လက်ပံကုန်းကျေးရွာစာသင်ကျောင်းကိုစစ်သူပုန်တွေလေကြောင်းကတိုက်ခိုက်မှုကြောင့်အပစ်မဲ့ကလေးငယ်၁၁ဦးခန့်သေဆုံးသွားတယ်လို့သိရတယ်။ဒါအပြင်မသေပဲဒဏ်ရာအပြင်းအထန်ရထားတဲ့ကျန်တဲ့ကလေးငယ်တွေနဲ့ဆရာမနှစ်ဦးကိုပါစစ်တပ်ကဖမ်းဆီးသွားတယ်။ဒီနေ့ဆိုရေဦးမြို့ကရွာတစ်ရွာမှာစစ်တပ်ကလာရောက်သဂြိုလ်နေတယ်လို့သိရတယ်။ဒဏ်ရာရတဲ့ကလေးတွေရောဖမ်းဆီးသွားတဲ့ကလေးတွေပါရေဦးဆေးရုံမှာထားတယ်လို့သိရတယ်။မိဘတွေကတော့ဘယ်လိုက်လို့လိုက်ရမယ်မှန်းမသိပဲအရူးမီးဝိုင်းနေကြတယ်။ဒီလူမဆန်တဲ့စစ်တပ်ရဲ့ပစ်ခတ်မှုအတွက်အခုချိန်ထိနိုင်ငံတကာအသိုင်းအဝိုင်းကနုတ်ဆိတ်နေတယ်။မနေ့ကပြောခဲ့သလိုပဲဒါမျိုးဖြစ်ရပ်တွေဒီကာလမှာခဏခဏဖြစ်နေဟာစစ်ကောင်စီကပိုမိုရဲတင်းလာပြီးသူတို့လုပ်ချင်ရာဆက်လုပ်မယ်ဆိုတာပြသလိုက်တာပဲ။
Read moreDetailsစစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊လက်ပံကုန်းကျေးရွာမှာစစ်သူပုန်တွေကကလေးငယ်တွေပညာသင်ကြားနေတဲ့စာသင်ကျောင်းကိုရဟတ်ယာဉ်တွေနဲ့အငြိုးတကြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်။စစ်သူပုန်တွေရဲ့အကြင်နာကင်းမဲ့စွာပစ်ခတ်တိုက်ခိုက်မှုကြောင့်ကလေးအတော်များများပွဲချင်းပြီးသေဆုံးခဲ့ပြီးအရေအတွက်အတိအကျမသိရသေးဘူး။ မနေ့ကမနက်ပိုင်းလောက်မှာထိုရွာလေးမှာရှိတဲ့စာသင်ကျောင်းလေးမှာမူလတန်းအရွယ်ကလေးငယ်လေးတွေငြိမ်းချမ်းစွာပညာသင်ကြားနေကြတယ်။ရုတ်တရက်စစ်သူပုန်တွေရဲ့ရဟတ်ယာဉ်တွေရောက်လာပြီးစာသင်ကျောင်းလေးကိုတစ်နာရီခန့်ကြာအောင်တရပ်စပ်ပစ်ခတ်ခဲ့တယ်။ကျန်တဲ့ရဟတ်ယာဉ်တွေကစစ်သား၈၀ခန့်ဆင်းလာပြီးထပ်မံပစ်ခတ်ပြန်တယ်။ထိုရွာလေးမှာတော်လှန်ရေးတပ်ဖွဲ့တွေလဲမရှိသလိုစစ်တပ်ကိုခုခံသူတွေလဲတစ်ဦးမှရှိမနေဘူး။တိုက်ပွဲမရှိပဲစစ်တပ်ကအရပ်သားတွေအပေါ်အကြမ်းဖက်သတ်ဖြတ်မှုဟာပိုမိုဆိုးရွားလာနေတယ်။အခုဆိုရင်အပစ်မဲ့တဲ့ကလေးငယ်တွေပါမချန်သတ်ဖြတ်လာနေပြီ။ ဒီဖြစ်ရပ်တစ်ခုထဲမဟုတ်သေးဘူး။အရင်ရက်တွေကလဲကယားပြည်နယ်မိုးဗြဲမှာစစ်ကောင်စီကလက်နက်ကြီးတွေနဲ့စစ်ရှောင်စခန်းတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်လို့ဘုန်းကြီးကျောင်းမှာခိုလှုံနေတံကလေးငယ်လေးဦးသေဆုံးသွားခဲ့သေးတယ်။ထပ်ပြောချင်တာကဖက်ဆစ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကပိုမိုဆိုးရွားလာနေပြီ။ဒါပေမယ့်ဘယ်သူမှအရေးမလုပ်ကြဘူး။
Read moreDetailsစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ဟာအချက်အလက်မပြည့်စုံတဲ့ Mobile Banking Application တွေကိုအပြီးတိုင်ပိတ်သိမ်းပစ်မယ်လို့ပြောလိုက်တယ်။ဒီမတိုင်ခင်ကမြန်မာပြည်မှာလူသုံးအများဆုံးမိုဘိုင်းဝေါလတ်တစ်ခုဖြစ်တဲ့Wave Money ကိုမှတ်ပုံတင်ပါမှငွေလွှဲစေဖို့တင်းကျပ်ခဲ့တယ်။အခုလဲနောက်လူသုံးများတဲ့မိုဘိုင်းဝေါလတ်ဖြစ်တဲ့ K pay ကို Level 2 အဆင့်မြှင့်တင်ခိုင်းနေတယ်။အဓိကကတော့သုံးစွဲသူတွေရဲ့အချက်အလက်တွေအကုန်စစ်ကောင်စီကလိုချင်နေတယ်။ထိုအချက်အလက်တွေကိုအခြေခံပြီးတော်လှန်ရေးကိုထောက်ပံနေတဲ့သူတွေကိုခြေရာခံမယ်။ပြီးရင်သူတို့အကောင့်တွေကိုပိတ်ပစ်ဖို့ဖြစ်တယ်။စစ်ကောင်စီကတော့တော်လှန်ရေးအတွက်ငွေကြေးစီးဆင်းမှုတွေကိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်လာနေပြီ။ ပြီးခဲ့တဲ့လကုန်ပိုင်းကထိုးတက်ခဲ့တဲ့ဒေါ်လာစျေးနဲ့ရွှေစျေးတွေကတော့တဖြည်းဖြည်းနဲ့ပြန်ကျလာနေတယ်။ဒါပေမယ့်ကုန်စျေးနှုန်းတွေကတော့ကျမလာခဲ့ဘူး။ကုန်စျေးနှုန်းနဲ့စက်သုံးဆီစျေးနှုန်းတွေမကျရင်ဒေါ်လာစျေးဘယ်လောင်ကျကျအလကားပဲ။
Read moreDetailsရခိုင်ပြည်နယ်မြောက်ပိုင်းမှာစစ်တပ်ကအရပ်သားယာဉ်တွေအသုံးပြုပြီးလူအင်အား၊လက်နက်အင်အားအလုံးအရင်နဲ့ဖြည့်တင်းနေလို့အေအေကသယ်ယူပိုဆောင်ရေးလမ်းကြောင်းတွေကိုစစ်ဆေးတော့မယ်လို့ကြေငြာလိုက်တယ်။အေအေကအဲ့ဒီလိုကြေငြာပြီးနောက်တစ်ရက်မှာပဲစစ်ကောင်စီကရခိုင်မြောက်ပိုင်းကအများပြည်သူရေကြောင်းသွားလာခွင့်တွေအကုန်ပိတ်ပင်လိုက်တယ်။ရခိုင်မြောက်ပိုင်းကမြစ်ချောင်းပေါများလို့ရေလမ်းခရီးကိုသာအဓိကအားထားနေရတာပါ။အခုလိုစစ်ကောင်စီကရေယာဉ်လိုင်းတွေပါအကုန်ပြေးဆွဲခွင့်ပိတ်လိုက်တော့တမြို့နဲ့တမြို့တောင်ကူးလူးဆက်သွယ်ဖို့အဆင်မပြေတော့ဘူး။ဟိုအရင်ကတည်းကစစ်ကောင်စီဟာမောင်တောမြို့မြောက်ပိုင်းကရွာတွေကိုလော့ဒေါင်းချသလိုမျိုးကူးလူးဆက်သွယ်ခွင့်ပိတ်ထားခဲ့တယ်။မောင်တောမြို့ပေါ်ကိုတောင်လွတ်လွတ်လပ်လပ်ဈေးဝယ်ခွင့်မရခဲ့ဘူး။အခုတော့အခြေအနေတွေကပိုမိုဆိုးရွားလာပြီ။စစ်ကောင်စီဟာအေအေကိုမနိုင်တော့လို့ရခိုင်ပြည်လူထုကိုအကြပ်တွေ့အောင်နီးမျိုးစုံနဲ့ကြိုးပမ်းနေတယ်။ အေအေခေါင်းဆောင်တွေကလဲရှမ်းပြည်နယ်ကမြန်မာပြည်မှာအကြီးဆုံးEAOတစ်ခုဖြစ်တဲ့UWSAနဲ့သွားရောက်တွေ့ဆုံနေတယ်။လက်ရှိရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာစစ်တပ်ကလေကြောင်းအသာစီးယူထားတဲ့အတွက်ထိုကိစ္စကိုဖြေရှင်းနိုင်ဖို့UWSAနဲ့သွားရောက်တွေ့ဆုံတာဖြစ်နိုင်တယ်။UWSAဆီမှာတရုတ်ကထောက်ပံထားတဲ့လေယာဉ်ပစ်လက်နက်တွေရှိနေတယ်လေ။အေအေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေသာရခဲ့ရင်ရခိုင်မြောက်ပိုင်းတစ်ခုလုံးကိုထိန်းချုပ်ခွင့်ရသွားနိုင်တယ်။
Read moreDetailsဒီကာလမြန်မာပြည်မှာသေကြောင်းကြံတဲ့သူတွေအတော်များလာတယ်။အခြေခံလူတန်းစားအများစုဟာဆင်းရဲကြပ်တည်းလာကြပြီ။စားဝတ်နေရေးအတွက်ဘယ်လိုမှရုန်းကန်လို့အဆင်မပြေနိုင်တော့တဲ့အခါနောက်ဆုံးထွက်ပေါက်အနေနဲ့ကိုယ့်ကိုကိုယ်သတ်သေဖို့အထိစဉ်းစားလာကြတယ်။ဒီလိုနဲ့သေကြောင်းကြံစည်မှုတွေခပ်စိတ်စိတ်ဖြစ်ပေါ်လာတယ်။ မြန်မာပြည်မှာဟိုးအရင်အစဉ်အဆက်ကတည်းကငတ်လို့သေတဲ့သူမရှိခဲ့ဖူးဘူး။အခုတော့ငတ်လို့သေတဲ့သူတွေရှိလာခဲ့ပြီ။နိုင်ငံသားအားလုံးရဲ့တဝက်နီးပါးလောက်ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေကြပြီ။အရင်စစ်အစိုးရခေတ်ကတောင်သုံးပုံတစ်ပုံခန့်ပဲရှိခဲ့တာပါ။အခုမင်းအောင်လှိုင်ဒုက္ခပေးလို့လူတိုင်းနီးပါးကိုယ့်အပူနဲ့ကိုယ်ဖြစ်နေကြပြီ။
Read moreDetailsကယားပြည်နယ်၊မိုးဗြဲမြို့မှာထင်ထားတဲ့အတိုင်းစစ်ကောင်စီတပ်တွေပြန်ဆုတ်သွားပြီ။ဒါပေမယ့်စစ်တပ်ကမြို့ထဲနဲ့မြို့အနီးပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေလို့ဒေသခံပြည်သူတွေထိခုက်သေဆုံးမှုတွေရှိနေတယ်။မြို့ထဲကအိမ်ခြေတစ်ရာကျော်လဲစစ်တပ်ရန်ကြောင့်ပျက်စီးသွားတယ်။ကြာရင်မိုးဗြဲမြို့ဟာချင်းပြည်နယ်ကထန်တလန်လိုတမြို့လုံးပျက်စီးသွားနိုင်တယ်။လွိုင်ကော်နဲ့ဒီမော့ဆိုမှာလဲတိုက်ပွဲတွေတဆက်ထဲဆက်တိုက်ဖြစ်ပွားနေတယ်။ကယားပြည်နယ်ရဲ့အခြေအနေကစစ်ကောင်စီဖက်ကလဲရှေ့ဆက်မတိုးနိုင်ဘူး၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖက်ကလဲမြို့တွေထိမသိမ်းနိုင်ပဲအီနေတယ်။ဒါပေမယ့်စစ်ကောင်စီရုံးဆိုက်ရာနေပြည်တော်နဲ့မိုင်တစ်ရာခန့်သာဝေးကွာတဲ့ဒေသတစ်ခုကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးစစ်ကောင်စီကိုဖိအားပေးထားနိုင်တယ်။
Read moreDetailsဒီနှစ်ရဲ့ကုလသမဂ္ဂအထွေထွေညီလာခံကတော့နီးလာပြီ။မြန်မာနိုင်ငံရဲ့ကိုယ်စားပြုမှုကိုပြန်လည်ရွှေးချယ်ရတော့မယ်။ဒီနှစ်မှာတော့ကိုယ်စားပြုမှုအတွက်မနှစ်ကလောက်ပြည်တွင်းရော၊ပြည်ပမှာပါလှုပ်ရှားမှုတွေသိပ်ရှိမနေဘူး။စစ်ကောင်စီကတော့မြန်မာနိုင်ငံကိုယ်စားပြုမှုကိုရရှိဖို့အကြောင်းမရှိဘူး။သူရဲ့သံတမာန်အရေးထွက်ပေါက်ဟာကိုဂျင်မီတို့ကိုသေဒဏ်ချမှတ်ပြီးကတည်းကအပြီးတိုင်ပိတ်ဆို့သွားခဲ့ပြီ။NUGအနေနဲ့ကလဲဒီနှစ်ထဲမှာနယ်မြေစိုးမိုးမှုတွေရရှိလာတယ်ဆိုပေမယ့်အခုထိလွတ်မြောက်နယ်မြေမရှိသေးဘူး။UNမှာNUGကမြန်မာနိုင်ငံကိုယ်စားပြုမှုရရှိဖို့ကမလွယ်သေးဘူး။အဲ့ဒီတော့ဦးကျော်မိုးထွန်းကိုပဲဆက်ခန့်ထားပြီးဒီအခြေအနေအတိုင်နောက်တစ်နှစ်ဆက်သွားလိမ့်မယ်ထင်တယ်။ပြည်တွင်းနဲ့ပြည်ပနိုင်ငံအချို့ကမြန်မာတွေကတော့ဦးကျော်မိုးထွန်းကိုပဲဆက်ခန့်ထားရေးဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်နေကြတယ်။ တကယ်တန်းတော့ဒီတနှစ်အတွင်းမှာUNအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကမြန်မာပြည်အရေးဘာမှထိထိရောက်ရောက်ကူညီပေးခဲ့ခြင်းမရှိပါဘူး။ပြည်သူတွေကိုယ့်အားကိုယ်ကိုးကြလို့သာဒီအခြေအနေအထိရောက်လာတာပါ။ဆက်လက်ပြီးကိုယ့်အားကိုယ်ကိုးကြရမှာပါပဲ။
Read moreDetails၂၀၂၂ပထမလေးလပတ်စစ်တပ်ထိပ်သီးအစည်းအဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောကြားထားတဲ့မိန့်ခွန်းဖိုင်ပေါက်ကြားလာတယ်။ဒီနှစ်ထဲမှာစစ်တပ်ရဲ့အထိနာမှုတွေကိုသိရှိဝန်ခံထားပြီးတပ်မှုးတွေနဲ့အောက်ခြေစစ်သားတွေကိုအပြစ်ဖို့ထားတယ်။စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေသူတို့ကျရှုံးနေတာကိုသူတို့ကိုယ်တိုင်ခံစားမိလာပြီ။ဒါတောင်ဒီမိန့်ခွန်းဟာပထမလေးလပတ်အတွက်ဖြစ်ပြီးထိုကာလမှာရခိုင်မှာအေအေနဲ့တိုက်ပွဲတွေမပြင်းထန်သေးဘူး။အခုဒုတိယလေးလပတ်အတွက်ဆိုရင်စစ်တပ်ရဲ့အခြေအနေဟာပိုဆိုးလာဖို့ပဲရှိတယ်။လက်တွေ့မြေပြင်မှာလဲဒုတပ်ရင်းမှုးကိုယ်တိုင်ဦးဆောင်ပြီးတပ်ရင်းလိုက်အမိန့်ဖီဆန်မှုတွေရှိလာပြီ။ကရင်ပြည်နယ်ကတပ်ရင်းတစ်ခုမှာသတ်ကွင်းထဲစစ်ကြောင်းထိုးခိုင်းလို့မတိုက်နိုင်ဘူးဆိုပြီးလက်နက်တွေပြန်အပ်ကာဆန္ဒပြကြတယ်လို့သတင်းတွေထွက်လာတယ်။စစ်တပ်မှာအမိန့်ဖီဆန်မှုဆိုတာအကြီးလေးဆုံးပြစ်ဒဏ်ပဲ။စစ်ကောင်စီတပ်သားတွေစစ်မတိုက်ရဲတော့ဘူး။စစ်ပန်းလာကြပြီ။တပ်ပျက်နေပြီ။ဒီရက်ပိုင်းကြားရတဲ့သတင်းတွေကြောင့်ပဲစစ်တပ်ဟာတဖြည်းဖြည်းပြိုလဲလာနေပြီလို့စတင်ခံစားလာရပြီ။ဝုန်းကနဲပြိုကျဖို့ဆက်လက်တွန်းအားပေးဖို့လိုတယ်။
Read moreDetailsရှမ်းကယားနယ်စပ်မိုးဗြဲမြို့မှာသုံးရက်ဆက်တိုက်တိုက်ပွဲတွေပြင်းထန်နေတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကမိုးဗြဲမှာစစ်ကောင်စီစစ်ကြောင်းတစ်ခုကိုKNDFတွေအလစ်ဝင်တိုက်လို့အကျအဆုံးများပြီးနောက်စစ်ကောင်စီကမိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ဖို့ပြန်လည်ကြိုးစားနေတယ်။ခြေလျင်တပ်အင်အားလေးရာခန့်၊လက်နက်ကြီးတွေ၊သံချပ်ကာကားတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေပါသုံးပြီးအလုံးအရင်းနဲ့ထိုးစစ်ဆင်နေလို့ကယားပြည်နယ်တော်လှန်ရေးတပ်တွေစုပေါင်းပြီးခုခံကာကွယ်နေရတယ်။စစ်ကောင်စီဖက်ကလက်နက်အင်အားသာလွန်ပေမယ့်ထုံးစံအတိုင်းအခြေအနေမကောင်းပါဘူး။သုံးရက်အတွင်းငါးဆယ်ခန့်အသေအပျောက်ရှိနေတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့ဇူလိုင်လတုန်းကလဲမိုးဗြဲကိုအခုလိုပဲထိုးစစ်ဆင်သေးတယ်။အဲ့တုန်းကလဲမအောင်မြင်ခဲ့ပါဘူး။ဘယ်လောက်ပဲလက်နက်အင်အားကောင်းကောင်းအဓိကမြေပြင်မှာတိုက်ရတဲ့စစ်သည်တွေကစိတ်ဓာတ်ပျက်ပြားနေပြီ။ကယားပြည်နယ်ကိုစစ်ကြောင်းထိုးနေတဲ့တပ်မ၆၆ဆိုရင်တပ်မကြီးတစ်ခုလုံးအသေအပျောက်များလို့ဖွဲ့စည်းပုံပျက်သလောက်ဖြစ်နေတယ်။တပ်ရင်းမှုးနှစ်ဦးခန့်သာအကောင်းအတိုင်းကျန်တော့ပြီးကျန်တဲ့တပ်ရင်းမှုးသေတဲ့သူသေ၊ဒဏ်ရာရတဲ့သူရတွေဖြစ်ကုန်ပြီ။အခုတော့စစ်ကောင်စီကကယားပြည်နယ်ကတပ်မ၆၆ကိုအခြားတပ်မတစ်ခုခုနဲ့ချိန်းဖို့လုပ်နေတယ်။တနိုင်ငံလုံးမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ချိန်းစရာတပ်မလဲရှိမယ်မထင်ပါဘူး။
Read moreDetailsရုရှားမှာအရှေ့စီးပွားရေးဖိုရမ်လို့အမည်တပ်ထားတဲ့အစည်းအဝေးကိုမင်းအောင်လှိုင်တက်ခွင့်ရတယ်။ရုရှားရဲ့အပေါင်းအပါနိုင်ငံငါးခုလောက်သာဖိတ်ကြားထားပြီးအစည်းအဝေးလို့အမည်တပ်ထားတာပါ။အဲ့ဒီမှာမင်းအောင်လှိုင်ကရုရှားသမ္မတပူတင်နဲ့ပထမဆုံးအကြိမ်တွေ့ခွင့်ရလိုက်တယ်။ယူကရိန်းကိုကျူးကျော်နေတဲ့ပူတင်ကိုသမာသမတ်ကျတဲ့ကမ္ဘာခေါင်းဆောင်ကြီးလို့မျက်နှာချိုသွေးမြှောက်ပင့်ပြောဆိုလိုက်သေးတယ်။ တကမ္ဘာလုံးဘယ်သူမှလက်မခံတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုပူတင်ကလက်ခံတွေ့ဆုံတာဟာနှုတ်ခမ်းပဲ့ချင်းမှုတ်တဲ့သဘောပဲ။ပြီးတော့တော်လှန်ရေးအတွက်သတိထားစရာပဲ။မင်းအောင်လှိုင်ဟာပူတင်ရဲ့အသိအမှတ်ပြုမှုကိုရလိုက်လို့ပြည်တွင်းမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်တော်လှန်မှုတွေကိုနှိမ်နှင်းဖို့စစ်လက်နက်တွေအရင်ကထက်အလွယ်တကူဝယ်ယူလို့ရသွားလိမ့်မယ်။မိစ္ဆာနိုင်ငံကြီးတစ်ခုရဲ့ထောက်ခံမှုကိုရရှိသွားတဲ့အတွက်စစ်ကောင်စီဟာပိုမိုကြမ်းတမ်းလာတော့မယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.