LATEST STORIES

ဒီဇင်ဘာ ၃၁၊ ၂၀၂၄။ (အင်္ဂါ)

ဒီနေ့၂၀၂၄ခုနှစ်ရဲ့ နောက်ဆုံးနှစ်သစ်ကူးညကို တကမ္ဘာလုံးမှာဆင်နွှဲကြတယ်။မြန်မာပြည်မှာတော့ ကိုယ့်အပူနဲ့ကိုယ်ဘယ်ဒေသမှ ကြီးကြီးကျယ်ကျယ်မဆင်နွှဲနိုင်ကြပါဘူး။စစ်ကောင်စီကတော့ ရန်ကုန်မှာနှစ်သစ်ကူးcountdownပွဲတွေ ကျင်းပပေးပေမယ့်ပေါ်တာဆွဲခံရမှာဆိုးလို့ တော်ရုံဘယ်သူမှသွားရကြမယ်မထင်ဘူး။ရေပေါ်ဆီလူတန်းစားတွေကတော့ နာမည်ကြီးဟိုတယ်တွေမှာ privite countdown party တွေကျင်းပကြတယ်။သာမာန်လူတန်းစားတွေကတော့ ကိုယ့်အိမ်မှာပဲအဖြစ်သဘောနဲ့ နှစ်သစ်ကိုကြိုကြတယ်။နှစ်သစ်မှာစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပါစေလို့ပဲဆုတောင်းမိပါတယ်။

Read moreDetails

ဒီဇင်ဘာ ၃၀၊ ၂၀၂၄။ (တနင်္လာ)

ဒီဇင်ဘာ ၃၀၊ ၂၀၂၄။ (တနင်္လာ) အတင်းအဓ္ဓမပေါ်တာဆွဲဖမ်းဆီးမှုတွေအကြောင်းသိသလောက်ပြောရရင် စစ်ကောင်စီဟာအသက်၁၈နှစ်မှ၃၅နှစ်ကြားလူငယ်တွေကို စစ်မှုထမ်းဖို့ပြောထားတာကြောင့် စစ်ကောင်စီလက်အောက်ခံလဝကဌာနက တစ်နိုင်ငံလုံးကထိုအသက်အပိုင်းအခြားအတွင်းအကြုံးဝင်တဲ့ လူငယ်စာရင်းကိုစစ်တပ်ကိုပို့ထားတယ်။ထိုစာရင်းတွေထဲကမှလစဥ်တိုင်းမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတွေက ဘယ်သူ့ကိုမှအသိမပေးပဲကိုယ့်သဘောနဲ့ကိုယ်မဲနှိုက်ရွေးချယ်ပြီး မဲပေါက်တဲ့လူငယ်တွေကိုအိမ်တိုင်ရာရောက်လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်။လူငယ်တွေအတွက်ကတော့ ဒီလမဲမပေါက်လဲနောက်လမှာကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲ မဲပေါက်သွားနိုင်ပါတယ်။မဲနှိုက်ရွေးချယ်ခြင်းခံရတဲ့သူဟာ ခရီးသွားလာခွင့်ပိတ်ပင်ခံရတယ်။မရရအောင်ထွက်ပြေးသွားခဲ့ရင်လဲ ကျန်ရစ်တဲ့မိသားစုကိုပြသာနာရှာပါသေးတယ်။ ဒါ့ကြောင့်ပြည်တွင်းကလူငယ်တွေဟာ နည်းမျိုးစုံနဲ့စစ်မှုထမ်ဥပဒေကိုရှောင်တိမ်းဖို့ကြိုးစားနေကြပါတယ်။ငွေကြေးတတ်နိုင်တဲ့သူတွေက...

Read moreDetails

ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ)

ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ) ရန်ကုန်မှာပေါ်တာဆွဲမှုတွေဟာ အမှန်တကယ်ဖြစ်ပေါ်နေပါပြီ။ရန်ကုန်ကမြို့နယ်အတော်များများမှာ ညပိုင်းပေါ်တာဆွဲနေတဲ့သတင်းတွေကြားနေရတယ်။ပြီးခဲ့တဲ့ရက်ကတင် သာကေတမြို့နယ်မှာညပိုင်းအလုပ်အပြန်လမ်းပေါ်တွင်သွားလာနေသော လူငယ်၃၀ကျော်ဖမ်းဆီးခံရတယ်လို့သိရတယ်။ည၈နာရီလောက်အိမ်စီးကားနဲ့ စစ်သား၊ ရဲတွေက လူလတ်အပိုင်းအမျိူးသားတွေကိုကားပေါ်ကို ဖမ်းပြီးဆွဲတင်သွားတာပါ။လမ်းမကြီးတွေသာမက ရပ်ကွက်တွေထဲကလမ်းတွေ၊မှောင်ရိပ်​ကျတဲ့နေရာတွေအထိပါ ဖမ်းဆီးမှုတွေရှိလာတယ်။အချို့နေရာတွေမှာ ညဘက်အိမ်နဲ့မနီးမဝေးလမ်းပေါ်မှာသွားလာနေကြတဲ့ လူငယ်တွေလဲပါသွားတယ်။ဆိုရှယ်မီဒီယာတွေပေါ်မှာလဲ လူ​ပျောက်ကြေငြာတွေဒီရက်ပိုင်းတန်းစီတက်လာတယ်။ပျောက်ဆုံးနေတဲ့သူ အများသူအများစုကလဲလူငယ်တွေပါပဲ။ ပေါ်တာဆွဲဖမ်းဆီးမှုတွေအမှန်တကယ်ဖြစ်ပျက်နေတာကြောင့်...

Read moreDetails

ဒီဇင်ဘာ ၂၈၊ ၂၀၂၄။ (စနေ)

အေအေတပ်တော်ဟာ မနေ့ရခိုင်ပြည်နယ်တောင်ဘက်စွန်းဂွမြို့ကို သိမ်းပိုက်လိုက်ပါပြီ။ဂွမြို့မကျဖို့အသည်းအသန်းခုခံနေကြတဲ့ စစ်သူပုန်တွေကတော့ သံချပ်ကာကားဆယ်စီးလောက်ကို ပစ်ထားခဲ့ပြီးဧရာဝတီတိုင်းထဲ ဆုတ်ခွာထွက်ပြေးသွားကြတယ်။ဂွမြို့ကိုရရှိလိုက်တာကြောင့် ရခိုင်ပြည်နယ်မှာသိမ်းဖို့ကျန်တာဆိုလို့ မြန်အောင်မြို့၊မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူစတဲ့သုံးမြို့သာကျန်ရှိတော့တဲ့အချိန်မှာ စစ်ကောင်စီနဲ့ဆွေးနွေးဖို့အသင့်ရှိတယ်လို့ အေအေကကြေညာလိုက်ပါတယ်။စစ်ရေးအပြီးမှာ နိုင်ငံရေးနည်းလမ်းနဲ့ကျန်ရှိတဲ့မြို့တွေကရရှိဖို့ အေအေကလေသံပစ်လိုက်တဲ့သဘောပါ။ရေနက်ဆိပ်ကမ်း၊အထူးစီးပွားရေးဇုန်နဲ့တရုတ်ရေနံပိုက်လိုင်းအစပြုရာ တရုတ်အကျိုးစီးပွားတွေအများအပြားရှိနေတဲ့ ကျောက်ဖြူမြို့ကိုစစ်မတိုက်ပဲထိန်းချုပ်နိုင်ဖို့ တရုတ်ကို အေအေကစတင်ကမ်းလှမ်းလိုက်ပါပြီ။တရုတ်နဲ့စစ်ကောင်စီကတော့ ဘယ်လိုတုန့်ပြန်မလဲစောင့်ကြည့်ရပါမယ်။

Read moreDetails

ဒီဇင်ဘာ ၂၇၊ ၂၀၂၄။ (သောကြာ)

မုံရွာမြို့မှာ လူသတ်ပြီးကားလုပြေးသွားတဲ့ တရားခံတွေကို တော်လှန်ရေးအဖွဲ့တွေက အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေဟာ လူငယ်လေးတွေဟာ အသက်၂၀ကျော်လောက်သာ ရှိသေးတယ်။ ဒီအရွယ်နဲ့လူသတ်မှု ကျူးလွန်ရဲတာအံဩစရာပဲ။ ရန်ကုန်နဲ့မန္တလေးက တရားခံတွေကိုတော့ စစ်ကောင်စီကဖမ်းဆီးရမိတယ်လို့ မကြားမိသေးပါဘူး။ မြို့ကြီးတွေမှာ လူသတ်ဓားမြတိုက်ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဆိုသလိုရှိနေပေမယ့် စစ်ကောင်စီကတော့...

Read moreDetails

ဆောင်းပါးများ, ဆောင်းပါးများ, မြန်မာသတင်း, သတင်း မြန်မာ့အကျပ်အတည်းကိစ္စ ထိုင်း ပြတ်ပြတ်သားသား လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်ပညာရှင်များ ပြော

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်အစိုးရသည် ပြီးပြည့်စုံပြီး ထိရောက်သော အစီအစဉ် သို့မဟုတ် နိုင်ငံရေးစိတ် မရှိခြင်းကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်ဖော်ဆောင်မည့် ထိုင်း၏ နောက်ဆုံးကြိုးပမ်းမှုသည် အခက်အခဲပြဿနာများကို ကျော်လွှားနိုင်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ လက်ရှိအကျပ်အတည်းများကို လျော့ပါးရန်နှင့် ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရန်...

Read moreDetails

စစ်ကောင်စီ ဇာတ်သိမ်းခန်း နီးပြီ

ဒီဇင်ဘာဟာ နှစ်တနှစ်ရဲ့ အဆုံးသတ်ဖြစ်သလို ဒီဇင်ဘာလမှာ အံ့အားသင့်ဖွယ် အဆုံးသတ်တွေကို မြင်ရတယ်။ အာဏာရှင် ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ သူနေထိုင်တဲ့ နန်းတော်ကို စွန့်ပြီး နိုင်ငံက ထွက်ပြေးသွားရလိမ့်မယ်လို့ (စောစောပိုင်းက) ဘယ်သူမှ မထင်ခဲ့ကြဘူး။...

Read moreDetails

စစ်ကောင်စီက စက်တပ်လေထီးသုံးပြီး ဗုံးကြဲ၊ တောင်သာ ဒေသခံ၂ ဦး ဒဏ်ရာရ

နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို ဒီဇင်ဘာ ၂၅ ( ခရစ္စမတ်နေ့ ) နေ့လယ်တွင် စက်တပ်လေထီး (Paramotor) ဖြင့်  ဗုံးချခဲ့သဖြင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ကျေးရွာ စာသင်ကျောင်းဆောင်များ...

Read moreDetails

ဒီဇင်ဘာ ၂၆၊ ၂၀၂၄။ (ကြာသပတေး)

စစ်အာဏာသိမ်းပြီးနောက် တနေ့တခြား ပေါများလာတဲ့ ဒုစရိုက်မှုတွေဟာ အဆိုးဆုံးအခြေအနေကိုရောက်ရှိလာနေပါပြီ။ ဒီနေ့ဆိုရင် မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီး သုံးမြို့ဖြစ်​တဲ့ ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့ တို့မှာ တမနက်ထဲ ဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့တယ်။ ရန်ကုန်မြို့မှာ ဗဟန်းမြို့နယ်ရှိအလှကုန်ပစ္စည်းဆိုင်တစ်ဆိုင်ကို နံနက်၈နာရီခန့်တွင် အမျိုးသားတစ်ဦးကဝင်ရောက်လုယက်ပြီး...

Read moreDetails

ဒီဇင်ဘာ ၂၅၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

မြန်မာပြည်အနောက်ပိုင်းစစ်ရေးအ​ခြေအနေကတော့ စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ရခိုင်ပြည်နယ်ဂွမြို့ကို အေအေတပ်တော်ကရရှိခဲ့မယ်ဆိုရင် ရခိုင်ရိုးမကိုကျော်ပြီးပြည်မဘက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့လမ်းကြောင်း အတော်ပွင့်သွားပြီလို့ပြောလို့ရပြီ။အမ်းတောင်ကြားလမ်းမှတဆင့် မကွေးတိုင်းဘက်ကိုဝင်နိုင်သလို တောင်ဂုတ်တောင်ကြားလမ်းမှတဆင့် ပဲခူးတိုင်းအနောက်ခြမ်းကိုလဲ ဝင်ရောက်နိုင်တယ်။ဒါ့အပြင်ဂွမြို့ကတဆင့် ဧရာဝတီတိုင်းထဲကိုလဲဝင်ရောက်နိုင်ပါသေးတယ်။ချင်းပြည်နယ်ဘက်မှာလဲမင်းတပ်မြို့ကို သိမ်းပြီးနောက်နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်းမြောက်ပိုင်းယောနယ်မှာစစ်ဆင်ရေးတွေ ပိုမိုဖော်ဆောင်တော့မယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောထားတယ်။ထိုဒေသတွေဟာအခုအချိန်ထိ စစ်ကောင်စီကောင်းကောင်းထိန်းချုပ်နိုင်တဲ့ဒေသတွေဖြစ်တာကြောင့် စစ်တပ်အင်အားလဲအများအပြားမချထားပါဘူး။ဒါ့ကြောင့်အခုချိန်မှာစစ်တပ်ဟာ နောက်ကျောမလုံဖြစ်နေပါပြီ။ ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ပဲခူးတိုင်းအနောက်ခြမ်းနဲ့မကွေးတိုင်းထဲမှာ...

Read moreDetails
Page 31 of 233 1 30 31 32 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist