LATEST STORIES

ဖေဖော်ဝါရီ ၀၁၊ ၂၀၂၂။ (အင်္ဂါ)

စစ်အာဏာသိမ်းတစ်နှစ်ပြည့်အသံတိတ်သပိတ်ကြီးကိုတနိုင်ငံလုံးမှာညီညာစွာဆင်နွှဲကြတယ်။စာရင်းတွေအရမြို့ပေါင်း၁၉၀ကျော်ပါဝင်ကြတယ်။စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုကြောင့်စျေးတွေဆိုင်တွေဖွင့်ထားကြပေမယ့်ဝယ်သူမရှိတိတ်ဆိတ်ငြိမ်သက်နေတယ်။စစ်ကောင်စီဘက်ကဘယ်လိုပဲဖျက်ဖျက်သူတို့မအောင်မြင်ခဲ့ဘူး။ပြည်သူတွေရဲ့အာဏာရှင်လက်အောက်မှာမနေလိုတဲ့ဆန္ဒကပြင်းပြလွန်းတယ်။ ဒီနေ့မှာပဲအမေရိကန်ကလဲစစ်ကောင်စီရဲ့အပေါင်းအပါတချို့ကိုထပ်ပြီးပိတ်ဆို့အရေးယူလိုက်တယ်။UNသံအမတ်ကတော့စစ်ကောင်စီကိုနေရာပေးချင်တဲ့ပြောဆိုမှုတွေကြောင့်အပြင်းအထန်ဝေဖန်ခံနေရတယ်။ဘာပဲဖြစ်ဖြစ်နောက်နှစ်ဒီလိုအချိန်မှာတော့ဒီကပ်ဆိုးကြီးအောက်ကလွတ်မြောက်ပါစေလို့မျှော်လင့်တယ်။

Read more

Question & Answer (2)

မေး။ ။ မြန်မာ့တော်လှန်ရေးမှာ အမေရိကန်က ဘာလို့ မကူတာလဲ ဖြေ။ ။ ကူပါတယ်။ အရေးကြီးတဲ့ Sanction တွေ လုပ်ထားတယ်။ ဒါကြောင့် အာဆီယံတို့ဖက်က ဒီလောက်အသံထွက်လာတာ။   မေး။ ။ အဓိက...

Read more

ဇန်နဝါရီ ၃၁၊ ၂၀၂၂။ (တနင်္လာ)

မနှစ်ကဒီနေ့ဟာပြည်သူတိုင်းအပူအပင်ကင်းကင်းနဲ့ဖြတ်သန်းခွင့်ရတဲ့နောက်ဆုံးရက်ဖြစ်ခဲ့တယ်။နောက်နေ့မနက်မှာအာဏာသိမ်းပြီးတနိုင်ငံလုံးအမှောင်ကျလိမ့်မယ်လို့ဘယ်သူမှတွေးမိကြမှာမဟုတ်ဘူး။အခုတော့တစ်နှစ်အတွင်းမှာနိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအားလုံးစောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပြီ။နိုင်ငံဟာပြည်တွင်းစစ်နုတ်ခမ်းဝပေါ်ကိုရောက်နေပြီ။ဘာတွေဆက်ဖြစ်မလဲဆိုခန့်မှန်းလို့မရပေမယ့်သေချာတာကတော့အကောင်းဘက်ကိုဦးတည်ဖို့လမ်းစအခုချိန်ထိမတွေ့သေးဘူး။၂၀၂၂အတွင်းမှာအခြေအနေတွေဟာပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။လူတိုင်းဟာလဲဒါကြီးဘယ်အချိန်ပီးမလဲဆိုတဲ့မျှော်လင့်ချက်နဲ့ပဲအသက်ဆက်ရှင်နေရတယ်။ဒါကြီးမပီးခင်သေချင်လဲသေသွားနိုင်တယ်။ဘာမှမရေရာတဲ့အမှောင်ကာလကြီးကိုဖြတ်သန်းနေရတယ်။

Read more

ဇန်နဝါရီ ၃၀၊ ၂၀၂၂။ (တနင်္ဂနွေ)

ကရင်ပြည်နယ်KNUနယ်မြေဖာပွန်မြို့ကNon CDMစစ်ကောင်စီဝန်ထမ်းတွေကိုဖေဖော်ဝါရီ၁၀ရက်နေ့နောက်ဆုံးထားပြီးထွက်ခွာကြဖို့KNUကကြေငြာလိုက်တယ်။အလားတူပဲစစ်ကိုင်းတိုင်းမြောင်၊ကောလင်း၊ချင်းပြည်နယ်တွေမှာလဲNon CDMဝန်ထမ်းတွေထွက်သွားဖို့ထုတ်ပြန်ချက်တွေထွက်လာတယ်။ အာဏာသိမ်းကာလတစ်နှစ်ပြည့်ခါနီးမှာNUGဟာနယ်မြေစိုးမိုးမှုရယူနိုင်မယ့်အခြေအနေဟာတဖြည်းဖြည်းနဲ့တော့ရုပ်လုံးပေါ်လာပြီ။အခုလောလောဆယ်ရွာတွေကိုPDFတွေစိုးမိုးထားပြီးမြို့တွေပေါ်ကစစ်ကောင်စီယန္တရားကိုရပ်တန့်သွားအောင်လုပ်နိုင်ရင်အဲ့ဒီနယ်တွေမှာစစ်ကောင်စီဟာအသက်မဲ့သလောက်ဖြစ်သွားပြီ။တော်လှန်ရေးအဖွဲ့တွေရဲ့Non CDM တွေထွက်သွားဖို့ကြေငြာချက်တွေမှာDead lineကိုဖေဖော်ဝါရီ၁၀ရက်ပေးထားတော့အဲ့ဒီနောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်စားစရာပဲ။

Read more

ဇန်နဝါရီ ၂၉၊ ၂၀၂၂။ (စနေ)

ဖေဖော်ဝါရီ၁ရက်နေ့မှာပြုလုပ်မယ့်အသံတိတ်သပိတ်ကိုစစ်ကောင်စီဟာအလွန်အမင်းကြောက်လန့်နေတယ်။အသံတိတ်သပိတ်မအောင်မြင်ဖို့နည်းမျိုးစုံသုံးပြီးကြိုးစားနေတယ်။စျေးတွေ၊ဆိုင်တွေကိုအတင်းဖွင့်ခိုင်းတယ်။အဲ့ဒီနေ့မှာပိတ်မယ်လို့ဆိုရှယ်မီဒီယာတွေမှာတင်မိတဲ့ဆိုင်ပိုင်ရှင်တွေကိုမတရားဖမ်းဆီးနေတယ်။အဲ့ဒီနေ့မှာပဲတပ်ထောက်ခံပွဲတွေပြုလုပ်ဖို့စီစဉ်နေတယ်။မန္တလေးမှာဆိုနေ့ခင်းကြောင်တောင်စက်ဘီးစီးပြိုင်ပွဲလုပ်မယ်တဲ့။သွေးရူးသွေတန်းနဲ့ထင်ရာမြင်ရာတွေအကုန်လျှောက်လုပ်ခိုင်းနေတယ်။သူတို့ကအဲ့ဒီလိုဖျက်စီးလေလေ၊ပြည်သူကသပိတ်အောင်မြင်ဖို့စိတ်အားထက်သန်လေလေဆိုတာမသိကြဘူး။ဘယ်လိုပဲနှောက်ယှက်နေပါစေအဲ့ဒီနေ့အောင်မြင်မှာသေချာတယ်။

Read more

ဇန်နဝါရီ ၂၈၊ ၂၀၂၂။ (သောကြာ)

မိုဘိုင်းအင်တာနက်တွေမှာVPNသုံးရင်အရေးယူလို့ရမယ့်ဆက်သွယ်ရေးဥပဒေတစ်ခုကိုစစ်ကောင်စီကပြဌာန်းဖို့ကြိုးစားနေပြီ။ဒါပေမယ့်ဥပဒေတောင်တရားဝင်မထွက်သေးပဲမြေပြင်မှာတော့ဖုန်းထဲမှာVPN Applicationတွေ့ရင်ဖမ်းဆီးမှုတွေစတင်လုပ်ဆောင်လာတယ်။အရင်ကဖုန်းတွေစစ်ရင်ဖေ့ဘုတ်ကိုအဓိကစစ်ပေမယ့်အခုVPN တွေပါစစ်နေပြီ။ တွေ့ရင်ဖုန်းသိမ်းမယ်၊ငွေတောင်းမယ်။ အဓိကကတော့အောက်ခြေမှာစစ်ကောင်စစ်တပ်သားတွေငွေညှစ်ဖို့ပိုပြီးအဆင်ပြေသွားတယ်။အခုဆိုအပြင်သွားရင်ဖုန်းထဲကfacebook,VPNတွေဖျက်၊အိမ်ရောက်ရောက်ရင်ပြန်ထည့်နဲ့အရေးမပါတဲ့အလုပ်တွေလုပ်နေရတယ်။ ဖုန်းဆိုတာလူတစ်ယောက်ရဲ့pravicyပဲ။အခုတောင်လူ့အခွင့်အရေးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ရုံတင်မကပဲသူခိုးဓားမြတွေလိုငွေတောင်းနေကြတယ်။ပြည်သူတွေရဲ့အင်တာနက်အသုံးပြုနိုင်မှုကိုလဲတရစ်ပီးတရစ်ပိုမိုတင်းကျပ်လာနေပြီ။

Read more

ဇန်နဝါရီ ၂၇၊ ၂၀၂၂။ (ကြာသပတေး)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီNUCCရဲ့ပထမဆုံးပြည်သူ့ညီလာခံကိုဒီနေ့မှာစလုပ်တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရေးဆွဲရန်နှင့်NUGကိုအတည်ပြုဖို့ဆွေးနွေးကြမယ်လို့ပြောထားတယ်။ဒါပေမယ့်အဲ့ဒီပြည်သူ့ညီလာခံအကြောင်းကိုပြည်သူတော်တော်များများမသိကြဘူး။NUCCဆိုတာNUGကိုမွေးဖွားပေးလိုက်တဲ့အဖွဲ့အစည်းပဲ။တိုင်းရင်းသားအဖွဲ့အစည်းတွေပါပူးပေါင်းပါဝင်ထားတယ်။ ဒါပေမယ့်အခုချိန်ထိNUGလောက်တောင်အားမကောင်းသေးဘူး။သူ့အားကောင်းလာမှတော်လှန်ရေးအတွက်ရောအနာဂတ်နိုင်ငံတော်အတွက်ပါအကျိုးရှိမယ်။ပြည်သူသိအောင်လဲဒီထက်ပိုပြီးအားထုတ်သင့်တယ်။ ပြည်သူ့ညီလာခံကိုလဲခြောက်လတစ်ကြိမ်လုပ်မယ်လို့ပြောထားတယ်။

Read more

ဇန်နဝါရီ ၂၆၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ရွာစိုးရွာကိုစစ်သူပုန်တွေဝင်ရောက်မီးရှို့သွားတယ်။အိမ်ဝန်းထဲတွေမှာသိမ်းထားတဲ့စပါးချွေလှေ့စက်တွေပါဖျက်စီးသွားတယ်။ထိုဒေသတဝိုက်ကနာမည်ကြီးရွှေဘိုပေါ်ဆန်းဆန်ထွက်တဲ့နေရာတွေပါ။အခုစပါးရိတ်ချိန်မှာရွာမီးရှို့ခံရပြီးစက်တွေပါဖျက်စီးခံလိုက်ရတော့ဒေသခံတွေအတော်အခက်အခဲဖြစ်နေကြတယ်။တချို့ရွာတွေဆိုရင်ကိုယ့်လယ်ထဲကစပါးရိတ်ဖို့တောင်စစ်သူပုန်တွေကိုတစ်ဧကနှစ်သိန်းနှုန်းပေးနေရတယ်။ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့စစ်တပ်ပဲ။ စစ်ကိုင်တိုင်းထဲကတချို့PDFစခန်းတွေလဲဒီလထဲမှာစစ်တပ်ကပိုက်စိတ်တိုက်စစ်ကြောင်းထိုးနေလို့ကျကုန်ကြပြီ။တချို့စခန်းတွေကတော့PDFရဲဘော်လေးတွေမကျဆုံးပဲပစ္စည်းတွေပဲဆုံးရှုံးတယ်။တချို့စခန်းတွေကတော့လူရောပစ္စည်းတွေပါထိကုန်တယ်။တော်လှန်ကာလကြာရှည်လာတာနဲ့အမျှကိုယ့်ဘက်ကထိခိုက်ကျဆုံးမှုတွေရှိလာပြီ။

Read more

“ရန်၊ ငါ ပြတ်အောင် သူ(ဒေါ်အောင်ဆန်းစုကြည်) လုပ်လိုက်တာ”− မန်းဝင်းခိုင်သန်း

စစ်ရေး၊ လုံခြုံရေး ဆိုင်ရာ ကိစ္စများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ အကျပ်ရိုက်ခဲ့ရသည့် လွန်ခဲ့သော ငါးနှစ်က အကြောင်းများကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် မန်းဝင်းခိုင်သန်းထံမှ သိရသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန် လုပ်ဆောင်နေသည့်...

Read more

စား၀တ်နေရေးခက်ခဲစေရန် စစ်ကောင်စီလုပ်ဆောင်နေဟု မန္တလေးလူထုပြော

မန္တလေးမြို့တွင် ဆိုင်ကယ်မောင်းသူများ၊ ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲခံရသူများ၊ ကျူရှင်ဆရာ၊ ဆရာမများမှာ စစ်ကောင်စီတပ်သားတို့၏ သိသိသာသာ ပစ်မှတ်ထားစစ်ဆေးမှုကို ခံနေရသူများ ဖြစ်သည်။ စစ်သား၊ ရဲ၊ ယာဉ်ထိန်းတို့ပါဝင်သည့် ၁၀ မှ ၁၅ ယောက်ခန့်ပါ၀င်သော အဖွဲ့များက မြို့တွင်းသွားလာနေသည့်...

Read more
Page 143 of 203 1 142 143 144 203

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist