စစ်ကောင်စီဟာစစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ချင်းပြည်နယ်ကိုတပ်အင်အားတွေအများအပြားဖြည့်တင်းနေတယ်။အဲ့ဒီဒေသတွေကိုမကြာမီမှာစစ်ဆင်ရေးအကြီးအကျယ်လုပ်ဖို့ရှိလိမ့်မယ်။ဒေသခံPDF တွေကလဲရသလောက်ခုခံကာကွယ်နေတယ်။စစ်ကောင်စီတပ်တွေသွားရာလမ်းတလျှောက်မိုင်းတွေတဝုန်းဝုန်းကွဲနေတယ်။ ထိတွေ့မှုအများဆုံးဖြစ်ပွားနေတဲ့ဒေသကတော့စစ်ကိုင်းတိုင်းပဲ။
စစ်သူပုန်တွေတိုက်ပွဲမှာသေဆုံးနှုန်းကလဲသိသိသာသာမြင့်တက်လာနေတယ်။အချက်အတွေအရNUGကခုခံစစ်မကြေငြာမီစက်တင်ဘာ၇ရက်ရှေ့ပိုင်းမှာတရက်ကိုနှစ်ဆယ်ပတ်ဝန်းကျင်သာရှိရာကနေခုခံစစ်ကြေငြာပြီးနောက်ပိုင်းတရက်ကိုသုံးဆယ်နှုန်း၊ဒီလထဲမှာဆိုခြောက်ဆယ်နှုန်းလောက်ထိမြင့်တက်လာတယ်။ရှေ့လျှောက်ဒီထက်ပိုတက်လာဖို့ပဲရှိမယ်။ကြာရင်သူတို့တွေလုံးပါးပါးလာတော့မယ်။
လေ့လာသူတွေကတော့အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာသုံးလဟာစစ်ရေးအရအဆုံးအဖြတ်လို့သုံးသပ်ကြတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေပါပြီ။