LATEST STORIES

နိုဝင်ဘာ ၀၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

နိုင်ငံတဝန်းစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့စစ်မျက်နှာတွေတစ်ခုပြီးတစ်ခုပွင့်နေချိန်မှာနွေဦးတော်လှန်ရေးကာလမှာလက်သံပြောင်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့KNDFကလဲငြိမ်မနေပါဘူး။မြောက်ပိုင်းသုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးမှာပူးပေါင်းတဲ့အနေနဲ့KNDFကကရင်နီပြည်နယ်မှာစစ်ကောင်စီကို၁၁၀၇စစ်ဆင်ရေးစတင်ပြီလို့ကြေညာပြီးမယ်စဲမြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်သိမ်းပိုက်ပါတော့တယ်။စစ်ကောင်စီစခန်းသုံးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်သူပုန်၂၀ဦးထက်မနည်းသေဆုံးကာလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်။နေပြည်တော်နဲ့အနီးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်မှာပါထိုးစစ်တွေစရင်တော့စစ်ကောင်စီအတွက်အတော်အကြပ်အတည်းဆိုက်လာလိမ့်မယ်။ စစ်ကိုင်းတိုင်းဘက်မှာလဲမြို့သိမ်းအောင်ပွဲခံမှုတွေဆက်နေတယ်။ကောလင်းနဲ့ခမ်းပတ်မြို့တွေကိုတော်လှန်ရေးအဖွဲ့တွေသိမ်းယူပြီးနောက်ဒီနေ့မှာလဲကောလင်းမြို့နားကပင်လည်ဘူးမြို့ကိုပါထပ်မံသိမ်းပိုက်ရရှိတယ်။ကောလင်းမြို့ကျပြီးနောက်ပင်လည်ဘူးမြို့ကစစ်ကောင်စီတပ်သားတွေအလံဖြူထောင်ပြီးလက်နက်ချလာတာလို့သိရတယ်။ဒီရက်ပိုင်းတော်လှန်ရေးအဖွဲ့တွေဘက်သိမ်းနိုင်တဲ့မြို့တွေခပ်စိတ်စိတ်ဖြစ်လာတယ်။ဒီပုံစံအတိုင်းဆိုရင်စစ်ကိုင်းကချင်နယ်စပ်ကမြို့တွေတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်လာလိမ့်မယ်ထင်တယ်။

Read moreDetails

ဗကပ၏ ရက်၄၀ကျော်ကြာတိုက်ခိုက်မှု ကာကွယ်နိုင်ခဲ့သည်ဆိုသော ကွမ်းလုံမြို့အားစစ်ကောင်စီတပ်က၁၂ရက်အကြာတွင်လက်လွှတ်ဆုံးရှုံးရ

ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ်များ၊ အမြောက်များနှင့် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့မှုအပါအဝင် စစ်ဆင်ရေးဆောင်ရွက်မှုများကို ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ညပိုင်း၌ ထုတ်ပြန်ခဲ့ပြီး ၁၂ရက်အတွင်း ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။ ၁၀၂၇ စစ်ဆင်ရေးဆောင်ရွက်ရာတွင် MNDAA သည် မဟာမိတ်တပ်များနှင့်ပူးပေါင်းပြီး ကိုးကန့် ၊...

Read moreDetails

နိုဝင်ဘာ ၀၇၊ ၂၀၂၃။ (အင်္ဂါ)

မနေ့ကကောလင်းမြို့ကိုတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်ပြီးနောက်ဒီနေ့လဲစစ်ကိုင်းတိုင်း၊အိန္ဒိယနယ်စပ်တမူးကလေးလမ်းပေါ်ကခမ်းပတ်မြို့ကိုဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ခမ်းပတ်မြို့ဟာအိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်လေရေးလမ်းဖြစ်တဲ့တမူးကလေးအာရှလမ်းမကြီးပေါ်ကအချက်အချာကျတဲ့နေရာမှာတည်ရှိပြီးစစ်အုပ်စုကလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေအကြိမ်ကြိမ်လုပ်ဆောင်ကာခမ်းပတ်မြို့ကိုလက်မလွှတ်ရဖို့ခုခံခဲ့ပေမယ့်မြေပြင်ကစစ်အုပ်စုအများအပြားစခန်းတွေကိုစွန့်ခွာထွက်ပြေးသွားလို့မြို့ကိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ခမ်းပတ်မြို့ကိုသိမ်းပိုက်နိုင်ခြင်းကြောင်းအိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကိုထိန်းချုပ်လိုက်နိုင်ပြီးစစ်ကောင်စီရဲ့အိန္ဒိယဘက်ကစစ်လက်နက်နဲ့လေယာဉ်ဆီတင်ပို့မှုတွေကိုတစိတ်တပိုင်းထိန်းချုပ်နိုင်မှာပါ။ဒါ့အပြင်နယ်စပ်မြို့ဖြစ်တဲ့တမူးမြို့နဲ့ချင်းပြည်နယ်ဘက်ကိုသွားတဲ့လမ်းမှာအချက်အခြာကျတဲ့ကလေးမြို့ကိုလဲကောင်းကောင်းခြိမ်းခြောက်နိုင်မှာဖြစ်ပါတယ်။

Read moreDetails

နိုဝင်ဘာ ၀၆၊ ၂၀၂၃။ (တနင်္လာ)

တနေ့ကစစ်ကိုင်းတိုင်းအထက်ပိုင်းရှိစစ်ကောင်စီတပ်၏အထိုင်စခန်း၊ရဲစခန်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။အဲ့ဒီနေ့ထဲကကောလင်းမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေခဲ့ပြီးဒီနေ့မှာတော့ခရိုင်မြို့ကြီးဖြစ်တဲ့ကောလင်းတစ်မြို့လုံးကိုPDFနှင့်မဟာမိတ်များသိမ်းပိုက်နိုင်လိုက်ပါတယ်။ နိုဝင်ဘာ ၃ ရက်မနက်မှ စတင်ခဲ့​သော ​ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ၃ ရက်ဆက်အပြင်းအထန်ဖြစ်ခဲ့ပြီး ​မြို့တွင်းကျန်ရှိ​နေ​သော စစ်​သားများကို စစ်​​ကောင်စီကလေ​ကြောင်းမှ အပြင်းအထန်စစ်ကူ​ပေးခဲ့​သော်လည်း ယနေ့နံနက်တွင်နောက်ဆုံးကျန်ရှိသောထွေအုပ်ရုံးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရတယ်။တိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်တွေကရဲစခန်း၊စာသင်ကျောင်းစတဲ့နေရာတွေမှအဆင့်ဆင့်ခုခံခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနောက်ဆုံးကျန်ရှိသောကောလင်းမြို့ထွေအုပ်ရုံးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကယ​နေ့နံနက်တွင် လက်နက်ချခဲ့ပြီး​နောက်မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်​တယ်။ ​ကောလင်းခရိုင်တွင်ပင်လယ်ဘူးမြို့ ၊ဝန်းသို ၊​ကောလင်းမြို့သုံးမြို့ပါဝင်ပြီး ​ကောလင်းမြို့မှာ လူဦးရေ နှစ်​သောင်း​ခွဲကျော်​နေထိုင်​​သောမြို့ဖြစ်တယ်။ဒါ့​ကြောင့်...

Read moreDetails

နိုဝင်ဘာ ၀၅၊ ၂၀၂၃။ (တနင်္ဂနွေ)

၁၀၂၇စစ်ဆင်ရေးဟာစစ်ကောင်စီကိုအကြီးအကျယ်အရှိုက်ထိစေခဲ့ပါတယ်။စစ်တပ်ရဲ့သမိုင်းမှာဒီလောက်ကျယ်တဲ့နယ်မြေဧရိယာအကျယ်အဝန်းကိုတစ်ခါမှမဆုံးရှုံးခဲ့ဖူးဘူး။ဒါ့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းဧရိယာကြီးတစ်ခုလုံးကို၃ရက်အတွင်းဆုံးရှုံးလိုက်ရတာဖြစ်တယ်။ပြီးတော့ဒီစစ်ဆင်ရေးဟာနွေဦးတော်လှန်ရေးကာလအတွင်းမှာမနှစ်ကရခိုင်မှာအေအေကဒီလိုအချိန်စစ်တပ်ကိုတိုက်စစ်စဖွင့်ပြီးနောက်ဒုတိယမြောက်အကြိမ်စစ်တပ်ဟာအလုံးအရင်းနဲ့တိုက်ခိုက်ခံလိုက်ရတာပဲ။ဒီတကြိမ်မှာတော့စစ်တပ်ဟာရခိုင်မှာထပ်ဆုံးရှုံးမှုအတိုင်းအဆမရှိပိုမိုကြီးမားတယ်။ဘာလို့လဲဆိုတော့မနှစ်ကရခိုင်မြောက်ပိုင်းအေအေဟာတိုက်စစ်ဖွင့်ပြီးနှစ်လကျော်ကြာသည့်တိုင်မြို့တမြို့မှမသိမ်းနိုင်ခဲ့ဘူး။နယ်စပ်ကနယ်ခြားစောင့်စခန်း၃၀ခန့်ကိုသာသိမ်းနိုင်ခဲ့တယ်။နှစ်လကျော်ကြာလာတဲ့အခါမှာလက်နက်ခဲယမ်းမလုံလောက်မှုနဲ့ရခိုင်ပြည်သူတွေထိခိုက်လာမှုကြောင့်စစ်တပ်နဲ့အပစ်ရပ်လိုက်ရတယ်။အခုရှမ်းမြောက်မှာတပတ်မပြည့်ခင်မြို့၃မြို့နဲ့စစ်တပ်စခန်း၁၀၀ကျော်သိမ်းပိုက်နိုင်ခြင်းနဲ့ယှဉ်ကြည့်လို့ရတယ်။စစ်ဆင်ရေးဟာအရှိန်ကောင်းနေဆဲဖြစ်တာကြောင့်ထိုကိန်းဂဏန်းတွေဟာဆက်လက်မြင့်တက်လာဖို့ပဲရှိတယ်။ အခုဆိုရင်၁၀၂၇တော်လှန်ရေးစစ်ဆင်ရေးလှိုင်းလုံးကြီးဟာရှမ်းမြောက်၊ကရင်မှတဆင့်စစ်ကိုင်းတိုင်းအတွင်းကိုရောက်ရှိလို့လာပါပြီ။ဒီတော်လှန်ရေးမှာစစ်ကောင်စီကိုစစ်မျက်နှာများများဖွင့်နိုင်လေကောင်းလေဆိုတော့နောက်ထပ်စစ်မျက်နှာ‌တွေထပ်ရှိလာရင်စစ်ကောင်စီဟာအတော်မျက်ဖြူစိုက်လာလိမ့်မယ်။နောက်ထပ်အလားအလာရှိတဲ့စစ်မျက်နှာတွေကတော့ရခိုင်နဲ့ကရင်နီဒေသတွေပါပဲ။ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ကြပါစို့။

Read moreDetails

နိုဝင်ဘာ ၀၄၊ ၂၀၂၃။ (စနေ)

မနေ့ကစစ်ကိုင်းတိုင်း နှင့် မ​ကွေးတိုင်းရှိ စစ်​ကောင်စီတပ်​၏ အထိုင်စခန်း ၊ရဲစခန်း များစ​​သော စစ်​ရေး ပစ်မှတ် ၉ ခုကိုတပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်ကဒီနေ့တရားဝင်ထုတ်ပြန်သည်။ ဒါ့အပြင်ရာဇဂြိုလ်အကျဉ်းဦးစခန်း (၁) မှ ရဲနှင့်ဝန်ထမ်း ၂၀ဦးပြည်သူနှင့်ပူးပေါင်းခဲ့တယ်လို့ထုတ်ပြန်ခဲ့သေးတယ်။စစ်ကောင်စီဘက်တော်သားတွေအနေနဲ့အရေးအကြောင်းဆိုရင်အခုလိုဦးနှောက်ရှိဖို့လိုတယ်။မိုက်မိုက်ကန်းကန်းခံတိုက်ရင်တော့အကုန်သေကုန်မှာပဲ။...

Read moreDetails

နိုဝင်ဘာ ၀၃၊ ၂၀၂၃။ (သောကြာ)

ဒီမနက်တော့တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေကစစ်ကောင်စီကိုစစ်မျက်နှာအသစ်ထပ်ဖွင့်လိုက်တယ်။KIA/AA/PDFတို့ပူးပေါင်းပြီးစစ်ကိုင်းတိုင်းအထက်ပိုင်းကကလေး၊ကန့်ဘလူ၊ချပ်သင်း၊ခန်းပတ်၊ကောလင်း၊အရာတော်စတဲ့ဒေသတွေမှာစစ်မျက်နှာဖွင့်တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတယ်။စစချင်းမှာပဲခမ်းပတ်မြို့မရဲစခန်း၊ကလေးမြို့နယ်ရှိရာဇဂြိုလ်ရဲစခန်း၊မကွေးတိုင်းဂန့်ဂေါမြို့နယ်ရှိမင်းရွာရဲစခန်းအပါအဝင်အနည်းဆုံးစစ်စခန်းလေးခုကိုတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့တယ်။ဒါ့အပြင်စစ်ကိုင်းတိုင်းကောလင်းမြို့ပေါ်မှာလဲတိုက်ပွဲတွေပြင်းထန်နေပြီးပြည်သူတချို့ပိတ်မိနေတယ်။ကောလင်းမြို့ပေါ်ကတိုက်ပွဲတွေမှာတော့ပူးပေါင်းအဖွဲ့တွေဘက်ကမြို့မရဲစခန်းနဲ့ထွေအုပ်ရုံးကိုသိမ်းပိုက်လိုက်ပြီးရဲစခန်းထဲကနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးလိုက်နိုင်တယ်။ ၁၀၂၇စစ်ဆင်ရေးရဲ့ရိုက်ခတ်မှုလှိုင်းလုံးတွေဟာစစ်ကိုင်းတိုင်းထဲကိုရောက်ရှိလို့လာပါပြီ။ရှမ်းမြောက်မှာအကြီးအကျယ်ရှုံးနိမ့်နေတဲ့စစ်ကောင်စီတော့အရူးမီးဝိုင်းပြီပေါ့။တော်လှန်ရေးအင်အားစုတွေဘက်ကတလှိုင်းပီးတလှိုင်းလာမယ်ဆိုတာအပြောမဟုတ်အလုပ်နဲ့သက်သေပြနေပြီ။

Read moreDetails

နိုဝင်ဘာ ၀၂၊ ၂၀၂၃။ (ကြာသပတေး)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွမ်းလုံမြို့နယ်ကစစ်ကောင်စီရဲ့တပ်ရင်းတစ်ခုတပ်ရင်းလိုက်လက်နက်ချအလင်းဝင်လာခဲ့ပါတယ်။ခလရ၁၄၃တပ်ရင်းဖြစ်ပြီးဒုတပ်ရင်းမှုးအပါအဝင်အင်အား၄၀ခန့်လက်နက်အပြည့်အစုံနဲ့လက်နက်ချလာတာပါ။ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုMNDAAကတစ်ဦးလျှင်လမ်းစားရိတ်၁၅သိန်းစီပေးပီးလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်။ဒါဟာနွေဦးတော်လှန်ရေးကာလမှာကရင်နီပြည်နယ်မယ်စဲမြို့မှာစစ်ကောင်စီတပ်တွေတပ်ရင်းလိုက်လက်နက်ချပြီးနောက်ဒုတိယအကြိမ်ဖြစ်ပါတယ်။အဲ့တုန်းကပြောခဲ့သလိုပဲစစ်သူပုန်တွေဟာလက်နက်မချရင်သေရတော့မယ့်အခြေအနေရောက်မှ၊လုံးဝရွှေးချယ်စရာလမ်းမရှိမှလက်နက်ချတာပါ။ဒီတခေါက်ရှမ်းမြောက်ကတိုက်ပွဲတွေမှာတော့လက်နက်ချမယ့်စစ်သူပုန်တွေများလာလိမ့်မယ်ထင်တယ်။သူတို့မှာပြေးစရာလမ်းမရှိတော့ဘူးလေ။ တောင်ပိုင်းကကရင်ပြည်နယ်ဘက်မှာတော့KNUပူးပေါင်းအဖွဲ့တွေဟာကောကရိတ်မြို့အပြင်ကြာအင်းဆိပ်ကြီးမြို့ကိုပါတိုက်ခိုက်နေတယ်။ဒါပေမယ့်ထိုတိုက်ပွဲတွေမှာတော်လှန်ရေးအဖွဲ့တွေဘက်ကဒုစစ်ကြောင်းမှုးတစ်ဦးကျဆုံးသွားတယ်။ရှမ်းမြောက်မှာတမြို့ပီးတမြို့သိမ်းနေချိန်မှာကရင်ပြည်နယ်ထဲမှာတော့သိသာထင်ရှားတဲ့အောင်မြင်မှုတွေမတွေ့ရသေးပါဘူး။EROတွေဖြစ်တဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့တောင်ပိုင်းကKNUအဖွဲ့အခြေအနေချင်းတော့မတူကြပါဘူး။အဓိကအချက်တွေကတော့KNUမှာတပ်မဟာ၇ခုရှိပေမယ့်အမိန့်ပေးစနစ်တစ်ခုထဲအောက်မှာရှိမနေကြဘူး။ကိုယ့်တပ်မဟာအလိုက်တိုက်နေကြတယ်။ပီးတော့KNUဟာခဲယမ်းမြောက်ပိုင်းအဖွဲ့တွေလောက်ခဲယမ်းလုံလုံလောက်လောက်မသုံးနိုင်ဘူး။ဒါ့ကြောင့်တောင်ပိုင်းမှာတိုးတက်မှုတွေနှေးကွေးနေရခြင်းဖြစ်တယ်။

Read moreDetails

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက တပြည်လုံးအနှံ့အပြားမှ တော်လှန်ပုန်ကန်ခဲ့၏။ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ လှုပ်ရှားစစ်ကြောင်းများအား တိုက်ခိုက်သည့်တိုက်ပွဲ၊ မြို့ပြပြောက်ကျားတိုက်ပွဲ စသည့် တိုက်ပွဲပေါင်းများစွာကို ပြီးခဲ့သည် နှစ်နှစ်ခွဲကျော်အတွင်း တွေ့ခဲ့ရသည်။ ထိုများပြားသည့် တိုက်ပွဲများထဲက စစ်တပ်အာဏာသိမ်းသည့် ရက် ၁,၀၀၀...

Read moreDetails

နိုဝင်ဘာ ၀၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

အမေရိကန်ကစစ်ကောင်စီရဲ့အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့MOGEကိုမနေ့ညကစတင်ပိတ်ဆို့အရေးယူလိုက်ပြီဖြစ်ပါတယ်။ထိုအရေးယူမှုဟာလာမယ့်ဒီဇင်ဘာလ၁၅ရက်နေ့စပြီးအသက်ဝင်မှာပါ။ဒါပေမယ့်ဒီပိတ်ဆို့မှုဟာMOGEရဲ့ဘဏ္ဌာရေးပိုင်းကိုသာအဓိကထားတာဖြစ်လို့အလုံးစုံပိတ်ဆို့အရေးယူမှုတော့မဟုတ်သေးဘူး။ဘာပဲဖြစ်ဖြစ်မြန်မာ့အရေးလှုပ်ရှားသူတွေအားလုံးတစိုက်မတ်မတ်တောင်းဆိုနေတဲ့ကိစ္စတစ်ခုကတော့စတင်အကောင်အထည်ပေါ်လာပါပြီ။စစ်ကောင်စီအတွက်တော့ရှမ်းမြောက်ကတိုက်ပွဲတွေမှာအလူးအလဲရှုံးနိမ့်နေတဲ့အချိန်လည်ပင်းကိုနောက်တရစ်ထပ်ရစ်ခံလိုက်ရတာပဲ။ ရှမ်းမြောက်ကတိုက်ပွဲတွေအကြောင်းဆက်ပြောရရင်ပြင်ဦးလွင်နားမှာခံစစ်ပြင်ထားတဲ့စစ်ကောင်စီတပ်တွေဟာအင်အားဖြည့်တင်းပြီးနောင်ချိုမြို့ကိုပြန်လည်တိုက်ခိုက်ဖို့ဒီနေ့မှာချီတက်လာခဲ့ပေမယ့်လဲလမ်းတဝက်မှာတင်တော်လှန်ရေးအဖွဲ့ရဲ့တိုက်ခိုက်ခြင်းကိုခံရလို့သံချပ်ကာကားတစ်စီးပျက်စီးသွားပြီးပြင်ဦးလွင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားရတယ်။စစ်ကောင်စီဟာရှမ်းပြည်မြောက်ပိုင်းတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်ဖို့နေနေသာသာသူတို့ရဲ့တပ်မြို့ဖြစ်တဲ့ပြင်ဦးလွင်အကျော်ကနောင်ချိုမြို့ကိုတောင်ပြန်လည်ထိန်းချုပ်နိုင်ဖို့မလွယ်တော့ပါဘူး။အင်အားအလုံးအရင်းဖြည့်တင်းဖို့ကလဲမြန်မာတနိုင်ငံလုံးနီးပါးစစ်မျက်နှာဖွင့်ထားရတဲ့အတွက်ဘယ်ဒေသကမှအင်အားခပ်များများထုတ်နုတ်လို့မရနိုင်ဘူး။စစ်ကောင်စီကတော့မြောက်ပိုင်းညီနောင်၃ဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးတစ်ခုနဲ့တင်အတော်အကြပ်ရိုက်နေပြီ။ဒီအချိန်ပြည်မဘက်မှာစစ်မျက်နှာအသစ်တွေထပ်ဖွင့်နိုင်ရင်ပိုဆိုးမယ်။တော်လှန်ရေးအင်အားစုတွေကတော့တလှိုင်းပီးတလှိုင်းလာမယ်လို့ကြွေးကြော်ထားကြလေရဲ့။

Read moreDetails
Page 79 of 230 1 78 79 80 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist