Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးရသူပေါင်း ၂၂၀ နီးပါးရှိလာ

ဖမ်းဆီးနှိပ်စက်မှု ဆက်လက် များပြားလာချိန်တွင် စစ်ကြောမေးမြန်းခံရစဉ် သေဆုံးသူအရေအတွက် တိုးပွားလာသည်။

September 14, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံးခဲ့သူအရေအတွက် ၂၂၀ နီးပါး ရှိလာပြီဖြစ်ကြောင်း Burma Human Rights Network (BHRN) က ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်ဟု BHRN အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ စစ်ကြောရေးတွင် သေဆုံးခဲ့သူများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များ၊ တက်ကြွလှုပ်ရှားသူများ အပါအဝင် ၂၁၇ ဦးအထိ ရှိသည်ဟု ဦးကျော်ဝင်းက ဆိုသည်။

“PDF တွေဆိုရင် တစ်ခါတည်းအသတ်ခံလိုက်ရတာတွေ၊ NLD အဖွဲ့ဝင်တွေဆိုရင် အချိန်တိုအတွင်း နှိပ်စက်အသတ်ခံလိုက်ရတာတွေ အများကြီးပါ။ အခု ကျွန်တော်တို့ ရထားတဲ့ စာရင်းတွေအရ ဒီထက်ပိုနိုင်တာပဲရှိတယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြုလုပ်ထားသော စာရင်းများတွင်လည်း စစ်ကြောရေးတွင် အလွန်အမင်းညှင်းပန်းနှိပ်စက်ခံရပြီးမှ သေဆုံးသွားသူဦးရေမှာ ၂၀၀ အထက်တွင်ရှိနေကြောင်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“စစ်ကြောရေးမှာ နှိပ်စက်ခံရပြီးမှ သေဆုံးသွားသူတွေက ၂၀၀ ကျော်နေပါပြီ။ အဲ့ထက် ပိုနိုင်ပါတယ်။ ဖမ်းဆီးသွားပြီးနောက် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာတွေအပြင် လိင်ပိုင်းဆိုင်ရာတွေပါ အလွန်အမင်းနှိပ်စက်တာတွေ တွေ့ရတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ဖမ်းဆီးခံရပြီးမှ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသူများတွင် အသက် ၃၅ နှစ်အောက် လူငယ်များက အများဆုံးဖြစ်ကြောင်း၊  ၃၅ နှစ်အထက် သေဆုံးသူထဲတွင် NLD လွှတ်တော်အမတ်များနှင့် ထောက်ခံသူများပါဝင်နေကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီးခံရပြီး စစ်ကြောရေးအတွေ့အကြုံရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း စစ်ကောင်စီတပ်သားတို့၏ လူ့အခွင့်အရေးချိုးဖောက် စစ်ဆေးမှုများအကြောင်း ပြောပြသည်။

“မျက်စိကို ၃ ရက်ဆက်တိုက် နေ့ရောညရော အဝတ်နဲ့ ဆက်တိုက်စည်းထားတယ်။ ခုံကိုလည်း အမြင့်မှာပဲ ထိုင်ခိုင်းတယ် မြေကြီးနဲ့ ကြမ်းပြင်နဲ့ မထိခိုင်းဘဲ။ တစ်ခါတစ်ခါ စစ်ဖိနပ်နဲ့ ဝင်ကန်တယ်။ ကျောက်စေ့တွေ၊ အချွန်အထက်ပါတဲ့အစေ့တွေကို ဒူးခေါင်းအောက်မှာ ထားပြီး စစ်ကြောရေးလုပ်တာ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ပြီးခဲ့သည့်ဇူလိုင်လအတွင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံးသွားကြသူထဲတွင် မြန်မာပြည်အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၈၀ ကျော်ဖြင့် အများဆုံးရှိနေသည်။

“ဖမ်းဆီးခံရပြီး ၂ ရက်၊ ၃ ရက်နေမှ အသတ်ခံလိုက်ရတာတွေလည်းရှိပေမဲ့ ၂၄ နာရီအတွင်း အသတ်ခံလိုက်ရတာက အများဆုံးဖြစ်နေတာ။ ညဖမ်းပြီး မနက် အလောင်းပြန်ပေးတာတွေက အာဏာသိမ်းအစောပိုင်းကာလမှာ အများကြီးပါပဲ။  အလောင်းပြန်မရတာတွေကလည်း အများကြီးရှိနေခဲ့တယ်” ဟုလည်း ဦးကျော်ဝင်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတစ်လတည်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် အချိန်တိုအတွင်း သေဆုံးသွားသူအရေအတွက်မှာ ၂၈ ဦးရှိနေကြောင်း BHRN ၏ ကောက်ယူထားသော အချက်အလက်များအရ သိရသည်။

“စစ်ကြောရေးမှာ သေဆုံးသွားကြသူတွေထဲမှာ အများစုက PDF တွေရယ်၊ သူတို့ ပုံစံမျိုးစုံးနဲ့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတဲ့ ဒေသခံတွေများပါတယ်။ လူငယ်တွေပိုများတယ်” ဟု စစ်ကိုင်တိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်နှင့် တော်လှန်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့ပေးရေးလုပ်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးဖြစ်ခဲ့သူ ဦးခင်မောင်လတ်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရပြီး နောက်တနေ့မနက် ၆ နာရီတွင် သူ၏ ရုပ်အလောင်းကို မိသားစုဝင်များအား လာရောက်ထုတ်ယူခိုင်းခဲ့သဖြင့် ဖမ်းဆီးခံရပြီးစစ်ကြောရေးတွင် ၂၄ နာရီမပြည့်မီ သေဆုံးခဲ့သူဖြစ်သည်။

“ဦးခင်မောင်လတ်ကိစ္စမှာ ဘာအဆက်အစပ်မရှိလဲဆိုရင် စစ်တပ်ကဖမ်းဆီးပြီး ရဲကမသိတဲ့အခြေအနေ။ အလောင်းသွားထုတ်တဲ့အခါမှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ အစ္စလာမ်ထုံးတမ်းစဉ်လာအရ အလောင်းကိုရေချိုးတဲ့အခါ ညှဉ်းပန်းထားတဲ့ ဒဏ်ရာတွေအများကြီး” ဟု အာဏာသိမ်းမှုမတိုင်ခင်က ပန်းဘဲတန်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ဦးစည်သူမောင်က ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ဖမ်းဆီးခံရသည့် မြို့ပြယူဂျီများတွင် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး အမည်မသိဘဲ သေဆုံးသွားမှုများလည်း ဆက်တိုက်ဖြစ်နေကြောင်းလည်း ဦးစည်သူမောင်က ပြောသည်။

“အမည်အရင်းမသိဘဲ ယူဂျီနာမည်ပဲ သိပြီး နှိပ်စက်ခံရပြီး သေဆုံးသွားတဲ့အခါ ရဲဘော်အချင်းချင်းလည်း ယူဂျီနာမည်ပဲ သိတယ်။ မိသားစု ဘယ်သူမှန်းလည်း မသိကြဘူး။ ဘယ်မှာနေတယ်ဆိုတာ မသိကြဘဲ အဲ့လို နာမည်စာရင်းပျောက်သေဆုံးသွားကြသူတွေ အခုနောက်ပိုင်း ပိုများလာနေတယ်” ဟုလည်း ဦးစည်သူမောင်က ဆက်လက်ပြောသည်။

အာဏာသိမ်းပြီး သပိတ်စစ်ကြောင်းများ နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် အစောပိုင်းအချိန် စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီးနောက်တစ်နေ့တွင် မိသားစုဝင်များသို့ အလောင်းလာထုတ်ယူရန် အကြောင်းကြားခံရသည့်သူများတွင် NLD ပါတီ၏ “စု” အသက်မွေးပညာသင်ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်းနှင့် မုံရွာမှ လူသိများသည့် ကဗျာဆရာ ခက်သီတို့ ပါဝင်သည်။

စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး ၂၄ နာရီမပြည့်မီ စစ်ကြောရေးတွင် သေဆုံးသွားကြသူများမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြခြင်းများဖြစ်သည်။

ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသူများ၏ ရုပ်အလောင်းကို မိသားစုဝင်များက မင်္ဂလာဒုံစစ်ဆေးရုံတွင် သွားရောက်ထုတ်ယူသည့်အခါတွင် မှုခင်းဆရာဝန်၏ မှတ်ချက်ကို မိသားစုဝင်များအနေဖြင့် မီဒီယာကို ဖြေကြားခြင်း၊ အခြားသူများသို့ ပြသခြင်း မပြုလုပ်မှသာ အလောင်းထုတ်ခွင့်ရမည်ဟုလည်း ဖိအားပေးခံရတတ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စက်တင်ဘာ ၂ ရက် ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ၂,၂၆၃ ဦး ရှိသွားပြီဖြစ်သည်။ လက်ရှိတွင် အဖမ်းခံထားရသူပေါင်း ၁၂,၂၂၄ ဦးရှိနေသည်ဟုလည်း AAPP က ဆိုသည်။

Source – Myanmar Now

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English