အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၀၈၊ ၂၀၂၂။ (ကြာသပတေး)

တော်လှန်ရေးမြန်မြန်အောင်ဖို့လိုတဲ့အကြောင်းရင်းတွေထဲမှာအမေစုကြောင့်လဲပါတယ်။အသက်၇၅နှစ်ကျော်ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာအရင်လိုနေအိမ်အကျယ်ချုပ်မဟုတ်ပဲထောင်ထဲမှာပင်ပန်းဆင်းရဲစွာနေထိုင်နေရတယ်။မင်းအောင်လှိုင်ဟာအငြိုးကြီးစွာနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုချမှတ်တဲ့ပြစ်ဒဏ်တွေမှာအလုပ်ကြမ်းတွေပါလာတယ်။ထောင်ဒဏ်စုစုပေါင်းဟာလဲအနှစ်နှစ်ဆယ်ကျော်လာပြီ။သူမဟာဘယ်လောက်ပဲခံနိုင်ရည်ရှိတယ်သမာဓိအားကောင်းတယ်ပြောပြောဒီလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေကြီးမှာသူမရဲ့အသက်အရွယ်ကိုလဲထည့်တွက်ရမယ်။တော်လှန်ရေးမအောင်မြင်ရင်ဒါမှမဟုတ်တော်လှန်ရေးကာလကြာရှည်နေမယ်ဆိုရင်သူမကိုမြန်မာပြည်သူတွေအသက်ရှင်လျက်ပြန်တွေ့နိုင်မယ်မထင်ဘူး။ ပြည်တွင်းမှာနောက်ဆုံးကျန်နေပြီးစစ်ကောင်စီလက်အောက်ရောက်မနေသေးသောဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့အော်ရီဒူးတောင်စင်ကာပူကုမ္မဏီတစ်ခုကိုရောင်းချလိုက်တယ်လို့ကြေငြာလိုက်ပြီ။ထိုစင်ကာပူကုမ္မဏီဟာလဲစစ်ကောင်စီရဲ့အဆွယ်အပွားတွေပိုင်ဆိုင်နေတယ်။မြန်မာ့ဆက်သွယ်ရေးလောကတစ်ခုလုံးစစ်ကောင်စီလက်အောက်ရောက်သွားပြီ။ဖုန်းကြားဖြတ်ခိုးနားထောင်တာတွေ၊သုံးစွဲသူတွေရဲ့အချက်အလက်တွေကိုခိုးယူတာတွေစသဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပျော်ပျော်ကြီးပြုလုပ်ကြတော့မယ်။

Read moreDetails

စက်တင်ဘာ ၀၇၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ဒီနေ့ဟာNUGကတစ်နိုင်ငံလုံးခုခံတော်လှန်စစ်ကြေငြာတာတနှစ်ပြည့်တဲ့နေ့ပါ။ဒီတနှစ်အတွင်းစစ်ကောင်စီတပ်သားနှစ်သောင်းကျော်သေဆုံးခဲ့တယ်။တကယ့်မြေပြင်မှာဒီထက်ပိုပြီးအသေအပျောက်များနိုင်တယ်။စစ်ကောင်စီတပ်သားအသေအပျောက်စာရင်းကိုသုံးသောင်းလောက်နဲ့တွက်ပြီးစစ်တပ်ရဲ့စုစုပေါင်းအင်အားကိုခန့်မှန်းခြေသုံးသိန်းနဲ့တွက်မယ်ဆိုရင်ဒီတနှစ်အတွင်းမှာစစ်တပ်အင်အားဆယ်ရာခိုင်းနှုန်းခန့်ပြုန်းတီးသွားတဲ့သဘောပေါ့။ဖက်ဆစ်စစ်တပ်ကြီးတစ်ခုလုံးပြိုကျဖို့ဆိုရင်၃၀ရာခိုင်နှုန်းခန့်ပြုန်းတီးဖို့လိုလိမ့်မယ်။ဒါပေမယ့်တော်လှန်ရေးကာလသုံးနှစ်လောက်တော့ကြာလို့မဖြစ်ဘူး။NUGကတော့နောက်နှစ်ထဲအပြီးတိုက်မယ်လို့ပြောတာပဲ။လာမယ့်နှစ်အတွက်တော်လှန်ရေးရံပုံငွေဒေါ်လာသန်းသုံးရာခန့်လို့အပ်နေတယ်ပြောသွားသေးတယ်။အခုဒီတနှစ်အတွင်းနည်းလမ်းပေါင်းစုံနဲ့ရှာဖွေနေတာတောင်ဒေါ်လာသန်းတစ်ရာခန့်သာရရှိသေးပြီးသူတို့ပြောတဲ့သန်းသုံးရာရဖို့ကတော့တကယ်မလွယ်ပါဘူး။ထိုငွေတွေအားလုံးကပြည်သူဆီကလာတာဖြစ်ပြီးပြည်တွင်းပြည်ပကပြည်သူတွေလဲကူရလွန်းလို့ပန်းနေပြီ။ပြည်ပအကူအညီတစ်ခုခုရရင်ပိုပြီးအဆင်ပြေနိုင်တယ်။ နောက်တစ်ခုကဒီတနှစ်အတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်သားတွေဘက်က၁၅၀၀ကျော်ကျဆုံးခဲ့တယ်။စစ်တပ်ကသာအာဏာမသိမ်းခဲ့ရင်နိုင်ငံအတွက်အားကိုးရမယ့်လူငယ်လူရွယ်လေးတွေဒီလောက်အများကြီးကြွေလွင့်စရာအကြောင်းမရှိဘူး။ဒါတောင်စစ်တပ်ရဲ့မတရားဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုကြောင့်သေဆုံးသွားတဲ့ပြည်သူတွေစာရင်းထဲမှာမပါသေးဘူး။ဒါတွေကြောင့်တော်လှန်ရေးမြန်မြန်နိုင်ဖို့လိုတယ်။

Read moreDetails

စက်တင်ဘာ ၀၆၊ ၂၀၂၂။ (အင်္ဂါ)

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့(SACM)ဆိုတာရှိပါတယ်။ထိုအဖွဲ့ကမနေ့ကအစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်တယ်။အဲ့ဒီအစီရင်ခံစာကစစ်ကောင်စီဟာမြန်မာနိုင်ငံကိုဘယ်လောက်ထိထိန်းချုပ်ထားနိုင်လဲဆိုတာဆန်းစစ်ထားတယ်။တနိုင်ငံလုံးမြို့နယ်ပေါင်း၃၃၀မှာ၇၂မြို့နယ်ကိုစစ်ကောင်စီကထိန်းချုပ်ထားနိုင်တယ်။ရာခိုင်နှုန်းအားဖြင့်၂၂ရာခိုင်နှုန်းမျှသာဖြစ်တယ်။အရင်လတွေကတည်းကNUGဟာတနိုင်ငံလုံးရဲ့၅၀ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်တယ်လို့ထုတ်ပြန်ထားသေးတယ်။ဒါဟာစစ်ကောင်စီဘယ်လောက်ကျဆုံးနေလဲဆိုတာပြသနေတဲ့အချက်အလက်တွေပါပဲ။ဒီလထဲမှာကျင်းပမယ့်ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီဒီအစီရင်ခံစာထွက်လာတာစိတ်ဝင်စားဖို့ကောင်းတယ်။ကုလညီလာခံမှာNUGကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရလို့သတ်မှတ်လိုက်ရင်တော့အတိုင်းထက်အလွန်ပေါ့။ ကုလသံအမတ်နိုလင်းဟေဇာကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမှနောက်တစ်ခေါက်မြန်မာနိုင်ငံကိုပြန်လာတော့မယ်တဲ့။စစ်ကောင်စီကသူ့ကိုအသုံးချသွားမှန်းသဘောပေါက်သွားပြီ။ပြည်တွင်းမှာလဲသူမရဲ့ရာထူးဟာအသုံးမဝင်လို့ဖျက်သိမ်းဖို့အထိပြောဆိုနေကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကုလသမဂ္ဂအနေနဲ့မြန်မာပြည်သူတွေကိုမကူညီနိုင်ရင်တောင်မှစစ်အုပ်စုရဲ့အပျော့ဆွဲဆွဲမှုတွေနောက်ပါမသွားဖို့လိုတယ်။  

Read moreDetails

စက်တင်ဘာ ၀၅၊ ၂၀၂၂။ (တနင်္လာ)

ရွှေဈေးနှုန်းတွေပြန်လည်ကျဆင်းဖို့ဆိုပြီးစစ်ကောင်စီကရွှေဒင်္ဂါတွေရောင်းချပေးမယ်လို့ကြေငြာထားတယ်။တကယ်လဲဒီနေ့နေပြည်တော်မှာစပြီးရောင်းပေးနေပြီ။ဒါပေမယ့်သူတို့သတ်မှတ်ထားတဲ့ပေါက်ဈေးတစ်ကျပ်သား၂၁သိန်းနဲ့ရောင်းပေးတာမဟုတ်ပဲအပြင်ပေါက်ဈေး၃၀သိန်းကျော်နဲ့ရောင်းနေတာပါ။ ရွေဒင်္ဂါးတကျပ်သား သိန်း ၃၀ နဲ့အပြင်ပေါက်ဈေးအတိုင်းသာရောင်းတာမှာ ဘာမြင်မိလဲဆိုရင်စစ်အုပ်စုဟာပြိုကျနေတဲ့ဒေါ်လာဈေးရွှေဈေးကိုထိန်းမှာမဟုတ်တော့ဘူး။ထိန်းနိုင်တဲ့အရည်အချင်းလည်းမရှိဘူး။ဒါအပြင် ရွှေဈေးဟာ ဘယ်နည်းနဲ့မှဒီထက်ထပ်မကျနိုင်တော့ဘူးဆိုတာသူတို့ကိုယ်တိုင် လက်ခံလိုက်တာကိုထင်ထင်ရှားရှား မြင်လိုက်ရတာပါပဲ။သူတို့သာ သူတိ့ုအရည်အချင်းကိုယုံရင် သူတို့သတ်မှတ်တဲ့ ရွှေဈေးအတိုင်း ဘာလို့ မရောင်းတာလဲ ဒါကအဖြေပါပဲ။ဒေါ်လာဈေး ရွှေဈေး လေပတ်ကားနဲ့ပြန်ထိန်းဖို့ ကြိုးစားနေတာကလွဲရင်ဘယ်လိုဗျူဟာမှရှိမနေဘူး မြင်ရတယ်။...

Read moreDetails

စက်တင်ဘာ ၀၄၊ ၂၀၂၂။ (တနင်္ဂနွေ)

ရခိုင်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစစ်ကောင်စီနဲ့အေအေတို့နေ့စဉ်ဆိုသလိုတိုက်ပွဲဖြစ်နေတယ်။စစ်ကောင်စီတိုက်လေယာဉ်နဲ့လက်နက်ကြီးကျည်တွေဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကျရောက်နေလို့စစ်ကောင်စီသံအမတ်ကိုခေါ်ပြီးသတိပေးတာသုံးကြိမ်တောင်ရှိသွားပြီ။တလထဲသုံးကြိမ်ကျော်ဆိုတာတဖက်နိုင်ငံကိုဂရုမစိုက်ဘူးလို့ပြသလိုက်တာပဲ။စစ်ကောင်စီဟာနယ်စပ်မျဉ်းတွေနားမှာဖြစ်တဲ့တိုက်ပွဲတွေမှာတဖက်နိုင်ငံတွေထဲထိလေယာဉ်တွေကျူးကျော်ပျံသန်းတာ၊လက်နက်ကြီးတွေနဲ့ပစ်တာတွေကိုရည်ရွယ်ချက်ရှိရှိပြုလုပ်နေတယ်။ထိုင်းနယ်စပ်မှာလဲအလားတူပဲ။တခြားနိုင်ငံတွေနဲ့ပါစစ်မီးတောက်ချင်တာလားတော့မသိဘူး။ ရခိုင်ပြည်နယ်ကရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့မြောက်ဦးမြို့ကိုလဲစစ်ကောင်စီကအေအေကိုတုန့်ပြန်တဲ့အနေနဲ့ဓားစာခံသဘောမျိုးပြုလုပ်ထားတယ်။မြောက်ဦးမြို့မဈေးကိုမီးရှို့ဖျက်စီးဖို့ကြံစည်နေပြီးမြို့အနီးအနားကရွာတွေကိုတိုက်ပွဲမရှိပဲအကြောင်းမဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။စစ်ကောင်စီဟာရခိုင်ပြည်နယ်မှာအေအေကိုလုံးဝမထိန်းချုပ်နိုင်တော့တဲ့အတွက်ယုတ်မာတဲ့နည်းလမ်းပေါင်းစုံအသုံးပြုဖို့ကြံစည်နေတယ်။

Read moreDetails

စက်တင်ဘာ ၀၃၊ ၂၀၂၂။ (စနေ)

ပြည်တွင်းကလူငယ်တွေအတော်များများအလုပ်အကိုင်အတွက်နိုင်ငံခြားထွက်ကုန်ပြီ။ဂျပန်၊စင်ကာပူ၊မလေးရှား၊ဒူဘိုင်းစသဖြင့်နိုင်ငံအစုံပါပဲ။အသိတွေထဲမှာလဲဒီလပိုင်းထွက်သွားတဲ့သူတွေအများကြီးပဲ။အများစုကတော့လက်လှမ်းမီတဲ့စင်ကာပူကိုပဲသွားကြတာပါ။ဒေါ်လာဈေးတွေအချိန်နဲ့အမျှထိုးတက်နေတဲ့အတွက်ပြည်တွင်းမှာဆက်ပြီးအလုပ်လုပ်လို့အဆင်မပြေတော့ဘူး။လစာကတိုးမလာပဲကုန်ဈေးနှုန်းတွေသာတက်လာတာကြောင့်အခက်အခဲတွေဖြစ်လာတယ်။ကိုယ်ပိုင်ဆိုင်သမျှ၊စုဆောင်းထားသမျှအရာအားလုံးဘာမှမလုပ်ရပဲတန်ဖိုးတွေကျနေတယ်။အလုပ်အကိုင်အခွင့်အလမ်းကလဲမရှိသလောက်နည်းပါးသွားပြီ။ရှိတဲ့ကုမ္မဏီတွေတောင်မှပဲမဖျက်သိမ်းရင်တောင်ဝန်ထမ်းတွေလျော့ကုန်ကြပြီ။လူငယ်တွေအတွက်ရွှေးချယ်စရာဘာမှမရှိတော့ဘူး။ ပြီးခဲ့တဲ့ရက်တွေကစံချိန်တင်ထိုးတက်ခဲ့တဲ့ဒေါ်လာဈေးတွေကပြန်ကျသွားပေမယ့်ဒါဟာခဏပဲဖြစ်မှာပါ။အချိန်မရွှေးအရင်စံချိန်တွေကိုထပ်ချိုးနိုင်တယ်။အခုဆိုရင်နိုင်ငံခြားသွားဖို့လေယာဉ်လက်မှတ်ဝယ်ဖို့တောင်ဒေါ်လာရှာမရဘူးဖြစ်နေတယ်။

Read moreDetails

စက်တင်ဘာ ၀၂၊ ၂၀၂၂။ (သောကြာ)

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းခြံအမှတ်၅၄ကဆိုင်ထားတဲ့အမှုကိုစစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်အကိုဖြစ်တဲ့ဦးအောင်ဆန်းဦးကိုအနိုင်ပေးလိုက်တယ်။အဆိုပါအိမ်ကိုတယောက်တဝက်ခွဲယူကြပေါ့။ထိုအမှုကိုကိုဗစ်ကာလမတိုင်ခင်တရားရုံးကဒေါ်အောင်ဆန်းစုကြည်ကိုအနိုင်ပေးပြီးသားပါ။အခုမှစစ်ကောင်စီကပြန်လည်ကြားနာပြီးတဖက်ကိုအနိုင်ပြန်ပေးလိုက်တာဖြစ်တယ်။ဒါဟာလဲမင်းအောင်လှိုင်ရဲ့အငုံ့စိတ်ကြောင့်ပဲ။NUGကမင်းအောင်းလှိုင်မတရားရယူထားတဲ့အင်းလျားလမ်းကနေအိမ်နှစ်လုံးကိုတော်လှန်ရေးရန်ပုံငွေအတွက်ကြိုပွိုင့်စနစ်နဲ့ရောင်းချထားတယ်လေ။ အခုလဲရန်ကုန်ကစစ်တပ်ပိုင်မြေနှစ်ရာနှစ်ခုကိုနွေဦးရိပ်မွန်နဲ့နွေဦးမော်ကွန်းအမည်ပေးပြီးအကွက်ရိုက်ရောင်းချနေတယ်။နှစ်ရက်အတွင်းလေးဆယ်ရာခိုင်နှုန်းခန့်ရောင်းချပြီးပြီ။အပြင်မှာရွှေဈေးဒေါ်လာဈေးမငြိမ်သက်မှုတွေကြောင့်လူကုံတန်အသိုင်းအဝိုင်းတွေပါဝင်ရောက်ရင်းနှီးမြုပ်နှံနေပြီလို့ယူဆရတယ်။ဒီငွေတွေအသုံးပြုပြီးNUGအနေနဲ့ပြောတဲ့အတိုင်းလုပ်နိုင်ပါစေ။

Read moreDetails

စက်တင်ဘာ ၀၁၊ ၂၀၂၂။ (ကြာသပတေး)

NUGကကုလသံအမတ်ဦးကျော်မိုးထွန်း၊ကာကွယ်ရေးဝန်ကြီးတို့ပါဝင်တဲ့အွန်လိုင်းလူထုတွေ့ဆုံပွဲတစ်ခုပြုလုပ်တယ်။သိချင်တာတွေမေးနိုင်တယ်ပေါ့။ပြောသွားတဲ့စကားတွေ၊အချက်အလက်တွေကအများကြီးပဲ။အဲ့ဒီထဲမှာမှကာကွယ်ရေးဝန်ကြီးပြောသွားတဲ့စကားတစ်ခွန်းကိုတော့သဘောမတွေ့ဘူး။သူကလာမယ့်၂၀၂၃ဟာတော်လှန်ရေးအဆုံးသတ်မယ့်နှစ်ဖြစ်တယ်လို့ပြောသွားတယ်။အားလုံးဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါပေါ့။သူ့စကားအတိုင်းဆိုတော်လှန်ရေးအောင်မြင်ဖို့နောက်တစ်နှစ်ထပ်ရွှေ့လိုက်ပြီလား။ ၂၀၂၁နှစ်ကုန်ပိုင်းနဲ့၂၀၂၂နှစ်ဦးပိုင်းမှာNUGကထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ယာယီသမ္မတ၊နိင်ငံခြားရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးတို့ကိုယ်တိုင်ဒီနှစ်၂၀၂၂မှာတော်လှန်ရေးအောင်မြင်အောင်လုပ်မယ်လို့အားကြိုးမာန်တက်ပြောသွားကြတယ်။ပြီးတော့အခုချိန်ထိထင်သာမြင်သာတဲ့ရလဒ်ဘာမှဖြစ်မလာသေးဘူး။အခုတော့၂၀၂၃ကိုရွှေ့သွားပြီတဲ့လား။ NUGထိပ်ပိုင်းခေါင်းဆောင်တွေရဲ့မရေရာတဲ့စကားတွေအကြောင်းထပ်ပြောရရင်ဒီနှစ်မိုးဦးကျမှာတော်လှန်ရေးကိုမကြာမီအရှိန်မြှင့်မယ်လို့ပြောခဲ့သေးတယ်။အခုမိုးကုန်တော့မယ့်ကာလမှာပုံမှန်Local PDF တွေရဲ့ရုန်းကန်မှုတွေသာတွေ့နေရပြီးNUGဘက်ကဘာလှုပ်ရှားမှုမှမတွေ့သေးဘူး။ NUGအနေနဲ့လေအလကားရတိုင်း၊လျှာအရိုးမရှိတိုင်းဒီလိုလျှောက်ပြောနေလို့အဆင်မပြေဘူး။သေချာမလုပ်နိုင်သေးပဲနဲ့ပြည်သူကိုမျှော်လင့်ချက်အကြီးကြီးတွေမပေးသင့်ဘူး။ဒီအချက်တွေကိုအခုလောလောဆယ်ဘယ်သူမှချမပြသေးပဲမသိချင်ယောင်ဆောင်နေကြပေမယ့်ဒီလိုသာလျှောက်ပြောနေမယ်ဆိုရင်NUGကိုအယုံအကြည်မဲ့လာကြလိမ့်မယ်။

Read moreDetails

ဩဂုတ် ၃၁၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ဒေါ်လာနဲ့ရွှေစျေးတွေမနေ့ကစပြီးနှစ်ရက်ဆက်တိုက်ထိုးတက်လာတယ်။ဒေါ်လာကကျပ်လေးထောင်ကျော်သွားပြီးရွှေစျေးက၃၈သိန်းဖြစ်သွားတယ်။သမိုင်းမှာတစ်ခါမှမဖြစ်ဖူးတဲ့နှုန်းထားတွေပဲ။စစ်ကောင်စီကပြင်ပဒေါ်လာအရောင်းအဝယ်သမားတွေကိုဖမ်းဆီးနေပြီးရွှေလုပ်ငန်းရှင်တွေကိုနေပြည်တော်ကိုခေါ်တွေ့နေဆဲမှာပဲစျေးနှုန်းတွေကထိုးတက်လာတာပဲ။တချို့ကတော့တစ်ဒေါ်လာကျပ်ငါးထောင်အထိတက်မယ်လို့ထင်ကြေးပေးကြတယ်။မြန်မာကျပ်ငွေကိုဘယ်သူမှအယုံအကြည်မရှိကြတော့ဘူး။ ညနေပိုင်းမှာတော့စစ်ကောင်စီကဒေါ်လာသန်းနှစ်ရာကိုစျေးကွက်ထဲထုတ်ပေးမယ်လို့ထုတ်ပြန်တယ်။ဘယ်လိုထည့်ပေးမှာလဲတော့ပြောမသွားဘူး။ရွှေဒင်္ဂါးတွေလဲထုတ်ရောင်းမယ်ပြောသေးတယ်။ဘယ်စျေးနဲ့ရောင်းမယ်မှန်းတော့ဘယ်သူမှမသိသေးဘူး။အများစုကတော့စစ်ကောင်စီပြောတဲ့စကားတွေကိုအယုံအကြည်မရှိကြတော့ဘူး။စစ်ကောင်စီကထိုးတက်နေတဲ့စျေးကွက်ကိုထိန်းချုပ်ဖို့ကြိုးစားတာဘယ်လောက်ထိရောက်မလဲမနက်ဖြန်ကျအဖြေပေါ်မှာပဲ။

Read moreDetails

ဩဂုတ် ၃၀၊ ၂၀၂၂။ (အင်္ဂါ)

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည် ဦးရေ ၅,၀၀၀ ခန့်သည် ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ပြင်းထန်လာသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များသည် အလှူရှင်များ၏...

Read moreDetails
Page 109 of 168 1 108 109 110 168

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist