မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့(SACM)ဆိုတာရှိပါတယ်။ထိုအဖွဲ့ကမနေ့ကအစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်တယ်။အဲ့ဒီအစီရင်ခံစာကစစ်ကောင်စီဟာမြန်မာနိုင်ငံကိုဘယ်လောက်ထိထိန်းချုပ်ထားနိုင်လဲဆိုတာဆန်းစစ်ထားတယ်။တနိုင်ငံလုံးမြို့နယ်ပေါင်း၃၃၀မှာ၇၂မြို့နယ်ကိုစစ်ကောင်စီကထိန်းချုပ်ထားနိုင်တယ်။ရာခိုင်နှုန်းအားဖြင့်၂၂ရာခိုင်နှုန်းမျှသာဖြစ်တယ်။အရင်လတွေကတည်းကNUGဟာတနိုင်ငံလုံးရဲ့၅၀ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်တယ်လို့ထုတ်ပြန်ထားသေးတယ်။ဒါဟာစစ်ကောင်စီဘယ်လောက်ကျဆုံးနေလဲဆိုတာပြသနေတဲ့အချက်အလက်တွေပါပဲ။ဒီလထဲမှာကျင်းပမယ့်ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီဒီအစီရင်ခံစာထွက်လာတာစိတ်ဝင်စားဖို့ကောင်းတယ်။ကုလညီလာခံမှာNUGကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရလို့သတ်မှတ်လိုက်ရင်တော့အတိုင်းထက်အလွန်ပေါ့။
ကုလသံအမတ်နိုလင်းဟေဇာကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမှနောက်တစ်ခေါက်မြန်မာနိုင်ငံကိုပြန်လာတော့မယ်တဲ့။စစ်ကောင်စီကသူ့ကိုအသုံးချသွားမှန်းသဘောပေါက်သွားပြီ။ပြည်တွင်းမှာလဲသူမရဲ့ရာထူးဟာအသုံးမဝင်လို့ဖျက်သိမ်းဖို့အထိပြောဆိုနေကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကုလသမဂ္ဂအနေနဲ့မြန်မာပြည်သူတွေကိုမကူညီနိုင်ရင်တောင်မှစစ်အုပ်စုရဲ့အပျော့ဆွဲဆွဲမှုတွေနောက်ပါမသွားဖို့လိုတယ်။