ်ရေပန်းအစားဆုံးဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲတရုတ်နဲ့ အမေရိ ကန် တို့ကထိုဆုံးဖြတ်ချက်ကို နိုဝင်ဘာလအထိရွှေ့ ဆိုင်းထားဖို့ သဘောတူညီမှုရထား တယ်ဆိုတဲ့ သတင်းထွက်လာတယ်။ နိုင်ငံကြီးတွေကတော့ အချင်းချင်းလက်ဝါးရိုက်နေကြပြီ။ လက်ရှိအချိန် မြန်မာ့...
Read moreDetailsစစ်အာဏာသိမ်းပြီးကတည်းက ဒေါ်လာဈေးနဲ့ရွှေဈေးဟာ တရိပ်ရိပ်ထိုးတက်နေလိုက်တာ ခုဆိုရင်ဒေါ် လာဈေးက၂၀၀၀ကျော်သွားပြီး ရွှေဈေးက၁၉သိန်းကျော်ထိတက်သွားပါပြီ။ ပြည်သူတွေလက်ထဲက စုငွေတွေဟာ အလိုလိုနေရင်းအငွေ့ပျံကုန်ပြီ။ ရှေ့ဆက်ပီးကျဖို့မရှိဆက်တက်ဖို့ပဲရှိမယ်။ ဒီကြားထဲ ပဲခူးနားမှာ ဘဏ်ကားကို ဓားပြတိုက်ခံရလို့ သိန်းလေးသောင်းကျော်ပါသွားတဲ့ သတင်းတက် လာတယ်။ သိပ်မကြာပါဘူး ၊စစ်ကောင်စီကတရားခံကိုမိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်တယ်၊...
Read moreDetailsဒီနေ့နေ့လည်လောက်မှာ ဟိုဘက်ရပ်ကွက်ကရာအိမ်မှုး အိမ်ဗုံးပစ်ခံရတယ်။ ကံကောင်းချင်တော့ ဗုံးကပေါက်မသွားဘူး။ သူကစစ်ကောင်စီအမာခံသတင်းပေးလေ။ အရင်ကလည်း လုပ်ကြံခံရဘူးတယ်။ တော်တော်အသက်ပြင်းတယ်ပြောရမယ်။ သူအိမ်ဗုံးပစ်ခံရပြီးတဲ့နောက်တော့ စစ်တပ်ကရပ်ကွက်ထဲ၀င်သောင်းကျန်းတော့တာပဲ။ လမ်းတွေပိတ်ပြီး အစစ်အဆေးတွေလုပ်တယ်။ လမ်းသွားလမ်းလာတွေကိုရမ်းသမ်းဖမ်းတယ်။ ဗုံးပစ်သွားတဲ့သူက ဆိုင်ကယ်နဲ့ ဆိုတော့ဆိုင်ကယ်သမားတွေအများဆုံးခံရတာပဲ။ လမ်းပေါ်မှာတွေ့သမျှဆိုင်ကယ်တွေ လိုက်ဖမ်းရုံသာမက အိမ်ထဲရပ်ထားတဲ့ဆိုင်ကယ်တွေပါ၀င်သိမ်းသွားတယ်။...
Read moreDetailsYou can copy without credits to our site. We Need Freedom.