LATEST STORIES

အောက်တိုဘာ ၁၁၊ ၂၀၂၁။ (တနင်္လာ)

ဒီနေ့အလုပ်ကိစ္စတစ်ခုနဲ့အစိုးရဘဏ်ကိုရောက်ဖြစ်တယ်။လူတွေများမြင်မကောင်းဘူး၊ဘဏ်ထဲခြေချစရာနေရာတောင်မရှိဘူး။ဒီကြားထဲဘဏ်အပြင်မှာတစ်ခါ၊ဘဏ်ထဲမှာတစ်ခါနှစ်ဆင့်တန်းစီရသေးတယ်။လာသမျှလူတွေအကုန်နီးပါးကငွေထုတ်တွေချည်းပဲ။အချိန်အကြာကြီးစောင့်ရသေးတယ်။ရတော့တစ်လကိုသုံးသိန်းတဲ့။ကိုယ်အပ်ထားတဲ့ငွေကိုခုလိုဒုက္ခမျိုးစုံခံပြီးထုတ်တာတောင်အပြည့်ထုတ်ခွင့်မရပဲခွဲတမ်းနဲ့ထုတ်နေရတာအာဏာသိမ်းပြီးကတည့်ကပဲ။ဒီလကဒေါ်လာစျေးတွေတက်ကုန်တော့ငွေထုတ်တဲ့သူတွေပိုများလာတယ်လို့ပြောကြတယ်။ဘဏ်ထဲမှာနေရင်တန်ဖိုးကျနေမဲ့အစားငွေထုတ်ပြီးတစ်ခုခုဝယ်ထားရမယ်လို့တွေးကြတာပေါ့။စစ်ကောင်စီမှာလဲပေးစရာငွေမကျန်တော့ဘူး။လူတွေကလဲဘဏ်ကိုအယုံအကြည်မရှိတော့ဘူး။တွေးကြည့်ရင်စိတ်ညစ်စရာကြီးပဲ။

Read moreDetails

အောက်တိုဘာ ၁၀၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်ကောင်စီဟာစစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ချင်းပြည်နယ်ကိုတပ်အင်အားတွေအများအပြားဖြည့်တင်းနေတယ်။အဲ့ဒီဒေသတွေကိုမကြာမီမှာစစ်ဆင်ရေးအကြီးအကျယ်လုပ်ဖို့ရှိလိမ့်မယ်။ဒေသခံPDF တွေကလဲရသလောက်ခုခံကာကွယ်နေတယ်။စစ်ကောင်စီတပ်တွေသွားရာလမ်းတလျှောက်မိုင်းတွေတဝုန်းဝုန်းကွဲနေတယ်။ ထိတွေ့မှုအများဆုံးဖြစ်ပွားနေတဲ့ဒေသကတော့စစ်ကိုင်းတိုင်းပဲ။ စစ်သူပုန်တွေတိုက်ပွဲမှာသေဆုံးနှုန်းကလဲသိသိသာသာမြင့်တက်လာနေတယ်။အချက်အတွေအရNUGကခုခံစစ်မကြေငြာမီစက်တင်ဘာ၇ရက်ရှေ့ပိုင်းမှာတရက်ကိုနှစ်ဆယ်ပတ်ဝန်းကျင်သာရှိရာကနေခုခံစစ်ကြေငြာပြီးနောက်ပိုင်းတရက်ကိုသုံးဆယ်နှုန်း၊ဒီလထဲမှာဆိုခြောက်ဆယ်နှုန်းလောက်ထိမြင့်တက်လာတယ်။ရှေ့လျှောက်ဒီထက်ပိုတက်လာဖို့ပဲရှိမယ်။ကြာရင်သူတို့တွေလုံးပါးပါးလာတော့မယ်။ လေ့လာသူတွေကတော့အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာသုံးလဟာစစ်ရေးအရအဆုံးအဖြတ်လို့သုံးသပ်ကြတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေပါပြီ။

Read moreDetails

စစ်တပ်၏ လူသားဒိုင်းအစီအစဉ်ကြောင့် PDF အခက်တွေ့နေ

မြန်မာပြည်တစ်နေရာမှ PDF သင်တန်းတစ်ခု။ (ဓာတ်ပုံ- PDF) တိုင်းရင်းသားတပ်များကို ၅ လ အပစ်ရပ်ကြောင်း ကြေညာပြီး မြန်မာပြည်အလယ်ပိုင်းကို အပြင်းအထန်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် အရပ်သားများကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးချနေသဖြင့် ဝင်တိုက်ရ ခက်ခဲနေသည်ဟု...

Read moreDetails

ထောင်ချီသော တပ်ကူများကို နိုင်ငံအထက်ပိုင်းသို့ စစ်ကောင်စီပို့နေ

စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့တွင် စစ်ဆင်ရေးများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည် အနည်းဆုံး တပ်ရင်း ၄ ရင်းရှိသော တပ်ကူများကို စေလွှတ်နေသည် အရပ်သား ခုခံရေးတပ်များကို ရှင်းလင်းသည့် စစ်ဆင်ရေးများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည်...

Read moreDetails

အောက်တိုဘာ ၉၊ ၂၀၂၁။ (စနေ)

ပြီးတဲ့လကုန်ပိုင်းကထိုးတက်ခဲ့တဲ့ဒေါ်လာစျေးနဲ့ရွှေစျေးဟာစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ရဲ့ဆေးမှီးတိုကုစားမှုတွေကြောင့်မတက်ခင်အခြေအနေကိုတော့ပြန်ရောက်လာပြီ။ဒေါ်လာစျေးကနှစ်ထောင်ဝန်းကျင်၊ရွှေစျေးက၁၉သိန်းဝန်းကျင်ပေါ့။ဒါပေမယ့်ပြန်မကျတော့တာကစက်သုံးဆီစျေးနှုန်းနဲ့ကုန်စျေးနှုန်းတွေပဲ။အဲ့ဒါတွေကပြည်သူလူထုကိုတိုက်ခိုက်ထိခိုက်နေတာဆိုတော့လူတိုင်းဟာကြပ်တည်းနေကြတယ်။ ဒေါ်လာစျေးပြန်ကျနေတာလဲခဏပဲဖြစ်လိမ့်မယ်။အဓိကအကြောင်းရင်းဖြစ်တဲ့ပို့ကုန်နဲ့ကုန်သွယ်ရေးကိုတိုးတက်အောင်မလုပ်ဆောင်နိုင်သ၍တချိန်ချိန်မှာပြန်တက်လာမှာပဲ။စစ်ဖြစ်ခါနီးအခြေအနေမှာထိုအရာတွေကိုတိုးတက်အောင်လုပ်ဖို့ဆိုတာလဲဘယ်လိုမှမဖြစ်နိုင်ပါ။အခုဆိုတရုတ်ဘက်လဲနယ်စပ်ဂိတ်တွေအကုန်ပိတ်လိုက်ပြီဆိုတော့ကုန်သည်တွေ၊တောင်သူတွေ၊ကားသမားတွေဒုက္ခရောက်ကြလိမ့်ဦးမယ်။

Read moreDetails

အောက်တိုဘာ ၀၈၊ ၂၀၂၁။ (သောကြာ)

EUပါလီမန်ကမဲခွဲဆုံးဖြတ်ပြီးNUGကိုထောက်ခံကြောင်းကြေငြာချက်ကဒီနေ့အတွက်အတော်မင်္ဂလာရှိတဲ့သတင်းပဲ။ဥရောပကနိုင်ငံပေါင်းနှစ်ဆယ်ကျော်နဲ့ဖွဲ့စည်းထားတဲ့EUဆိုတာUNပြီးရင်ကမ္ဘာမှာဩဇာအကြီးဆုံးအဖွဲ့အစည်းပဲ။သူ့ဆီကဒီလိုသဘောထားမျိုးပြလာတာဟာတော်လှန်ရေးကိုအတော်ရှေ့ရောက်သွားစေလိမ့်မယ်။ အမေရိကန်ကကိုတော့ခုထိNUGကိုထောက်ခံဖို့နှာစေးနေတုန်းပဲ။အရင်တုန်းကUNကဘာမှသုံးစားမရမှန်းသိလို့USကိုအားကိုးမိသေးတယ်။ခုတော့ဂျိုးဘိုင်ဒင်ရဲ့မပြတ်သားမှုတွေ၊မရေရာမှုတွေကြောင့်သူ့နိုင်ငံရေးပြသနာတွေမှာတင်လည်ထွက်နေလေရဲ့။ ဘာပဲဖြစ်ဖြစ်ဒီရက်ပိုင်းနိုင်ငံတကာရေးရာမှာဆက်တိုက်ကောင်းသတင်းတွေကြားနေရတယ်။

Read moreDetails

အောက်တိုဘာ ၇၊ ၂၀၂၁။ (ကြာသပတေး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရန်ကုန်ရောက်နေလို့တမြို့လုံးစစ်ခွေးတွေခြေရှုပ်နေကြတယ်။ရန်ကုန်ကလမ်းမကြီးတွေပေါ်မှာလမ်းဆုံတိုင်းမှာသူတို့တွေချည်းပဲ။ဆင်ခြေဖုံးမြို့နယ်တွေမှာဆိုရင်ဆိုင်ကယ်တွေလုံးဝပေးမစီးတော့ဘူး။အတင်းလိုက်ဖမ်းနေတယ်။မင်းအောင်လှိုင်သွားလေရာဘယ်နေရာမှအကျိုးမပေးဘူး။ရန်ကုန်ရောက်တုန်းလေးသူ့ကိုဦးတည်တဲ့တိုက်ခိုက်မှုတွေဖြစ်သွားစေချင်တယ်။ခုတောင်တော်တော်ကြောက်နေတာ။သူ့လမ်းကြောင်းကိုသူ့လူတွေတောင်ကြိုမပြောပဲထိပ်တန်းလျှို့ဝှက်လုပ်ထားတယ်တဲ့။ မင်းအောင်လှိုင်ဟာလူကြားကောင်းအောင်အရည်မရမဖတ်မရခရီးစဥ်တွေထွက်နေတဲ့အချိန်မှာပဲစစ်ကိုင်းတိုင်းကတိုင်းမှုးကတော့ထိန်းသိမ်းခံလိုက်ရတယ်။PDFတွေကိုမထိန်းချုပ်နိုင်လို့ဆိုပြီးစစ်အုပ်စုကခေါင်းစဉ်တက်ပေမယ့်ထိုတိုင်းမှုးဟာCDMလုပ်ဖို့ကြိုးစားနေရင်းဖမ်းခံရတယ်လို့လဲကြားတယ်။စစ်ကြောရေးမှာလက်လွန်ပြီးသေဆုံးသွားပြီးလို့လဲသတင်းတွေထွက်နေတယ်။ဘယ်လိုပဲဖြစ်ဖြစ်တိုင်းမှုးအဆင့်ထိအရေးယူခံနေရပြီးဆိုတော့စစ်အုပ်စုထဲမှာအပ်ကြောင်းတော့ထတာကျိန်းသေတယ်။ပြည်သူတွေအတွက်ကတော့အမြတ်ပဲ။

Read moreDetails

ခေတ်သစ် ချေဂွေဗားရား… ကယား KNDF များ

ယနေ့ အာဏာရှင် အမြစ်ပြတ် တော်လှန်ရေးမှာ မြန်မာနိုင်ငံ ဒေသ အသီးသီးမှာ PDF လူငယ်များရဲ့ တိုက်ပွဲခေါ်သံဟာ ရုပ်လုံးပီပြင် လာခဲ့ပြီဖြစ်တယ်။ ဒီနေရာမှာ ကယားပြည်နယ်က KNDF အဖွဲ့အကြောင်းကို ပြောချင်တယ်။ ကယားပြည်နယ်ဟာ နေပြည်တော်၊ ရှမ်းတောင်၊...

Read moreDetails

စစ်ဗိုလ် နိုင်ငံရေးလုပ်ရင် စကားကောင်းကောင်း မပြောတတ်

ဦးသိန်းစိန် (ဝဲပေါ်)၊ ဦးကိုကိုလှိုင် (ဝဲအောက်)၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (လယ်)၊ ဦးအုန်းမြင့် (ယာပေါ်)၊ ဦးမြင့်လှိုင် (ယာအောက်) လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိတဲ့ မြန်မာပြည်မှာ လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေပြေးဆွဲမယ်လို့ ပြောပြီး မကြာဘူး ၁၀ နှစ်အတွင်း...

Read moreDetails

အောက်တိုဘာ ၆၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပေးလို့ဆိုပြီးအာဆီယံကစစ်ကောင်စီကိုလူရာမသွင်းဖို့စဉ်းစားနေပြီ။အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင်ဒီလကုန်မှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်စီကိုတက်ရောက်ခွင့်မပေးဘူးလို့လေသံပစ်ထားတယ်။တကယ်လုပ်မလုပ်ကတော့စောင့်ကြည့်ရမှာပဲ။အာဆီယံဆိုတာသိပ်ယုံရတာမဟုတ်ဘူး။ ပြင်သစ်မှာတော့NUGကိုထောက်ခံဖို့အောက်လွှတ်တော်မှာမဲခွဲဆုံးဖြတ်လိုက်ပြီ။အထက်လွှတ်တော်မှာဆက်လက်မဲခွဲပြီးပြင်သစ်အစိုးရကသာဒါကိုအတည်ပြုရင်တော်လှန်ရေးအတွက်အများကြီးကောင်းသွားနိုင်တယ်။ အမေရိကန်မှာလဲစစ်ကောင်စီကိုပိတ်ဆို့မှုတွေထပ်လုပ်ဖို့Burma Artကိုပြဌာန်းဖို့လုပ်နေကြပြီ။ နိုင်ငံတကာကတော့စစ်ကောင်စီကိုတရစ်ချင်းစီတိုးတိုးကြပ်နေပြီ။

Read moreDetails
Page 191 of 235 1 190 191 192 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist