LATEST STORIES

မတ် ၂၄၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မြန်မာပြည်သူတွေဘယ်လောက်ညီညွှတ်ကြောင်း၊ ဒီမိုကရေစီကိုဘယ်လောက်တောင်အာသီသပြင်းပြနေကြောင်း ပြသလိုက်တဲ့နောက်ထပ်နေ့လေးတစ်နေ့ပါ။ ဒီနေ့မှာ February 22 ၂ ငါးလုံးသပိတ်နေ့လိုမျိုးသပိတ်တစ်ခုဆင်နွဲကြတယ်။ အသံတိတ်သပိတ်ပါ။ ၂ ငါးလုံးနေ့ကပြည်သူတွေအကုန်လမ်းပေါ်ထွက်ဆန္ဒပြကြသလို ဒီနေ့မှာတော့လူတိုင်းလမ်းပေါ်လုံးဝ မထွက်ကြေး ​အသံတိတ်သပိတ်ကိုဆင်နွဲကြပါတယ်။ တစ်နိုင်လုံးက မြို့တိုင်းနယ်တိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ နေမကူးပဲနိုင်ငံတကာမီဒီယာတွေမှာသတင်းတွေတက်လာတဲ့အထိအောင်မြင်ပါတယ်။ စစ်ကောင်စီကသပိတ်ကိုပုံဖျက်ဖို့ဖမ်းထားတဲ့ကလေးတွေကိုလွှတ်ပေးပြီးလူစုလူဝေးဖြစ်အောင်ဖန်တီးရတဲ့အထိအောင်မြင်ပါတယ်။ ပြည်သူတွေစည်းလုံးညီညွှတ်နေတာကိုစစ်ကောင်စီအကြောက်ဆုံးပါ။...

Read more

အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေး တိုက်ရိုက်သတင်း ( မတ် ၂၅)

သတင်း တိုက်ရိုက် ပေးပို့ချက် မြန်မာ့အရေး ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေကြား ခြွင်းချက်မရှိ...

Read more

ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၂ လနီးပါး ရှိလာပြီဖြစ်ပေမဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တာတွေကို ပြည်သူအများစုက ပုံစံမျိုးစုံနဲ့ ပါဝင် ပြုလုပ်နေကြတာပါ။ မြန်မာနိုင်ငံတဝှမ်း ဒီကနေ့ ပြုလုပ်ကြတဲ့ အသံတိတ် သပိတ်တိုက်ပွဲအခြေအနေတွေအကြောင်း မဆုမွန်က တင်ပြပေးပါမယ်။ စစ်ကောင်စီဆန့်ကျင်ရေး...

Read more

ပုဂ္ဂလိကဘဏ်ဌာနအကြီးအကဲများကို ဖမ်းဆီးပြီး ဘဏ်များ အတင်းအကျပ်ဖွင့်ခိုင်းနေ

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ရန် ဆက်တိုက်ဖိအားပေးခဲ့သော်လည်း ယနေ့အချိန်ထိ ဘဏ်များ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ထပ်မံဖိအား​ပေးခြိမ်း​ခြောက်သည့်အ​နေဖြင့် ဘဏ်များမှ ဌာနအကြီးအကဲများကို ဖမ်းဆီးခြင်းဖြစ်​သည်ဟု ဘဏ်ဝန်ထမ်းများက ပြောသည် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ အကြီးအကဲများကို ဖမ်းဆီးပြီး ဘဏ်ဖွင့်ရန် အတင်းအကြပ်ဖိအားပေးနေကြောင်း ဘဏ်ဝန်ထမ်းများက...

Read more

မတ် ၂၃၊ ၂၀၂၁။ (အင်္ဂါ)

အာဏာသိမ်းတာရက်ပေါင်း၅၀ ကျော်လာပေမယ့်ပြည်သူလူထုဟာမလျော့သောဇွဲလုံလတွေနဲ့တိုက်ပွဲဝင်နေဆဲပါ။ နေ့စဥ်နှင့်အမျှကျဆုံးမှုတွေရှိနေတဲ့အတွက် အကြမ်းဖက်စစ်သူပုန်တွေကိုရှောင်ရှားဖို့သပိတ်ပုံစံတွေကိုလည်း အလျင်းသင့်သလိုပြောင်းလဲရပါတယ်။ နေ့ဘက်တွေကိုရှောင်ပြီးအရုဏ်ဦးသပိတ်စစ်​ကြောင်းတွေ၊ လူမဲ့သပိတ်၊ ညသပိတ်တွေကိုဖော်ဆောင်လာကြတယ်။ ဒါတောင်တချို့ဒေသတွေကညသပိတ်တွေအဖြိုခွင်းခံရပါသေးတယ်။ ရန်ကုန်မှာတော့စစ်ကောင်စီဟာတချို့မြို့နယ်တွေမှာအုပ်ချုပ်ရေးမှုးရုံးတွေအတင်းအကြပ်ဖွင့်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ အကျိုးဆက်တွေအဖြစ်ဒေါပုံမြို့နယ်ကအုပ်ချုပ်ရေးမှုးရုံးမီးလောင်ခံရခြင်း၊ ကျောက်တန်းမြို့နယ်ကအုပ်ချုပ်ရေးမှုးဓားထိုးခံရခြင်းတွေဖြစ်ပေါ်နေပါတယ်။ သူတို့ကိုရပ်ကွက်ကျေးရွာအဆင့်အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်ခွင့်ပေးလိုက်လို့မရဘူး။ နည်းမျိုးစုံသုံးပြီးတားဆီးရပါမယ်။

Read more

စစ်ကောင်စီ၏ အာရုံပြောင်းခြေလှမ်းများ

အာဏာသိမ်းစစ်ကောင်စီက ရွှေတိဂုံဘုရားအပါအဝင် တန်ခိုးကြီးဘုရားစေတီများ ပြန်လည်ဖွင့်လှစ်ခြင်း၊  ပင်လယ်ကမ်းခြေများနှင့် ပုဂံရှေးဟောင်းနယ်မြရှိ ဟိုတယ်များဖွင့်လှစ်ခြင်းတို့အပြင်  မဟာသင်္ကြန်ပွဲတော် ကျင်းပရန်၊ ဈေးများ၊ ဘဏ်များ ပြန်လည်ဖွင့်ရန် ချော့တစ်မျိုး ခြောက်တစ်မျိုး ကြိုးပမ်းလျက်ရှိသော်လည်း ပြည်သူများက ပူးပေါင်းပါဝင်ခြင်း မရှိပေ။ ကိုဗစ်ကပ်ရောဂါကြောင့် ဖူးမြော်ခွင့်ပိတ်ထားခဲ့သည့်...

Read more

မတ် ၂၂၊ ၂၀၂၁။ ( တနင်္လာ)

ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်အနည်းငယ်ငြိမ်သွားတဲ့ ရန်ကုန်ဟာကားသပိတ်နဲ့ အတူပြန်လည်နိုးထလာပါတယ်။ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်က ကားများဟာအချိန်တစ်ခု သတ်မှတ်ပြီးဟွန်းတွေတီး၊ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကိုရရာနည်းလမ်းနဲ့ ဆန့်ကျင်နေကြပါတယ်။ စစ်သူပုန်တွေဟာသူတို့ရဲ့ယန္တရားလည်ပတ်ဖို့အတွက် ပြည်သူလူထုက ပိတ်ဆို့ထားတဲ့ လမ်းတွေကို နည်းမျိုးစုံသုံးပြီးပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ရန်ကုန်ဟာအထိနာလို့ခဏငြိမ်နေပေမယ့်မနေ့က နိုင်ငံတကာကမြို့ကြီးတွေမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပါတယ်။...

Read more

မတ် ၂၁၊ ၂၀၂၁။ (တနင်္ဂနွေ)

အောင်ပင်လယ်မှာအောင်ပွဲရခဲ့တယ်။ အောင်ပင်လယ်ဆိုတာရန်ကုန်က လှိုင်သာယာလိုမန္တလေးအရှေ့ဘက်ဆင်ခြေဖုံးမြို့နယ်လေးတစ်ခုပါ။ ဒီတော်လှန်ရေးမှာနေ့စဥ်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့နေရာတစ်ခုပေါ့။ ဒါကြောင့်စစ်သူပုန်တွေဟာ အောင်ပင်လယ်ကိုအငြိုးကြီးစွာဖြိုခွင်းဖို့ကြိုးစားခဲ့တယ်။ ဒီနေ့နေ့ခင်းလောက်မှာစစ်သူပုန်တွေဟာအောင်ပင်လယ်လမ်းမတွေပေါ်က အတားအဆီးတွေကိုဖျက် ဆီးဖို့စလုပ်တယ်။ မြို့နေလူထုကလက်မခံတော့ထိတွေ့မှုတွေဖြစ်ပွားလာတယ်။ ရရာလက်နက်စွဲ ကိုင်ပီးညီညီညာညာတွန်းလှန်ကြတဲ့အတွက်တိုက်ပွဲပုံစံဖြစ်လာခဲ့တယ်။ တစ်နေ့လုံးနှစ်ဖက်ထိတွေ့မှု တွေဖြစ်ပွားခဲ့ပြီးညနေပိုင်းမှာစစ်သူပုန်တွေပြန်ဆုတ်ခွာရတယ်။ တိုက်ပွဲဟာမပြီးဆုံးသေးပဲညပိုင်းမှာစစ်သူပုန်တွေဟာအင်အားအလုံးအရင်းနဲ့ထပ်ရောက်လာတယ်။ မြို့ခံတွေကလည်း ပတ်ဝန်းကျင်ကိုအမှောင်ချပြီးနယ်မြေကျွမ်းကျင်မှုကို အသာစီးယူကာပြန်လည် ခုခံကြတယ်။ စစ်သူပုန်တွေဟာ...

Read more

နစက သက်တမ်းနဲ့ အာစီယံအက်ကြောင်း

နစက ဟာအာဏာသာသိမ်းယူလိုက်တယ်။ ဒါပေမယ့် သူ့လက်ထဲအာဏာပါမသွားဘူး။ ပြည်သူဟာကနေ့အထိ နစက ကိုအုပ်ချုပ်ခွင့်မပေးသေးဘူး. သူ့ရဲ့ တရားဝင်မှုကို တည်ဆောက်ဖို့အတွက် ဇာတ်လမ်းတွေပုံတိုပတ်စတွေ လျောက်ပြီးထုတ်ပြန်နေပေမယ့် ဒီလို Conspiracy တွေနဲ့ အနှစ် ၃၀ လောက် DASSK ကိုတိုက်ခိုက်လာတာလူတိုင်းသိပြီးသားဖြစ်တော့ဘယ်သူမှလည်း...

Read more

မတ် ၂၀၊ ၂၀၂၁။ (စနေ)

Federal Army!! ဒီကာလမှာဒီအသုံးအနှုန်းကိုလူပြောများနေကြတယ်။ ဟုတ်ပါတယ်..အကြမ်းဖက်စစ်ကောင်စီကိုစစ်ရေးနည်းလမ်းနဲ့ဖြုတ်ချမှရမယ့်အခြေအနေမှာ ပြည်သူလူထုနဲ့အနီးစပ်ဆုံးကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖွဲ့စည်းထားတဲ့ Federal Army ပါ။ CRPH ကလဲဒါကိုသိလို့အမြန်ဆုံးအကောင်အထည်ပေါ်လာအောင်ကြိုးစားနေပါတယ်။ သတင်းထုတ်ပြန်ချက်တွေအရလုပ်ငန်းစဥ်တွေရဲ့၈၀ ရာခိုင်နှုန်းအောင်မြင်နေပြီလို့သိရတယ်။ တိုင်းရင်းသားလက်ကိုင်ပေါင်းစုံကိုအချိန်တိုတိုအတွင်းစည်းရုံးစုစည်းနိုင်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် အဲ့ဒါအတွက်အချိန်ယူနေလို့လဲမရပြန်ဘူး။ မြေပြင်ကလူထုဟာပွဲပန်းစပြုလာနေပြီ။ နောက်တချက်က US လေယာဥ်တင်သဘော်အုပ်စုဟာမြန်မာပြည်နားရောက်နေပါပြီ။ သူတို့လုပ်မယ့်စစ်ရေးလေ့ကျင့်မှုကာလအတွင်းမှာ...

Read more
Page 189 of 201 1 188 189 190 201

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist