အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၂၃၊ ၂၀၂၁။

အကြမ်းဖက်စစ်သူပုန်တွေဟာ အခုနောက်ပိုင်းတိုက်ပွဲတွေမှာ လေကြောင်းပစ်ကူတွေကို လှိုင်လှိုင်ကြီးသုံးလာတယ်။ အထူးသဖြင့်စစ်ကိုင်းတိုင်းကဒီပဲယင်း၊ ကနီ၊ ကလေး စတဲ့ဒေသတွေကPDF တပ်ဖွဲ့တွေကို  တိုက်ခိုက်ရာမှာရဟတ်ယာဥ်တွေသုံးလာတယ်။ လက်နက်တောင်အပြည့်အစုံမရှိသေးတဲ့ ပြည်သူ့ပျောက်ကျားတပ်ဖွဲ့တွေကိုရဟတ်ယာဥ်သုံးပြီးတိုက်ရတယ်ဆိုတာ အတော်ရှက်ဖို့ကောင်းနေပြီ။ စစ်သူပုန်တွေရဲ့ မြေပြင်တွေအခြေအနေမကောင်းတော့တဲ့သဘောပဲ။ စစ်တပ်ထဲမှာလည်း လေကြောင်း ပစ်ကူ မပေးနိုင်ရင်စစ်ကြောင်းထွက်ဖို့ငြင်းဆန်နေတဲ့သတင်းတွေကြားရတယ်။ ရဟတ်ယာဥ်တွေ...

Read moreDetails

ဒီဇင်ဘာ ၂၂၊ ၂၀၂၁။

အမေရိကန်ရဲ့ တစ်နှစ်တာကာကွယ်ရေးဘက်ဂျက်မှာ မြန်မာအတွက်ခေါင်းစဉ်တစ်ခုပါလာတယ်။ အမေရိကန်အနေနဲ့မြန်မာ့အရေးကိုဒီထက်ပိုအားစိုက်တော့မယ့်သဘောရှိတယ်။ အခုလောလောဆယ် တော့ ပြည်တွင်းအားနဲ့ပဲရုန်းကန်နေရတယ်။ ပြည်တွင်းမှာလည်း အခြေအနေ သိပ်ကောင်းလှ တာမဟုတ်ဘူး။ ပြည်သူတွေရဲ့တောင့်ခံနိုင်စွမ်းကကုန်သလောက်ဖြစ်နေပြီ။ တော်လှန်ရေးကာလ ကြာရှည် လာတာနဲ့အမျှအကုန်ပမ်းပြီးကျလာကြမယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ကနေ တောက်လျှောက် ဒေါ်လာတွေရနေတဲ့ စစ်ကောင်စီကတော့အဲ့ဒီငွေတွေပုံ အောသုံးပြီးပြည်သူကိုဖိနှိပ်နေဦးမှာပဲ။...

Read moreDetails

ဒီဇင်ဘာ ၂၁၊ ၂၀၂၁။

ရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေမှာဒုစရိုက်မှုတွေသိသိသာပိုများလာတယ်။ ရန်ကုန်မှာဆို လိုင်းကားတွေ ပေါ်မှာ ခါးပိုက်နှိုက်တွေပေါလာတယ်။ ဆင်ခြေဖုံးမြို့နယ်တွေမှာဆိုင်ကယ်နဲ့ဖုန်း၊ ပိုက်ဆံအိတ်စတဲ့ ပစ္စည်းတွေ ကိုလှည်ပတ်လုယူမှု တွေရှိလာတယ်။ ဆိတ်ငြိမ်ရပ်ကွက်တွေမှာတော့ လူအလစ်မှာခြံထဲ ထိဝင်ပြီးဆိုင်ကယ်၊စက်ဘီးခိုးယူမှုတွေပေါများလာတယ်။ မန္တလေးမှာဆိုပိုဆိုးတယ်။ အုပ်စုဖွဲ့ဓားနဲ့ထောက်ပြီး ဆိုင်ကယ်လုယူမှုတွေဆက်တိုက်ဖြစ်နေတယ်။ ရဲသွားတိုင်လည်း အရေးယူမှုမရှိဘူး။ နယ်မြေခံရဲတွေကိုယ်တိုင်နယ်မြေထဲ မဆင်းရဲတော့ဘူး။...

Read moreDetails

ဒီဇင်ဘာ ၂၀၊ ၂၀၂၁။ (တနင်္လာ)

မနေ့ကလေးကေကော်ဒေသတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကငါးဆယ်ကျော်သေဆုံးသွားတယ်။သူတို့အကျအဆုံးများလို့စစ်ဘေးရှောင်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်တာလို့ပြန်သိရတယ်။နယ်စပ်မျဉ်းကိုကျော်ပြီးထိုင်းနိုင်ငံဘက်ကိုတောင်ကျကုန်လို့ထိုင်းစစ်တပ်ကသတိပေးတဲ့အနေနဲ့ပြန်လည်ပစ်ခတ်ထားတယ်လို့ကြားတယ်။ထိုဒေသမှာပြည်မကCDMတွေနိုင်ငံရေးခိုလှုံသူတွေအတော်များများရှိကြတယ်။သူတို့လဲအခုတိုက်ပွဲတွေဖြစ်တော့ထပ်ပြေးနေရတာပေါ့။ မနေ့ကတစ်ရက်ထဲမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းမုံးကိုးဒေသကစစ်ကောင်စီနဲ့MNDAAတိုက်ပွဲတွေအပြင်အထန်ဖြစ်ပြီးစစ်ကောင်စီတပ်သားတစ်ရာကျော်သေဆုံးသွားတယ်လို့MNDAAကသတင်းထုတ်ပြန်တယ်။တပ်ရင်းငါးခုပေါင်းပြီးကြည်းကြောင်း၊လေကြောင်းကပါတိုက်ခိုက်ခဲ့ပေမယ့်MNDAAစခန်းကိုမသိမ်းနိုင်ပဲတပ်လန်ကျခဲ့ရတယ်။ဒီရက်ပိုင်းတနိုင်ငံလုံးမှာစစ်ကောင်စီဘက်ကအကျအဆုံးများနေပေမယ့်လဲစစ်ခေါင်းဆောင်တွေကတော့ဂရုစိုက်မယ့်ပုံမပေါ်ဘူး။အင်အားတွေထပ်ဖြည့်ပြီးပြည်သူကိုတိုက်ခိုက်ဖို့လုံးပန်းနေဦးမှာပဲ။  

Read moreDetails

ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ (တနင်္ဂနွေ)

ကရင်ပြည်နယ်၊လေးကေကော်ဒေသမှာစစ်ကောင်စီတပ်တွေနဲ့KNUတပ်တွေလေးရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေပြီးဒီနေ့မှာအပြင်းထန်ဆုံးအခြေအနေဖြစ်လာပါတယ်။လေးကေကော်မြို့သစ်ကိုKNUကပြန်လည်ထိန်းချုပ်ထားပြီးစစ်တပ်ကစစ်ကြောင်းတွေဆက်တိုက်ထိုးနေပါတယ်။စစ်တပ်ကလက်နက်ကြီးတွေအလွန်အကျွံသုံးနေပြီးစစ်ဘေးရှောင်စခန်းတွေကိုပါပစ်ခတ်နေပါတယ်။ဘယ်လောက်တောင်မိုက်ရိုင်းသလဲဆိုရင်တိုက်ပွဲတွေကလေးကေကော်မြောက်ပိုင်းမှာသာရှိနေပြီးဘာမှမဆိုင်တဲ့တောင်ပိုင်းကစစ်ရှောင်စခန်းတွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ပစ်ခတ်နေတာပါ။မူလစခန်းတွေမှာမလုံခြုံတော့တဲ့ဒေသခံတွေဟာသောင်ရင်းမြစ်ကိုကူးဖြတ်ပြီးထိုင်းနိုင်ငံဖက်ဝင်ရောက်ခိုလှုံနေရတယ်။စစ်ဘေးရှောင်စုစုပေါင်းဟာလဲတစ်သောင်းကျော်ရှိလာပြီ။စစ်ကောင်စီကစစ်ကူတပ်တွေစေလွတ်နေတာကြောင့်ကရင်ပြည်နယ်တစ်ခုလုံးစစ်ရေးတင်းမာနေပါတယ်။

Read moreDetails

ဒီဇင်ဘာ ၁၈၊ ၂၀၂၁။ (စနေ)

မန္တလေးမြို့ကမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဒီလထဲမှာပဲတစ်ရာကျော်အဖမ်းခံလိုက်ရတယ်။ပြီးခဲ့တဲ့လကရန်ကုန်မှာအတော်များများအဖမ်းခံလိုက်ရပြီးနောက်အခုမန္တလေးအလှည့်ရောက်လာတာပဲ။ မြို့ပေါ်ကUGတွေရဲ့ဘဝဟာအတော်ခက်ခဲကြမ်းတမ်းတယ်။စစ်ကောင်စီရဲ့နည်းလမ်းမျိုးစုံနဲ့အနံ့ခံမှုကြောင့်နေရေးစားရေးကအစအတော်သတိထားရတယ်။ဒါတောင်ဘာမစ်ရှင်မှမဖော်ဆောင်ရသေးတဲ့အခြေအနေတစ်ခုကိုရေးပြတာ။မစ်ရှင်တစ်ခုဖော်ဆောင်ဖို့ဆိုတာလဲအရင်းအနှီးကြီးလွန်းပြီးအသက်ပါပေးလုပ်ဆောင်ရတာပဲ။ပစ္စည်းနဲ့ငွေကြေးအင်အားချို့တဲ့တာလဲပါတာပေါ့။ဒါတောင်ရန်ကုန်ရောမန္တလေးမှာပါUGတွေဟာလှုပ်ရှားမှုတွေအတော်များများလုပ်ခဲ့ကြတယ်။တချို့UGတွေကမစ်ရှင်တွေကြောင့်အဖမ်းခံရတယ်။တချို့တွေကတော့ဒလန်တွေကြောင့်အဖမ်းခံရတယ်။အခုအခြေအနေအတိုင်းဆိုလုံးပါးပါးကုန်ကြပြီ။ပြန်တည်ဆောက်ဖို့အချိန်တစ်ခုယူရဦးမယ်။

Read moreDetails

ဒီဇင်ဘာ ၁၇၊ ၂၀၂၁။ (သောကြာ)

ဒေါ်အောင်ဆန်းစုကြည်ဆက်လက်ရင်ဆိုင်နေရတဲ့အမှုတွေရဲ့ရုံးချိန်းတွေမှာသူမကိုထောင်ပုံစံအဝတ်အစားနဲ့ရုံးထုတ်လာတယ်လို့သိရတယ်။မင်းအောင်လှိုင်ရဲ့ယုတ်မာမှုကကန်းကုန်နေပြီ။ပြည်သူချစ်တဲ့ခေါင်းဆောင်တစ်ယောက်ကိုသူ့ဆရာတွေဖြစ်တဲ့ဗိုလ်သန်းရွှေတို့၊ဗိုလ်ခင်ညွှန့်တို့တောင်ဒီလောက်ထိမလုပ်ရဲကြဘူး။မင်းအောင်လှိုင်ဟာမျက်ကန်းတစ္ဆေမကြောက်ဖြစ်နေပြီ။ဒီစစ်ခေါင်းဆောင်ကိုလဲအာဂျင်တီးနားတရားရုံးမှာရိုဟင်ဂျာအမှုတွေနဲ့တရားစွဲထားပြီ။သက်သေအထောက်အထားခိုင်လုံပီဆိုရင်နိုင်ငံအပြင်ထွက်တာနဲ့ဖမ်းလို့ရပြီ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေအတွက်ကြိုးစင်ဟာတဖြည်းဖြည်းနဲ့နီးလာပါပြီ။

Read moreDetails

ဒီဇင်ဘာ ၁၆၊ ၂၀၂၁။ (ကြာသပတေး)

မနေ့ကအခြေအနေတွေတင်းမာနေတဲ့လေးကေကော်မြို့သစ်မှာဒီနေ့တိုက်ပွဲတွေစဖြစ်နေပြီ။စစ်ကောင်စီတပ်တွေမြို့ထဲကထွက်မရပဲပိတ်မိနေကြတယ်။သူတို့ထွက်နိုင်ဖို့အတွက်စစ်တပ်ကလက်နက်ကြီးတွေလှိုင်လှိုင်သုံးနေတယ်။နယ်စပ်နဲ့အရမ်းကပ်နေလို့ထိုင်းနိုင်ငံဘက်ကိုလက်နက်ကြီးကျည်တွေကျကုန်တယ်။စစ်ကူလာတဲ့စစ်ကောင်စီတပ်တွေလဲကြားဖြတ်တိုက်ခိုက်ခံရလို့အထိနာနေတယ်။ ဒေသခံပြည်သူတွေလဲနေ့ချင်းညချင်းပြေးလွှားနေရပြီ။စစ်ဘေးရှောင်အရေအတွက်ဟာ၂၄နာရီအတွင်းသုံးထောင်ကျော်သွားပြီ။တစ်ထောင်ကျော်လောက်ကတော့ထိုင်းဘက်ထွက်ပြေးကြတယ်။ဆောင်းတွင်းကြီးမှာအဝတ်တထည်ကိုယ်တစ်ခုနဲ့ပြေးရတဲ့အတွက်စားဝတ်နေရေးဒုက္ခရောက်နေကြတယ်။စစ်ပွဲကအခုမှစတာဆိုတော့ကြာဦးမယ့်သဘောပဲ။စစ်ရှောင်တွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေပြီ။

Read moreDetails

ဒီဇင်ဘာ ၁၅၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်KNUထိန်းချုပ်မှုအောက်မှာရှိတဲ့လေးကေကော်မြို့သစ်ကိုစစ်ကောင်စီကရုတ်တရက်ဝင်ရောက်စီးနင်းတယ်။မြို့လေးထဲမှာခိုလှုံနေတဲ့လွှတ်တော်အမတ်တွေ၊CDMဝန်ထမ်းတွေအပါအဝင်၃၀ယောက်ကျော်ဖမ်းဆီးသွားတယ်။ထိုမြို့သစ်ဟာKNUထိန်းချုပ်မှုအောက်မှာရှိတဲ့အတွက်ကရင်တပ်တွေကမြို့ကိုပြန်ဝိုင်းထားတယ်။စစ်ကောင်စီတပ်တွေကလဲနောက်ဆုတ်မယ့်ပုံမရှိပဲနောက်ရက်တွေမှာတအိမ်ဆင်းတအိမ်တက်ဆက်လက်ရှာဖွေမယ့်ပုံရှိလို့အခုလောလောဆယ်စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်။မြို့ခံတွေလဲစစ်ရှောင်ကုန်ကြပြီ။ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပေါ့။ ပွဲကြီးတပွဲကတော့ဖြစ်လာတော့မယ်ထင်တယ်။  

Read moreDetails

ဒီဇင်ဘာ ၁၄၊ ၂၀၂၁။ (အင်္ဂါ)

ရန်ကုန်ကမြို့နယ်တော်တော်များများမှာစစ်ကောင်စီလက်အောက်ခံလျှပ်စစ်ဌာနကမီးတာမဆောင်တဲ့အိမ်တွေကိုမီးလိုက်ဖြတ်နေတယ်။ရန်ကုန်မှာအာဏာသိမ်းပြီးကတည်းကမီတာမဆောင်တဲ့အိမ်တော်တော်များပါတယ်။တချို့အိမ်တွေဆိုမီတာဖိုးကြွေးကျန်စုစုပေါင်းဆယ်သိန်းခန့်တောင်ရှိနေပြီ။အရင်လတွေကမီတာရုံးတွေဆက်တိုက်ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတာလဲပါမှာပေါ့။ ဒီလမှာတော့စစ်ကောင်စီဟာမီတာမဆောင်တဲ့အိမ်တွေ၊လမ်းတွေကိုလုံခြုံရေးအစောင့်ရှောက်တွေနဲ့မီးလိုက်လံဖြတ်တောက်ပါတော့တယ်။မီတာသပိတ်မှောက်ထားတဲ့သူတွေလဲကိုယ့်အိမ်မီးဖျက်ခံရတော့မီတာခသွားဆောင်ရတော့တာပဲ။ဒီအခြေအနေတွေကြောင့်မီဆာသပိတ်ဟာမအောင်မြင်ဘူးဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့။ပြည်သူတွေမီတာမဆောင်ဖို့အတွက်လျှပ်စစ်အခွန်ရုံးတွေကိုပစ်မှတ်ထားနေရုံနဲ့မပြီးပဲနည်းလမ်းသစ်တွေကြံဆဖို့လိုနေပြီ။

Read moreDetails
Page 137 of 170 1 136 137 138 170

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist