LATEST STORIES

မြင်းခြံတွင် ဘုန်းတော်ကြီး ၂ ပါးနှင့် လသားကလေးငယ် အပါအဝင် ၁၆၅ ဦး ဖမ်းဆီးခံထားရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စက်တင်ဘာလအတွင်း ဘုန်းတော်ကြီးနှစ်ပါးနှင့် လသားကလေးငယ်အပါအဝင် စုစုပေါင်း ပြည်သူ ၁၆၅ ဦး ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားကြောင်း လူထုလှုပ်ရှားမှု အဖွဲ့တစ်ခုက ပြောသည်။ ယင်းအဖွဲ့သည် စက်တင်ဘာလ ၃ ရက်မှ ၂၉...

Read moreDetails

NUG က လက်နက်ကိုင်လမ်းစဉ်တစ်ခုကိုပဲ ဆုပ်ကိုင်ထားတာလား

၂၀၂၀ ရွေးကောက်ပွဲနေ့က ကိုဗစ်ကပ်ဘေးအကာအကွယ်များ ဝတ်ဆင်ပြီး မိမိနှစ်သက်သူကို ရွေးချယ်မဲပေးရန် စောင့်ဆိုင်းနေသူတချို့။ ပြည်သူတို့က နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုသော်လည်း အာဏာရှင်စစ်ဗိုလ်ချုပ်များက ကဖျက်ယဖျက် လုပ်လေ့ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတက ပြောကြားသည့် စစ်ကောင်စီကို ခုခံရန်...

Read moreDetails

စက်တင်ဘာ ၂၈၊ ၂၀၂၁။ (အင်္ဂါ)

ဒေါ်လာစျေးနဲ့ရွှေစျေးဟာဒီနေ့တရက်ထဲမှာပဲမိုးပေါ်ထောင်တက်သွားခဲ့ပါတယ်။ဒေါ်လာစျေးက၂၂၀၀ကနေ၂၇၀၀၊ရွှေစျေးက၁၉သိန်းကနေ၂၂သိန်းထိထိုးတက်သွားခဲ့တာပါ။စျေးကွက်နှစ်ခုစလုံးထိန်းမနိုင်သိမ်းမရပျက်သွားပြီးလို့ယူဆနေကြပါတယ်။ နောက်ကနေကပ်လျက်လိုက်လာတာကတော့ငွေကြေးဖောင်းပွမှုပေါ့။မြန်မာကျပ်ငွေဟာဇင်ဘာဘွေတို့၊ဗန်နီဇွဲလားတို့လို့ဖြစ်လာနိုင်တယ်ဆိုပြီးထင်ကြေးတွေလဲပေးနေကြတယ်။ စစ်ကောင်စီဟာဗဟိုဘဏ်မှတဆင့်ဒေါ်လာတွေထုတ်ရောင်းနေပေမယ့်စျေးကွက်ထဲရောက်မလာခဲ့ပဲသူတို့အချင်းချင်းသာလက်သိပ်ထိုးဝယ်ယူနေခဲ့ပါတယ်။အဓိကပြသာနာကစစ်ကောင်စီကိုအယုံအကြည်မရှိကြတော့တာပါပဲ။ကုန်သွယ်ရေးမှာလဲစစ်အာဏာသိမ်းမှုကြောင့်ပို့ကုန်တွေရပ်ဆိုင်းနေပြီးသွင်းကုန်တွေသာတိုးနေသောကြောင့်အခြေအနေတွေကိုပိုဆိုးလာစေခဲ့တယ်။အစပိုင်းမှာသိပ်မသိသာပေမယ့်အခုရှစ်လကျော်ကြာလာတဲ့အခါမှာစီးပွားရေးတစ်ခုလုံးပြိုဆင်းလာတော့တာပါပဲ။ ရှေ့လျောက်ဒီထက်ပိုဆိုးလာဖို့ပဲရှိမယ်။စစ်အာဏာရှင်စနစ်တည်မြဲနေသ၍ပေါ့။

Read moreDetails

စက်တင်ဘာ ၂၇၊ ၂၀၂၁။ (တနင်္လာ)

Military council threatens to confiscate apartments and houses linked to terrorism မန္တလေးမြို့လည်ကောင်ကကညနရုံးထဲမှာဗုံးပေါက်လို့ပွဲစားတွေထိခိုက်ကုန်ကြတယ်။ရန်ကုန်ကညနရုံးမှာလဲအရင်ကပေါက်ကွဲမှုတွေဖြစ်ခဲ့တာပဲ။ဒါပေမယ့်ရုံးရှေ့လောက်မှာပဲကွဲတာ၊ခုမန္တလေးကရုံးထဲမှာကွဲတော့တော်တော်များများထိကုန်ကြတယ်။စစ်ကောင်စီရဲ့ဝင်ငွေရပေါက်ထောက်တိုင်ဆိုတော့အခွန်ရုံးတို့၊မီတာရုံးဆိုတာဝေးဝေးကရှောင်တာကောင်းလိမ့်မယ်။ ရန်ကုန်မြို့ရဲ့လမ်းမပေါ်မှာတော့ကားနဲ့လှည့်တတ်တဲ့လှည်းကင်းတွေ၊ပတ်ကင်းတွေတော်တော့နည်းသွားပြီ။ဟိုတခေါက်စမ်းချောင်းမှာအပစ်ခံရလို့ဗိုလ်မှူးတကောင်ပါသွားကတည်းကပဲ။ခုတော့မြို့ပေါ်ကဝတ်ကျင်းအသီးသီးမှာဘန်ကာအထပ်ထပ်နဲ့ကုတ်နေကြပြီ။

Read moreDetails

စက်တင်ဘာ ၂၆၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်သူပုန်တွေအထိနာသွားတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းအထက်ပိုင်းပင်လယ်ဘူးဒေသတဝိုက်ကိုအင်တာနက်ရော၊ဖုန်းလိုင်းပါဖြတ်လိုက်ပါပြီ။ဟိုနေ့ကမှစစ်ကောင်စီကအဲ့ဒီဒေသကိုအာရုံမရဘူးပြောလို့တောင်မပြီးသေးဘူး..ချက်ချင်းလက်ငင်းထိုးစစ်ဆင်မယ့်သတင်းတွေကြားလာရပြီ။PDF တွေဘေးကင်းပါစေ။ ချင်းပြည်နယ်မှာတော့ထန်တလန်တမြို့လုံးလူဦးရေသောင်းချီစစ်ရှောင်ကုန်ကြပြီ။မြို့ထဲမှာဘယ်သူမှမရှိကြတော့ဘူး။ဟိုတနေ့ကမြို့ထဲကိုစစ်သူပုန်တွေလက်နက်ကြီးနဲ့ရမ်းသမ်းပစ်လို့အိမ်တွေမီးလောင်ကတည်းကအကုန်လန့်ဖြန့်ပြီးထွက်ပြေးကုန်ကြတာပဲ။ မြို့လုံးကျွတ်စစ်ရှောင်ရတဲ့အခြေအနေမျိုးဆိုတာဒီဘက်ခေတ်မြန်မာ့သမိုင်းမှာမရှိခဲ့ဖူးပါ။တိုက်ပွဲတွေပိုပြင်းထန်လာဖို့ကတော့ကျိန်းသေသလောက်ပဲ။

Read moreDetails

စက်တင်ဘာ ၂၅၊ ၂၀၂၁။ (စနေ)

ဟိုတလောကရန်ကုန်လေဆိပ်မှာAirKBZလေယာဉ်ကိုပျက်ကျအောင်လေဝင်ပေါက်တွေထဲသစ်ရွက်ခြောက်အစအနတွေထည့်ထားပြီးလုပ်ကြံတယ်လို့သတင်းတွေတက်လာတယ်။အဲ့တုန်းကတော့ဘယ်သူတွေဉာဏ်တိမ်ပြီးလုပ်တာပါလိမ့်လို့ပဲတွေးမိတယ်။လေယာဉ်တစ်စင်းကိုပျက်ကျအောင်လုပ်ချင်ရင်လူမသိသူမသိလုပ်လို့ရတဲ့နည်းတွေအများကြီးကိုး။ ဒီနေ့တော့တရားခံတွေမိပြီလို့စစ်ကောင်စီဘက်ကြေငြာလိုက်တယ်။ဖတ်ကြည့်လိုက်တော့စစ်ကောင်စီရဲ့လုပ်နေကျပုံစံအတိုင်းလုပ်ကြံအမှုဆင်ထားတာပါပဲ။လေကြောင်းလိုင်းဝန်ထမ်းတွေကိုတရားခံအဖြစ်စွပ်စွဲထားပြီးအင်ဂျင်နီယာဌာနကမန်နေဂျာအဆင့်ပုဂ္ဂိုလ်တွေလဲပါဝင်လာတယ်။အဲ့ဒီမှာစပြီးယုတ္တိမတန်တာကလေယာဉ်သန့်ရှင်းရေးဝန်ထမ်းကမန်နေဂျာကိုလုပ်ခိုင်းတယ်ဆိုတဲ့စွပ်စွဲချက်ပဲ။အဲ့ဒီမှာတင်လုံးဝအဓိပ္ပါယ်မရှိတော့ဘူး။တခြားမဖြစ်နိုင်တဲ့အချက်အလက်များစွာရှိသေးတယ်။အံသြဖို့ကောင်းတာကနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဘက်ကဘာသံမှထွက်မလာတာပဲ။အားလုံးဟာစစ်ကောင်စီအလိုကျအတိုင်းပဲဖြစ်သွားတယ်ထင်ပါတယ်။ အလားတူဖြစ်ရပ်မျိုးပြီးခဲ့တဲ့တပတ်လောက်ကဧရာဝတီဘဏ်မှာလဲဖြစ်ခဲ့သေးတယ်။ပဲခူးမြို့နားမှာဘဏ်ငွေပို့ကားဓားမြတိုက်ခံရတယ်လို့သိန်းလေးသောင်းခန့်ပါသွားတယ်။တရက်တောင်မကူးပဲတရားခံမိတယ်ဆိုပြီးPDF တွေကိုလွှဲချတယ်။တကယ်တမ်းကစစ်ကောင်စီကပဲဇတ်လမ်းရိုက်သွားတာ။ CNNသတင်းထောက်လာတုန်းကရန်ကုန်ကကိုယ့်ကုန်တိုက်နှစ်ခုကိုယ့်ဘာသာကိုယ်မီးရှို့ပြီးပြည်သူကိုလွှဲချကတည်းကစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေကဘယ်သူမှမယုံကြတော့ပါဘူး။

Read moreDetails

စက်တင်ဘာ ၂၄၊ ၂၀၂၁။ (သောကြာ)

စစ်ကိုင်းတိုင်းအထက်ပိုင်းကောလင်း၊ဝန်းသို၊ပင်လယ်ဘူးဒေသတွေကဒီနှစ်ရက်တာကာလတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားလေးဆယ်ခန့်ဘဝကူးသွားပီးလက်နက်ခဲယမ်းများစွာကိုPDFတွေသိမ်းဆည်းနိုင်ခဲ့တယ်။ပီးခဲ့တဲ့တပတ်လောက်ကတိုက်ပွဲတွေမှာလဲစစ်သူပုန်လေးဆယ်ခန့်သေဆုံးတယ်လို့NUGကသတင်းထုတ်ပြန်ထားတော့ရက်ပိုင်းအတွင်းရှစ်ဆယ်ခန့်ဘဝကူးသွားတဲ့သဘောပဲ။ NUGရဲ့သတင်းထုတ်ပြန်ချက်အရဒေသခံPDFတွေဟာKIAရဲ့ကြီးကြပ်မှုနဲ့တိုက်ပွဲဝင်ကြတယ်လို့ပြောတယ်။တချို့ကလဲNUGလက်အောက်ကPDFတပ်ဖွဲ့တွေလို့ပြောကြတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်စပ်မှာအရင်လတွေထဲကစစ်သူပုန်တွေကိုငရဲပို့ပေးနေကြတာ။တခါပို့ရင်အနည်းဆုံးနှစ်ဆယ်၊သုံးဆယ်ပါတယ်။ဒါပေမယ့်စစ်ကောင်စီကအဲ့ဒီဒေသကိုဘာကြောင့်မှန်းမသိအာရုံသိပ်မရဘူး။အဲဒီဘက်မှာရွာလုံးကျွတ်ထွက်ပြေးရတဲ့သတင်းတွေ၊စစ်ရှောင်တွေရျိတယ်လို့မကြားမိသေးဘူး။ သူတို့ကစစ်ကိုင်းတိုင်းအနောက်ပိုင်းကိုပဲအသေအလဲဖိနေကြတာ။ခုတော့ကောင်းကောင်းခံလိုက်ရပြီပေါ့။

Read moreDetails

အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း ကဆုန်စိုင်းတက်နေ

ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ-Myanmar Now) အတက်အကျ အနိမ့်အမြင့်ရှိသည့် အထွေထွေကုန်ဈေးနှုန်းမှာ အာဏာသိမ်းပြီးနောက် အတက်ကြမ်းနေပြီး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် အရှိန်အဟုန်ပြင်းပြင်းရိုက်ခတ်ခံနေရသည်။ ငွေကြေးတတ်နိုင်သူများလက်လှမ်းမီသည့် ရွှေမှအစ အခြေခံစားသောက်ကုန်အထိ ဈေးတက်နေခြင်း ဖြစ်ပြီး ဆင်းရဲနွမ်းပါးသောအိမ်ထောင်စုများသည်...

Read moreDetails

စစ်ကောင်စီက ချင်းပြည်နယ်ရှိ ၈ မြို့နယ်ကို အင်တာနက် ဖြတ်တောက်

  ချင်းပြည်နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ချင်းပြည်နယ်တွင်းရှိ မြို့နယ် ၈ မြို့နယ်ကို အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ချင်းပြည်နယ်သည် ခရိုင် ၄ ခု၊...

Read moreDetails

စက်တင်ဘာ ၂၃၊ ၂၀၂၁။ (ကြာသပတေး)

စစ်ကောင်စီကချင်းပြည်နယ်တစ်ခုလုံးကို(မြို့တော်ဟားခါးမှအပ)အင်တာနက်ဖြတ်တောက်လိုက်ပြန်ပြီ။မကွေးတိုင်းထဲကဂန့်ဂေါ်၊ထီးလင်းနဲ့မြိုင်မြို့နယ်လေးတွေပါပါတယ်။စစ်ကိုင်းတိုင်းအနောက်ပိုင်းတခြမ်းလုံးနဲ့ချင်းပြည်နယ်ကိုစစ်ကောင်စီဟာမထိန်းနိုင်တော့တဲ့အခြေအနေကိုရောက်နေပြီ။ ဒီနေ့ဆိုစစ်ကိုင်းတိုင်းရဲ့မြို့တော်မုံရွာနားမှာပဲစစ်ကားတွေမိုင်းခွဲတိုက်ခိုက်ခံလိုက်ရတယ်။အရင်နေ့တွေကတည်းကမုံရွာမှာစစ်တပ်ရဲ့စီးပွားရေးတွေဖြစ်တဲ့Mytelတာဝါတိုင်တွေနဲ့မြန်မာဘီယာဂိုထောင်တွေတိုက်ခိုက်ဖျက်စီးခံလိုက်ရသေးတယ်။တော်လှန်ရေးမီးပွားဟာမုံရွာထိစင်လာတဲ့သဘောပဲ။ဒါတောင်အဲ့ဒီနယ်ကချောင်ဦးမြို့နယ်PDFဆိုမကြာမကြာစခန်းကိုဝင်စီးပြီးလက်နက်တွေအသိမ်းခံနေရလို့။မဟုတ်ရင်ဒီထက်ပိုပြီးစောစောစီးစီးလက်သံပြောင်နိုင်မှာ။

Read moreDetails
Page 194 of 235 1 193 194 195 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist