အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၄၊ ၂၀၂၂။ (စနေ)

ကုလသမဂ္ဂအထွေထွေညီလာခံကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်မှာလဲမနှစ်ကလိုပဲမြန်မာနဲ့အာဖဂန်နစ္စတန်နိုင်ငံဟာနိုင်ငံကိုယ်စားပြုခွင့်ကိုချန်လှပ်ဆိုင်းငံထားခဲ့တယ်။ဘယ်သူမှညီလာခံမှာမိန့်ခွန်းပြောခွင့်မရခဲ့ဘူး။ဒီပုံအတိုင်းဆိုUNဟာနောက်နှစ်တွေမှာလဲဒီတိုင်းဆက်သွားလိမ့်မယ်။ဦးကျော်မိုးထွန်းဟာUNသံအမတ်ကြီးအဖြစ်ဆက်ရှိနေပေမယ့်NUGကိုယ်စားမြန်မာနိုင်ငံကိုယ်စားပြုခွင့်မရရှိခဲ့ဘူး။ဒီအနေအထားအတိုင်းသာဆိုရင်မြန်မာပြည်တော်လှန်ရေးအတွက်UNကဘာမှသုံးစားလို့ရမှာမဟုတ်ဘူး။ ဒီနှစ်ညီလာခံမှာတော့နိုင်ငံတကာခေါင်းဆောင်တချို့ဟာသူတို့ရဲ့မိန့်ခွန်းတွေမှာမြန်မာပြည်အရေးထည့်သွင်းပြောကြားသွားတယ်။အမေရိကန်၊မလေးရှားနဲ့အရှေ့တီမောခေါင်းဆောင်တွေကမြန်မာပြည်ကိုပစ်မထားဖို့ပြောသွားတယ်။ဒါပေမယ့်လဲအခုလောလောဆယ်မှာယူကရိန်းအရေးကရှေ့ရောက်နေတဲ့အတွက်မြန်မာအရေးကိုတော့မှေးမှိန်နေဆဲပဲ။ယူကရိန်းကိုထောက်ပံတာတွေရဲ့အစွန်းထွက်ပမာဏလေးလောက်ရရင်ကိုမြန်မာပြည်နွေဦးတော်လှန်ရေးကအခြေအနေအတော်ကောင်းသွားမယ်။  

Read moreDetails

စက်တင်ဘာ ၂၃၊ ၂၀၂၂။ (သောကြာ)

စစ်ကောင်စီဟာတိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေကိုငြိမ်းရေးဆွေးနွေးဖို့ဒုတိယအကြိမ်ကမ်းလှမ်းလာတယ်။ပထမအကြိမ်တုန်းကလဲမြေပြင်တကယ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့EAOအဖွဲ့ကြီးတွေတစ်ဖွဲ့မှမတက်ကြဘူး။ဒီတကြိမ်မှာလဲထိုနည်းလည်းကောင်းပဲ။အဖွဲ့ကြီးတွေထဲကစစ်ကောင်စီနဲ့အပစ်ရပ်ထားတဲ့RCSS UWSAဝအဖွဲ့နဲမြောက်ပိုင်းမိုင်းလားအဖွဲ့တို့သာထပ်မံတက်ရောက်ကြတယ်။RCSSကရှမ်းပြည်နယ်မှာတခြားလက်နက်အဖွဲ့တွေနဲ့စစ်ရေးတင်းမာမှုတွေရှိနေလို့သူ့ကိုယ်ကျိုးအတွက်စစ်ကောင်စီကိုပြန်လည်ချဥ်းကပ်တာဖြစ်ပြီးကျန်တဲ့နှစ်ဖွဲ့ကတော့ဒီလိုအချိန်မျိုးမှာကိုယ်ပိုင်နယ်မြေကိုအတိအလင်းတောင်းဖို့ရောက်ရှိလာတာဖြစ်တယ်။ထိုထဲမှာမှအင်အားအကြီးဆုံးဝအဖွဲ့ကိုပြည်နယ်အဆင့်ထိပေးဖို့စစ်ကောင်စီကအချိုသတ်ထားတယ်။ပြည်နယ်ပေးမယ်ဆိုပေမယ့်၂၀၀၈အခြေခံဥပဒေအတိုင်းသာသွားမှာမို့တကယ်ဖြစ်လာဖို့ဝေးနေဦးမှာပဲ။ စစ်ကောင်စီဟာသူနဲ့တိုက်ပွဲမဖြစ်ပွားသေးတဲ့EAOအဖွဲ့ကြီးတွေကိုတတ်နိုင်သမျှအခွင့်အရေးတွေပေးမယ်လို့ပြောဆိုနေပေမယ့်တကယ်တန်းကရှေ့တမျိုးနောက်ကွယ်တစ်မျိုးပြောဆိုနေတာသာဖြစ်တယ်။ဖယ်ဒရယ်ပေးမယ်ပြောပြီးနောက်ပိုင်းဖြစ်သင့်ဖြစ်ထိုက်တဲ့ဖက်ဒရယ်သာပေးမယ်ဆိုပြီးဖြစ်သွားပြန်တယ်။ဒါတောင်တကယ်လက်တွေ့ဘာမှလုပ်ပေးသေးတာမဟုတ်ဘူး။သူ့ရဲ့ရည်ရွယ်ချက်ကစစ်မျက်နှာတွေထပ်မဖွင့်ရအောင်ရသလောက်အချိုသတ်ထားတဲ့သဘောပဲ။ဒါကြောင့်ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှစစ်ကောင်စီကိုယုံကြည်လာမှမဟုတ်ဘူး။ ဒီအချိန်မှာNUGဘက်ကဖဒရယ်အရေးနဲ့ပတ်သတ်ပြီးတိကျတဲ့လမ်းပြမြေပုံတစ်ခုထုတ်ပြန်သင့်တယ်။ထိုလမ်းပြမြေပုံပေါ်မူတည်ပြီးEAO တွေကိုပိုဆွဲဆောင်နိုင်လိမ့်မယ်။ပြောမယ့်သာပြောရတယ်၊တကယ်တော့NUGလဲဖက်ဒရယ်အရေးနဲ့ပတ်သတ်ပြီးဆင်ကန်းတောတိုးပါပဲ။

Read moreDetails

စက်တင်ဘာ ၂၂၊ ၂၀၂၂။ (ကြာသပတေး)

မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်စစ်တောင်းတံတားနားကတိုးဂိတ်မှာစစ်ကောင်စီကXray စက်ကြီးတွေနဲ့ဖြတ်သန်းသမျှမော်တော်ယာဥ်တွေအားလုံးကိုအသေးစိတ်စစ်ဆေးနေလို့နေ့စဥ်နဲ့အမျှယာဥ်ကြောတွေပိတ်ဆို့နေပြီးကားတန်းရှည်ကြီးဖြစ်နေတယ်။ကရင်ပြည်နယ်ထဲကလက်နက်တွေပဲခူးနဲ့ရန်ကုန်ဘက်ရောက်လာမှာစိုးလို့အခုလိုအသေးစိတ်စစ်ဆေးနေတာဖြစ်တယ်။စစ်ကောင်စီကရှေ့နောက်မကြည့်ပဲလုပ်ချင်ရာလုပ်နေတာကြောင့်ကုန်စည်စီးဆင်းမှုတွေနှေးကွေးကုန်ပြီးခရီးသွားတွေအကုန်ဒုက္ခရောက်ကုန်တာပေါ့။ ရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာလဲထိုနည်းတူပဲ။စစ်ဆေးရေးဂိတ်တွေများပြားစွာချထားတာကြောင့်အမြန်လမ်းမှာအရင်လိုမြန်မြန်ဆန်ဆန်မသွားနိုင်ကြတော့ဘူး။ထိုဂိတ်တွေမှာစစ်ကောင်စီတပ်သားတွေကဆက်ကြေးသဘောမျိုးငွေကြေးတောင်းခံမှုတွေလဲရှိနေတယ်။စစ်အုပ်စုကတော့ပြည်သူကိုနည်းမျိုးစုံနဲ့ဓားမြတိုက်နေတော့တာပါပဲ။  

Read moreDetails

စက်တင်ဘာ ၂၁၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ပြည်တွင်းမှာပြည်သူအများစုလည်ပတ်သုံးစွဲနေတဲ့ငွေကြေးပလက်ဖောင်းတစ်ခုဖြစ်တဲ့KBZ PAY အကောင့်တွေကိုစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကအကြောင်းပြချက်တစ်စုံတစ်ရာမပေးပဲပိတ်ပစ်နေတယ်။ပြီးခဲ့တဲ့ရက်တွေထဲကအချက်အလက်မပြည့်စုံတဲ့အကောင့်တွေကိုပိတ်ပစ်မယ်လို့ကြေငြာထားခဲ့ပေမယ့်တကယ့်အချက်အလက်အပြည့်အစုံတင်ထားတဲ့အကောင့်တွေပိတ်သိမ်းခံလိုက်ရတယ်။ဒီတစ်ရက်ထဲမှာတင်အကောင့်အတော်များများပိတ်ခံလိုက်ရတယ်။တချို့အကောင့်တွေဆိုသိန်းရာဂဏန်းထိရှိနေတဲ့အကောင့်တွေဖြစ်တယ်။KBZ ဘဏ်ကိုဖုန်းဆက်မေးမြန်းကြပေမယ့်တိကျရေရာတဲ့အဖြေကိုမပေးနိုင်ပဲဗဟိုဘဏ်ကိုသာလွှဲချကြတယ်။စစ်အာဏာသိမ်းပြီးကတည်းကတော်လှန်ရေးကိုထောက်ပံနေတယ်လို့သံသယရှိတဲ့အကောင့်တချို့ပိတ်သိမ်းခံလိုက်ရပြီးပြန်ရတယ်လို့မကြားမိသေးဘူး။အခုတစ်ကြိမ်မှာတော့ဗဟိုဘဏ်ကအချက်လက်ပြည်စုံသည်ဖြစ်စေ၊မပြည်စုံသည်ဖြစ်စေငွေအဝင်အထွက်များတဲ့အကောင့်တွေကိုရမ်းသမ်းပိတ်ပစ်နေတယ်လို့ယူဆရတယ်။အွန်လိုင်းရှော့ပင်လုပ်နေ့တဲ့လုပ်ငန်းရှင်တချို့ရဲ့အကောင့်တွေပါသွားပြီးတချို့လဲဘာမှမလုပ်ပဲအကောင့်ပိတ်ခံလိုက်ရတယ်။ တကယ်တော့စစ်ကောင်စီဟာတော်လှန်ရေးကိုငွေကြေးစီးဆင်းနေမှုကိုတားဆီးချင်လို့ဒီလိုလုပ်တာပဲ။ဒါပေမယ့်သူတို့မှာအကောင့်တွေရဲ့နောက်ကြောင်းကိုပြန်လိုက်ဖို့အရင်းအမြစ်တွေရှိမနေဘူး။ဒါကြောင့်သူတို့ရဲ့ထုံးစံအတိုင်းမဲမဲမြင်ရာရမ်းသမ်းလုပ်နေတာဖြစ်တယ်။အတည်မပြုနိုင်တဲ့သတင်းတွေးအရတော့KBZ Pay အကောင့်ပေါင်း၆၀၀၀ကနေ၉၀၀၀အထိပိတ်သိမ်းခံလိုက်ရတယ်ကြားတယ်။ပြည်သူတွေရဲ့ငွေကြေးပေါင်းသိန်းသောင်းဂဏန်းအတော်ကျော်ကျော်လောက်ထိမတရားသိမ်းယူလိုက်တာပဲ။တနည်းအားဖြင့်ပြည်သူတွေတော်လှန်ရေးကိုငွေကြေးမထောက်ပံအောင်ခြိမ်းခြောက်လိုက်တာပဲ။  

Read moreDetails

စက်တင်ဘာ ၂၀၊ ၂၀၂၂။ (အင်္ဂါ)

ကယားပြည်နယ်ကိုစစ်တပ်ကထိုးစစ်ဆင်နေနိုင်ပေမယ့်ရခိုင်ပြည်နယ်မှာတော့စစ်တပ်ဟာခံစစ်သပ်သပ်ပါပဲ။ရခိုင်ပြည်နယ်မြောက်ပိုင်းကစစ်တပ်စခန်းတွေနေ့စဥ်နဲ့အမျှအေအေရဲ့တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံနေရတယ်။ဒီနေ့ဆိုအေအေကသတင်းစားရှင်းလင်းပွဲလုပ်တယ်။တိုက်ပွဲတွေပြင်းထန်လာတဲ့ဒီကာလမှာစစ်တပ်ဘက်ကလက်နက်ချလာသူအရေအတွက်တစ်ရာကျော်နေပြီတဲ့။ဒါဆိုရင် ဒီတလခွဲခန့်ကာလအတွင်းမှာစစ်ကောင်စီဘက်ကကျဆုံးလက်နက်ချထွက်ပြေးသူဦးရေ၅၀၀နါးကပ်လာပြီ။စစ်ကောင်စီဘက်ကပြုန်းတီးအင်အားအတော်များနေပြီလို့ပြောလို့ရတယ်။ဒါပေမယ့်သူတို့ကလက်နက်ရိက္ခာလူအင်အားတွေအလုံးအရင်းနဲ့ထပ်ဖြည့်နေတုန်းပဲ။ ဒီနွေဦးတော်လှန်ရေးကာလမှာစစ်တပ်ကိုအပီအပြင်တိုက်စစ်ဖွင့်ပီးတိုက်တာအေအေအဖွဲ့ကပထမဆုံးပဲလို့တောင်ပြောလို့ရတယ်။အရင်က KIA KNU စသဖြင့်အခြားEAO တွေစစ်တပ်ကိုတိုက်တယ်ဆိုပေမယ့်စခန်းတစ်ခုလောက်သိမ်းပြီးတလလောက်မျောနေတာမျိုးပဲ။အခုအေအေကတော့အဲ့လိုမဟုတ်ဘူး။အခုအချိန်မှာအေအေဟာစစ်ရေးအရအသာစီးရနေတဲ့အတွက်ရခိုင်မြောက်ပိုင်းမှာသူ့အတွက်လွတ်မြောက်နယ်မြေတစ်ခုရတဲ့အထိတိုက်ပွဲတွေဖော်ဆောင်သွားမယ့်ပုံစံရှိတယ်။

Read moreDetails

စက်တင်ဘာ ၁၉၊ ၂၀၂၂။ (တနင်္လာ)

ရှမ်းကယားနယ်စပ်မိုးဗြဲမြို့ကိုစစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာပြန်ပြီ။ဒီလဆန်းပိုင်းထဲကအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာခဲ့ပေမယ့်အထိနာပီးပြန်ဆုတ်သွားခဲ့တယ်။စက်တင်ဘာ၁၆ရက်နေ့ကစပြီးစစ်ကောင်စီကအင်အားပြန်လည်ဖြည့်တင်းကာနောက်တစ်ကြိမ်ကြိုးစားလာတယ်။ဒီတကြိမ်မှာမြို့ပေါ်ကအချက်အခြာကျတဲ့အိမ်တွေ၊အဆောက်အဦးတွေပေါ်မှာစစ်သူပုန်တွေနေရာယူလိုက်ကြတယ်။ဒါအပြင်မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတစ်ရာကျော်ကိုဖမ်းဆီးသွားပြီးဘုန်းကြီးကျောင်းတစ်ခုမှာလူသားဒိုင်းလုပ်ထားလို့ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကပြန်လည်ခုခံရတာအခက်အခဲတွေရှိနေတယ်။ မိုးဗြဲမြို့ကိုစစ်ကောင်စီလက်ထဲအကျခံလို့မဖြစ်ဘူး။ထိုမြို့ဟာကယားပြည်နယ်တစ်ခုလုံးကိုကုန်စည်စီးဆင်းဖို့အဓိကအရေးပါတဲ့နေရာဖြစ်နေတယ်။ဒါကြောင့်နှစ်ဖက်လုံးကထိန်းချုပ်နိုင်ဖို့အသည်းအသန်ကြိုးစားနေကြတာပါ။မိုးဗြဲမြို့စစ်ကောင်စီလက်ထဲရောက်သွားရင်ပြည်နယ်ထဲကစစ်ရှောင်တွေကိုရိက္ခာထောက်ပံဖို့အတော်လေးခက်ခဲသွားလိမ့်မယ်။အခုတောင်စစ်ဘေးရှောင်တွေအတွက်ရိက္ခာပြတ်သလောက်ဖြစ်နေပြီလေ။

Read moreDetails

စက်တင်ဘာ ၁၈၊ ၂၀၂၂။ (တနင်္ဂနွေ)

လက်ပံကုန်းကျေးရွာစာသင်ကျောင်းကိုစစ်သူပုန်တွေလေကြောင်းကတိုက်ခိုက်မှုကြောင့်အပစ်မဲ့ကလေးငယ်၁၁ဦးခန့်သေဆုံးသွားတယ်လို့သိရတယ်။ဒါအပြင်မသေပဲဒဏ်ရာအပြင်းအထန်ရထားတဲ့ကျန်တဲ့ကလေးငယ်တွေနဲ့ဆရာမနှစ်ဦးကိုပါစစ်တပ်ကဖမ်းဆီးသွားတယ်။ဒီနေ့ဆိုရေဦးမြို့ကရွာတစ်ရွာမှာစစ်တပ်ကလာရောက်သဂြိုလ်နေတယ်လို့သိရတယ်။ဒဏ်ရာရတဲ့ကလေးတွေရောဖမ်းဆီးသွားတဲ့ကလေးတွေပါရေဦးဆေးရုံမှာထားတယ်လို့သိရတယ်။မိဘတွေကတော့ဘယ်လိုက်လို့လိုက်ရမယ်မှန်းမသိပဲအရူးမီးဝိုင်းနေကြတယ်။ဒီလူမဆန်တဲ့စစ်တပ်ရဲ့ပစ်ခတ်မှုအတွက်အခုချိန်ထိနိုင်ငံတကာအသိုင်းအဝိုင်းကနုတ်ဆိတ်နေတယ်။မနေ့ကပြောခဲ့သလိုပဲဒါမျိုးဖြစ်ရပ်တွေဒီကာလမှာခဏခဏဖြစ်နေဟာစစ်ကောင်စီကပိုမိုရဲတင်းလာပြီးသူတို့လုပ်ချင်ရာဆက်လုပ်မယ်ဆိုတာပြသလိုက်တာပဲ။

Read moreDetails

စက်တင်ဘာ ၁၇၊ ၂၀၂၂။ (စနေ)

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊လက်ပံကုန်းကျေးရွာမှာစစ်သူပုန်တွေကကလေးငယ်တွေပညာသင်ကြားနေတဲ့စာသင်ကျောင်းကိုရဟတ်ယာဉ်တွေနဲ့အငြိုးတကြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်။စစ်သူပုန်တွေရဲ့အကြင်နာကင်းမဲ့စွာပစ်ခတ်တိုက်ခိုက်မှုကြောင့်ကလေးအတော်များများပွဲချင်းပြီးသေဆုံးခဲ့ပြီးအရေအတွက်အတိအကျမသိရသေးဘူး။ မနေ့ကမနက်ပိုင်းလောက်မှာထိုရွာလေးမှာရှိတဲ့စာသင်ကျောင်းလေးမှာမူလတန်းအရွယ်ကလေးငယ်လေးတွေငြိမ်းချမ်းစွာပညာသင်ကြားနေကြတယ်။ရုတ်တရက်စစ်သူပုန်တွေရဲ့ရဟတ်ယာဉ်တွေရောက်လာပြီးစာသင်ကျောင်းလေးကိုတစ်နာရီခန့်ကြာအောင်တရပ်စပ်ပစ်ခတ်ခဲ့တယ်။ကျန်တဲ့ရဟတ်ယာဉ်တွေကစစ်သား၈၀ခန့်ဆင်းလာပြီးထပ်မံပစ်ခတ်ပြန်တယ်။ထိုရွာလေးမှာတော်လှန်ရေးတပ်ဖွဲ့တွေလဲမရှိသလိုစစ်တပ်ကိုခုခံသူတွေလဲတစ်ဦးမှရှိမနေဘူး။တိုက်ပွဲမရှိပဲစစ်တပ်ကအရပ်သားတွေအပေါ်အကြမ်းဖက်သတ်ဖြတ်မှုဟာပိုမိုဆိုးရွားလာနေတယ်။အခုဆိုရင်အပစ်မဲ့တဲ့ကလေးငယ်တွေပါမချန်သတ်ဖြတ်လာနေပြီ။ ဒီဖြစ်ရပ်တစ်ခုထဲမဟုတ်သေးဘူး။အရင်ရက်တွေကလဲကယားပြည်နယ်မိုးဗြဲမှာစစ်ကောင်စီကလက်နက်ကြီးတွေနဲ့စစ်ရှောင်စခန်းတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်လို့ဘုန်းကြီးကျောင်းမှာခိုလှုံနေတံကလေးငယ်လေးဦးသေဆုံးသွားခဲ့သေးတယ်။ထပ်ပြောချင်တာကဖက်ဆစ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကပိုမိုဆိုးရွားလာနေပြီ။ဒါပေမယ့်ဘယ်သူမှအရေးမလုပ်ကြဘူး။  

Read moreDetails

စက်တင်ဘာ ၁၆၊ ၂၀၂၂။ (သောကြာ)

စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ဟာအချက်အလက်မပြည့်စုံတဲ့ Mobile Banking Application တွေကိုအပြီးတိုင်ပိတ်သိမ်းပစ်မယ်လို့ပြောလိုက်တယ်။ဒီမတိုင်ခင်ကမြန်မာပြည်မှာလူသုံးအများဆုံးမိုဘိုင်းဝေါလတ်တစ်ခုဖြစ်တဲ့Wave Money ကိုမှတ်ပုံတင်ပါမှငွေလွှဲစေဖို့တင်းကျပ်ခဲ့တယ်။အခုလဲနောက်လူသုံးများတဲ့မိုဘိုင်းဝေါလတ်ဖြစ်တဲ့ K pay ကို Level 2 အဆင့်မြှင့်တင်ခိုင်းနေတယ်။အဓိကကတော့သုံးစွဲသူတွေရဲ့အချက်အလက်တွေအကုန်စစ်ကောင်စီကလိုချင်နေတယ်။ထိုအချက်အလက်တွေကိုအခြေခံပြီးတော်လှန်ရေးကိုထောက်ပံနေတဲ့သူတွေကိုခြေရာခံမယ်။ပြီးရင်သူတို့အကောင့်တွေကိုပိတ်ပစ်ဖို့ဖြစ်တယ်။စစ်ကောင်စီကတော့တော်လှန်ရေးအတွက်ငွေကြေးစီးဆင်းမှုတွေကိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်လာနေပြီ။ ပြီးခဲ့တဲ့လကုန်ပိုင်းကထိုးတက်ခဲ့တဲ့ဒေါ်လာစျေးနဲ့ရွှေစျေးတွေကတော့တဖြည်းဖြည်းနဲ့ပြန်ကျလာနေတယ်။ဒါပေမယ့်ကုန်စျေးနှုန်းတွေကတော့ကျမလာခဲ့ဘူး။ကုန်စျေးနှုန်းနဲ့စက်သုံးဆီစျေးနှုန်းတွေမကျရင်ဒေါ်လာစျေးဘယ်လောင်ကျကျအလကားပဲ။

Read moreDetails

စက်တင်ဘာ ၁၅၊ ၂၀၂၂။ (ကြာသပတေး)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာစစ်တပ်ကအရပ်သားယာဉ်တွေအသုံးပြုပြီးလူအင်အား၊လက်နက်အင်အားအလုံးအရင်နဲ့ဖြည့်တင်းနေလို့အေအေကသယ်ယူပိုဆောင်ရေးလမ်းကြောင်းတွေကိုစစ်ဆေးတော့မယ်လို့ကြေငြာလိုက်တယ်။အေအေကအဲ့ဒီလိုကြေငြာပြီးနောက်တစ်ရက်မှာပဲစစ်ကောင်စီကရခိုင်မြောက်ပိုင်းကအများပြည်သူရေကြောင်းသွားလာခွင့်တွေအကုန်ပိတ်ပင်လိုက်တယ်။ရခိုင်မြောက်ပိုင်းကမြစ်ချောင်းပေါများလို့ရေလမ်းခရီးကိုသာအဓိကအားထားနေရတာပါ။အခုလိုစစ်ကောင်စီကရေယာဉ်လိုင်းတွေပါအကုန်ပြေးဆွဲခွင့်ပိတ်လိုက်တော့တမြို့နဲ့တမြို့တောင်ကူးလူးဆက်သွယ်ဖို့အဆင်မပြေတော့ဘူး။ဟိုအရင်ကတည်းကစစ်ကောင်စီဟာမောင်တောမြို့မြောက်ပိုင်းကရွာတွေကိုလော့ဒေါင်းချသလိုမျိုးကူးလူးဆက်သွယ်ခွင့်ပိတ်ထားခဲ့တယ်။မောင်တောမြို့ပေါ်ကိုတောင်လွတ်လွတ်လပ်လပ်ဈေးဝယ်ခွင့်မရခဲ့ဘူး။အခုတော့အခြေအနေတွေကပိုမိုဆိုးရွားလာပြီ။စစ်ကောင်စီဟာအေအေကိုမနိုင်တော့လို့ရခိုင်ပြည်လူထုကိုအကြပ်တွေ့အောင်နီးမျိုးစုံနဲ့ကြိုးပမ်းနေတယ်။ အေအေခေါင်းဆောင်တွေကလဲရှမ်းပြည်နယ်ကမြန်မာပြည်မှာအကြီးဆုံးEAOတစ်ခုဖြစ်တဲ့UWSAနဲ့သွားရောက်တွေ့ဆုံနေတယ်။လက်ရှိရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာစစ်တပ်ကလေကြောင်းအသာစီးယူထားတဲ့အတွက်ထိုကိစ္စကိုဖြေရှင်းနိုင်ဖို့UWSAနဲ့သွားရောက်တွေ့ဆုံတာဖြစ်နိုင်တယ်။UWSAဆီမှာတရုတ်ကထောက်ပံထားတဲ့လေယာဉ်ပစ်လက်နက်တွေရှိနေတယ်လေ။အေအေအနေနဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေသာရခဲ့ရင်ရခိုင်မြောက်ပိုင်းတစ်ခုလုံးကိုထိန်းချုပ်ခွင့်ရသွားနိုင်တယ်။

Read moreDetails
Page 107 of 167 1 106 107 108 167

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist