ဒီမှာ ရေးထားတဲ့ အကြောင်းအရာတွေက SAC-M (Special Advisory Council Myanmar) ရဲ့ မြန်မာနိုင်ငံအပေါ် လက်ရှိ ဘယ်အဖွဲ့အစည်းက ထိန်းချုပ်နိုင်လဲ လေ့လာဆန်းစစ်ထားတဲ့ paper ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ September 5 ရက်နေ့က ထုတ်ပြန်ခဲ့ပီး “Effective Control in Myanmar” လို့နာမည်ပေးထားပါတယ်။ SAC-M မှာပါတဲ့ အဖွဲ့ဝင် 3 ဦးထဲမှာ အများအလွယ်တကူ မှတ်မိနိုင်တာကတော့ Yanghee Lee ဖြစ်ပါတယ်။ သူအပြင် UN Independent International Fact-Finding Mission က ခေါင်းဆောင်ဟောင်းတစ်ဦးနဲ့ အဖွဲ့ဝင်ဟောင်း တစ်ဦးပါဝင်ပါသေးတယ်။
သူတို့ရဲ့ paper ကတော့ အရှည်ကြီးပါ။ စာမျက်နှာ 32 မျက်နှာရှိပီး အကုန်ပြောပြဖို့မလွယ်ပါဘူး။ ဖတ်ရင်း အိပ်ပျော်သွားနိုင်တယ်။ အဲ့တာကြောင့် စိတ်ဝင်စားဖွယ် အချက်အလက်အချို့ကိုပဲ ဘာသာပြန်သွားပါ့မယ်။ အရှည်ဖတ်ချင်ရင်တော့ အောက်မှာ link ထည့်ပေးထားပါတယ်။
ဒီ paper မှာအဓိကပြောချင်တာက နိုင်ငံကိုလက်ရှိမှာ ထိန်းချုပ်ထားနိုင်တာက အကြမ်းဖက်စကစမဟုတ်ပဲ NUG ဖြစ်နေတာပါ။ NUG လက်အောက်မှာ ရှိတဲ့ နယ်မြေရော၊ ထောက်ခံတဲ့ လူထုအင်အားက စကစ ထက်ပိုများတယ်။ Federal democracy ရယူသွားမယ်ဆိုတဲ့ vision ကို အခြေခံတဲ့ ဒီတော်လှန်ရေးက စကစ ကို အမြစ်ဖြုတ်သွားနိုင်တဲ့ လမ်းကြောင်းတွေရှိနေပီ။ တော်လှန်ရေးက အားနည်းမသွားပဲ ဆက်လက် အားကောင်းနေဆဲလို့ ပြောထားပါတယ်။
စကစ က နယ်မြေကိုရော လူထုကိုရော မထိန်းချုပ်နိုင်တဲ့အပြင် ရှိပီးသား နေရာတွေကိုပါ လက်လွှတ်ဆုံးရှုံးနေရတယ်။ အရပ်သားအုပ်ချုပ်ပီး အေးချမ်းတည်ငြိမ်တဲ့ လမ်းစဉ်ပေါ်ကို ပြတ်ပြတ်သားသားရောက်လာဖို့ နိုင်ငံတကာ အကူအညီတွေ လိုအပ်တယ်။ စကစကို အသိအမှတ်မပြုပဲ NUG ကိုပဲ အသိအမှတ်ပြုဖို့ကလဲ ဦးစားပေးဖြစ်သင့်တယ် ပြောထားပါတယ်။
နိုင်ငံကို ထိန်းချုပ်နိုင်တယ်ဆိုတာကို ပြဖို့ အဖွဲ့အစည်းတစ်ခုက အောက်ပါ အချက် 3 ချက်ကို စွမ်းဆောင်နိုင်ရမယ်ပြောပါတယ်။ ဒီ 3 ချက်အပေါ်မူတည်ပီး မြန်မာနိုင်ငံကို ဘယ်သူက ထိန်းချုပ်လဲ SAC-M က ဆန်းစစ်ပြထားပါတယ်။
- Control of territory and population
နယ်မြေနဲ့ ပြည်သူလူထု ကိုထိန်းချုပ်နိုင်ရမယ်
- Capacity to administer government functions
အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နိုင်ရမယ်
- A degree of permanency
အထက်ပါ 1 နဲ့ 2 အချက်တွေကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ရမယ်။ (ခဏလေး နယ်မြေထိန်း၊ ခဏလေး အစိုးရလည်ပတ်နိုင်သယောင် လုပ်ပြလို့မရဘူးပေါ့)
- Control of territory and population
ဒီအချက်ကိုပြောဖို့ သက်ဆိုင်ရာနယ်မြေတစ်ခုမှာ လုံခြုံရေးပေးနိုင်တာတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။ အာဏာရှိတဲ့အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ဥပဒေ၊အမိန့်၊လမ်းညွှန်ချက်တွေကို ဒေသခံတွေ လိုက်နာအောင် ဆောင်ရွက်နိုင်လားဆိုတာတွေပါကြည့်ရတယ်။
စကစ အနေနဲ့ နိုင်ငံကိုမထိန်းချုပ်နိုင်ဘူးဆိုတာပြတဲ့ အထင်ရှားဆုံးအချက်က အာဏာသိမ်းစဉ်ကစပီး နိုင်ငံရဲ့ မြို့နယ်ပေါင်း 330 ရှိတဲ့အနက် 303 မြို့နယ်မှာ အာဏာဖီဆန်တဲ့ ဖြစ်စဉ်အနည်းဆုံးတစ်ခုစီ ရှိခဲ့တယ်။ 2022 ရဲ့ ပထမ 6 လပိုင်းမှာတင် 234 မြို့နယ် (စုစုပေါင်း မြို့နယ်တွေရဲ့ 71 ရာခိုင်နှုန်း) မှာ စကစ ကို အာဏာဖီဆန် တော်လှန်မှုတွေရှိခဲ့တယ်။ 2021 နှောင်းပိုင်း 6 လနဲ့ယှဉ်ရင် 2022 မှာ အာဏာဖီဆန်တာတွေ 2 ဆ ကျော် တိုးလာတယ်။ စကစက ပုံမှန်ပြန်ဖြစ်နေပီပြောနေပေမယ့် ဒီအချက်တွေက မဟုတ်ဘူးဆိုတာ ပြနေပါတယ်။ စကစ ဘက်ကနေ လေယာဉ်နဲ့ ဗုံးကျဲ၊ ရက်စက်ယုတ်မာနေပြနေလဲ လက်နက်ကိုင်တော်လှန်တာတွေက ပိုပြင်းထန်၊ ပိုကျယ်ပြန့်လာတယ်။
မြောက်ဘက် ကချင်ပြည်နယ်ကနေ တောင်ဘက် တင်္နသာရီ အထိ၊ အနောက်ဘက် ချင်းပြည်နယ်ကနေ အရှေ့ဘက် ကရင်နီ ပြည်နယ် အထိ နိုင်ငံအနှံ့အပြား လက်နက်ကိုင်တော်လှန်မှုတွေရှိနေတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းလောက်မှာပဲ ပြည်သူ့စစ်တွေ၊ အပစ်ရပ်ထားတဲ့ EAO တွေရှိနေလို့ တော်လှန်ရေးလှုပ်ရှားမှုတွေ သိပ်ရှိမနေတာဖြစ်ပါတယ်။ ဒါကိုလဲ စကစ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေလို့ သတ်မှတ်လို့မရပြန်ဘူး။
ဒီ paper မှာ မြန်မာပြည် အနောက်ဘက်က ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ကချင် ပြည်နယ်နဲ့တိုင်းတွေကို ပေါင်းပီး Western cresent လို့ခေါ်ထားတယ်။ Western cresent ကို တော်လှန်ရေးအင်အားစုတွေ သေချာထိန်းချုပ်နိုင်သွားပီဆိုရင် ဒီလိုအချင်းချင်းထိစပ်နေတဲ့ ပြည်နယ်နဲ့တိုင်း တွေကနေ ခြေကုပ်ရယူပီး မြန်မာပြည်အတွင်းဘက်ကို ထိုးစစ်ဆင်တာတွေ လုပ်နိုင်လာမယ်။ စကစ လက်နက်စက်ရုံတွေရှိတဲ့ မကွေး၊ ပဲခူး၊ မန္တလေးလိုနေရာတွေကို တိုက်ခိုက်လာနိုင်ပါတယ်။
အရင်တုန်းက စစ်တပ်အတွက် လူအင်အားအရင်းအမြစ်တွေရနေတဲ့ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်းတွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေပီး လေယာဉ်နဲ့ပါ ဗုံးကျဲရတယ်ဆိုတာမျိုးက စကစဘက်ကနေ မြေပြင်မှာ မထိန်းချုပ်နိုင်ဘူးဆိုတာပြနေတာပါ။ ရှားရှားပါးပါး စကစ ထိန်းချုပ်နိုင်တဲ့ နေပြည်တော်ရဲ့ အနီးအနားပတ်ဝန်းကျင်မှာလဲ လက်နက်ကိုင်တော်လှန်မှုတွေရှိတယ်။ ရှမ်းပြည်နယ်က ဖယ်ခုံ၊ ပဲခူးက ရေတာရှည်၊ သံတောင်ကြီး၊ မကွေးက နတ်မောက် တို့က နေပြည်တော်ပတ်ဝန်းကျင်မှာ လက်နက်ကိုင်တော်လှန်ရေးတွေ တွေ့ရတဲ့ ဥပမာအချို့ပါ။ နေပြည်တော်မြို့အတွင်းထဲမှာတင် တိုက်ခိုက်ခံရတာတွေလဲရှိနေတယ်။ ဒါ့အပြင် မန္တလေးရဲ့ မြို့နယ် 5 ခုစလုံး၊ ရန်ကုန်ရဲ့ 45 မြို့နယ်ထဲက 34 မြို့နယ်တွေမှာလဲ လစဉ် တိုက်ခိုက်မှုတွေရှိနေတယ်။
အချုပ်အားဖြင့်တော့ စကစ အနေနဲ့ သူ့နယ်မြေတွေကို လိုက်ပီး ကာကွယ်နေရတယ်။ မကာကွယ်နိုင်တာနဲ့ သူ့လက်အောက်က လွတ်သွားမယ့် အခြေအနေတွေရှိနေတယ်။ ဒါကဘာကိုပြလဲဆိုတော့ စကစ မှာ safe zone ဆိုတာမျိုးရှိမနေဘူး။ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ခဏပြန်နားဖို့၊ အင်အားပြန်လည်ဖြည့်တင်းဖို့ နေရာမရှိဘူး။ တစ်နေရာက အင်အား ရွှေ့ပြောင်းလိုက်တာနဲ့ လွတ်သွားတဲ့နေရာကို ဆုံးရှုံးရဖွယ်ရှိနေတယ်။ အဲ့တာကြောင့် စကစ က မြန်မာနိုင်ငံရဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။
___________________
- Capacity to administer government functions
စကစအနေနဲ့ အစိုးရတစ်ရပ်လိုလည်ပတ်နိုင်လားဆိုတာကို တရားဥပဒေရေးရာ၊ ဘဏ္ဍာအခွန်ငွေရတာ၊ အထွေထွေအုပ်ချုပ်ရေး၊ ပညာရေး ကျန်းမာရေးလို နေရာတွေမှာအခြေခံပီး SAC-M လေ့လာပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီကဏ္ဍတွေမှာ CDM တွေရှိတယ်၊ အလုပ်ထွက်တာတွေရှိတယ်။ အဲ့တာကြောင့် အရည်အချင်းမပြည့်မီတဲ့ သူတွေနဲ့ အစားထိုးရတယ်၊ စကစ တပ်ဖွဲ့ဝင်တွေကိုပါ အရေးကြီးအစိုးရဌာနတွေမှာ ရာထူးတွေပေးထားတယ်။ ဗဟိုဘဏ်မှာ ရာထူးတွေပေးထားပီး တလွဲတွေတောက်လျှောက်လုပ်နေတာက ဥပမာတစ်ခုပေါ့။
နိုင်ငံအစိုးရ နေရာတွေမှာ စစ်သားတွေရောက်လာတာက လုပ်ငန်းတာဝန်တွေ ဆောင်ရွက်နိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်မလာပဲ နေရာတွေလျှောက်ယူထားတဲ့ စစ်တပ်အင်အားစုတစ်ခုသာဖြစ်လာပါတယ်။ အကျိုးဆက်ကတော့ စကစ ရှိတဲ့နေရာတိုင်းမှာ အစိုးရစနစ်က ပျက်စီးလုနီးပါး ဖြစ်လာပါတယ်။
အောက်မှာတော့ အစိုးရတစ်ရပ်ရဲ့ အရေးကြီး ကဏ္ဍတွေမှာ စကစ ဘယ်လို စွမ်းဆောင်နေလဲ ထည့်ပြောထားပါတယ်။
ပညာရေးနဲ့ကျန်းမာရေး
– စစ်ကျွန်ပညာရေး အလိုမရှိဆိုပီး boycott အလုပ်ခံရတယ်
– ဆရာ၊ဆရာမ တစ်သိန်းကျော် CDM လုပ်ခဲ့တယ်
– တော်လှန်ရေးအဖွဲ့တွေ မထိန်းချုပ်နိုင်တဲ့နေရာတွေမှာဆို ကျောင်းနေအရွယ်တွေရဲ့ 50 ရာခိုင်နှုန်းလောက်ပဲ ကျောင်းတက်နိုင်တယ်
– စာသင်ကျောင်းတွေမှာ စကစတပ်ဖွဲ့တွေ နေရာဝင်ယူတယ်၊ တပ်စွဲတယ်၊ ဗုံးခွဲပီး နှစ်ဖက်အပြန်အလှန် စွပ်စွဲတာတွေရှိတယ်
– ပိတ်ထားရတာ၊ သင်ကြားပေးမယ့်သူ၊ တက်ရောက်မယ့်သူ နည်းတာတွေကြောင့် တက္ကသိုလ်ပညာရေးစနစ် ဆိုးဆိုးရွားရွား ထိခိုက်နေတယ်
ရပ်ရွာအုပ်ချုပ်ရေး
– အာဏာသိမ်းတာမတိုင်ခင်မှာ လူထုက ရွေးချယ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ အာဏာသိမ်းပီးတော့ အလုပ်ထွက်ကုန်ကြတယ်
– စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတွေက အုပ်ချုပ်ရေးမှုးအသစ်တွေအဖြစ် ရောက်လာတယ်
– အုပ်ကြီးအသစ်တွေက SP ခံရတယ်၊ တိုက်ခိုက်ခံရတယ်၊ အရှင်းခံရတယ်
– စကစအနေနဲ့ အရေးပါတဲ့ ရပ်ရွာအုပ်ချုပ်ရေးမထူထောင်နိုင်ပဲ အကြမ်းဖက်ပီးတော့ပဲ အာဏာရှိကြောင်း ပြနေရတယ်
အခွန်ဘဏ္ဍရငွေ
– ပြည်သူတွေက အခွန်တွေမပေးလို့ အစိုးရဝင်ငွေ 33 ရာခိုင်နှုန်းလောက် ပြုတ်ကျသွားတယ်
– 2021 မှာတင် မီတာမဆောင်ကြလို့ အစိုးရဝင်ငွေမရတာ ဒေါ်လာ 1 billion တန်ဖိုးလောက်ရှိတယ်
– လက်ရှိမှာ မီတာမဆောင်တာ အာဏာမသိမ်းမီကထက် 30-40 ရာခိုင်နှုန်းလျော့နည်းနေတယ်
– 2022 ပထမ 3 လပိုင်းမှာ 69 ရာခိုင်နှုန်းသော လုပ်ငန်းတွေက အခွန်မပေးကြဘူး
စီးပွားရေး
– ယခင်ကရှိခဲ့တဲ့ စစ်အုပ်ချုပ်ရေးတွေလိုပဲ စကစရဲ့ ရွံစရာကောင်းလောက်အောင် အသုံးမကျမှုတွေက စီးပွားရေး ကဏ္ဍမှာတွေ့ရတယ်
– အာဏာသိမ်းမှုပီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား နိုင်ငံကထွက်သွားတယ်
– ဒေါ်လာတွေ ပြည်ပကိုမထွက်အောင်ဆိုပီး အမိန့်တွေထုတ်လိုက်တာ စီးပွားရေးလုပ်ငန်းတွေ ရပ်တည်လို့ မရတော့လောက်အောင် ယိုင်ထိုးကုန်တယ်
– ဆယ်စုနှစ်တစ်ခုလုံး တိုးတက်လာပီးမှ အာဏာသိမ်းပီးချိန်မှာတော့ အကြီးအကျယ်မီးပျက်တယ်၊ ဒီကနေ စီးပွားရေးဖွံဖြိုးမှု အပေါ် အကြီးအကျယ် သက်ရောက်မှုတွေ ရှိလာပါတယ်
တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး
– ရဲ နဲ့ တရားရုံးဆိုတာ အရင်ကတည်းက စစ်တပ်အသိုင်းအဝိုင်းတွေရဲ့ အကျိုးကျေးဇူးတွေကိုပဲ ကာကွယ်ဖို့ရှိနေတာပါ
– အာဏာသိမ်းပီးတော့ စကစ အာဏာရဖို့ ကျားကန်ပေးထားရတဲ့ အဖွဲ့အစည်းတွေဖြစ်လာတယ်
– တရားရုံးဆိုတာ မျှတတဲ့ တရားစီရင်ရေး လုံးဝ မလုပ်နိုင်ပဲ စကစရဲ့ နိုင်ငံရေးအတိုက်အခံတွေကိုပဲ နှိပ်ကွပ်ဖို့ လက်ကိုင်တုတ်ဖြစ်လာတယ်
– စခ တွေ သေတာများလို့ ရဲ၊ယာဉ်ထိန်းရဲတွေပါ ရှေ့တန်းသွားရမယ့် အမိန့်တွေထုတ်လာတယ်
– အမှုအခင်းဖြစ်လာရင် ရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့မပြောနဲ့ စခန်းဝင်း ထဲတောင် ဝင်လို့မရဘူး
– ရာဇဝတ်မှုတွေ ထိုးတက်လာတယ်
– စကစ ထိန်းချုပ်နေရာတွေမှာ တော်ရုံ ရာဇဝတ်မှုဆို ရဲမတိုင်ပဲ ရပ်ကွက်တွင်းမှာတင် ဖြေရှင်းနေရတယ်
NUG နဲ့ တော်လှန်းရေးအဖွဲ့တွေရဲ့ အုပ်ချုပ်နိုင်မှု
စကစကြောင့် မြန်မာနိုင်ငံရဲ့ ဗဟိုအုပ်ချုပ်ရေးက ပျက်စီးယိုယွင်းနေပေမယ့် မြန်မာနိုင်ငံက failed state ဆိုပီး ဖြစ်မသွားဘူး။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးအင်အားစုတွေက သူတို့ထိန်းချုပ်နိုင်တဲ့နေရာတွေမှာ သန်းနဲ့ချီပီးအရေအတွက်ရှိတဲ့ ပြည်သူတွေကို အစိုးရတစ်ရပ်ရပ်လို ကူညီထောက်ပံ့ထားနိုင်လို့ဖြစ်ပါတယ်။ သက်တမ်းကြာနေပီဖြစ်တဲ့ ERO တွေရဲ့ အရပ်ဘက် အုပ်ချုပ်ရေးတွေ၊ social service တွေရှိတယ်။ အာဏာသိမ်းပီးမှ အသစ်ပေါ်လာတဲ့ CDM ဝန်ထမ်းတွေ၊ volunteer နဲ့ PDF တွေ ပါဝင်တဲ့ ပအဖ အုပ်ချုပ်ရေးတွေ၊ emergency social service တွေရှိပါတယ်။ အသစ်ပေါ်လာတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက NUG, ERO တွေနဲ့ ချိတ်ဆက်ထားတယ်။ စကစကြောင့် ယိုယွင်းလာတဲ့ ဗဟိုအုပ်ချုပ်ရေးနေရာမှာ သူတို့က (ERO, ပအဖ) ထိထိရောက်ရောက် ဝင်ရောက်အစားထိုးဆောင်ရွက် ပေးထားနိုင်ပါတယ်။
ERO တွေရဲ့ အုပ်ချုပ်ရေးကတော့ သိပ်ပီးတော့ အကျယ်တဝင့်ပြောစရာမရှိပါဘူး။ ကိုယ်တွေသိထားပီးသားဖြစ်ပါတယ်။ သူ့တို့ကိုယ်ပိုင် တရားစီရင်ရေး၊ သစ်တောထိန်းသိမ်းရေး၊ natural resources management တွေလုပ်နေပါတယ်။ ERO တွေနဲ့ သူတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေ ပြည်တွင်းပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းလာတဲ့သူတွေကို အထောက်အပံ့ပေးထားနိုင်တယ်၊ ကျောင်းသား၊ကျောင်းသူ သိန်းဂဏန်းလောက်ကို ပညာသင်ပေးထားနိုင်ပါတယ်။
ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) ကတော့ အာဏာသိမ်းပီးမှ ပေါ်လာတဲ့ အုပ်ချုပ်ရေးစနစ် အသစ်ပါ။ NUG နဲ့ ချိတ်ဆက်ထားတာတွေရှိသလို ကိုယ်ပိုင်ရပ်တည်နေတာမျိုးလဲရှိတယ်။ ချင်း၊ ကရင်နီတို့ဘက်မှာတော့ ERO တွေနဲ့ ဒေသခံအဖွဲ့ဝင်တွေ စပ်တူပါဝင်တဲ့ hybrid သဘောမျိုးနဲ့ အုပ်ချုပ်ရေးထူထောင်ထားကြတယ်။ ပအဖ တွေအနေနဲ့ အစောပိုင်းမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေထူထောင်ဖို့၊ ဒေသတွင်းအဖွဲ့အစည်းတွေကြား ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အာရုံစိုက်ကြတယ်။ ဒေသတွင်း control ပိုရလာပီဆိုရင်တော့ CDM support အပြင် ပညာရေး၊ကျန်းမာရေး၊ စားသောက်ရေး (food security) လိုမျိုးတွေကိုပါ တာဝန်ယူပေးနိုင်လာကြပါတယ်။
ပအဖ ပုံစံမျိုးရှိတဲ့ ချင်း၊ စစ်ကိုင်း၊ မကွေး မြို့နယ်တချို့မှာ ကျောင်းတက်ပီး စာမေးပွဲဖြေလို့ပါရပီ ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆို ပအဖ တွေက လူကုန်ကူးတာ၊ တရားမဝင် သဘာဝရင်းမြစ်တွေထုတ်ယူတာ၊ Coivd ၊ ဆေးယာဉ်ပါး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွေမှာပါ အရေးပါအရာရောက်တဲ့ အဖွဲ့တွေ ဖြစ်လာနိုင်ပါတယ်။ အဲ့တာကြောင့် မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေက အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ပအဖလို ဒေသတွင်းအသိအမှတ်ပြုထားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ထားဖို့လိုပါတယ်။ ဒီ အဖွဲ့တွေကို နိုင်ငံတကာထောက်ပံ့မှုတွေမလုပ်နိုင်ရင် ရွှေ့ပြောင်းဒုက္ခသည်တွေ အများအပြား ထွက်ပေါ်လာတာမျိုး ဖြစ်လာနိုင်ပါတယ်။
____________________________
- Degree of permanency
စကစ
စကစအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အဓိက ကြိုးကိုင်သူအဖြစ် ရေရှည်ထိန်းချုပ်နိုင်တယ်ဆိုတာကို ပြဖို့ 2023 August လောက်မှာ ရွေးကောက်ပွဲလုပ်မယ့်သဘောမျိုး ပြောထားပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေအတိုင်း ဆက်သွားနေမယ်ဆိုရင် နှောက်နှစ် ဒီအချိန်လောက်မှာ နိုင်ငံရဲ့မြေပြင်တဝက်လောက်အပြင် အရေးပါတဲ့ လမ်းတွေ၊ ပင်လယ်ထွက်ပေါက်တွေ နဲ့ infrastructure တွေကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်လောက်ပါတယ်။ အဲ့တာကြောင့် စကစရဲ့ ရွေးကောက်ပွဲဆိုတာ အတော်လေး မဖြစ်နိုင်လောက်ပါဘူး။ ရွေးကောက်ပွဲလုပ်မယ့် deadline ကိုနောက်ဆုတ်နေရဖို့ပဲရှိပါတယ်။ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ နေပြည်တော်ကနေ တခြားမြို့ကို သွားဖို့တောင် မဖြစ်နိုင်လောက်တဲ့အခြေအနေပါ။
စကစအနေနဲ့ 2023 August အထိတောင် ရှင်သန်နိုင်ပါ့မလားဆိုတာ သံသယ ဝင်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ စကစဘက်က ထိန်းချုပ်နိုင်မှုတွေ ဆက်တိုက်ဆုံးရှုံးနေတယ်၊ ဒီမိုကနေစီအင်အားစုတွေက နယ်မြေတွေရယူပီး အင်အားကောင်းလာနေတယ်။ စကစအနေနဲ့ မထိန်းနိုင်တဲ့ အခြေအနေရောက်နေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ဘယ်ဒေသမှာမှ တော်လှန်ရေးပြားပြားဝပ်သွားအောင် မထိန်းနိုင်ဘူး။ တစ်ချိန်တည်းမှာပဲ စစ်တပ်မှာ စစ်ပြေး၊ တစ်ဖက်ကိုခိုလှုံတာ၊ ထိခိုက်ကျဆုံးတွေ ဆက်တိုက် ရင်ဆိုင်နေရပါတယ်။ နိုင်ငံတွင်းအရေးပေါ် အခြေအနေကြော်ငြာတာ သက်တမ်းတိုးထားရတယ်။ စကစအပေါ် တိုက်ခိုက်မှုပေါင်း 16000 ရှိတယ်၊ စစ်တပ်အားပေးထောက်ခံထားတဲ့ နိုင်ငံရေးပါတီက လူ 1800 လောက် အရှင်းခံရတယ် ထုတ်ပြောရတာက စကစမှာ ဘယ်လောက်တောင်ဖိအားများနေလဲ ပေါ်လွင်စေပါတယ်။
စကစ အနေနဲ့ နိုင်ငံခြားငွေရဖို့ လက်ပူတိုက် ထုတ်ပြန်လိုက်တဲ့ စီးပွားရေး policy တွေ
– ဘဏ်ထဲက နိုင်ငံခြားငွေအကောင့်တွေကို သူတို့သတ်မှတ်တဲ့နှုန်းထားနဲ့ မြန်မာငွေပြောင်းရမယ်
– နိုင်ငံခြားချေးငွေတွေ ပြန်မဆပ်ရဘူး
ဆိုတာတွေကို ကြည့်မယ်ဆိုရင်လဲ သူတို့ မပြိုလဲအောင် အသည်းအသန် ကာကွယ်နေရတယ်ဆိုတာ သိသာစေပါတယ်။
ဒီမိုကရေစီအင်အားစု
စကစအနေနဲ့ တော်လှန်းကို စစ်ရေးအရ အနိုင်တိုက်နိုင်မယ့်ပုံ မပေါ်သေးဘူး။ NUG နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလဲ တစ်နိုင်ငံလုံး လွှမ်းမိုးနိုင်တဲ့ အစိုးရတစ်ရပ် မဖြစ်လာသေးဘူး။ ဒါပေမယ့် NUG က ပိုပီးတောင့်တင်းခိုင်မာလာနေတယ်၊ မတူတဲ့အဖွဲ့အစည်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေးတွေတည်ထောက်ထားနိုင်တယ်။
NUG နဲ့ အဖွဲ့တွေ ဆက်လက်ရှင်သန်နိုင်တယ်ဆိုတာ ညွန်ပြတဲ့ အကောင်းဆုံးအချက်ကတော့ မြန်မာ့လူထုရဲ့ စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ပီး fedeal democracy အခြေခံတဲ့ နိုင်ငံသစ်တစ်ခု တည်ထောင်လိုနေတဲ့ ပြင်းပြတဲ့ စိတ်ဓါတ်တွေဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကို ရက်ရက်စက်စက်ကျူးလွန်ထားတဲ့ စစ်တပ်ကို အလိုမရှိဘူးဆိုတာ အတိအလင်း ထုတ်ဖော်ပြသထားပါတယ်။
လက်ရှိမှာ NUG က NUCC ကနေထွက်ပေါ်လာတဲ့ Federal Democracy Charter အတိုင်းသွားနေပီးတော့ စကစကို တိုက်ခိုက်နေတဲ့ “ကြားဖြတ်” ကာလလို့ သတ်မှတ်ထားပါတယ်။ ဒါပီးရင် “ကူးပြောင်းရေး
” ကာလဆိုပီး federal democracy ကိုစတင်အသက်သွင်းသွားမှာပါ။ Federal Democracy Charter က လိုအပ်ချက်တွေရှိသေးတယ်။ ERO တွေ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ ညှိနှိုင်းရဦးမှာဖြစ်ပါတယ်။ သို့သော်လည်း စကစရဲ့ လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် NUG က ပြည်သူတွေလက်ခံနိုင်တဲ့ အစိုးရတစ်ရပ်ရဲ့လမ်းစဉ်တွေကိုအခြေခံပီး ပြည်သူတွေရဲ့ထောက်ခံအားပေးမှုတွေရထားတာကြောင့် မြန်မာ့နိုင်ငံရေးပဋိပက္ခကို ရေရှည်မှာ ဖြေရှင်းနိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
____________________________
Conclusion
ဒီအချက် 3 ချက်က တွေ့ရှိချက်တွေကို အခြေခံပီး SAC-M က စကစအနေနဲ့ မြန်မာနိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ ပြောသွားပါတယ်။ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် 2023 တစ်လျှောက်တောင် စကစ ရှင်သန်ဖို့ ခက်မယ် 2 ခါ ပြောသွားတာက ထူးခြားချက်ပါ။ ASEAN, UN အနေနဲ့ မြန်မာနိုင်ငံအတွက် humanitarian aid တွေပေးရာမှာ စကစ ကနေတစ်ဆင့်ဆောင်ရွက်တာမျိုးတောင် မလုပ်သင့်တော့ဘူးထည့်ပြောထားပါတယ်။ နိုင်ငံတကာအနေနဲ့ NUG ကိုပဲ အသိအမှတ်ပြုသင့်တယ်။ အချက်အလက်တွေအရလဲ NUG နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နိုင်မှုကလဲ စကစထက် သာလွန်နေပါတယ်။
မြန်မာနိုင်ငံကို စကစ က ရစရာမရှိအောင်ဖျက်ဆီးနေတဲ့အချိန်မှာပဲ ပြည်သူတွေက တော်လှန်ရေးနဲ့ အတူ နိုင်ငံအသစ်တစ်ခု တည်ထောင်နေပီဖြစ်ပါတယ်။ NUG ကို နိုင်ငံတကာ အကူအညီပေးရင် ပေးနိုင်သလောက် မြန်မာ့အနာဂါတ် ပိုမိုကောင်းမွန်လာနိုင်တယ်ပြောပီး စာတမ်းကို အဆုံးသတ်ထားပါတယ်။
ဖတ်ရတဲ့အတိုင်းပဲ စကစကတော့ စစ်ရေး၊နိုင်ငံရေး၊အုပ်ချုပ်ရေး၊ စီးပွားရေး အားလုံးမှာ ကျရှုံးနေပါတယ်။ ကိုယ်တွေဘက်က ဆက်အားတင်းထားဖို့ပဲလိုပါတယ်။ Social media မှာ မျှော်လင့်ကြသလိုတော့ ချက်ချင်းကြီး ဝုန်းကနဲ ပြိုလဲသွားမှာမဟုတ်ဘူးပေါ့။ တအိအိနဲ့ အားနည်းလာနေတယ်၊ social media expectations တွေကိုတော့ လျော့ထားဖို့လိုမယ်။ ကိုယ်လုပ်ဖို့လိုတာက တတ်နိုင်တဲ့နေရာက ပါဝင်အားဖြည့်ကြမယ်။ အချင်းချင်း ဖေးမကြမယ်။ အတူတူ စစ်ခွေးမောင်းထုတ်ကြပီး အေးချမ်းတဲ့နေ့ရက်တွေဆီကို ပြန်သွားဖို့ အခြေအနေကောင်းတွေ ရှိနေပီဖြစ်ပါတယ်။
Federal Democracy Charter မှာ EAO (ethnic armed organisation) လို့မသုံးပဲ ERO (ethnic resistance/revolutionary organisation) လို့သုံးထားပါတယ်။ အဲ့တာကြောင့် ဒီစာတမ်းမှာလဲ ERO လို့ပဲ သုံးပါတယ်။
အောက်က link က SAC-M ရဲ့ စာတမ်းပါ
https://specialadvisorycouncil.org/…/SAC-M-Briefing…
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။